သတင္း

ငါးမ်က္ေစ့ (သုိ႔) အသားမာ တစ္ပတ္အတြင္း အျမစ္ပါထြက္သြားေစမည္။

(Zawgyi)
ဒီေရာဂါဟာလည္း လူႏွင့္ တိရိစၧာန္​မ်ား၌ ျဖစ္တတ္ၿပီး ခံစားရခက္တဲ့ ေရာဂါတစ္မ်ဳိးလည္း ျဖစ္ပါတယ္။ အမွန္တကယ္ေတာ့ ဒီေရာဂါဟာ အျမစ္တြယ္တတ္တဲ့ ပုိးတစ္မ်ဳိးျဖစ္ပါတယ္။ ဒီလုိေရာဂါျဖစ္ၿပီ ဆုိတာနဲ႔ အခ်ဳိ့ဆုိရင္ ဆရာ၀န္ေတြနဲ႔ျပသ၍ ခြဲထုတ္ပစ္ၾကၿပီး ေပ်ာက္ကင္းသြားတဲ့လူ ႐ွိသလုိ မေပ်ာက္ကင္းတဲ့လူလည္း ႐ွိပါတယ္။ အခု ကြၽန္ေတာ္ ေျပာျပမွာက အိမ္တြင္းကုထုံးျဖင့္ လြယ္ကူစြာ လုံး၀ ေပ်ာက္ကင္း သြားေအာင္ ကုသတဲ့နည္း ျဖစ္ပါတယ္။ သဘာ၀ေဆးနည္းေတြ အမ်ားႀကီး ႐ွိတဲ့အထဲမွ အေကာင္းဆုံးနဲ႔ လက္ေတြ႔(90%)ေပ်ာက္ကင္းေစမည့္ ေဆးစြမ္းေကာင္းတလက္ကုိ ကြၽန္ေတာ္ ေမာင္ခါး ေဖာ္ျပေပးပါ့မယ္။

ပုံမွာျပသထားတဲ့အပင္ရဲ႕အမည္က အဂၤလိပ္လုိ(Calotropis Procera)လုိ႔ေခၚပါတယ္…ျမန္မာလုိဆုိရင္ေတာ့ မု႐ုိးပင္(သုိ႔)ငျဖဴႀကီးပင္ဟု ေခၚဆုိပါတယ္။ ေဒသအလုိက္ အမည္နာမ ကြဲလြဲႏုိင္ပါတယ္။ အပြင့္မွာ အျဖဴပြင့္ပင္႐ွိသလုိ ပန္းေရာင္ပြင့္ အနီေရာင္ပြင့္ အပင္လည္း ႐ွိပါတယ္။ ဒါေပမဲ့ အပင္အားလုံး ေဆးဖက္၀င္ပါတယ္၊ အသုံးျပဳလုိ႔ရပါတယ္။ အသုံးျပဳပုံက မိမိ၏ ေျခ/လက္မွ ငါးမ်က္ေစ့(သုိ႔) အသားမာရဲ႕ အျမစ္ကုိ ေသြးထြက္ေအာင္ ထုိးဆြၿပီး မု႐ုိးပင္(သုိ႔)ငျဖဴႀကီးပင္မွ ထြက္႐ွိေသာ အျဖဴေရာင္ အေစး(milky-white sap)ကုိ အသားမာရဲ႕ အျမစ္အတြင္းထဲသုိ႔ စိမ့္၀င္သြားေအာင္ ထည့္ၿပီး ၀ါဂြမ္းစေလးျဖင့္ ပိတ္၍ ေလလုံေအာင္ စည္းေပးထားလုိက္ပါ။ ေန႔စဥ္ မနက္/ည ဂ႐ုတစုိက္ ျပဳလုပ္ေပးပါက တစ္ပတ္အတြင္း အျမစ္ျပတ္ ေပ်ာက္ကင္းသြားေစရမည္။ မု႐ုိးပင္ဟာ ဘယ္ေလာက္အထိ

ေဆးဖက္၀င္သလဲဆုိရင္ အရြက္ကုိ ဆုံထဲ၌ထည့္ေထာင္း၍ အ႐ုိးအက္ /အ႐ုိးက်ဳိးတဲ့ေနရာမ်ား၌ အုံ၍ ၾကပ္စည္းေပးထားပါက အ႐ုိးကုိ ျပန္ဆက္ေစပါတယ္။ အရြက္ကုိ ျပဳတ္စား၊ သုပ္စားလုိ႔လည္း ရပါတယ္။

ငါးမ်က္ေစ့(သုိ႔)အသားမာကုိ ေပ်ာက္ကင္းေအာင္ အျခားေသာနည္းလမ္းမ်ားျဖင့္ ကုသလုိ႔ရပါေသးတယ္..

(1)ၾကက္သြန္နီ

ၾကက္သြန္နီဥကုိ အခြံခြာ၍ ညက္သြားေအာင္ေထာင္းၿပီး ငါးမ်က္ေစ့ေပၚသုိ႔ အုံထားေပးပါက ေပ်ာက္ကင္းသက္သာေစပါတယ္။

(2)ၾကက္သြန္ျဖဴ

ၾကက္သြန္အျဖဴကုိလည္း ေထာင္း၍ အုံထားေပးပါက ေပ်ာက္ကင္းသက္သာေစပါတယ္။

(3)သ​ေဘၤာသီး

လတ္ဆတ္ေသာ သေဘၤာသီးအစိမ္းတစ္လုံးကုိ ထက္ျခမ္းခြဲ၍ ထြက္႐ွိလာေသာ အေစးကုိ ငါးမ်က္ေစ့အနာထဲသုိ႔ စိမ့္၀င္ေအာင္ထည့္ေပးၿပီး ဂြမ္းစျဖင့္ ပိတ္၍ စည္းထားေပးပါ။

(4)ၾကက္ဆူဆီ

ၾကက္ဆူဆီကုိ ထည့္ေပးရင္ျဖင့္ ငါးမ်က္ေစ့အနာကုိ ေပ်ာက္ကင္းေစပါတယ္။

(5)Vitamin Eဆီ

ဆံပင္သန္မာေအာင္လိမ္းတဲ့ Vitamin E လုိ႔ေခၚတဲ့ ဆီကုိ ထည့္ေပးပါကလည္း ေပ်ာက္ကင္းပါတယ္။

(5)႐ွာလကာရည္

႐ွာလကာရည္ကုိ ထည့္ေပးျခင္းျဖင့္ ေပ်ာက္ကင္းေစပါတယ္။

(6)သံပရာရည္

သံပရာရည္ထည့္ေပးလည္း ေပ်ာက္ကင္းပါတယ္။

(7)နႏြင္း(ေခၚ)ဆႏြင္း

နႏြင္း(ေခၚ)ဆႏြင္းအမႈန္႔ကုိ ထည့္သိပ္ေပးထားျခင္းျဖင့္လည္း ေပ်ာက္ကင္းေစပါတယ္။

(8)ဆား

ေရေႏြးပူပူထဲသုိ႔ ဆားမ်ားမ်ားထည့္၍ ငါးမ်က္ေစ့ ေသြးထြက္လာသည့္အထိဆြကာ အနာကုိ ေရစိမ့္ေပးထားျခင္းျဖင့္လည္း ေပ်ာက္ကင္းေစပါတယ္။

(9)နာနတ္​သီး

နာနတ္သီးအမွည့္ကုိ ကြင္းလွီးၿပီး ကပ္ေပးထားျခင္းျဖင့္ ေပ်ာက္ကင္းသက္သာေစပါတယ္။

(10)ဆုိဒါ

ငါးမ်က္ေစ့အသားမာကုိ ေသြးထြက္ေအာင္ အျမစ္မ်ားကုတ္ထုတ္၍ ဆုိဒါအမႈန္႔ကုိ သိပ္ထည့္ေပးပါက ေပ်ာက္ကင္းေစပါတယ္။

(11)ႏြယ္ခ်ဳိ

ႏြယ္ခ်ဳိအျမစ္ကုိ ေထာင္း၍ အနာေပၚသုိ႔ အုံေပးထားျခင္းျဖင့္လည္း ငါးမ်က္ေစ့(သုိ႔)အသားမာေရာဂါကုိ ေပ်ာက္ကင္းေစပါေၾကာင္း။

ေက်းဇူးတင္ပါတယ္..

Credit- Win Min Phyo (ဘ၀ခါးခါး)

(Unicode)
ဒီရောဂါဟာလည်း လူနှင့် တိရိစ္ဆာန်များ၌ ဖြစ်တတ်ပြီး ခံစားရခက်တဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ အမှန်တကယ်တော့ ဒီရောဂါဟာ အမြစ်တွယ်တတ်တဲ့ ပိုးတစ်မျိုးဖြစ်ပါတယ်။ ဒီလိုရောဂါဖြစ်ပြီ ဆိုတာနဲ့ အချို့ဆိုရင် ဆရာဝန်တွေနဲ့ပြသ၍ ခွဲထုတ်ပစ်ကြပြီး ပျောက်ကင်းသွားတဲ့လူ ရှိသလို မပျောက်ကင်းတဲ့လူလည်း ရှိပါတယ်။ အခု ကျွန်တော် ပြောပြမှာက အိမ်တွင်းကုထုံးဖြင့် လွယ်ကူစွာ လုံး၀ ပျောက်ကင်း သွားအောင် ကုသတဲ့နည်း ဖြစ်ပါတယ်။ သဘာဝဆေးနည်းတွေ အများကြီး ရှိတဲ့အထဲမှ အကောင်းဆုံးနဲ့ လက်တွေ့(90%)ပျောက်ကင်းစေမည့် ဆေးစွမ်းကောင်းတလက်ကို ကျွန်တော် မောင်ခါး ဖော်ပြပေးပါ့မယ်။

ပုံမှာပြသထားတဲ့အပင်ရဲ့အမည်က အင်္ဂလိပ်လို(Calotropis Procera)လို့ခေါ်ပါတယ်…မြန်မာလိုဆိုရင်တော့ မုရိုးပင်(သို့)ငဖြူကြီးပင်ဟု ခေါ်ဆိုပါတယ်။ ဒေသအလိုက် အမည်နာမ ကွဲလွဲနိုင်ပါတယ်။ အပွင့်မှာ အဖြူပွင့်ပင်ရှိသလို ပန်းရောင်ပွင့် အနီရောင်ပွင့် အပင်လည်း ရှိပါတယ်။ ဒါပေမဲ့ အပင်အားလုံး ဆေးဖက်ဝင်ပါတယ်၊ အသုံးပြုလို့ရပါတယ်။ အသုံးပြုပုံက မိမိ၏ ခြေ/လက်မှ ငါးမျက်စေ့(သို့) အသားမာရဲ့ အမြစ်ကို သွေးထွက်အောင် ထိုးဆွပြီး မုရိုးပင်(သို့)ငဖြူကြီးပင်မှ ထွက်ရှိသော အဖြူရောင် အစေး(milky-white sap)ကို အသားမာရဲ့ အမြစ်အတွင်းထဲသို့ စိမ့်ဝင်သွားအောင် ထည့်ပြီး ဝါဂွမ်းစလေးဖြင့် ပိတ်၍ လေလုံအောင် စည်းပေးထားလိုက်ပါ။ နေ့စဉ် မနက်/ည ဂရုတစိုက် ပြုလုပ်ပေးပါက တစ်ပတ်အတွင်း အမြစ်ပြတ် ပျောက်ကင်းသွားစေရမည်။ မုရိုးပင်ဟာ ဘယ်လောက်အထိ

ဆေးဖက်ဝင်သလဲဆိုရင် အရွက်ကို ဆုံထဲ၌ထည့်ထောင်း၍ အရိုးအက် /အရိုးကျိုးတဲ့နေရာများ၌ အုံ၍ ကြပ်စည်းပေးထားပါက အရိုးကို ပြန်ဆက်စေပါတယ်။ အရွက်ကို ပြုတ်စား၊ သုပ်စားလို့လည်း ရပါတယ်။

ငါးမျက်စေ့(သို့)အသားမာကို ပျောက်ကင်းအောင် အခြားသောနည်းလမ်းများဖြင့် ကုသလို့ရပါသေးတယ်..

(1)ကြက်သွန်နီ

ကြက်သွန်နီဥကို အခွံခွာ၍ ညက်သွားအောင်ထောင်းပြီး ငါးမျက်စေ့ပေါ်သို့ အုံထားပေးပါက ပျောက်ကင်းသက်သာစေပါတယ်။

(2)ကြက်သွန်ဖြူ

ကြက်သွန်အဖြူကိုလည်း ထောင်း၍ အုံထားပေးပါက ပျောက်ကင်းသက်သာစေပါတယ်။

(3)သင်္ဘောသီး

လတ်ဆတ်သော သင်္ဘောသီးအစိမ်းတစ်လုံးကို ထက်ခြမ်းခွဲ၍ ထွက်ရှိလာသော အစေးကို ငါးမျက်စေ့အနာထဲသို့ စိမ့်ဝင်အောင်ထည့်ပေးပြီး ဂွမ်းစဖြင့် ပိတ်၍ စည်းထားပေးပါ။

(4)ကြက်ဆူဆီ

ကြက်ဆူဆီကို ထည့်ပေးရင်ဖြင့် ငါးမျက်စေ့အနာကို ပျောက်ကင်းစေပါတယ်။

(5)Vitamin Eဆီ

ဆံပင်သန်မာအောင်လိမ်းတဲ့ Vitamin E လို့ခေါ်တဲ့ ဆီကို ထည့်ပေးပါကလည်း ပျောက်ကင်းပါတယ်။

(5)ရှာလကာရည်

ရှာလကာရည်ကို ထည့်ပေးခြင်းဖြင့် ပျောက်ကင်းစေပါတယ်။

(6)သံပရာရည်

သံပရာရည်ထည့်ပေးလည်း ပျောက်ကင်းပါတယ်။

(7)နနွင်း(ခေါ်)ဆနွင်း

နနွင်း(ခေါ်)ဆနွင်းအမှုန့်ကို ထည့်သိပ်ပေးထားခြင်းဖြင့်လည်း ပျောက်ကင်းစေပါတယ်။

(8)ဆား

ရေနွေးပူပူထဲသို့ ဆားများများထည့်၍ ငါးမျက်စေ့ သွေးထွက်လာသည့်အထိဆွကာ အနာကို ရေစိမ့်ပေးထားခြင်းဖြင့်လည်း ပျောက်ကင်းစေပါတယ်။

(9)နာနတ်သီး

နာနတ်သီးအမှည့်ကို ကွင်းလှီးပြီး ကပ်ပေးထားခြင်းဖြင့် ပျောက်ကင်းသက်သာစေပါတယ်။

(10)ဆိုဒါ

ငါးမျက်စေ့အသားမာကို သွေးထွက်အောင် အမြစ်များကုတ်ထုတ်၍ ဆိုဒါအမှုန့်ကို သိပ်ထည့်ပေးပါက ပျောက်ကင်းစေပါတယ်။

(11)နွယ်ချို

နွယ်ချိုအမြစ်ကို ထောင်း၍ အနာပေါ်သို့ အုံပေးထားခြင်းဖြင့်လည်း ငါးမျက်စေ့(သို့)အသားမာရောဂါကို ပျောက်ကင်းစေပါကြောင်း။

ကျေးဇူးတင်ပါတယ်..

Credit- Win Min Phyo (ဘဝခါးခါး)

Leave a Reply

Your email address will not be published. Required fields are marked *