တ႐ုတ္ေတြ ေဈးေကာင္းေပးဝယ္ေနလို႔ မ်ိဳးသုဥ္းေတာ့မယ့္ ျမန္မာ့ကသျမင္ငါး

တ႐ုတ္ေတြ ေဈးေကာင္းေပးဝယ္ေနလို႔ မ်ိဳးသုဥ္းေတာ့မယ့္ ျမန္မာ့ကသျမင္ငါး

(Zawgyi)

တ႐ုတ္ေတြ ေဈးေကာင္းေပးဝယ္ေနလို႔ မ်ိဳးသုဥ္းေတာ့မယ့္ ျမန္မာ့ကသျမင္ငါး

ျမန္မာ့ပင္လယ္ထဲက ေ႐ႊျဖစ္ေစေသာ ငါးအနာဂတ္

ပင္လယ္ျပင္မွ ေ႐ႊေရာင္တဝင္းဝင္းႏွင့္ ကသျမင္ငါးႀကီးတစ္ေကာင္ ဖမ္းမိသျဖင့္ ကိုျမင့္လြင္တစ္ေယာက္ အတိုင္းမသိ ဝမ္းသာေနသည္။ မြန္ျပည္နယ္ ေခ်ာင္းဆုံၿမိဳ႕နယ္ ဘီလူးကြၽန္းအပိုင္ ငါးဖမ္း တင္ဒါပိုက္ခ်က္အမွတ္(၁)၌ ေ႐ႊ ေရာင္ကသျမင္ငါးႀကီးဖမ္းမိထား ေသာသတင္းသည္ ႏိုဝင္ဘာ ၁၁ ရက္မြန္းလြဲ ၂ နာရီတြင္ ေဒသအတြင္း တစ္မုဟုတ္ခ်င္း ပ်ံ႕ႏွံ႔ခဲ့သည္။

ယခု ငါးဖမ္းရာသီအတြက္ သည္ေနရာကို အတန္းလိုက္ တင္ဒါပိုက္ခ်က္ ေလလံဆြဲစဥ္က ကိုျမင့္လြင္သည္ ငါးမ်ားမ်ား ဖမ္းမိေရးသာ အာ႐ုံစိုက္ခဲ့သည္။ ငါးဖမ္းရာသီစကတည္းက သူဆြဲထားေသာ တင္ဒါပိုက္ခ်က္အတြင္း ငါးမ်ားမ်ားရရွိေရး ႀကိဳးစားခဲ့ေသာ္လည္း ဒီႏွစ္ထဲငါးအထိအမိ ေလ်ာ့နည္းေနသျဖင့္ ဘာလုပ္ရမည္မသိ ျဖစ္ခဲ့သည္။

ေဈးအမ်ားဆုံးရသည့္ ကသျမင္ငါးႀကီး

ယခုေတာ့ သိန္းရာႏွင့္ခ်ီတန္ဖိုးရွိေသာ ေ႐ႊေရာင္ကသျမင္ငါး ႀကီးတစ္ေကာင္ဖမ္းမိ၍ အူျမဴးေနသည္။ ငါးဖမ္းပိုက္ေဖာ္ေနေသာ ေယာက္ဖျဖစ္သူ ထြန္းႏိုင္ဦးက ေနေရာင္ေအာက္၌ တဖိတ္ဖိတ္ ေတာက္ေနေသာ ကသျမင္ငါး ႀကီးကို အိမ္သို႔သယ္လာခ်ိန္တြင္ ကိုျမင့္လြင္တစ္ေယာက္ ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ေနေတာ့သည္။ ငါးႀကီးကို တိုင္းထြာျခင္တြယ္ရာ အလ်ားမွာ သာမန္လူတစ္ရပ္မက ေျခာက္ေပရွည္ၿပီး အနံက တစ္ေပတစ္လက္မႏွင့္ ၃၅ ပိႆာ ၅၅ က်ပ္သားမို႔ ငါး၏ ဝမ္းဗိုက္အတြင္းရွိေနေသာ တန္ဖိုးႀကီး ငါးစည္ေဖာင္း၏အ႐ြယ္ကို သူခန႔္မွန္းတြက္ခ်က္ေနသည္။

သူ၏ ပင္လယ္ျပင္အေတြ႕အႀကဳံအရ ငါးစည္ေဖာင္းသည္ အနည္းဆုံး ျဗက္ကလက္တစ္မိုက္ သာသာႏွင့္ အရွည္ တစ္ေတာင္ ေက်ာ္ခန႔္ရွိႏိုင္သျဖင့္ ထိုက္တန္သည့္ တန္ဖိုးကို ရင္ခုန္စြာ တြက္ခ်က္ေနျခင္းလည္းျဖစ္သည္။ ကိုျမင့္လြင္အတြက္ တန္ဖိုးႀကီး ကသျမင္ငါးဖမ္းမိျခင္းမွာ ယခုအႀကိမ္သည္ ပထမဆုံးမဟုတ္ေပ။ လြန္ခဲ့ေသာ ၁၅ ႏွစ္ခန႔္ က ပိႆာခ်ိန္ ၄၀ ရွိေ႐ႊေရာင္ကသ ျမင္ငါးႀကီးတစ္ေကာင္ ရရွိဖူးသည္။

ထိုစဥ္က ကသျမင္ငါးမ်ားကို အေသး၊ အလတ္၊ အႀကီးအ႐ြယ္အစားအသီးသီးျဖင့္ ေဒသတြင္း တစ္ႏွစ္လွ်င္ ေလး၊ ငါးႀကိမ္ဖမ္းမိေသာ္လည္း ယခုႏွစ္ပိုင္းတြင္ ဖမ္းမိႏႈန္းေလ်ာ့က်သကဲ့သို႔ သည္အ႐ြယ္ ငါးမ်ိဳးမမိခဲ့သည္မွာ ၾကာၿပီျဖစ္သည္။

လြန္ခဲ့ေသာ ၁၅ ႏွစ္ကာလ (၂၀၀၃)ခန႔္က ကိုျမင့္လြင္ဖမ္းမိဖူးေသာ ေ႐ႊေရာင္ကသျမင္ငါးကို က်ပ္သိန္း ၃၅၀ ျဖင့္ေရာင္းခဲ့ရသျဖင့္ သည္တစ္ႀကိမ္တြင္ ေဈးျမႇင့္ေခၚေရာင္းဖို႔ သူဆုံးျဖတ္ခဲ့သည္။ မၾကာမီ ငါးဝယ္မည့္သူတစ္ဦးက ငါးၾကည့္ထားေသာ ပြဲစားမွ တစ္ဆင့္ သူ႔ထံ ဖုန္းျဖင့္ ဆက္သြယ္လာသည္။ သူေရာင္းႏိုင္ေသာ ေဈးႏႈန္းကို ေျပာခ်လိုက္သည္။ တစ္ဖက္လူ၏ အသံကို နားစြင့္ေနသည္။ ဝယ္လက္က အေၾကာင္းျပန္မည္ဟု ဆိုသည္။

သူရင္ခုန္ေနသည္။ ငါးႀကီးမိၿပီး နာရီပိုင္းအၾကာတြင္ က်ပ္သိန္းရာႏွင့္ခ်ီ၍ ေဈးေပးဝယ္မည့္ ဝယ္လက္ထံ တုံ႔ျပန္မႈကို ေစာင့္ဆိုင္းရသည္မွာ ၾကာလြန္းသည္ဟုထင္သည္။ ဝယ္လက္က ေဈးဆစ္သည္။ သူက က်ပ္သိန္း ၆၀၀ မေလွ်ာ့ တင္းခံေနသည္။ ေနာက္ဆုံးေဈးႏႈန္းကိုညႇိၾကရင္း က်ပ္ ၅၆၅ သိန္းႏွင့္ ေဈးတည့္ခဲ့သည္။

သူက ေယာကၡမျဖစ္သူဦးသန္းနီထံ အက်ိဳးအေၾကာင္းေျပာျပသည္။ ေယာကၡမကလည္း သူ႔ သေဘာဟုဆိုသည္။ ကိုျမင့္လြင္က ငါးဖမ္းတင္ဒါပိုက္ခ်က္ကို အမည္ေပါက္ ေလလံဆြဲသူျဖစ္ၿပီး ၎၏ေယာကၡမအား ယခုငါးႀကီးမိရာ လုပ္ကြက္ကို တစ္ဆင့္ျပန္ေပးထားျခင္းျဖစ္၍ ယခုငါးေရာင္းရေငြကို ေယာကၡမရသင့္ေၾကာင္း သူလက္ခံသည္။ ငါးအေရာင္းအဝယ္ ဘယ္လိုလုပ္မလဲဆိုေသာ ကိစၥကို ငါးဝယ္လက္မွတစ္ဆင့္ ပြဲစားႏွင့္ ညႇိႏႈိင္းခဲ့သည္။ အေရာင္းအဝယ္ကလည္း ေန႔ခ်င္းပင္ျဖစ္ခဲ့သည္။

ကိုျမင့္လြင္တို႔က ၎ေနထိုင္ရာ မုဒုံၿမိဳ႕နယ္ဝဲဂလိ႐ြာမွ ငါးႀကီးကို သယ္ယူလာမည္ျဖစ္ၿပီး ဝယ္သူက က်ိဳက္ထိုၿမိဳ႕ တစ္ေနရာတြင္ ေစာင့္ဆိုင္းေနကာ ငါးႏွင့္ေငြကို လဲလွယ္မည္ျဖစ္သည္။ အစီအစဥ္မ်ား ေရးဆြဲၿပီး ႏွစ္ဖက္သေဘာတူခ်ိန္ ငါးအေရာင္းအဝယ္ စတင္ၾကသည္။ လုပ္ငန္းေအာင္ျမင္ခဲ့သည္။ ေငြထုပ္ကို ေယာကၡမထံအပ္ႏွံသည္။ ကိုျမင့္လြင္စဥ္းစားေနသည္။ သူတို႔ေဒသအတြင္း ဖမ္းမိခဲ့သမွ် ကသျမင္ငါးႀကီးမ်ားအနက္ ယခုငါးႀကီးသည္ အ႐ြယ္အစား အႀကီးဆုံးမဟုတ္ေသာ္လည္း အျမင့္ဆုံးေဈးႏႈန္းျဖင့္ ေရာင္းခ်ရျခင္း မွတ္တမ္းဝင္ခဲ့သည္။

ထိုသို႔ျဖစ္ရသည္မွာ မုတၱမပင္လယ္ေကြ႕အတြင္း ေမြးဖြားရွင္ သန္က်က္စားေနေသာ ပင္လယ္ျပင္၏ ရတနာတစ္ပါး ျဖစ္သည့္ ကသျမင္ငါးမ်ား ပိုမိုရွားပါးလာျခင္းဆိုသည့္ အဓိပၸာယ္လည္း ျဖစ္သည္။

ဇိမ္ခံကားတစ္စီး၊ ရန္ကုန္တိုက္ခန္းက်ယ္ တစ္ခန္း ဝယ္ရေသာ သည္လိုတန္ဖိုးႀကီးေရငန္ငါးမ်ိဳးကို ေမြးျမဴႏိုင္လွ်င္ ေမြးျမဴသူအတြက္ အက်ိဳးအျမတ္ႀကီးႏိုင္၍ တာဝန္ရွိသူမ်ားထံ ခ်ဥ္းကပ္ ေမးျမန္းေသာအခါ ေဆးထိုးသားေဖာက္ ေမြးျမဴေရး မျဖစ္ႏိုင္ေသးေၾကာင္း ေျပာသည္။ ရွားပါးေနၿပီျဖစ္ေသာ ကသျမင္ငါး၏ ငါးစည္ေဖာင္းကို တ႐ုတ္မ်ားက ေဆးဖက္ဝင္သည္ ဆိုကာ ေဈးေကာင္းေပးဝယ္ ၾကျခင္းျဖစ္သည္။

‘‘ကသျမင္ငါးက မ်ိဳးငါး။ အရွင္ရဖို႔ မလြယ္ဘူး။ မိတာနဲ႔ ေသတာပဲ။ အရွင္ရရင္ေတာင္ သူ႔ကို ျပဳစုပ်ိဳးေထာင္ဖို႔လည္း မလြယ္ဘူး။ စည္ေဖာင္းေၾကာင့္ တန္ဖိုးႀကီးတဲ့ ငါးကို သားေဖာက္ေမြးလို႔ရရင္ လုပ္ၾကၿပီေပါ့။ သူမ်ားႏိုင္ငံေတြလည္း လုပ္ေနတယ္လို႔ မၾကားမိေသးပါဘူး’’ ဟု ေရငန္အညိဳေရာင္ေက်ာက္ငါးကို သားေဖာက္နည္းစနစ္ျဖင့္ ေဒါက္တာဘြဲ႕ ယူခဲ့ေသာ ေဒါက္တာတိုးနႏၵာတင္က ေျပာသည္။

သားေဖာက္ေမြး၍ မရ

ကသျမင္ငါးသည္ ေရငန္ငါးျဖစ္ၿပီး မုတၱမပင္လယ္ေကြ႕တြင္ ေပါက္ဖြားရွင္သန္သျဖင့္ သားေဖာက္ေမြးျမဴသည့္ စနစ္ မရွိ ေသးေၾကာင္း မြန္ျပည္နယ္ငါး လုပ္ငန္းဦးစီးဌာန ဒုျပည္နယ္ဦးစီး မႉးဦးစိုးမင္းက ဆိုသည္။ ‘‘သဘာဝပင္လယ္ထဲမွာပဲ ေတြ႕ရတဲ့ ေရငန္ငါးမ်ိဳးမို႔ အဲဒီငါးေတြ ေမြးျမဴတဲ့စနစ္က ကြၽန္ေတာ္တို႔ႏိုင္ငံမွာ မရွိေသးပါဘူး’’ ဟု ဦးစိုးမင္းက ဆိုသည္။

ထို႔ေၾကာင့္ မုတၱမပင္လယ္ ေကြ႕ေဒသျဖစ္ေသာ ျမန္မာႏိုင္ငံကမ္း႐ိုးတန္းေဒသမ်ားျဖစ္သည့္ တနသၤာရီတိုင္း၊ရခိုင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ရွိ သဘာဝေရျပင္တြင္ ယခုႏွစ္မ်ားအတြင္း တစ္ႏွစ္လွ်င္ တစ္ႀကိမ္၊ ႏွစ္ႀကိမ္ခန႔္ ကသျမင္ငါး အေကာင္ႀကီးမ်ားကို ဖမ္းမိေလ့ရွိသည္။

ငါးအ႐ြယ္အစားမွာ ေလး၊ ငါး၊ ေျခာက္ေပခန႔္ရွည္ၿပီး ပိႆာ ခ်ိန္ ၂၀ ခန႔္မွ ၄၀ ေက်ာ္အတြင္း ျဖစ္ၿပီး အေရာင္၊ အေလး ခ်ိန္ႏွင့္ ငါးစည္ေဖာင္းအႀကီး၊ အေသး ေပၚမူတည္ကာ က်ပ္သိန္းဆယ္ဂဏန္းမွ သိန္း ၇၀၀ ခန႔္အထိ အေရာင္း အဝယ္ ျပဳလုပ္သည္။ ငါးဖမ္းမိသည့္ေနရာသည္ ငါးလုပ္ငန္းဦးစီးက တင္ဒါပိုက္ ခ်က္မ်ားေပးထားသည့္ လုပ္ကြက္မ်ားျဖစ္ၿပီး ေရာင္းခ်ေငြမ်ားကို တင္ဒါေအာင္သည့္ ငါးလုပ္ငန္းပိုင္ရွင္သာ ရရွိမည္ျဖစ္ၿပီး အစိုးရဌာနအေနျဖင့္ ငါးရရွိမႈကို မွတ္တမ္းတင္မႈသာ ျပဳလုပ္ျဖစ္ ေၾကာင္း ဦးစိုးမင္းကဆိုသည္။ ေဈးေကာင္းရေသာ ကသ ျမင္ငါးႀကီးမ်ား ဖမ္းဆီးရရွိမႈကလည္း စိတ္ဝင္စားဖြယ္ေကာင္းသည္။

၂၀၁၄ စက္တင္ဘာတြင္ မြန္ျပည္နယ္ က်ိဳကၡမီကမ္းေျခမွ ေလးမိုင္အကြာ၌ ၁၆ ပိႆာ ရွိအလ်ား ၃ ေပ အနံ ၁ ေပအ႐ြယ္ ငါးတစ္ေကာင္ဖမ္းမိ၍ က်ပ္ သိန္း ၃၀ ျဖင့္ အေရာင္းအဝယ္ ျဖစ္ခဲ့သည္။ ၂၀၁၅ ႏွစ္ဆန္းပိုင္းက ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ ေက်း႐ြာတစ္႐ြာမွ ေ႐ႊေရာင္ကသျမင္ ငါးႀကီးတစ္ေကာင္ ဖမ္းမိ၍ ေဈးၿပိဳင္ေပးဝယ္ရာ က်ပ္သိန္း ၇၀၀ ခန႔္ျဖင့္ ေရာင္းခဲ့ဖူးေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။

မြန္ျပည္နယ္အတြင္း ၂၀၁၆ ေဖေဖာ္ဝါရီတြင္ သံျဖဴဇရပ္ၿမိဳ႕နယ္ က်ိဳကၡမီေရလယ္ဘုရား အေနာက္ဘက္၌ ၂၁ ပိႆာရွိ ငါး တစ္ေကာင္၊ ဇြန္လတြင္ က်ိဳကၡမီကမ္းေျခမွ သုံးမိုင္အကြာတြင္ ၃၆ ပိႆာရွိငါးတစ္ေကာင္၊ ၂၀၁၈ က်ိဳကၡမီကမ္းေျခမွ ၁၀ မိုင္အကြာတြင္ ၁၆ ဒသမ ၅ ပိႆာရွိ ကသျမင္ငါးတစ္ေကာင္ ဖမ္းမိခဲ့ေၾကာင္း မြန္ျပည္နယ္ ငါးလုပ္ငန္းဦးစီးဌာန မွတ္တမ္းမ်ားတြင္ ေဖာ္ျပထားသည္။

ယခုအခ်ိန္ထိ ေဈးအမ်ားဆုံး စံခ်ိန္ျဖစ္ေသာ က်ပ္ ၅၆၅ သိန္းျဖင့္ ေရာင္းခ်ႏိုင္ခဲ့ေသာ တန္ဖိုးႀကီးကသျမင္ငါးကို ေတြ႕ရစဥ္ (ဓာတ္ပုံ − ငါးလုပ္ငန္းဦးစီးဌာန)

ငါးစည္ေဖာင္းဘာေၾကာင့္ ေဈးေကာင္း

‘‘ငါးရဲ႕စည္ေဖာင္းက တ႐ုတ္ႏိုင္ငံမွာ ေဆးေဖာ္တာရွိတယ္။ အဓိကကေတာ့ ငါးရဲ႕စည္ေဖာင္းက ေဈးျမင့္တာပါ။ ငါးရဲ႕ အသားက စည္ေဖာင္းေလာက္ ေဈးမျမင့္ ဘူး။ တ႐ုတ္ႏိုင္ငံမွာ ဘာအတြက္ ေဆးေဖာ္လဲဆိုတာ မသိဘူး။ ကသျမင္ငါးရဲ႕ စည္ေဖာင္းက အ႐ြယ္ႀကီးေလ ေဈးပိုျမင့္ေလပဲ’’ ဟု ဦးစိုးမင္းက ငါးစည္ေဖာင္း ေဈးေကာင္းရသည့္ အေၾကာင္းရင္းကို ရွင္းျပသည္။

လြန္ခဲ့ေသာႏွစ္ ၂၀ ခန႔္တြင္ ကသျမင္ငါးအေကာင္ေသးမ်ားကို ဖမ္းမိစဥ္ ငါးစည္ေဖာင္းကို ငါးဝမ္းဗိုက္မွ ခြဲထုတ္ကာ ျပဳျပင္ခဲ့ပုံကိုလည္း ကိုျမင့္လြင္က ေျပာ ျပသည္။ ငါးဝမ္းဗိုက္ကို ခြဲၿပီးအျဖဴ ေရာင္ငါးစည္ေဖာင္းကို ဆြဲထုတ္ယူကာ အတြင္းမွ အခြၽဲမ်ားကို ေရသန႔္သန႔္ျဖင့္ ေဆးေၾကာရသည္။ ငါးစည္ေဖာင္း၏ ေခါင္းထိပ္တြင္ ႏြားဦးခ်ိဳထြက္ခါစႏွင့္ သဏၭာန္တူေသာ လက္တစ္ဆစ္အ႐ြယ္ အဖုကေလး ႏွစ္ခုပါမွသာ ကသျမင္ ငါးစည္ေဖာင္း စစ္စစ္ျဖစ္သည္။

ထို႔ေနာက္ စတီးလင္ပန္းအတြင္းထည့္ကာ သူ႔ခ်ိဳေလးမ်ားအတိုင္းျဖန႔္၍ အဝိုင္းလွလွေလးျဖစ္ရန္ ညႇိယူရသည္။ မိုးတြင္း ကာလတြင္ ေလပန္ကာျဖင့္ အေျခာက္လွန္းၿပီး ေႏြရာသီ၌ ေနလွန္းကာ ေျခာက္ေသြ႕သြားေသာ ငါးစည္ေဖာင္းကို ေသေသခ်ာခ်ာသိမ္းဆည္းၿပီး ရန္ကုန္ၿမိဳ႕ တက္ေရာင္းခဲ့ရသည္။

လြန္ခဲ့ေသာႏွစ္ ၂၀ ခန႔္က ကသျမင္ငါးအေကာင္ငယ္မ်ား မၾကာခဏဖမ္းမိခဲ့၍ စည္ေဖာင္း တစ္ခုလွ်င္ က်ပ္သိန္း ၃၀ ခန႔္မွ ၁၀၀ ခန႔္ရေလ့ရွိသည္။ စည္ေဖာင္းခြဲထုတ္ၿပီး က်န္ငါးအသားမ်ားကို ခုတ္ထစ္ကာ ႐ြာအတြင္းရွိ အိမ္နီးခ်င္းမ်ားထံ ေဝငွေပးလိုက္႐ုံမို႔ ငါးအသားက တန္ဖိုးသိပ္မရွိဟု ကိုျမင့္လြင္က ဆိုသည္။ ကသျမင္ငါးကို တ႐ုတ္ႏိုင္ငံက ဝယ္ယူၿပီး ၾကားခံဝယ္ယူသူမ်ားကလည္း တ႐ုတ္ႏိုင္ငံသို႔ပင္ ျပန္လည္တင္ပို႔ေၾကာင္း ကိုျမင့္လြင္က ေျပာသည္။

‘‘ကြၽန္ေတာ္ၾကားသေလာက္ေတာ့ တ႐ုတ္လူမ်ိဳးေတြက လူ႔က်န္းမာေရးအတြက္ ေဆးဖက္ဝင္ တ႐ုတ္႐ိုးရာတိုင္းရင္းေဆး ေတြ ေဖာ္စပ္တဲ့ေနရာမွာ သုံးၾကတယ္။ ေနာက္ ဟင္းခ်ိဳအတြက္ စားေသာက္ၾကတဲ့ေနရာမွာသုံးၿပီး ေရာင္းရင္ ေဈးေတာ္ ေတာ္ႀကီးတယ္လို႔ သိရတယ္။ ေနာက္တစ္ မ်ိဳးကေတာ့ တ႐ုတ္လူမ်ိဳးေတြက နတ္ကိုးကြယ္ေတာ့ တ႐ုတ္ႏွစ္သစ္ကူးတဲ့ အခ်ိန္မွာ အထြတ္အျမတ္ထားၾကတယ္။ ဒါေၾကာင့္ တ႐ုတ္ႏွစ္သစ္ကူးနဲ႔ နီးတဲ့အခ်ိန္ ကသျမင္ငါးဖမ္းမိလို႔ကေတာ့ ေဈးပိုေကာင္းေကာင္းရပါတယ္’’ ဟု ကိုျမင့္လြင္က ဆိုသည္။

သားငွက္ထိန္းသိမ္းေရးအဖြဲ႕ (WCS)မွ ေရခ်ိဳ၊ ေရငန္အဏၰဝါ ထိန္းသိမ္းေရး ညႇိႏႈိင္းေရးမႉး ဦးျမသန္းထြန္း ကလည္း ကသျမင္ငါးဝယ္သူႏွင့္ ပတ္သက္၍ သူ၏ အေတြ႕အႀကဳံကို ေအာက္ပါအတိုင္း ေျပာသည္။

‘‘ၿပီးခဲ့တဲ့လက ကြၽန္ေတာ္ မေလးရွားကြာလာလမ္ပူမွာ အစည္းအေဝးတက္ေတာ့ ကမ္းနားဘက္ဆင္းရင္း ကြၽန္ေတာ့္ေရွ႕မွာ ကသျမင္ငါးတစ္ေကာင္ ဖမ္းမိထားတာေတြ႕ေတာ့ ကြၽန္ေတာ့္ သူငယ္ခ်င္း တ႐ုတ္လူမ်ိဳးက မရရ ေအာင္ဝယ္ၿပီး ငါးစည္ေဖာင္းကို ခြဲထုတ္ယူသြားတယ္။ ငါးအသားကို မစားဘဲ ဒီအတိုင္းထားခဲ့တယ္။ သူ႔ကိုေမးေတာ့ အေျခာက္လွန္း၊ မွန္ပုံးထဲထည့္ၿပီး အိမ္မွာ အလွထားမယ္လို႔ ေျပာတယ္’’ ဟု ၎က ေျပာသည္။

မ်ိဳးသုဥ္းေပ်ာက္ကြယ္လု အနီေရာင္အဆင့္ရွားပါးသတၱဝါ

ကသျမင္ငါးသည္ ငါးပုတ္သင္အုပ္စုဝင္ျဖစ္ၿပီး ယင္းတြင္ ေျခာက္မ်ိဳးခန႔္ ကြဲျပားေနကာ ကမာၻေပၚ၌ မ်ိဳးသုဥ္းေပ်ာက္ကြယ္ ႏိုင္သည့္ ေရသတၱဝါစာရင္းဝင္အျဖစ္ သတ္မွတ္ထားေၾကာင္း ေျပာသည္။ ၁၉၈၀ ခန႔္က ရခိုင္ျပည္နယ္ ဖ႐ုံကာကြၽန္းဘက္ႏွင့္ ေက်ာက္ ျဖဴၿမိဳ႕နယ္တစ္ဝိုက္ ပင္လယ္ျပင္တြင္ ကသျမင္ ငါးမ်ား ဖမ္းမိဖူးရာ တစ္ေကာင္လွ်င္ က်ပ္ငါးသိန္း ျဖင့္ ေရာင္းခဲ့ဖူးေၾကာင္း၎ကေျပာသည္။ ယခု ကသျမင္ငါးမ်ား ဖမ္းဆီးရရွိမႈ ရွားပါးၿပီး မ်ိဳးသုဥ္း ေပ်ာက္ကြယ္ႏိုင္သည့္ အနီေရာင္ အဆင့္သတ္မွတ္ေသာေၾကာင့္ မဖမ္းဆီးေရး မတားဆီးႏိုင္ေသာ္လည္း ထိန္းသိမ္းရန္ လိုအပ္ၿပီျဖစ္ ေၾကာင္း ဦးျမသန္းထြန္းက ဆိုသည္။

သို႔ေသာ္ အေရအတြက္ ရွားပါးလာေသာ္လည္း ျမန္မာ့ကမ္း႐ိုးတန္းတြင္ အေကာင္ေရမည္မွ်ရွိသည္ဆိုေသာ စာရင္း မွတ္တမ္းေတာ့မရွိေပ။ ‘‘အေရအတြက္ အတိအက် မွတ္တမ္းျပဳထားတာ မရွိဘူး။ အရင္က ၁၉၈၀ ေလာက္က ကြၽန္ေတာ္ဖမ္းတုန္းကဆို ၅ ေပ၊ ၆ ေပအ႐ြယ္ေတြ တစ္ပတ္မွာ ရွစ္ေကာင္အထိ မိဖူးတယ္။ အခုေတာ့ မ်ိဳးစိတ္တူတာ တစ္ႏွစ္မွာ တစ္ေကာင္ေတာင္ ဖမ္းမမိေတာ့ ေတာ္ေတာ္ရွားေနၿပီ။ အခုမိတဲ့ ကသျမင္မ်ိဳးစိတ္က လြန္ခဲ့တဲ့ ၂ႏွစ္က က်ိဳက္ထိုမွာ မိဖူးတဲ့မ်ိဳးစိတ္ပဲ’’ ဟု ၎က ဆက္ေျပာသည္။

ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉး ဦးဝင္းႀကိဳင္က ‘‘အရင္တုန္းကေတာ့ ကသျမင္ငါးေျခာက္ ေတာင္ ရွိခဲ့ဖူးတယ္။ အခုေတာ့ရွားသြားၿပီ။ ေ႐ႊျဖစ္တဲ့ငါး၊ ေ႐ႊငါးျဖစ္ေန ၿပီ’’ ဟု ဆိုသည္။ ‘‘ဒီငါးေတြဟာ ဒီေဒသျဖစ္တဲ့ က်ယ္ျပန႔္တဲ့ မုတၱမပင္လယ္ ေကြ႕ႀကီးမွာ ေပါက္ဖြားရွင္သန္က်က္စားေနတာမို႔ ဖမ္းမိတဲ့အခါ ႏိုင္ငံျခားပို႔ေတာ့ ေဈးေကာင္းရတာေပါ့။ ဒါေၾကာင့္ ဒီငါးသယံဇာတကို ထိန္းသိမ္းႏိုင္ေအာင္ ပင္လယ္ျပင္မွာ ငါးဖမ္းဖို႔ သတ္မွတ္ခ်ိန္၊ ငါးဖမ္းပိုက္အမ်ိဳးအစားနဲ႔ ငါးမဖမ္းရ ရာသီသတ္မွတ္ခ်က္ ေတြကို လိုက္နာၾကဖို႔ရာလိုပါတယ္။ ဒါမွ ဒီငါးသယံဇာတကို စဥ္ဆက္မျပတ္ထိန္းသိမ္းထား ႏိုင္မွာပါ။ ဒါေတာင္ ငါးဖမ္းရင္းနဲ႔ ပိုက္ထဲမွာ ဒီငါးမ်ိဳးအေကာင္ေသး ေသးေလးေတြ ပါလာေကာင္း ပါလာႏိုင္တာမို႔ အေကာင္ေပါက္ ေလးေတြကို မဖမ္းၾကေစခ်င္ဘူး’’ ဟု မြန္ျပည္နယ္ ငါးလုပ္ငန္းဦးစီးဌာန ဒုျပည္နယ္ဦးစီးမႉးဦးစိုးမင္းက တိုက္တြန္းသည္။

ဖမ္းဆီးမႈမ်ားျပားပါက လုံးဝမ်ိဳးသုဥ္း ေပ်ာက္ကြယ္ႏိုင္သျဖင့္ ရွားပါးေနၿပီျဖစ္ေသာ ကသျမင္ငါးသယံဇာတကို ထိန္းသိမ္း သင့္ေၾကာင္း ဦးျမသန္းထြန္းက အႀကံျပဳသည္။ ‘‘ပိုက္ဆံရတဲ့ငါးကို လိုက္ဖမ္းၾကတယ္။ ေဈးႀကီးတာနဲ႔ဖမ္းပစ္ၾကရင္ ဒီငါးက ကုန္သြားမွာေပါ့’’ ဟု ဦးျမသန္းထြန္း ကဆိုေလသည္။

Credit – 7Day Daily

Source – http://7daydaily.com/story/143858

(Unicode)

တရုတ်တွေ ဈေးကောင်းပေးဝယ်နေလို့ မျိုးသုဉ်းတော့မယ့် မြန်မာ့ကသမြင်ငါး

မြန်မာ့ပင်လယ်ထဲက ရွှေဖြစ်စေသော ငါးအနာဂတ်

ပင်လယ်ပြင်မှ ရွှေရောင်တဝင်းဝင်းနှင့် ကသမြင်ငါးကြီးတစ်ကောင် ဖမ်းမိသဖြင့် ကိုမြင့်လွင်တစ်ယောက် အတိုင်းမသိ ဝမ်းသာနေသည်။ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်းအပိုင် ငါးဖမ်း တင်ဒါပိုက်ချက်အမှတ်(၁)၌ ရွှေ ရောင်ကသမြင်ငါးကြီးဖမ်းမိထား သောသတင်းသည် နိုဝင်ဘာ ၁၁ ရက်မွန်းလွဲ ၂ နာရီတွင် ဒေသအတွင်း တစ်မုဟုတ်ချင်း ပျံ့နှံ့ခဲ့သည်။

ယခု ငါးဖမ်းရာသီအတွက် သည်နေရာကို အတန်းလိုက် တင်ဒါပိုက်ချက် လေလံဆွဲစဉ်က ကိုမြင့်လွင်သည် ငါးများများ ဖမ်းမိရေးသာ အာရုံစိုက်ခဲ့သည်။ ငါးဖမ်းရာသီစကတည်းက သူဆွဲထားသော တင်ဒါပိုက်ချက်အတွင်း ငါးများများရရှိရေး ကြိုးစားခဲ့သော်လည်း ဒီနှစ်ထဲငါးအထိအမိ လျော့နည်းနေသဖြင့် ဘာလုပ်ရမည်မသိ ဖြစ်ခဲ့သည်။

ဈေးအများဆုံးရသည့် ကသမြင်ငါးကြီး

ယခုတော့ သိန်းရာနှင့်ချီတန်ဖိုးရှိသော ရွှေရောင်ကသမြင်ငါး ကြီးတစ်ကောင်ဖမ်းမိ၍ အူမြူးနေသည်။ ငါးဖမ်းပိုက်ဖော်နေသော ယောက်ဖဖြစ်သူ ထွန်းနိုင်ဦးက နေရောင်အောက်၌ တဖိတ်ဖိတ် တောက်နေသော ကသမြင်ငါး ကြီးကို အိမ်သို့သယ်လာချိန်တွင် ကိုမြင့်လွင်တစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတော့သည်။ ငါးကြီးကို တိုင်းထွာခြင်တွယ်ရာ အလျားမှာ သာမန်လူတစ်ရပ်မက ခြောက်ပေရှည်ပြီး အနံက တစ်ပေတစ်လက်မနှင့် ၃၅ ပိဿာ ၅၅ ကျပ်သားမို့ ငါး၏ ဝမ်းဗိုက်အတွင်းရှိနေသော တန်ဖိုးကြီး ငါးစည်ဖောင်း၏အရွယ်ကို သူခန့်မှန်းတွက်ချက်နေသည်။

သူ၏ ပင်လယ်ပြင်အတွေ့အကြုံအရ ငါးစည်ဖောင်းသည် အနည်းဆုံး ဗြက်ကလက်တစ်မိုက် သာသာနှင့် အရှည် တစ်တောင် ကျော်ခန့်ရှိနိုင်သဖြင့် ထိုက်တန်သည့် တန်ဖိုးကို ရင်ခုန်စွာ တွက်ချက်နေခြင်းလည်းဖြစ်သည်။ ကိုမြင့်လွင်အတွက် တန်ဖိုးကြီး ကသမြင်ငါးဖမ်းမိခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ပေ။ လွန်ခဲ့သော ၁၅ နှစ်ခန့် က ပိဿာချိန် ၄၀ ရှိရွှေရောင်ကသ မြင်ငါးကြီးတစ်ကောင် ရရှိဖူးသည်။

ထိုစဉ်က ကသမြင်ငါးများကို အသေး၊ အလတ်၊ အကြီးအရွယ်အစားအသီးသီးဖြင့် ဒေသတွင်း တစ်နှစ်လျှင် လေး၊ ငါးကြိမ်ဖမ်းမိသော်လည်း ယခုနှစ်ပိုင်းတွင် ဖမ်းမိနှုန်းလျော့ကျသကဲ့သို့ သည်အရွယ် ငါးမျိုးမမိခဲ့သည်မှာ ကြာပြီဖြစ်သည်။

လွန်ခဲ့သော ၁၅ နှစ်ကာလ (၂၀၀၃)ခန့်က ကိုမြင့်လွင်ဖမ်းမိဖူးသော ရွှေရောင်ကသမြင်ငါးကို ကျပ်သိန်း ၃၅၀ ဖြင့်ရောင်းခဲ့ရသဖြင့် သည်တစ်ကြိမ်တွင် ဈေးမြှင့်ခေါ်ရောင်းဖို့ သူဆုံးဖြတ်ခဲ့သည်။ မကြာမီ ငါးဝယ်မည့်သူတစ်ဦးက ငါးကြည့်ထားသော ပွဲစားမှ တစ်ဆင့် သူ့ထံ ဖုန်းဖြင့် ဆက်သွယ်လာသည်။ သူရောင်းနိုင်သော ဈေးနှုန်းကို ပြောချလိုက်သည်။ တစ်ဖက်လူ၏ အသံကို နားစွင့်နေသည်။ ဝယ်လက်က အကြောင်းပြန်မည်ဟု ဆိုသည်။

သူရင်ခုန်နေသည်။ ငါးကြီးမိပြီး နာရီပိုင်းအကြာတွင် ကျပ်သိန်းရာနှင့်ချီ၍ ဈေးပေးဝယ်မည့် ဝယ်လက်ထံ တုံ့ပြန်မှုကို စောင့်ဆိုင်းရသည်မှာ ကြာလွန်းသည်ဟုထင်သည်။ ဝယ်လက်က ဈေးဆစ်သည်။ သူက ကျပ်သိန်း ၆၀၀ မလျှော့ တင်းခံနေသည်။ နောက်ဆုံးဈေးနှုန်းကိုညှိကြရင်း ကျပ် ၅၆၅ သိန်းနှင့် ဈေးတည့်ခဲ့သည်။

သူက ယောက္ခမဖြစ်သူဦးသန်းနီထံ အကျိုးအကြောင်းပြောပြသည်။ ယောက္ခမကလည်း သူ့ သဘောဟုဆိုသည်။ ကိုမြင့်လွင်က ငါးဖမ်းတင်ဒါပိုက်ချက်ကို အမည်ပေါက် လေလံဆွဲသူဖြစ်ပြီး ၎င်း၏ယောက္ခမအား ယခုငါးကြီးမိရာ လုပ်ကွက်ကို တစ်ဆင့်ပြန်ပေးထားခြင်းဖြစ်၍ ယခုငါးရောင်းရငွေကို ယောက္ခမရသင့်ကြောင်း သူလက်ခံသည်။ ငါးအရောင်းအဝယ် ဘယ်လိုလုပ်မလဲဆိုသော ကိစ္စကို ငါးဝယ်လက်မှတစ်ဆင့် ပွဲစားနှင့် ညှိနှိုင်းခဲ့သည်။ အရောင်းအဝယ်ကလည်း နေ့ချင်းပင်ဖြစ်ခဲ့သည်။

ကိုမြင့်လွင်တို့က ၎င်းနေထိုင်ရာ မုဒုံမြို့နယ်ဝဲဂလိရွာမှ ငါးကြီးကို သယ်ယူလာမည်ဖြစ်ပြီး ဝယ်သူက ကျိုက်ထိုမြို့ တစ်နေရာတွင် စောင့်ဆိုင်းနေကာ ငါးနှင့်ငွေကို လဲလှယ်မည်ဖြစ်သည်။ အစီအစဉ်များ ရေးဆွဲပြီး နှစ်ဖက်သဘောတူချိန် ငါးအရောင်းအဝယ် စတင်ကြသည်။ လုပ်ငန်းအောင်မြင်ခဲ့သည်။ ငွေထုပ်ကို ယောက္ခမထံအပ်နှံသည်။ ကိုမြင့်လွင်စဉ်းစားနေသည်။ သူတို့ဒေသအတွင်း ဖမ်းမိခဲ့သမျှ ကသမြင်ငါးကြီးများအနက် ယခုငါးကြီးသည် အရွယ်အစား အကြီးဆုံးမဟုတ်သော်လည်း အမြင့်ဆုံးဈေးနှုန်းဖြင့် ရောင်းချရခြင်း မှတ်တမ်းဝင်ခဲ့သည်။

ထိုသို့ဖြစ်ရသည်မှာ မုတ္တမပင်လယ်ကွေ့အတွင်း မွေးဖွားရှင် သန်ကျက်စားနေသော ပင်လယ်ပြင်၏ ရတနာတစ်ပါး ဖြစ်သည့် ကသမြင်ငါးများ ပိုမိုရှားပါးလာခြင်းဆိုသည့် အဓိပ္ပာယ်လည်း ဖြစ်သည်။

ဇိမ်ခံကားတစ်စီး၊ ရန်ကုန်တိုက်ခန်းကျယ် တစ်ခန်း ဝယ်ရသော သည်လိုတန်ဖိုးကြီးရေငန်ငါးမျိုးကို မွေးမြူနိုင်လျှင် မွေးမြူသူအတွက် အကျိုးအမြတ်ကြီးနိုင်၍ တာဝန်ရှိသူများထံ ချဉ်းကပ် မေးမြန်းသောအခါ ဆေးထိုးသားဖောက် မွေးမြူရေး မဖြစ်နိုင်သေးကြောင်း ပြောသည်။ ရှားပါးနေပြီဖြစ်သော ကသမြင်ငါး၏ ငါးစည်ဖောင်းကို တရုတ်များက ဆေးဖက်ဝင်သည် ဆိုကာ ဈေးကောင်းပေးဝယ် ကြခြင်းဖြစ်သည်။

‘‘ကသမြင်ငါးက မျိုးငါး။ အရှင်ရဖို့ မလွယ်ဘူး။ မိတာနဲ့ သေတာပဲ။ အရှင်ရရင်တောင် သူ့ကို ပြုစုပျိုးထောင်ဖို့လည်း မလွယ်ဘူး။ စည်ဖောင်းကြောင့် တန်ဖိုးကြီးတဲ့ ငါးကို သားဖောက်မွေးလို့ရရင် လုပ်ကြပြီပေါ့။ သူများနိုင်ငံတွေလည်း လုပ်နေတယ်လို့ မကြားမိသေးပါဘူး’’ ဟု ရေငန်အညိုရောင်ကျောက်ငါးကို သားဖောက်နည်းစနစ်ဖြင့် ဒေါက်တာဘွဲ့ ယူခဲ့သော ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။

သားဖောက်မွေး၍ မရ

ကသမြင်ငါးသည် ရေငန်ငါးဖြစ်ပြီး မုတ္တမပင်လယ်ကွေ့တွင် ပေါက်ဖွားရှင်သန်သဖြင့် သားဖောက်မွေးမြူသည့် စနစ် မရှိ သေးကြောင်း မွန်ပြည်နယ်ငါး လုပ်ငန်းဦးစီးဌာန ဒုပြည်နယ်ဦးစီး မှူးဦးစိုးမင်းက ဆိုသည်။ ‘‘သဘာဝပင်လယ်ထဲမှာပဲ တွေ့ရတဲ့ ရေငန်ငါးမျိုးမို့ အဲဒီငါးတွေ မွေးမြူတဲ့စနစ်က ကျွန်တော်တို့နိုင်ငံမှာ မရှိသေးပါဘူး’’ ဟု ဦးစိုးမင်းက ဆိုသည်။

ထို့ကြောင့် မုတ္တမပင်လယ် ကွေ့ဒေသဖြစ်သော မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများဖြစ်သည့် တနင်္သာရီတိုင်း၊ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ သဘာဝရေပြင်တွင် ယခုနှစ်များအတွင်း တစ်နှစ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ကသမြင်ငါး အကောင်ကြီးများကို ဖမ်းမိလေ့ရှိသည်။

ငါးအရွယ်အစားမှာ လေး၊ ငါး၊ ခြောက်ပေခန့်ရှည်ပြီး ပိဿာ ချိန် ၂၀ ခန့်မှ ၄၀ ကျော်အတွင်း ဖြစ်ပြီး အရောင်၊ အလေး ချိန်နှင့် ငါးစည်ဖောင်းအကြီး၊ အသေး ပေါ်မူတည်ကာ ကျပ်သိန်းဆယ်ဂဏန်းမှ သိန်း ၇၀၀ ခန့်အထိ အရောင်း အဝယ် ပြုလုပ်သည်။ ငါးဖမ်းမိသည့်နေရာသည် ငါးလုပ်ငန်းဦးစီးက တင်ဒါပိုက် ချက်များပေးထားသည့် လုပ်ကွက်များဖြစ်ပြီး ရောင်းချငွေများကို တင်ဒါအောင်သည့် ငါးလုပ်ငန်းပိုင်ရှင်သာ ရရှိမည်ဖြစ်ပြီး အစိုးရဌာနအနေဖြင့် ငါးရရှိမှုကို မှတ်တမ်းတင်မှုသာ ပြုလုပ်ဖြစ် ကြောင်း ဦးစိုးမင်းကဆိုသည်။ ဈေးကောင်းရသော ကသ မြင်ငါးကြီးများ ဖမ်းဆီးရရှိမှုကလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။

၂၀၁၄ စက်တင်ဘာတွင် မွန်ပြည်နယ် ကျိုက္ခမီကမ်းခြေမှ လေးမိုင်အကွာ၌ ၁၆ ပိဿာ ရှိအလျား ၃ ပေ အနံ ၁ ပေအရွယ် ငါးတစ်ကောင်ဖမ်းမိ၍ ကျပ် သိန်း ၃၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်။ ၂၀၁၅ နှစ်ဆန်းပိုင်းက ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျေးရွာတစ်ရွာမှ ရွှေရောင်ကသမြင် ငါးကြီးတစ်ကောင် ဖမ်းမိ၍ ဈေးပြိုင်ပေးဝယ်ရာ ကျပ်သိန်း ၇၀၀ ခန့်ဖြင့် ရောင်းခဲ့ဖူးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

မွန်ပြည်နယ်အတွင်း ၂၀၁၆ ဖေဖော်ဝါရီတွင် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီရေလယ်ဘုရား အနောက်ဘက်၌ ၂၁ ပိဿာရှိ ငါး တစ်ကောင်၊ ဇွန်လတွင် ကျိုက္ခမီကမ်းခြေမှ သုံးမိုင်အကွာတွင် ၃၆ ပိဿာရှိငါးတစ်ကောင်၊ ၂၀၁၈ ကျိုက္ခမီကမ်းခြေမှ ၁၀ မိုင်အကွာတွင် ၁၆ ဒသမ ၅ ပိဿာရှိ ကသမြင်ငါးတစ်ကောင် ဖမ်းမိခဲ့ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန မှတ်တမ်းများတွင် ဖော်ပြထားသည်။

ယခုအချိန်ထိ ဈေးအများဆုံး စံချိန်ဖြစ်သော ကျပ် ၅၆၅ သိန်းဖြင့် ရောင်းချနိုင်ခဲ့သော တန်ဖိုးကြီးကသမြင်ငါးကို တွေ့ရစဉ် (ဓာတ်ပုံ − ငါးလုပ်ငန်းဦးစီးဌာန)

ငါးစည်ဖောင်းဘာကြောင့် ဈေးကောင်း

‘‘ငါးရဲ့စည်ဖောင်းက တရုတ်နိုင်ငံမှာ ဆေးဖော်တာရှိတယ်။ အဓိကကတော့ ငါးရဲ့စည်ဖောင်းက ဈေးမြင့်တာပါ။ ငါးရဲ့ အသားက စည်ဖောင်းလောက် ဈေးမမြင့် ဘူး။ တရုတ်နိုင်ငံမှာ ဘာအတွက် ဆေးဖော်လဲဆိုတာ မသိဘူး။ ကသမြင်ငါးရဲ့ စည်ဖောင်းက အရွယ်ကြီးလေ ဈေးပိုမြင့်လေပဲ’’ ဟု ဦးစိုးမင်းက ငါးစည်ဖောင်း ဈေးကောင်းရသည့် အကြောင်းရင်းကို ရှင်းပြသည်။

လွန်ခဲ့သောနှစ် ၂၀ ခန့်တွင် ကသမြင်ငါးအကောင်သေးများကို ဖမ်းမိစဉ် ငါးစည်ဖောင်းကို ငါးဝမ်းဗိုက်မှ ခွဲထုတ်ကာ ပြုပြင်ခဲ့ပုံကိုလည်း ကိုမြင့်လွင်က ပြော ပြသည်။ ငါးဝမ်းဗိုက်ကို ခွဲပြီးအဖြူ ရောင်ငါးစည်ဖောင်းကို ဆွဲထုတ်ယူကာ အတွင်းမှ အချွဲများကို ရေသန့်သန့်ဖြင့် ဆေးကြောရသည်။ ငါးစည်ဖောင်း၏ ခေါင်းထိပ်တွင် နွားဦးချိုထွက်ခါစနှင့် သဏ္ဌာန်တူသော လက်တစ်ဆစ်အရွယ် အဖုကလေး နှစ်ခုပါမှသာ ကသမြင် ငါးစည်ဖောင်း စစ်စစ်ဖြစ်သည်။

ထို့နောက် စတီးလင်ပန်းအတွင်းထည့်ကာ သူ့ချိုလေးများအတိုင်းဖြန့်၍ အဝိုင်းလှလှလေးဖြစ်ရန် ညှိယူရသည်။ မိုးတွင်း ကာလတွင် လေပန်ကာဖြင့် အခြောက်လှန်းပြီး နွေရာသီ၌ နေလှန်းကာ ခြောက်သွေ့သွားသော ငါးစည်ဖောင်းကို သေသေချာချာသိမ်းဆည်းပြီး ရန်ကုန်မြို့ တက်ရောင်းခဲ့ရသည်။

လွန်ခဲ့သောနှစ် ၂၀ ခန့်က ကသမြင်ငါးအကောင်ငယ်များ မကြာခဏဖမ်းမိခဲ့၍ စည်ဖောင်း တစ်ခုလျှင် ကျပ်သိန်း ၃၀ ခန့်မှ ၁၀၀ ခန့်ရလေ့ရှိသည်။ စည်ဖောင်းခွဲထုတ်ပြီး ကျန်ငါးအသားများကို ခုတ်ထစ်ကာ ရွာအတွင်းရှိ အိမ်နီးချင်းများထံ ဝေငှပေးလိုက်ရုံမို့ ငါးအသားက တန်ဖိုးသိပ်မရှိဟု ကိုမြင့်လွင်က ဆိုသည်။ ကသမြင်ငါးကို တရုတ်နိုင်ငံက ဝယ်ယူပြီး ကြားခံဝယ်ယူသူများကလည်း တရုတ်နိုင်ငံသို့ပင် ပြန်လည်တင်ပို့ကြောင်း ကိုမြင့်လွင်က ပြောသည်။

‘‘ကျွန်တော်ကြားသလောက်တော့ တရုတ်လူမျိုးတွေက လူ့ကျန်းမာရေးအတွက် ဆေးဖက်ဝင် တရုတ်ရိုးရာတိုင်းရင်းဆေး တွေ ဖော်စပ်တဲ့နေရာမှာ သုံးကြတယ်။ နောက် ဟင်းချိုအတွက် စားသောက်ကြတဲ့နေရာမှာသုံးပြီး ရောင်းရင် ဈေးတော် တော်ကြီးတယ်လို့ သိရတယ်။ နောက်တစ် မျိုးကတော့ တရုတ်လူမျိုးတွေက နတ်ကိုးကွယ်တော့ တရုတ်နှစ်သစ်ကူးတဲ့ အချိန်မှာ အထွတ်အမြတ်ထားကြတယ်။ ဒါကြောင့် တရုတ်နှစ်သစ်ကူးနဲ့ နီးတဲ့အချိန် ကသမြင်ငါးဖမ်းမိလို့ကတော့ ဈေးပိုကောင်းကောင်းရပါတယ်’’ ဟု ကိုမြင့်လွင်က ဆိုသည်။

သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)မှ ရေချို၊ ရေငန်အဏ္ဏဝါ ထိန်းသိမ်းရေး ညှိနှိုင်းရေးမှူး ဦးမြသန်းထွန်း ကလည်း ကသမြင်ငါးဝယ်သူနှင့် ပတ်သက်၍ သူ၏ အတွေ့အကြုံကို အောက်ပါအတိုင်း ပြောသည်။

‘‘ပြီးခဲ့တဲ့လက ကျွန်တော် မလေးရှားကွာလာလမ်ပူမှာ အစည်းအဝေးတက်တော့ ကမ်းနားဘက်ဆင်းရင်း ကျွန်တော့်ရှေ့မှာ ကသမြင်ငါးတစ်ကောင် ဖမ်းမိထားတာတွေ့တော့ ကျွန်တော့် သူငယ်ချင်း တရုတ်လူမျိုးက မရရ အောင်ဝယ်ပြီး ငါးစည်ဖောင်းကို ခွဲထုတ်ယူသွားတယ်။ ငါးအသားကို မစားဘဲ ဒီအတိုင်းထားခဲ့တယ်။ သူ့ကိုမေးတော့ အခြောက်လှန်း၊ မှန်ပုံးထဲထည့်ပြီး အိမ်မှာ အလှထားမယ်လို့ ပြောတယ်’’ ဟု ၎င်းက ပြောသည်။

မျိုးသုဉ်းပျောက်ကွယ်လု အနီရောင်အဆင့်ရှားပါးသတ္တဝါ

ကသမြင်ငါးသည် ငါးပုတ်သင်အုပ်စုဝင်ဖြစ်ပြီး ယင်းတွင် ခြောက်မျိုးခန့် ကွဲပြားနေကာ ကမ္ဘာပေါ်၌ မျိုးသုဉ်းပျောက်ကွယ် နိုင်သည့် ရေသတ္တဝါစာရင်းဝင်အဖြစ် သတ်မှတ်ထားကြောင်း ပြောသည်။ ၁၉၈၀ ခန့်က ရခိုင်ပြည်နယ် ဖရုံကာကျွန်းဘက်နှင့် ကျောက် ဖြူမြို့နယ်တစ်ဝိုက် ပင်လယ်ပြင်တွင် ကသမြင် ငါးများ ဖမ်းမိဖူးရာ တစ်ကောင်လျှင် ကျပ်ငါးသိန်း ဖြင့် ရောင်းခဲ့ဖူးကြောင်း၎င်းကပြောသည်။ ယခု ကသမြင်ငါးများ ဖမ်းဆီးရရှိမှု ရှားပါးပြီး မျိုးသုဉ်း ပျောက်ကွယ်နိုင်သည့် အနီရောင် အဆင့်သတ်မှတ်သောကြောင့် မဖမ်းဆီးရေး မတားဆီးနိုင်သော်လည်း ထိန်းသိမ်းရန် လိုအပ်ပြီဖြစ် ကြောင်း ဦးမြသန်းထွန်းက ဆိုသည်။

သို့သော် အရေအတွက် ရှားပါးလာသော်လည်း မြန်မာ့ကမ်းရိုးတန်းတွင် အကောင်ရေမည်မျှရှိသည်ဆိုသော စာရင်း မှတ်တမ်းတော့မရှိပေ။ ‘‘အရေအတွက် အတိအကျ မှတ်တမ်းပြုထားတာ မရှိဘူး။ အရင်က ၁၉၈၀ လောက်က ကျွန်တော်ဖမ်းတုန်းကဆို ၅ ပေ၊ ၆ ပေအရွယ်တွေ တစ်ပတ်မှာ ရှစ်ကောင်အထိ မိဖူးတယ်။ အခုတော့ မျိုးစိတ်တူတာ တစ်နှစ်မှာ တစ်ကောင်တောင် ဖမ်းမမိတော့ တော်တော်ရှားနေပြီ။ အခုမိတဲ့ ကသမြင်မျိုးစိတ်က လွန်ခဲ့တဲ့ ၂နှစ်က ကျိုက်ထိုမှာ မိဖူးတဲ့မျိုးစိတ်ပဲ’’ ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ‘‘အရင်တုန်းကတော့ ကသမြင်ငါးခြောက် တောင် ရှိခဲ့ဖူးတယ်။ အခုတော့ရှားသွားပြီ။ ရွှေဖြစ်တဲ့ငါး၊ ရွှေငါးဖြစ်နေ ပြီ’’ ဟု ဆိုသည်။ ‘‘ဒီငါးတွေဟာ ဒီဒေသဖြစ်တဲ့ ကျယ်ပြန့်တဲ့ မုတ္တမပင်လယ် ကွေ့ကြီးမှာ ပေါက်ဖွားရှင်သန်ကျက်စားနေတာမို့ ဖမ်းမိတဲ့အခါ နိုင်ငံခြားပို့တော့ ဈေးကောင်းရတာပေါ့။ ဒါကြောင့် ဒီငါးသယံဇာတကို ထိန်းသိမ်းနိုင်အောင် ပင်လယ်ပြင်မှာ ငါးဖမ်းဖို့ သတ်မှတ်ချိန်၊ ငါးဖမ်းပိုက်အမျိုးအစားနဲ့ ငါးမဖမ်းရ ရာသီသတ်မှတ်ချက် တွေကို လိုက်နာကြဖို့ရာလိုပါတယ်။ ဒါမှ ဒီငါးသယံဇာတကို စဉ်ဆက်မပြတ်ထိန်းသိမ်းထား နိုင်မှာပါ။ ဒါတောင် ငါးဖမ်းရင်းနဲ့ ပိုက်ထဲမှာ ဒီငါးမျိုးအကောင်သေး သေးလေးတွေ ပါလာကောင်း ပါလာနိုင်တာမို့ အကောင်ပေါက် လေးတွေကို မဖမ်းကြစေချင်ဘူး’’ ဟု မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူးဦးစိုးမင်းက တိုက်တွန်းသည်။

ဖမ်းဆီးမှုများပြားပါက လုံးဝမျိုးသုဉ်း ပျောက်ကွယ်နိုင်သဖြင့် ရှားပါးနေပြီဖြစ်သော ကသမြင်ငါးသယံဇာတကို ထိန်းသိမ်း သင့်ကြောင်း ဦးမြသန်းထွန်းက အကြံပြုသည်။ ‘‘ပိုက်ဆံရတဲ့ငါးကို လိုက်ဖမ်းကြတယ်။ ဈေးကြီးတာနဲ့ဖမ်းပစ်ကြရင် ဒီငါးက ကုန်သွားမှာပေါ့’’ ဟု ဦးမြသန်းထွန်း ကဆိုလေသည်။

Credit – 7Day Daily

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top