သတင္း

ေဂၚရခါးသီးရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြ

(Zawgyi)

ေဂၚရခါးသီးရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြ

အရသာရွိၿပီး က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ ေဂၚရခါးသီးကို စားျဖစ္ၾကလားရွင့္။ ေဂၚရခါးသီးကိုစားေပးျခင္းကေန က်န္းမာေရးအက်ိဳးေက်းဇူးေတြ မ်ားစြာရရွိႏိုင္ပါတယ္။ အသီးပါမက အရြက္ကိုလည္း စားသံုးၾကပါတယ္။

ကယ္လိုရီနည္းတဲ့သစ္သီးျဖစ္ၿပီး အဆီီီမပါ၀င္သလို အမွ်င္ဓါတ္၊ Antioxidant ၊ ဗီတာမင္နဲ႔ သတၱဳဓါတ္ေတြ ၾကြယ္၀စြာပါ၀င္ပါတယ္။

ကိုယ္ခံအားစနစ္ေကာင္းမြန္ေစျခင္း

ဗီတာမင္ C အမ်ားအျပားပါ၀င္လို႔ အေအးမိဖ်ားနာျခင္းကေနကာကြယ္ေပးၿပီး ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစပါတယ္။

ဗီတာမင္ B ပါ၀င္ျခင္း

ဗီတာမင္ B ၾကြယ္၀စြာပါ၀င္လို႔ စိတ္ခံစားခ်က္ကိုေကာင္းမြန္ေစၿပီး စိတ္ကိုတက္ၾကြေစသလို ရင္ေသြးကိုလည္း က်န္းမာစြာနဲ႔ေမြးဖြားႏိုင္ဖို႔ ကူညီေပးပါတယ္။

ႏွလံုးေရာဂါကာကြယ္ေပးျခင္း

ဗီတာမင္ K ၾကြယ္၀စြာပါ၀င္လို႔ ေသြးခဲျခင္းကို ကာကြယ္ေပးၿပီး ေသြးလည္ပတ္မႈကိုေကာင္းမြန္ေစပါတယ္။ ႏွလံုးေရာဂါျဖစ္ပြားမႈကေနလည္း ကာကြယ္ေပးႏိုင္ပါတယ္။

Antioxidant

Antioxidant ေတြၾကြယ္၀စြာပါ၀င္လို႔ DNA ထိခိုက္မႈကိုကာကြယ္ေပးၿပီး ျပဳျပင္ေပးႏိုင္သလို ကင္ဆာေရာဂါျဖစ္ပြားမႈကေနလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ေလျဖတ္ျခင္းနဲ႔ ႏွလံုးေသြးေၾကာဆုိင္ရာ ေရာဂါေတြကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

အစာေခ်စနစ္ကိုေကာင္းမြန္ေစျခင္း

အမွ်င္ဓါတ္ေတြၾကြယ္၀စြာပါ၀င္လို႔ အစာေခ်စနစ္ကိုေကာင္းမြန္ေစၿပီး အူကိုသန္႔စင္ေပးႏိုင္ပါတယ္။

ေသြးတိုးက်ေစျခင္း

ေဂၚရခါးရြက္ကို ေရေႏြးနဲ႔က်ိဳၿပီးေသာက္ေပးရင္ ေသြးတိုးက်ေစပါတယ္။

Credit – MyFood Myanmar

(Unicode)

ဂေါ်ရခါးသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဂေါ်ရခါးသီးကို စားဖြစ်ကြလားရှင့်။ ဂေါ်ရခါးသီးကိုစားပေးခြင်းကနေ ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာရရှိနိုင်ပါတယ်။ အသီးပါမက အရွက်ကိုလည်း စားသုံးကြပါတယ်။

ကယ်လိုရီနည်းတဲ့သစ်သီးဖြစ်ပြီး အဆီမပါဝင်သလို အမျှင်ဓါတ်၊ Antioxidant ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း

ဗီတာမင် C အများအပြားပါဝင်လို့ အအေးမိဖျားနာခြင်းကနေကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။

ဗီတာမင် B ပါဝင်ခြင်း

ဗီတာမင် B ကြွယ်ဝစွာပါဝင်လို့ စိတ်ခံစားချက်ကိုကောင်းမွန်စေပြီး စိတ်ကိုတက်ကြွစေသလို ရင်သွေးကိုလည်း ကျန်းမာစွာနဲ့မွေးဖွားနိုင်ဖို့ ကူညီပေးပါတယ်။

နှလုံးရောဂါကာကွယ်ပေးခြင်း

ဗီတာမင် K ကြွယ်ဝစွာပါဝင်လို့ သွေးခဲခြင်းကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

Antioxidant

Antioxidant တွေကြွယ်ဝစွာပါဝင်လို့ DNA ထိခိုက်မှုကိုကာကွယ်ပေးပြီး ပြုပြင်ပေးနိုင်သလို ကင်ဆာရောဂါဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အစာချေစနစ်ကိုကောင်းမွန်စေခြင်း

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပြီး အူကိုသန့်စင်ပေးနိုင်ပါတယ်။

သွေးတိုးကျစေခြင်း

ဂေါ်ရခါးရွက်ကို ရေနွေးနဲ့ကျိုပြီးသောက်ပေးရင် သွေးတိုးကျစေပါတယ်။

Credit – MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *