သတင္း

ေသြးေၾကာထံုးျခင္းအတြက္ အစြမ္းထက္အလြယ္ကုထံုးမ်ား

(Zawgyi)
အေၾကာမ်ားဆိုင္းၿပီး ေသြးေၾကာပိတ္ဆို႔ ေရာင္ရမ္းလာျခင္းကို ေဆးပညာအရ varicose vein လို႔ေခၚပါတယ္။ မ်ားေသာအားျဖင့္ ေျခေထာက္ႏွင့္ ေျခမ်က္ေစ့တို႔တြင္ ျဖစ္ေလ့ရွိၿပီး၊ ေသြးေၾကာအဆို႔ရွင္မ်ား အားနည္း၍ ေကာင္းစြာအလုပ္မလုပ္ႏိုင္ျခင္းေၾကာင့္ ဒီေရာဂါျဖစ္လာပါေတာ့တယ္။ အဲဒီလိုပိတ္ဆို႔ျခင္းက ႀကီးႀကီးမားမား ျပသနာမဟုတ္ေသာ္ျငား၊ လြန္ကဲစြာ အေၾကာထုံးလာခဲ့ရင္ျဖင့္ ေနာက္ဆက္တြဲ ေရာဂါအႏၲာရာယ္မ်ား ျဖစ္ေပၚလာေစပါတယ္။

အစားအေသာက္ျဖင့္ ထိန္းပါ-

(၁) သၾကား၊ အခ်ိဳကဲေသာ အစားအစာမ်ား၊ ေရခဲမုန႔္၊ ဆီေၾကာ္မုန႔္မ်ား၊ အဆီမ်ားေသာ အစားအစာမ်ား၊ တိရိစာၦန္မွရေသာ အဆီအႏွစ္မ်ား၊ ျပန္လည္ျပဳျပင္ထားေသာ အသင့္စား အစားအစာမ်ား၊ ဆားႏွင့္ ငန္ေသာအစားအစာတို႔ကို ေရွာင္ပါ (သို႔မဟုတ္) အနည္းငယ္သာ စားပါ။ (၂) ေဆးလိပ္ႏွင့္ အရက္ကို တတ္ႏိုင္သေလာက္ေရွာင္ပါ။ (၃) ငါးမ်ားမ်ားစားပါ။ (၄) ပဲပိ စပ္၊ ၾကက္သြန္နီ၊ ဂ်င္း တို႔က ေသြးလည္ပတ္မႈကို မ်ားစြာေကာင္းက်ိဳးျပဳပါတယ္။ (၅) နာနတ္သီး၊ ခ်ယ္ရီသီး ႏွင့္ ဘယ္ရီသီးတို႔က အေၾကာထုံး ပိတ္ဆို႔ျခင္းအတြက္ အေကာင္းဆုံး ဓာတ္စာမ်ား ျဖစ္ၾကပါတယ္။ (၆) ဝမ္းခ်ဳပ္ျခင္းက အေၾကာထုံးျခင္းႏွင့္ ပတ္သက္ဆက္ႏြယ္ေနတာမို႔၊ ဝမ္းမခ်ဳပ္ေအာင္ အမွ်င္ဓာတ္ မ်ားေသာ အစားအစာမ်ားစားေပးပါ။ (၇) မုန္လာဥနီႏွင့္ ဟင္းႏုနယ္ကို တြဲဖက္စားေပးျခင္းျဖင့္၊ ၎ ၂-မ်ိဳး ဓာတ္ျပဳျခင္းက အေၾကာထုံးေရာဂါကို ေဆးစြမ္းထက္ျမတ္ေစပါတယ္။

လြယ္ကူသက္သာ အိမ္တြင္းကုထုံး-

(၁) ပန္းသီးရွာလကာရည္က အေၾကာအထုံးမ်ားကို ေျပေပ်ာက္ေစလို႔ မၾကာခဏ လိမ္းေပးပါ။ (ပန္းသီးရွာလကာရည္ကို City mart တြင္ရ၏)

(၂) ၾကက္ဆူဆီကလည္း အေၾကာထုံး၍ ေရာင္ကိုင္း နာက်င္ျခင္းကို အခ်ိန္တိုအတြင္း ေပ်ာက္ကင္းသက္သာေစ၍၊ ေရခ်ိဳးၿပီး ၾကက္ဆူဆီျဖင့္ အသာအယာ ႏွိပ္နယ္လူးပါ။

(၃) နာက်င္မႈ သက္သာေစရန္ႏွင့္ ေသြးလည္ပတ္မႈ ေကာင္းေစရန္အတြက္ ေရဘုံပိုင္မွ ေရေအးေအးျဖင့္ အေၾကာအထုံးမ်ားေပၚသို႔ အဆက္မျပတ္ ေလာင္းခ်ေပးပါ။

Credit: Pauk Pauk

(Unicode)
အကြောများဆိုင်းပြီး သွေးကြောပိတ်ဆို့ ရောင်ရမ်းလာခြင်းကို ဆေးပညာအရ varicose vein လို့ခေါ်ပါတယ်။ များသောအားဖြင့် ခြေထောက်နှင့် ခြေမျက်စေ့တို့တွင် ဖြစ်လေ့ရှိပြီး၊ သွေးကြောအဆို့ရှင်များ အားနည်း၍ ကောင်းစွာအလုပ်မလုပ်နိုင်ခြင်းကြောင့် ဒီရောဂါဖြစ်လာပါတော့တယ်။ အဲဒီလိုပိတ်ဆို့ခြင်းက ကြီးကြီးမားမား ပြသနာမဟုတ်သော်ငြား၊ လွန်ကဲစွာ အကြောထုံးလာခဲ့ရင်ဖြင့် နောက်ဆက်တွဲ ရောဂါအန္တာရာယ်များ ဖြစ်ပေါ်လာစေပါတယ်။

အစားအသောက်ဖြင့် ထိန်းပါ-

(၁) သကြား၊ အချိုကဲသော အစားအစာများ၊ ရေခဲမုန့်၊ ဆီကြော်မုန့်များ၊ အဆီများသော အစားအစာများ၊ တိရိစ္ဆာန်မှရသော အဆီအနှစ်များ၊ ပြန်လည်ပြုပြင်ထားသော အသင့်စား အစားအစာများ၊ ဆားနှင့် ငန်သောအစားအစာတို့ကို ရှောင်ပါ (သို့မဟုတ်) အနည်းငယ်သာ စားပါ။ (၂) ဆေးလိပ်နှင့် အရက်ကို တတ်နိုင်သလောက်ရှောင်ပါ။ (၃) ငါးများများစားပါ။ (၄) ပဲပိ စပ်၊ ကြက်သွန်နီ၊ ဂျင်း တို့က သွေးလည်ပတ်မှုကို များစွာကောင်းကျိုးပြုပါတယ်။ (၅) နာနတ်သီး၊ ချယ်ရီသီး နှင့် ဘယ်ရီသီးတို့က အကြောထုံး ပိတ်ဆို့ခြင်းအတွက် အကောင်းဆုံး ဓာတ်စာများ ဖြစ်ကြပါတယ်။ (၆) ဝမ်းချုပ်ခြင်းက အကြောထုံးခြင်းနှင့် ပတ်သက်ဆက်နွယ်နေတာမို့၊ ဝမ်းမချုပ်အောင် အမျှင်ဓာတ် များသော အစားအစာများစားပေးပါ။ (၇) မုန်လာဥနီနှင့် ဟင်းနုနယ်ကို တွဲဖက်စားပေးခြင်းဖြင့်၊ ၎င်း ၂-မျိုး ဓာတ်ပြုခြင်းက အကြောထုံးရောဂါကို ဆေးစွမ်းထက်မြတ်စေပါတယ်။

လွယ်ကူသက်သာ အိမ်တွင်းကုထုံး-

(၁) ပန်းသီးရှာလကာရည်က အကြောအထုံးများကို ပြေပျောက်စေလို့ မကြာခဏ လိမ်းပေးပါ။ (ပန်းသီးရှာလကာရည်ကို City mart တွင်ရ၏)

(၂) ကြက်ဆူဆီကလည်း အကြောထုံး၍ ရောင်ကိုင်း နာကျင်ခြင်းကို အချိန်တိုအတွင်း ပျောက်ကင်းသက်သာစေ၍၊ ရေချိုးပြီး ကြက်ဆူဆီဖြင့် အသာအယာ နှိပ်နယ်လူးပါ။

(၃) နာကျင်မှု သက်သာစေရန်နှင့် သွေးလည်ပတ်မှု ကောင်းစေရန်အတွက် ရေဘုံပိုင်မှ ရေအေးအေးဖြင့် အကြောအထုံးများပေါ်သို့ အဆက်မပြတ် လောင်းချပေးပါ။

Credit: Pauk Pauk

Leave a Reply

Your email address will not be published. Required fields are marked *