အရေပြားပေါ်ကညှင်း

အရေပြားပေါ်ကညှင်း

အရေပြားပေါ်ကညှင်း
============

အရေပြားပေါ်မှာအဖြူကွက်လေးတွေ ဟိုနားတစ်ကွက် ၊ ဒီနားတစ်ကွက် ထွက်လာမယ်။

– ဒီအကွက်လေးတွေဟာ လည်ပင်း၊ ဂုတ်နဲ့ ပါးတစ်ဝိုက်မှာ အဓိကထွက်မယ်။
– ယားတာ နာတာမျိုးလည်းမရှိဘူး။
– ထုံတာ ထိရင်မသိတာမျိုးလည်းမရှိဘူး။
– ရာသီဥတုပူတိုင်း ပြန်ပြန်ဖြစ်မယ်ဆိုရင် အရေပြားပေါ် ညှင်းပေါက်နေပြီလို့ပြောလို့ရပါတယ်။

ညှင်းဟာ ရာသီဥတုပူတဲ့ မြန်မာနိုင်ငံမှာတော့ အဖြစ်များတဲ့ အရေပြားရောဂါ တစ်ခုလို့ပြောလို့ရပါတယ်။ အရေပြားဟာ ချွေးထွက်လို့ စိုစွတ်တာကစပြီး မှိုစွဲကပ်သွားတာမျိုးပါ။
တစ်ချို့ကြလည်း ချွေးမထွက်ဘဲ တစ်ကိုယ်ရေသန့်ရှင်းပေမယ့် ညှင်းပေါက်တဲ့ သူတွေလည်းရှိပါတယ် ။ ဒါကတော့ အရေပြားရဲ့ ကိုယ်ခံအားနည်းလို့ လို့ပြောလို့ရပါတယ်။

ဖြစ်လေ့ရှိတဲ့ သူတွေက…
– အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တွေ
– ချွေးထွက်များသူတွေ
– ပူတဲ့ဒေသမှာနေသူတွေ
– နဂို အရေပြား အားနည်းသူတွေမှာဖြစ်တတ်ပါတယ်။

ညှင်းအတွက် ကုသမှုတွေက …

၁- လိမ်းဆေးကတော့ အဓိကပါ။
Clotrimazole, Miconazole, Ketoconazole ပါတဲ့ လိမ်းဆေးခရမ်တွေကို စနစ်တကျလိမ်းပေးမယ်ဆိုရင် ပျောက်ကင်းနိုင်ပါတယ်။

၂- လိုအပ်ရင် မှိုသတ်ဆေးသောက်ရနိုင်ပါတယ်။
အရမ်းများလို့ပဲဖြစ်ဖြစ် လိမ်းဆေးနဲ့ လုံးဝမသက်သာတာမျိုးဆိုရင်တော့ မှိုသတ်ဆေး သောက်ဆေးသောက်ရနိုင်ပါတယ်။ မှိုသတ်ဆေးသောက်တဲ့အခါ ကိုယ့်သဘောနဲ့ကိုယ်လုံးဝမသောက်သင့်ပါဘူး။ ဆရာဝန်ညွှန်ကြားချက်အတိုင်းသာသောက်ဖို့မမေ့ပါနဲ့။

၃- ပွပြီးလေဝင်လေထွက်ကောင်းတဲ့အဝတ်အစားဝတ်ပေးပါ။
နွေရာသီမှာ ဖြစ်လေ့ရှိတယ်ဆိုရင်ချည်သားလေးတွေ ဝတ်ဆင်သင့်ပါတယ်။

၎- နေရောင်ကာလိမ်းဆေးလိမ်းပေးပါ။
နေရောင်က ညှင်းကို ပိုဆိုးစေပါတယ်။ အပြင်သွားမယ်ဆိုရင် Sunscreen လေးလိမ်းပြီးသွားမယ်ဆို မြန်မြန်ပျောက်စေမှာပါ။

၅- အဆီများတဲ့ အလှကုန်တွေရှောင်ပါ။
အဆီပြန်စေတဲ့ အလှကုန်တွေကို မသုံးပါနဲ့။ အဆီပြန်တဲ့သူတွေအတွက်ထုတ်ထားတဲ့ အလှကုန်၊ လိုးရှင်းတွေသာအသုံးပြုပေးပါ။

မယ်တင်(ဆေး၁)
#ညှင်း #skinissue

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top