သတင္း

ဂုတ္ထိပ္တံတားႀကီး အေၾကာင္း

(Zawgyi)
ဂုတ္ထိပ္တံတားႀကီး အေၾကာင္း

ဂုတ္ထိပ္တံတားသည္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳႏွင့္ေက်ာက္မဲအၾကား မႏၲေလး၊လာရႈိး မီးရထားလမ္းေပၚတြင္တည္ရွိသည္။ သီေပါၿမိဳနယ္တြင္ ဟိုကြတ္ အမည္ျဖင့္႐ြာတစ္႐ြာရွိရာ ဟိုကြတ္ဟူေသာ အမည္သည္ထိုေနရာတြင္ ျမစ္ေခ်ာင္းမ်ား ငုပ္လွ်ိဴးသြားၿပီးအျခားတစ္ေနရာ ေရာက္မွ ျမစ္ေခ်ာင္းေပၚလာသျဖင့္ နမ့္ပေဆးျမစ္ ငုပ္သြားသည့္ ထိပ္ေနရာဟု ရည္ၫြန္းကာ ယင္းေနရာကို ငုပ္ထိပ္ေက်း႐ြာဟု ေခၚခဲ့ၾကသည္။

ကာလေ႐ြ႕လ်ားလာေသာအခါ ငုပ္ထိပ္မွဂုတ္ထိပ္ ျဖစ္လာခဲ့သည္။ၿဗိတိသွ် အစိုးရသည္ျမန္မာႏိုင္ငံကို သိမ္းပိုက္ၿပီးေနာက္ 1897ခုႏွစ္တြင္ မႏၲေလးမွ ဗန္းေမာ္သို႔ မီးရထားလမ္းေဖာက္လုပ္ခဲ့ၿပီး မႏၲေလးႏွင့္ ကြန္လုံကိုလည္းမီးရထားလမ္း ေဖာက္လုပ္ရန္ စီစဥ္ခဲ့ရာယင္း လမ္းေပၚတြင္ မီးရထားျဖတ္ သြားႏိုင္မည့္ဂုတ္ထိပ္ တံတားကို ေဆာက္လုပ္ခဲ့ၾကသည္။

ကမာၻေပၚတြင္ အျမင့္ဆုံး ရထားလမ္းျဖစ္လာမည့္ ဂုတ္ထိပ္ တံတားကို တာဝန္ယူတည္ေဆာက္ရန္ ၿဗိတိသွ် အစိုးရကျမန္မာ့မီးရထား ကုမၸဏီကို တည္ေထာင္ေပးခဲ့သည္။ ထိုေၾကာင့္ 1899ခုနစ္တြင္ ျမန္မာ့ မီးရထားကုမၸဏီက ဂုတ္ထိပ္ တံတားႀကီးေဆာက္လုပ္ရန္ အေမရိကန္ႏိုင္ငံ ပင္ဆဲလ္ေဗးနီးယားႏွင့္ေမရီလမ္း စတီး ကုမၸဏီတို႔ကိုငွားရမ္းခဲ့သည္။သို႔ေသာ္ တံတားႀကီး ဦးစီး တည္ေဆာက္သူမွာျမန္မာ့ မီးရထားဌာနမွ Arthur Rendel ႏွင့္ၿဗိတိသွ် အင္ဂ်င္နီယာ မ်ားျဖစ္ၾကသည္။

တံတား အတြက္ အသုံးျပဳေသာ ပစၥည္းမ်ားကို အေမရိကန္ႏိုင္ငံမွ တိုက္႐ိုက္မွာယူ တင္သြင္းခဲ့သည္။ (Goteik Viaduct by sir orthur sendel)ဂုတ္ထိပ္ တံတားႀကီး၏ ဒီဇိုင္း ပုံစံကို ၿဗိတိန္ႏိုင္ငံမွ ဆာ ေအအမ္ရင္းဒဲလ္အင္ ကုမၸဏီကေရးဆြဲခဲ့သည္။ တံတားႀကီးကို ေထာက္ပင့္ထားေသာ သံတိုင္မ်ားအနက္ အျမင့္ဆုံးတိုင္သည္ ေပ ၃၂၀ျမင့္၍ အနိမ့္ဆုံး သံတိုင္မွာ ၄၅ေပ ျမင့္သည္။ ဂုတ္ထိပ္တံတား၏ ထူးျခားခ်က္မွာ အျခားေသာတံတားႀကီး မ်ားကဲ့သို႔ ျမစ္ေခ်ာင္းမ်ား ကိုျဖတ္ေက်ာ္ ေဆာက္လုပ္ထားျခင္း မဟုတ္ဘဲေပ၃၀၀ေက်ာ္ မတ္ေဆာက္သည့္ လွ်ိဳႀကီးႏွစ္ခုကို ျဖတ္သန္း တည္ေဆာက္ထားျဖင္းျဖစ္ေပသည္။

ဂုတ္ထိပ္ တံတားသည္ ေပ ၂၂၆၀ ရွည္လ်ားၿပီးတံတား၏ ေအာက္ေျခသံတိုင္ အခ်ိဳ႕ကိုအနိမ့္ဆုံး ခ်ိဳင့္ဝွမ္းေျမျပင္မွ ေပ၁၁၀၀ခန႔္အျမင့္တြင္စိုက္ထူထားသည္။ တံတား၏ပ်မ္းမွ် အျမင့္သည္ တံတားေအာက္ရွိ လႈိင္ဂူေအာက္တြင္ ျဖတ္သန္းစီးဆင္းေနေသာျမစ္ေရျပင္မွ အထက္ေပ ၈၂၀ျဖစ္ၿပီး အျမင့္ဆုံးေထာက္တိုင္ ေနရာရွိ မီးရထားသံလမ္းသည္ တံတားေအာက္ ေျမျပင္မွ ၃၃၅ေပ အျမင့္တြင္တည္ရွိသည္။

တံတား တစ္ခုလုံးအတြက္ သံႏွင့္ သံမဏိတန္ခ်ိန္ ၄၃၁၁တန္ သံမႈိေပါင္း တစ္သန္းအသုံးျပဳခဲ့ရသည္။ တံတားတိုင္ ေပါင္း ၁၆တိုင္ရွိရာတံတား၏အလည္တိုင္မ်ားျဖစ္ၾကသည့္ တိုင္အမွတ္ ၈ႏွင့္၉သည္ အျမင့္ဆုံးျဖစ္သည္။ ရထားလမ္းျဖတ္သြားမည့္ ဂုတ္ထိပ္တံတားကိုဂုတ္ထိပ္ေက်း႐ြာရွိ ေက်ာက္ဂူႀကီး ႏွစ္ဂူကိုျဖတ္သန္းလွ်က္ ေတာင္ထိပ္ႏွစ္ခုကို သြယ္တန္းေဖာက္လုပ္ခဲ့ရသည္။

တံတားႀကီးေဆာက္လုပ္မႈ လုပ္ငန္းမ်ားကို1899ခုႏွစ္တြင္ စတင္ ေဆာင္႐ြက္ခဲ့ၿပီး1900ျပည့္ႏွစ္ ဇန္နဝါရီ ၁ရက္ေန႔တြင္ ၿပီးစီးခဲ့ကာ ထိုေခတ္က သုံးစြဲေငြ(၁၆၉၈၂၀၀)ခန႔္ကုန္က်ခဲ့သည္။ 1903ခုႏွစ္တြင္ တံတားႀကီးကိုစတင္အသုံးျပဳခဲ့သည္။ ဂုတ္ထိပ္ တံတားႀကီးသည္ ဒုတိယကမာၻစစ္ကာလအတြင္း မဟာမိတ္တို႔၏ ေျမလွန္ စနစ္ေၾကာင့္ ဖ်က္ဆီးျခင္းကို ခံခဲ့ရသျဖင့္ တိုင္အမွတ္ ၂ႏွင့္၅တို ပ်က္ဆီး ခဲ့ရသည္။ျမန္မာႏိုင္ငံမွ ဂ်ပန္တို႔ ျပန္လည္ဆုတ္ခြာခ်ိန္တြင္လည္း ဂုတ္ထိပ္တံတား၏ အျမင့္ဆုံးတိုင္မ်ားျဖစ္သည့္ တံတားအလယ္တိုင္ ၄တိုင္ကိုဗုံးခြဲ ဖ်က္ဆီးခဲ့သျဖင့္ တိုင္အမွတ္၁၁သည္ေအာက္ေျခပ်က္ခဲ့ရၿပီး တိုင္အမွတ္၁၀ႏွင့္၁၂တို႔မွာလည္း လဲက်ပ်က္စီးခဲ့ရသည္။ ထိုတိုင္မ်ားေပၚတြင္ တပ္ဆင္ထားေသာေပ၁၂၀ရွည္သည့္ ေပါင္းကူးသံေဘာင္၄ခုသည္လည္း ေျမႀကီးေပၚသို႔ျပဳတ္က်ခဲ့သည္။

1948ခုႏွစ္တြင္ ျမန္မာႏိုင္ငံလြတ္လပ္ေရးရၿပီးသည့္ေနာက္တြင္ ပ်က္စီးေနေသာ ဂုတ္ထိပ္တံတားႀကီးကို ျမန္မာႏိုင္ငံ မီးရထား ဌာနကျပင္ဆင္ခဲ့သည္။ ဂုတ္ထိပ္တံတားျပင္ဆင္ျခင္းလုပ္ငန္းမ်ားကို1948ခုႏွစ္ ေမလတြင္ စတင္လုပ္ေဆာင္ခဲ့ေသာ္လည္း ပစၥည္းမ်ားရွားပါးမႈ လမ္းပန္းဆက္သြယ္ေရး ခက္ခဲမႈတို႔ေၾကာင့္သုံးႏွစ္ေက်ာ္ အခ်ိန္ၾကာျမင့္ကာ 1951ခုႏွစ္ဩဂုတ္လတြင္ ၿပီးစီးခဲ့သည္။ ထိုအခ်ိန္က ဂုတ္ထိပ္တံတားႀကီး ျပင္ဆင္မႈကုန္က်စရိတ္ေငြမွာ ေငြက်ပ္ (၃၂)သိန္းျဖစ္သည္။ မီးရထားေပၚမွ ျမင္ရသည့္ ဂုတ္ထိပ္ တံတားႀကီး၏ အနီးကပ္ျမင္ကြင္းကို တံတားႀကီးေပၚမွ ျဖတ္သန္းသြားဖူးတဲ့ လူတိုင္းမေမ့ႏိုင္ေအာင္ အမွတ္တရ ျဖစ္ၾကရေပသည္။

ယခုအခါ သက္တမ္း၁၁၅ႏွစ္ ေက်ာ္ခဲ့ၿပီျဖစ္သည့္ ဂုတ္ထိပ္တံတားသို႔ သြားေရာက္ၾကည့္ရႈလိုသူ ကမာၻလွည့္ ခရီးသည္မ်ား အတြက္ပို႔ေဆာင္ေရး ဝန္ႀကီးဌာန ျမန္မာ့မီးရထားကသီးသန႔္ရထားတြဲ RGC ၁၁၀ကို ငွားရမ္းစီးနင္းႏိုင္ရန္ စီစဥ္ေပးထားသည္။ ယင္း သီးသန႔္ရထားတြဲသည္ ခရီးသည္၂၀လိုက္ပါႏိုင္ကာ ျပင္ဦးလြင္ဘူတာမွ ေနာင္ပိန္ဘူတာ အသြားအျပန္ ခရီးစဥ္အတြက္ ျမန္မာက်ပ္ေငြ ႏွစ္သိန္းေပးသြင္းရသည္ဟုသိရွိရေပသည္။ ဂုတ္ထိပ္တံတားအဆင္းရွိ ေမာ္ေတာ္ကားလမ္းသည္ ဂုတ္ထိပ္တံတား၏ အေနာက္ဘက္တြင္ရွိသျဖင့္ ကားလမ္းမွ ဂုတ္ထိပ္တံတားကိုမျမင္ႏိုင္ၾကဘဲ မီးရထားစီးမွသာ ဂုတ္ထိပ္တံတားႀကီးကို ျမင္ႏိုင္သည္။ဂုတ္ထိပ္ တံတားကို အနီးကပ္ျမင္ေတြ႕ႏိုင္ရန္ဂုတ္ထိပ္ၾကည့္ခရီးသည္ မ်ားသည္ မီးရထားျဖင့္သာ ဂုတ္ထိပ္ တံတားရွိရာသို႔ သြားၾကရေပသည္။

ေန႔စဥ္ ႏိုင္ငံျခားသား ၂၀မွ၃၀ေက်ာ္ အထိမီးရထားျဖင့္ လာၾကေၾကာင္း သိရွိရေပသည္။ ယခုအခါတြင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ကားလမ္းဆက္သြယ္ေရးသည္ အထူးေကာင္းမြန္ေနၿပီျဖစ္သျဖင့္ မီးရထားခရီးသည္အေရအတြက္သည္ ယခင္ကထက္မ်ားစြာ ေလ်ာ့နည္းသြားခဲ့ေသာ္လည္း မိမိတို႔တစ္သက္တာတြင္ မေမ့ႏိုင္ဖြယ္အမွတ္တရျဖစ္ေစ ႏိုင္သည့္ ဂုတ္ထိပ္တံတားျမင္ကြင္းမ်ားကို ၾကည့္ရႈလိုၾကေသာ ျပည္တြင္းျပည္ပမွ ခရီးသည္မ်ားသည္ကား ကြၽန္ေတာ္စီနင္း လိုက္ပါခဲ့သည့္ မီးရထားခရီးကိုပင္ေန႔စဥ္လိုက္ပါ စီးနင္းလွ်က္ရွိသည္။

Credit – Hla Than Aung

(Unicode)
ဂုတ်ထိပ်တံတားကြီး အကြောင်း

ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့်ကျောက်မဲအကြား မန္တလေး၊လာရှိုး မီးရထားလမ်းပေါ်တွင်တည်ရှိသည်။ သီပေါမြိုနယ်တွင် ဟိုကွတ် အမည်ဖြင့်ရွာတစ်ရွာရှိရာ ဟိုကွတ်ဟူသော အမည်သည်ထိုနေရာတွင် မြစ်ချောင်းများ ငုပ်လျှိူးသွားပြီးအခြားတစ်နေရာ ရောက်မှ မြစ်ချောင်းပေါ်လာသဖြင့် နမ့်ပဆေးမြစ် ငုပ်သွားသည့် ထိပ်နေရာဟု ရည်ညွန်းကာ ယင်းနေရာကို ငုပ်ထိပ်ကျေးရွာဟု ခေါ်ခဲ့ကြသည်။

ကာလရွေ့လျားလာသောအခါ ငုပ်ထိပ်မှဂုတ်ထိပ် ဖြစ်လာခဲ့သည်။ဗြိတိသျှ အစိုးရသည်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် 1897ခုနှစ်တွင် မန္တလေးမှ ဗန်းမော်သို့ မီးရထားလမ်းဖောက်လုပ်ခဲ့ပြီး မန္တလေးနှင့် ကွန်လုံကိုလည်းမီးရထားလမ်း ဖောက်လုပ်ရန် စီစဉ်ခဲ့ရာယင်း လမ်းပေါ်တွင် မီးရထားဖြတ် သွားနိုင်မည့်ဂုတ်ထိပ် တံတားကို ဆောက်လုပ်ခဲ့ကြသည်။

ကမ္ဘာပေါ်တွင် အမြင့်ဆုံး ရထားလမ်းဖြစ်လာမည့် ဂုတ်ထိပ် တံတားကို တာဝန်ယူတည်ဆောက်ရန် ဗြိတိသျှ အစိုးရကမြန်မာ့မီးရထား ကုမ္ပဏီကို တည်ထောင်ပေးခဲ့သည်။ ထိုကြောင့် 1899ခုနစ်တွင် မြန်မာ့ မီးရထားကုမ္ပဏီက ဂုတ်ထိပ် တံတားကြီးဆောက်လုပ်ရန် အမေရိကန်နိုင်ငံ ပင်ဆဲလ်ဗေးနီးယားနှင့်မေရီလမ်း စတီး ကုမ္ပဏီတို့ကိုငှားရမ်းခဲ့သည်။သို့သော် တံတားကြီး ဦးစီး တည်ဆောက်သူမှာမြန်မာ့ မီးရထားဌာနမှ Arthur Rendel နှင့်ဗြိတိသျှ အင်ဂျင်နီယာ များဖြစ်ကြသည်။

တံတား အတွက် အသုံးပြုသော ပစ္စည်းများကို အမေရိကန်နိုင်ငံမှ တိုက်ရိုက်မှာယူ တင်သွင်းခဲ့သည်။ (Goteik Viaduct by sir orthur sendel)ဂုတ်ထိပ် တံတားကြီး၏ ဒီဇိုင်း ပုံစံကို ဗြိတိန်နိုင်ငံမှ ဆာ အေအမ်ရင်းဒဲလ်အင် ကုမ္ပဏီကရေးဆွဲခဲ့သည်။ တံတားကြီးကို ထောက်ပင့်ထားသော သံတိုင်များအနက် အမြင့်ဆုံးတိုင်သည် ပေ ၃၂၀မြင့်၍ အနိမ့်ဆုံး သံတိုင်မှာ ၄၅ပေ မြင့်သည်။ ဂုတ်ထိပ်တံတား၏ ထူးခြားချက်မှာ အခြားသောတံတားကြီး များကဲ့သို့ မြစ်ချောင်းများ ကိုဖြတ်ကျော် ဆောက်လုပ်ထားခြင်း မဟုတ်ဘဲပေ၃၀၀ကျော် မတ်ဆောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်သန်း တည်ဆောက်ထားဖြင်းဖြစ်ပေသည်။

ဂုတ်ထိပ် တံတားသည် ပေ ၂၂၆၀ ရှည်လျားပြီးတံတား၏ အောက်ခြေသံတိုင် အချို့ကိုအနိမ့်ဆုံး ချိုင့်ဝှမ်းမြေပြင်မှ ပေ၁၁၀၀ခန့်အမြင့်တွင်စိုက်ထူထားသည်။ တံတား၏ပျမ်းမျှ အမြင့်သည် တံတားအောက်ရှိ လှိုင်ဂူအောက်တွင် ဖြတ်သန်းစီးဆင်းနေသောမြစ်ရေပြင်မှ အထက်ပေ ၈၂၀ဖြစ်ပြီး အမြင့်ဆုံးထောက်တိုင် နေရာရှိ မီးရထားသံလမ်းသည် တံတားအောက် မြေပြင်မှ ၃၃၅ပေ အမြင့်တွင်တည်ရှိသည်။

တံတား တစ်ခုလုံးအတွက် သံနှင့် သံမဏိတန်ချိန် ၄၃၁၁တန် သံမှိုပေါင်း တစ်သန်းအသုံးပြုခဲ့ရသည်။ တံတားတိုင် ပေါင်း ၁၆တိုင်ရှိရာတံတား၏အလည်တိုင်များဖြစ်ကြသည့် တိုင်အမှတ် ၈နှင့်၉သည် အမြင့်ဆုံးဖြစ်သည်။ ရထားလမ်းဖြတ်သွားမည့် ဂုတ်ထိပ်တံတားကိုဂုတ်ထိပ်ကျေးရွာရှိ ကျောက်ဂူကြီး နှစ်ဂူကိုဖြတ်သန်းလျှက် တောင်ထိပ်နှစ်ခုကို သွယ်တန်းဖောက်လုပ်ခဲ့ရသည်။

တံတားကြီးဆောက်လုပ်မှု လုပ်ငန်းများကို1899ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ပြီး1900ပြည့်နှစ် ဇန်နဝါရီ ၁ရက်နေ့တွင် ပြီးစီးခဲ့ကာ ထိုခေတ်က သုံးစွဲငွေ(၁၆၉၈၂၀၀)ခန့်ကုန်ကျခဲ့သည်။ 1903ခုနှစ်တွင် တံတားကြီးကိုစတင်အသုံးပြုခဲ့သည်။ ဂုတ်ထိပ် တံတားကြီးသည် ဒုတိယကမ္ဘာစစ်ကာလအတွင်း မဟာမိတ်တို့၏ မြေလှန် စနစ်ကြောင့် ဖျက်ဆီးခြင်းကို ခံခဲ့ရသဖြင့် တိုင်အမှတ် ၂နှင့်၅တို ပျက်ဆီး ခဲ့ရသည်။မြန်မာနိုင်ငံမှ ဂျပန်တို့ ပြန်လည်ဆုတ်ခွာချိန်တွင်လည်း ဂုတ်ထိပ်တံတား၏ အမြင့်ဆုံးတိုင်များဖြစ်သည့် တံတားအလယ်တိုင် ၄တိုင်ကိုဗုံးခွဲ ဖျက်ဆီးခဲ့သဖြင့် တိုင်အမှတ်၁၁သည်အောက်ခြေပျက်ခဲ့ရပြီး တိုင်အမှတ်၁၀နှင့်၁၂တို့မှာလည်း လဲကျပျက်စီးခဲ့ရသည်။ ထိုတိုင်များပေါ်တွင် တပ်ဆင်ထားသောပေ၁၂၀ရှည်သည့် ပေါင်းကူးသံဘောင်၄ခုသည်လည်း မြေကြီးပေါ်သို့ပြုတ်ကျခဲ့သည်။

1948ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည့်နောက်တွင် ပျက်စီးနေသော ဂုတ်ထိပ်တံတားကြီးကို မြန်မာနိုင်ငံ မီးရထား ဌာနကပြင်ဆင်ခဲ့သည်။ ဂုတ်ထိပ်တံတားပြင်ဆင်ခြင်းလုပ်ငန်းများကို1948ခုနှစ် မေလတွင် စတင်လုပ်ဆောင်ခဲ့သော်လည်း ပစ္စည်းများရှားပါးမှု လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတို့ကြောင့်သုံးနှစ်ကျော် အချိန်ကြာမြင့်ကာ 1951ခုနှစ်ဩဂုတ်လတွင် ပြီးစီးခဲ့သည်။ ထိုအချိန်က ဂုတ်ထိပ်တံတားကြီး ပြင်ဆင်မှုကုန်ကျစရိတ်ငွေမှာ ငွေကျပ် (၃၂)သိန်းဖြစ်သည်။ မီးရထားပေါ်မှ မြင်ရသည့် ဂုတ်ထိပ် တံတားကြီး၏ အနီးကပ်မြင်ကွင်းကို တံတားကြီးပေါ်မှ ဖြတ်သန်းသွားဖူးတဲ့ လူတိုင်းမမေ့နိုင်အောင် အမှတ်တရ ဖြစ်ကြရပေသည်။

ယခုအခါ သက်တမ်း၁၁၅နှစ် ကျော်ခဲ့ပြီဖြစ်သည့် ဂုတ်ထိပ်တံတားသို့ သွားရောက်ကြည့်ရှုလိုသူ ကမ္ဘာလှည့် ခရီးသည်များ အတွက်ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားကသီးသန့်ရထားတွဲ RGC ၁၁၀ကို ငှားရမ်းစီးနင်းနိုင်ရန် စီစဉ်ပေးထားသည်။ ယင်း သီးသန့်ရထားတွဲသည် ခရီးသည်၂၀လိုက်ပါနိုင်ကာ ပြင်ဦးလွင်ဘူတာမှ နောင်ပိန်ဘူတာ အသွားအပြန် ခရီးစဉ်အတွက် မြန်မာကျပ်ငွေ နှစ်သိန်းပေးသွင်းရသည်ဟုသိရှိရပေသည်။ ဂုတ်ထိပ်တံတားအဆင်းရှိ မော်တော်ကားလမ်းသည် ဂုတ်ထိပ်တံတား၏ အနောက်ဘက်တွင်ရှိသဖြင့် ကားလမ်းမှ ဂုတ်ထိပ်တံတားကိုမမြင်နိုင်ကြဘဲ မီးရထားစီးမှသာ ဂုတ်ထိပ်တံတားကြီးကို မြင်နိုင်သည်။ဂုတ်ထိပ် တံတားကို အနီးကပ်မြင်တွေ့နိုင်ရန်ဂုတ်ထိပ်ကြည့်ခရီးသည် များသည် မီးရထားဖြင့်သာ ဂုတ်ထိပ် တံတားရှိရာသို့ သွားကြရပေသည်။

နေ့စဉ် နိုင်ငံခြားသား ၂၀မှ၃၀ကျော် အထိမီးရထားဖြင့် လာကြကြောင်း သိရှိရပေသည်။ ယခုအခါတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်ကားလမ်းဆက်သွယ်ရေးသည် အထူးကောင်းမွန်နေပြီဖြစ်သဖြင့် မီးရထားခရီးသည်အရေအတွက်သည် ယခင်ကထက်များစွာ လျော့နည်းသွားခဲ့သော်လည်း မိမိတို့တစ်သက်တာတွင် မမေ့နိုင်ဖွယ်အမှတ်တရဖြစ်စေ နိုင်သည့် ဂုတ်ထိပ်တံတားမြင်ကွင်းများကို ကြည့်ရှုလိုကြသော ပြည်တွင်းပြည်ပမှ ခရီးသည်များသည်ကား ကျွန်တော်စီနင်း လိုက်ပါခဲ့သည့် မီးရထားခရီးကိုပင်နေ့စဉ်လိုက်ပါ စီးနင်းလျှက်ရှိသည်။

Credit – Hla Than Aung

Leave a Reply

Your email address will not be published. Required fields are marked *