သတင္း

အိမ်မှာကိုယ်တိုင်လုပ်သော ဘာဆေးမှ မပါသည့် ဝက်ခေါက်ကြော်လုပ်နည်း

(Zawgyi)
အိမ္မွာ ကိုယ္တိုင္ ဝက္ေခါက္ေၾကာ္ လုပ္စားရေအာင္

ဒီတပတ္ေတာ့ စားလိုက္တာနဲ႔ ႂကြပ္ႂကြပ္႐ြ႐ြေလး အဆာေျပပဲစားစား၊ ဟင္းအျဖစ္ပဲလုပ္စားစား အဆင္ေျပတဲ့ ဝက္ေခါက္ေၾကာ္လုပ္နည္းကို ေျပာျပေပးခ်င္ပါတယ္။ အျပင္က ဝယ္စားတာ အာသာမေျပလို႔ ကိုယ္တိုင္လုပ္ ၾကည့္မယ္ဆိုရင္လည္း လုပ္ၾကည့္ႏိုင္တာမို႔ ပိတ္ရက္မွာ ဝက္ေခါက္ေၾကာ္ေလး စမ္းလုပ္ၾကည့္ရေအာင္။

အရင္ဆုံး ဝက္ေခါက္လုပ္ဖို႔ အဆီနဲ႔ တြဲေနတဲ့ သုံးထပ္သား အဆီတုံးေတြကို ေဈးထဲကေန ဝယ္ပါ။ ဝယ္ၿပီး ၃ ရက္ အတြင္းလုပ္မွ အစိုဓာတ္မ်ားမွာမို႔ လတ္လတ္ဆတ္ဆတ္ ပိုရွိေစပါတယ္။ ဝယ္လာတဲ့ အဆီတုံးေတြကို ၁ လက္မ ပတ္လည္ အတုံးေလးေတြ တုံးလိုက္ပါ။

၁ လက္မ ပတ္လည္ တုံးထားတဲ့ အဆီတုံးေတြကို ေရေႏြးပြက္ပြက္ဆူေအာင္ တည္ထားတဲ့ အိုးထဲမွာ အနည္းဆုံး ၁ နာရီၾကာေအာင္ ျပဳတ္ေပးပါ။ ၁ နာရီေလာက္ျပဳတ္ၿပီးရင္ အိုးထဲက ေရေတြကိုသြန္ၿပီး ေရစစ္ အေအးခံထားပါ။ ျပဳတ္ထားတာေတြ ေအးသြားၿပီဆိုရင္ အဆီေတြ ခဲသြားေအာင္ ေရခဲေသတၱာထဲ ၄ နာရီၾကာေအာင္ ထည့္ၿပီး ေအးခဲထားပါ။

ေအးခဲထားတဲ့ အဆီတုံးေတြကို ေရခဲေသတၱာထဲက ထုတ္ၿပီး ဇြန္းနဲ႔ျဖစ္ျဖစ္၊ ဓားနဲ႔ျဖစ္ျဖစ္ အေခါက္ေတြပဲ က်န္ေအာင္ အဆီေတြ ဖယ္ထုတ္လိုက္ပါ။ ဒီေနရာ အဆီေတြ မဖယ္ထုတ္ပဲ ထားလိုက္ရင္ ဝက္ေခါက္ေၾကာ္ မျဖစ္ဘဲ ဝက္ဆီဖတ္ ျဖစ္သြားပါလိမ့္မယ္။

ၿပီးရင္ ကင္တဲ့ ဆန္ခါေပၚမွာ ေအာက္က ခဲစကၠဴခံၿပီး ဝက္ေခါက္ေတြကို နည္းနည္းျခားၿပီး စီထားပါ။ Ovenကို အပူခ်ိန္ ၁၇၀ – ၁၈၀ ဖာရင္ဟိုက္ၾကားထားၿပီး ၈ နာရီၾကာ ဝက္ေခါက္ထဲက ေရကုန္သြားေအာင္ အေျခာက္ခံပါ။

Oven ကို အပူခ်ိန္ေလ်ာ့ခ်လိုက္ၿပီး ေနာက္ထပ္ ၂ နာရီေလာက္ၾကာေအာင္ ေရေတြလုံးဝကုန္ၿပီး ေျခာက္သြားတဲ့အထိ ထားရပါမယ္။ Oven မရွိဘူးဆိုရင္ ေနေရာင္နဲ႔လည္း အေျခာက္ခံလို႔ ရပါတယ္။ အပူခ်ိန္ေပၚမူတည္ၿပီး ၂ ရက္၊ ၃ ရက္ေလာက္ အေျခာက္ခံထားရပါတယ္။ တကယ္လို႔ ၃ ရက္ေလာက္နဲ႔ မရေသးရင္ အစိုဓာတ္ မရွိေတာ့တဲ့အထိ ဆက္အေျခာက္ခံပါ။

ဝက္ေခါက္ေတြ ေျခာက္သြားၿပီဆိုရင္ ေၾကာ္ပါမယ္။ အိုးထဲမွာ ဟင္းသီးဟင္း႐ြက္ဆီ ၃ ပုံ ၁ ပုံေလာက္ထည့္ၿပီး အပူခ်ိန္ကို ၄၀၀ ဖာရင္ဟိုက္ေလာက္အထိ ထားကာ အႂကြပ္ေၾကာ္ရပါမယ္။ ဆီထဲ ထည့္လိုက္တာနဲ႔ စကၠန႔္ပိုင္းေလာက္အတိုင္း အသံထြက္လာၿပီး ဆီေပၚတက္လာပါလိမ့္မယ္။ ႂကြပ္ႂကြပ္႐ြ႐ြေလး စားခ်င္ရင္ေတာ့ မိနစ္အနည္းငယ္ ေၾကာ္ေပးရပါမယ္။

ေၾကာ္ထားတဲ့ ဝက္ေခါက္ေၾကာ္ေတြ ဆီစုပ္သြားေအာင္ ေၾကာ္ၿပီးတာနဲ႔ အဆီစုပ္ စကၠဴေပၚတင္ၿပီး အေအးခံထားပါ။ အဆီစုပ္သြားၿပီဆိုရင္ ေအာက္က ဆန္ခါေပါက္ေလးေတြပါတဲ့ ဗန္းေပၚတင္ထားလိုက္ရင္ ရပါၿပီ။ မ်ားမ်ားေၾကာ္ထားၿပီး ေလလုံတဲ့ ဘူးတခုထဲ ထည့္ၿပီး သိမ္းထားႏိုင္ပါတယ္။

Ref: Bacon’s Heir

Credit – Aurora, The Irrawaddy – Burmese Edition

(Unicode)

အိမ်မှာ ကိုယ်တိုင် ဝက်ခေါက်ကြော် လုပ်စားရအောင်

ဒီတပတ်တော့ စားလိုက်တာနဲ့ ကြွပ်ကြွပ်ရွရွလေး အဆာပြေပဲစားစား၊ ဟင်းအဖြစ်ပဲလုပ်စားစား အဆင်ပြေတဲ့ ဝက်ခေါက်ကြော်လုပ်နည်းကို ပြောပြပေးချင်ပါတယ်။ အပြင်က ဝယ်စားတာ အာသာမပြေလို့ ကိုယ်တိုင်လုပ် ကြည့်မယ်ဆိုရင်လည်း လုပ်ကြည့်နိုင်တာမို့ ပိတ်ရက်မှာ ဝက်ခေါက်ကြော်လေး စမ်းလုပ်ကြည့်ရအောင်။

အရင်ဆုံး ဝက်ခေါက်လုပ်ဖို့ အဆီနဲ့ တွဲနေတဲ့ သုံးထပ်သား အဆီတုံးတွေကို ဈေးထဲကနေ ဝယ်ပါ။ ဝယ်ပြီး ၃ ရက် အတွင်းလုပ်မှ အစိုဓာတ်များမှာမို့ လတ်လတ်ဆတ်ဆတ် ပိုရှိစေပါတယ်။ ဝယ်လာတဲ့ အဆီတုံးတွေကို ၁ လက်မ ပတ်လည် အတုံးလေးတွေ တုံးလိုက်ပါ။

၁ လက်မ ပတ်လည် တုံးထားတဲ့ အဆီတုံးတွေကို ရေနွေးပွက်ပွက်ဆူအောင် တည်ထားတဲ့ အိုးထဲမှာ အနည်းဆုံး ၁ နာရီကြာအောင် ပြုတ်ပေးပါ။ ၁ နာရီလောက်ပြုတ်ပြီးရင် အိုးထဲက ရေတွေကိုသွန်ပြီး ရေစစ် အအေးခံထားပါ။ ပြုတ်ထားတာတွေ အေးသွားပြီဆိုရင် အဆီတွေ ခဲသွားအောင် ရေခဲသေတ္တာထဲ ၄ နာရီကြာအောင် ထည့်ပြီး အေးခဲထားပါ။

အေးခဲထားတဲ့ အဆီတုံးတွေကို ရေခဲသေတ္တာထဲက ထုတ်ပြီး ဇွန်းနဲ့ဖြစ်ဖြစ်၊ ဓားနဲ့ဖြစ်ဖြစ် အခေါက်တွေပဲ ကျန်အောင် အဆီတွေ ဖယ်ထုတ်လိုက်ပါ။ ဒီနေရာ အဆီတွေ မဖယ်ထုတ်ပဲ ထားလိုက်ရင် ဝက်ခေါက်ကြော် မဖြစ်ဘဲ ဝက်ဆီဖတ် ဖြစ်သွားပါလိမ့်မယ်။

ပြီးရင် ကင်တဲ့ ဆန်ခါပေါ်မှာ အောက်က ခဲစက္ကူခံပြီး ဝက်ခေါက်တွေကို နည်းနည်းခြားပြီး စီထားပါ။ Oven ကို အပူချိန် ၁၇၀ – ၁၈၀ ဖာရင်ဟိုက်ကြား ထားပြီး ၈ နာရီကြာ ဝက်ခေါက်ထဲက ရေကုန်သွားအောင် အခြောက်ခံပါ။

Oven ကို အပူချိန်လျော့ချလိုက်ပြီး နောက်ထပ် ၂ နာရီလောက်ကြာအောင် ရေတွေလုံးဝကုန်ပြီး ခြောက်သွား တဲ့အထိ ထားရပါမယ်။ Oven မရှိဘူးဆိုရင် နေရောင်နဲ့လည်း အခြောက်ခံလို့ ရပါတယ်။ အပူချိန်ပေါ်မူတည်ပြီး ၂ ရက်၊ ၃ ရက်လောက် အခြောက်ခံထားရပါတယ်။ တကယ်လို့ ၃ ရက်လောက်နဲ့ မရသေးရင် အစိုဓာတ် မရှိတော့တဲ့အထိ ဆက်အခြောက်ခံပါ။

ဝက်ခေါက်တွေ ခြောက်သွားပြီဆိုရင် ကြော်ပါမယ်။ အိုးထဲမှာ ဟင်းသီးဟင်းရွက်ဆီ ၃ ပုံ ၁ ပုံလောက်ထည့်ပြီး အပူချိန်ကို ၄၀၀ ဖာရင်ဟိုက်လောက်အထိ ထားကာ အကြွပ်ကြော်ရပါမယ်။ ဆီထဲ ထည့်လိုက်တာနဲ့ စက္ကန့်ပိုင်းလောက်အတိုင်း အသံထွက်လာပြီး ဆီပေါ်တက်လာပါလိမ့်မယ်။ ကြွပ်ကြွပ်ရွရွလေး စားချင်ရင်တော့ မိနစ်အနည်းငယ် ကြော်ပေးရပါမယ်။

ကြော်ထားတဲ့ ဝက်ခေါက်ကြော်တွေ ဆီစုပ်သွားအောင် ကြော်ပြီးတာနဲ့ အဆီစုပ် စက္ကူပေါ်တင်ပြီး အအေးခံထားပါ။ အဆီစုပ်သွားပြီဆိုရင် အောက်က ဆန်ခါပေါက်လေးတွေပါတဲ့ ဗန်းပေါ်တင်ထားလိုက်ရင် ရပါပြီ။ များများကြော်ထားပြီး လေလုံတဲ့ ဘူးတခုထဲ ထည့်ပြီး သိမ်းထားနိုင်ပါတယ်။

Ref: Bacon’s Heir

Credit – Aurora, The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *