သတင္း

လူတိုင္းရဲ. လက္တကမ္းက ဟင္းႏုနယ္ရြက္၏ က်န္းမာေရးအက်ိဳးမ်ား

(Zawgyi)
က်န္းမာေရးအတြက္ ဟင္းႏုနယ္ရြက္ေဆးတစ္ခြက္

ဟင္းႏုနယ္ႏွင့္က်န္းမာေရး
ကမၻာေပၚတြင္ လူသားတုိ႔ က်န္းမာေရးကို အေထာက္အကူျပဳေစသည့္ အစိမ္းေရာင္ ဟင္းသီးဟင္းရြက္ပင္ အေျမာက္အျမားကုိ သဘာဝတရားႀကီးက အဆင္သင့္ ဖန္တီးေပးထားပါတယ္။ ၎တုိ႔အနက္ ဟင္းႏုနယ္၏ အာဟာရ ျဖစ္ေစႏုိင္မႈက အသာလြန္ဆုံးျဖစ္ပါတယ္။

အမဲသား၊ ဝက္သားစသည့္ အနီေရာင္အသားတုိ႔ျဖင့္ ႏႈိင္းယွဥ္ပါက ဟင္းႏုနယ္ထဲတြင္ ကယ္လုိရီႏွင့္ သံဓာတ္တုိ႔ပါဝင္မႈ ပမာဏ ပုိမုိမ်ားျပားသည့္အျပင္ အဆီႏွင့္ ကိုလက္စထေရာတုိ႔ ပါဝင္မႈ အလြန္နည္းပါးေသာေၾကာင့္ ထုိအနီေရာင္အသားမ်ားထက္ ဟင္းႏုနယ္က က်န္းမာေရးအတြက္ ပုိမုိသင့္ေလ်ာ္ပါတယ္။

ဟင္းႏုနယ္ထဲတြင္ potassium, manganese,zinc, magnesium, iron, calcium, folate, niacin, vitamin A, vitamin B2,vitamin စသည့္ ဗီတာမင္ႏွင့္ သတၱဳဓာတ္တုိ႔စုေဝးရာ အရင္းအျမစ္ျဖစ္ပါတယ္။ ထုိ႔ျပင္ beta carotene, lutein, xanthenes ႏွင့္ chlorophyllin တုိ႔လည္း ၾကြယ္ဝစြာ ပါရွိေနၾကပါတယ္။

ဟင္းႏုနယ္ထဲတြင္ ပါရွိေသာ flavonoids ဓာတ္ေပါင္းစုဟာ အစာအိမ္ကင္ဆာ၊ အေရျပားကင္ဆာ၊ အူကင္ဆာ၊ အမ်ဳိးသားမ်ားတြင္ အျဖစ္မ်ားေသာ ဆီးက်ိတ္ကင္ဆာ၊ အသည္းကင္ဆာ၊ အဆုတ္ကင္ဆာစသည့္ ကင္ဆာဆဲလ္မ်ားကို ေသေစႏုိင္ပါတယ္။ ထုိ႔ျပင္ ဟင္းႏုနယ္ကိုစားေသာ အမ်ဳိးသမီးမ်ားဟာ ဟင္းႏုနယ္ လုံးဝမစားေသာ အမ်ဳိးသမီးမ်ားထက္ သားဥအိမ္ကင္ဆာျဖစ္ႏုိင္ေျခ အလြန္နည္းပါးပါတယ္။ အစာေခ်ဖ်က္မႈကို ေကာင္းမြန္ေစၿပီး ဝမ္းခ်ဳပ္ျခင္းမွ ကာကြယ္ေပးႏုိင္ပါတယ္။ အစာအိမ္နာေဝဒနာမ်ားကိုလည္း ေပ်ာက္ကင္း သက္သာလာေစပါတယ္။ ေသြးထဲရွိ သၾကားပမာဏကုိ က်ေအာင္ ထိန္းသိမ္းေပးႏုိင္ပါတယ္။

ေခါင္းတစ္ျခမ္းကိုက္ျခင္းမွ သက္သာေစႏုိင္ပါတယ္။ ေသြးလႊတ္ေၾကာမ်ားအတြင္း အဆီပိတ္ဆုိ႔ျခင္းကုိ ကာကြယ္ေပးသည့္အျပင္ ေသြးလည္ပတ္ စီးဆင္းမႈကုိလည္း ေကာင္းမြန္ေစပါတယ္။ ေသြးတုိးေရာဂါသည္မ်ား အထူးစားသုံးေပးသင့္ပါတယ္။

မ်က္စိအတြင္းတိမ္ျဖစ္ျခင္း၊ ျပည္တည္ျခင္း၊ မ်က္ၾကည္လႊာႏွင့္ ပတ္သက္ေသာ ေဝဒနာအမ်ဳိးမ်ဳိး မ်က္စိယားယံျခင္းႏွင့္ ေျခာက္ေသြ႕ျခင္းဈတုိ႔ကုိ ကာကြယ္ေပးႏုိင္ပါတယ္။ အထူးသျဖင့္ ဟင္းႏုနယ္ကုိ သံလြင္ဆီ အနည္းငယ္ျဖင့္ ေၾကာ္စားေပးပါက အဆိုပါေရာဂါမ်ားအတြက္ အာနိသင္ပုိရွိေစပါတယ္။

ကုိယ္ခံစြမ္းအားကုိ တုိးတက္ျမင့္မားလာေစပါတယ္။ ဟင္းႏုနယ္ထဲတြင္ Vitamin A အလုံအေလာက္ ပါရွိ၍ အေရျပားအစုိဓာတ္ကုိ ထိန္းသိမ္းေပးၿပီး က်န္းမာေသာ အေရျပားကုိလည္း ပုိင္ဆုိင္ေစပါတယ္။ ထုိ႔ျပင္ အသားအေရေနေလာင္ျခင္း၊ အနီကြက္ထျခင္း၊ ဝက္ၿခံမ်ားႏွင့္ မ်က္ႏွာေပၚရွိ အေရးအေၾကာင္းမ်ားကုိလည္း ေလ်ာ့ပါးသက္သာေစႏုိင္ပါတယ္။ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာ အဖြဲ႕အစည္းကုိ တုိးတက္ေကာင္းမြန္ေစပါတယ္။ အယ္ဇုိင္းမား ေရာဂါကုိလည္း သက္သာေစႏုိင္ပါတယ္။

အေမရိကန္ျပည္ေထာင္စု ခ်ီကာဂုိရွိ ေဆးသုေတသနျပဳခ်က္အရ လူတစ္ဦးသည္ ဟင္းႏုနယ္ရြက္ သုံးရြက္ကုိ ေန႔စဥ္မွန္မွန္ စားသုံးေပးျခင္းျဖင့္ စိတ္က်ေဝဒနာကုိ ၄ဝ ရာခုိင္ႏႈန္းမွ် သက္သာလာေစသည့္ အျပင္ ဦးေႏွာက္ အလုပ္လုပ္ႏုိင္ေသာ စြမ္းရည္မွာလည္း ေနာက္ထပ္ ငါးႏွစ္ေလာက္ ႏုပ်ဳိသြားသည္ဟု အဆုိရွိပါတယ္။

ဟင္းႏုနယ္တြင္ Vitamin K ဓာတ္ၾကြယ္ဝစြာ ပါရွိ၍ အ႐ုိးပြျခင္းမွ အထူးကာကြယ္ေပးပါတယ္။ ဟင္းႏုနယ္ကုိ မွန္မွန္စားေပးပါက အ႐ုိးကုိ က်န္းမာသန္စြမ္းေစပါတယ္။ ကုိယ္ဝန္ေဆာင္မိခင္မ်ား မွန္မွန္စားေပးျခင္းျဖင့္ သေႏၶသား၏ DNAႏွင့္ အာ႐ုံေၾကာ အဖြဲ႕အစည္းတုိ႔ကုိ တုိးတက္ေကာင္းမြန္ေစသည့္အျပင္ ရင္ေသြးငယ္အတြက္ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲမျဖစ္ေစပါ။ ထုိ႔ျပင္သားေလွ်ာျခင္းမွလည္း ကာကြယ္ေပးပါတယ္။ သံဓာတ္ၾကြယ္ဝစြာ ပါရွိျခင္းေၾကာင့္ ေသြးအားေကာင္းေစပါတယ္။ ခႏၶာကုိယ္၏ PH ပမာဏကုိ ပုံမွန္ျဖစ္ေစ႐ုံသာမက ကိုလက္စထေရာ က်ေစပါတယ္။ ႏုိ႔ထြက္အားေကာင္းသျဖင့္ ႏုိ႔တုိက္မိခင္မ်ား ဟင္းႏုနယ္ကို စားသုံးေပးသင့္ပါတယ္။ မၾကာခဏ သြားဖုံးေသြးယုိ စီးေသာသူမ်ားဟာ ဟင္းႏုနယ္ သတၱဳရည္ကုိ မုန္လာဥနီႏွင့္ ေရာစပ္ကာ ေဖ်ာ္ရည္အျဖစ္ မၾကာခဏ ေသာက္သုံးေပးျခင္းျဖင့္ ေပ်ာက္ကင္းသက္သာလာေစႏုိင္ပါတယ္။

ဟင္းႏုနယ္ထဲတြင္ ဓာတ္တုိးဆန္႔က်င္ပစၥည္းမ်ား ၾကြယ္ဝစြာပါရွိ၍ ႏွလုံးေသြးလႊတ္ေၾကာမ်ား ပိတ္ဆုိ႔ျခင္း၊ ခ်ဳိးကပ္ျခင္းမ်ားကုိ ေပ်ာက္ကင္း သက္သာေစသည့္အျပင္ ႏွလုံးၾကြက္သားမ်ား ညႇစ္အားေကာင္းေစေသာေၾကာင့္ ႏွလုံးေရာဂါ ေဝဒနာသည္မ်ားအတြက္ အထူးသင့္ေလ်ာ္ပါတယ္။ ေလျဖတ္ျခင္းမွ ကာကြယ္ေပးႏုိင္ပါတယ္။

သတိျပဳရန္ ဟင္းႏုနယ္ထဲတြင္ oxalates ဓာတ္ပါရွိေသာေၾကာင့္ ေက်ာက္ကပ္၊ သုိင္း႐ြိဳက္ႏွင့္ ေဂါက္ေရာဂါေဝဒနာသည္မ်ား အလြန္အကြၽံ မစားသင့္ပါ။ ကမၻာ့အစားအေသာက္ႏွင့္ က်န္းမာေရး အဖြဲ႕အစည္း တစ္ခုျဖစ္သည့္ WHFodsမွ ဟင္းႏုနယ္ပင္တုိ႔သည္ လူသားတုိ႔ကုိ အလြန္အာဟာရ ျဖစ္ေစေၾကာင္း ေထာက္ခံထားပါတယ္။ သုိ႔ပါ၍ က်န္းမာေပ်ာ္ရႊင္စြာေနႏုိင္ေသာ ဘဝတစ္ခုကုိ ဖန္တီးေပးသည့္ သဘာဝအရင္းအျမစ္တုိ႔ စုေဝးရာ ဟင္းႏုနယ္ကုိ က်န္းမာေရးအတြက္ ေဆးတစ္ခြက္အျဖစ္ စားသုံးႏုိင္ၾကပါေစေၾကာင္း တုိက္တြန္းလုိက္ရပါတယ္။

Credit – Myawady Health

(Unicode)
ကျန်းမာရေးအတွက် ဟင်းနုနယ်ရွက်ဆေးတစ်ခွက်

ဟင်းနုနယ်နှင့်ကျန်းမာရေး
ကမ္ဘာပေါ်တွင် လူသားတို့ ကျန်းမာရေးကို အထောက်အကူပြုစေသည့် အစိမ်းရောင် ဟင်းသီးဟင်းရွက်ပင် အမြောက်အမြားကို သဘာဝတရားကြီးက အဆင်သင့် ဖန်တီးပေးထားပါတယ်။ ၎င်းတို့အနက် ဟင်းနုနယ်၏ အာဟာရ ဖြစ်စေနိုင်မှုက အသာလွန်ဆုံးဖြစ်ပါတယ်။

အမဲသား၊ ဝက်သားစသည့် အနီရောင်အသားတို့ဖြင့် နှိုင်းယှဉ်ပါက ဟင်းနုနယ်ထဲတွင် ကယ်လိုရီနှင့် သံဓာတ်တို့ပါဝင်မှု ပမာဏ ပိုမိုများပြားသည့်အပြင် အဆီနှင့် ကိုလက်စထရောတို့ ပါဝင်မှု အလွန်နည်းပါးသောကြောင့် ထိုအနီရောင်အသားများထက် ဟင်းနုနယ်က ကျန်းမာရေးအတွက် ပိုမိုသင့်လျော်ပါတယ်။

ဟင်းနုနယ်ထဲတွင် potassium, manganese,zinc, magnesium, iron, calcium, folate, niacin, vitamin A, vitamin B2,vitamin စသည့် ဗီတာမင်နှင့် သတ္တုဓာတ်တို့စုဝေးရာ အရင်းအမြစ်ဖြစ်ပါတယ်။ ထို့ပြင် beta carotene, lutein, xanthenes နှင့် chlorophyllin တို့လည်း ကြွယ်ဝစွာ ပါရှိနေကြပါတယ်။

ဟင်းနုနယ်ထဲတွင် ပါရှိသော flavonoids ဓာတ်ပေါင်းစုဟာ အစာအိမ်ကင်ဆာ၊ အရေပြားကင်ဆာ၊ အူကင်ဆာ၊ အမျိုးသားများတွင် အဖြစ်များသော ဆီးကျိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာစသည့် ကင်ဆာဆဲလ်များကို သေစေနိုင်ပါတယ်။ ထို့ပြင် ဟင်းနုနယ်ကိုစားသော အမျိုးသမီးများဟာ ဟင်းနုနယ် လုံးဝမစားသော အမျိုးသမီးများထက် သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ အလွန်နည်းပါးပါတယ်။ အစာချေဖျက်မှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်နာဝေဒနာများကိုလည်း ပျောက်ကင်း သက်သာလာစေပါတယ်။ သွေးထဲရှိ သကြားပမာဏကို ကျအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းမှ သက်သာစေနိုင်ပါတယ်။ သွေးလွှတ်ကြောများအတွင်း အဆီပိတ်ဆို့ခြင်းကို ကာကွယ်ပေးသည့်အပြင် သွေးလည်ပတ် စီးဆင်းမှုကိုလည်း ကောင်းမွန်စေပါတယ်။ သွေးတိုးရောဂါသည်များ အထူးစားသုံးပေးသင့်ပါတယ်။

မျက်စိအတွင်းတိမ်ဖြစ်ခြင်း၊ ပြည်တည်ခြင်း၊ မျက်ကြည်လွှာနှင့် ပတ်သက်သော ဝေဒနာအမျိုးမျိုး မျက်စိယားယံခြင်းနှင့် ခြောက်သွေ့ခြင်းဈတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဟင်းနုနယ်ကို သံလွင်ဆီ အနည်းငယ်ဖြင့် ကြော်စားပေးပါက အဆိုပါရောဂါများအတွက် အာနိသင်ပိုရှိစေပါတယ်။

ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာစေပါတယ်။ ဟင်းနုနယ်ထဲတွင် Vitamin A အလုံအလောက် ပါရှိ၍ အရေပြားအစိုဓာတ်ကို ထိန်းသိမ်းပေးပြီး ကျန်းမာသော အရေပြားကိုလည်း ပိုင်ဆိုင်စေပါတယ်။ ထို့ပြင် အသားအရေနေလောင်ခြင်း၊ အနီကွက်ထခြင်း၊ ဝက်ခြံများနှင့် မျက်နှာပေါ်ရှိ အရေးအကြောင်းများကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ ဦးနှောက်နှင့်အာရုံကြော အဖွဲ့အစည်းကို တိုးတက်ကောင်းမွန်စေပါတယ်။ အယ်ဇိုင်းမား ရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စု ချီကာဂိုရှိ ဆေးသုတေသနပြုချက်အရ လူတစ်ဦးသည် ဟင်းနုနယ်ရွက် သုံးရွက်ကို နေ့စဉ်မှန်မှန် စားသုံးပေးခြင်းဖြင့် စိတ်ကျဝေဒနာကို ၄ဝ ရာခိုင်နှုန်းမျှ သက်သာလာစေသည့် အပြင် ဦးနှောက် အလုပ်လုပ်နိုင်သော စွမ်းရည်မှာလည်း နောက်ထပ် ငါးနှစ်လောက် နုပျိုသွားသည်ဟု အဆိုရှိပါတယ်။

ဟင်းနုနယ်တွင် Vitamin K ဓာတ်ကြွယ်ဝစွာ ပါရှိ၍ အရိုးပွခြင်းမှ အထူးကာကွယ်ပေးပါတယ်။ ဟင်းနုနယ်ကို မှန်မှန်စားပေးပါက အရိုးကို ကျန်းမာသန်စွမ်းစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ မှန်မှန်စားပေးခြင်းဖြင့် သန္ဓေသား၏ DNAနှင့် အာရုံကြော အဖွဲ့အစည်းတို့ကို တိုးတက်ကောင်းမွန်စေသည့်အပြင် ရင်သွေးငယ်အတွက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲမဖြစ်စေပါ။ ထို့ပြင်သားလျှောခြင်းမှလည်း ကာကွယ်ပေးပါတယ်။ သံဓာတ်ကြွယ်ဝစွာ ပါရှိခြင်းကြောင့် သွေးအားကောင်းစေပါတယ်။ ခန္ဓာကိုယ်၏ PH ပမာဏကို ပုံမှန်ဖြစ်စေရုံသာမက ကိုလက်စထရော ကျစေပါတယ်။ နို့ထွက်အားကောင်းသဖြင့် နို့တိုက်မိခင်များ ဟင်းနုနယ်ကို စားသုံးပေးသင့်ပါတယ်။ မကြာခဏ သွားဖုံးသွေးယို စီးသောသူများဟာ ဟင်းနုနယ် သတ္တုရည်ကို မုန်လာဥနီနှင့် ရောစပ်ကာ ဖျော်ရည်အဖြစ် မကြာခဏ သောက်သုံးပေးခြင်းဖြင့် ပျောက်ကင်းသက်သာလာစေနိုင်ပါတယ်။

ဟင်းနုနယ်ထဲတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါရှိ၍ နှလုံးသွေးလွှတ်ကြောများ ပိတ်ဆို့ခြင်း၊ ချိုးကပ်ခြင်းများကို ပျောက်ကင်း သက်သာစေသည့်အပြင် နှလုံးကြွက်သားများ ညှစ်အားကောင်းစေသောကြောင့် နှလုံးရောဂါ ဝေဒနာသည်များအတွက် အထူးသင့်လျော်ပါတယ်။ လေဖြတ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

သတိပြုရန် ဟင်းနုနယ်ထဲတွင် oxalates ဓာတ်ပါရှိသောကြောင့် ကျောက်ကပ်၊ သိုင်းရွိုက်နှင့် ဂေါက်ရောဂါဝေဒနာသည်များ အလွန်အကျွံ မစားသင့်ပါ။ ကမ္ဘာ့အစားအသောက်နှင့် ကျန်းမာရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် WHFodsမှ ဟင်းနုနယ်ပင်တို့သည် လူသားတို့ကို အလွန်အာဟာရ ဖြစ်စေကြောင်း ထောက်ခံထားပါတယ်။ သို့ပါ၍ ကျန်းမာပျော်ရွှင်စွာနေနိုင်သော ဘဝတစ်ခုကို ဖန်တီးပေးသည့် သဘာဝအရင်းအမြစ်တို့ စုဝေးရာ ဟင်းနုနယ်ကို ကျန်းမာရေးအတွက် ဆေးတစ်ခွက်အဖြစ် စားသုံးနိုင်ကြပါစေကြောင်း တိုက်တွန်းလိုက်ရပါတယ်။

Credit – Myawady Health

Leave a Reply

Your email address will not be published. Required fields are marked *