သတင္း

က်ီးေပါင္းေရာဂါအေၾကာင္း ျမန္မာေဆး ျမန္မာေဆးပညာ

(Zawgyi)
က်ီးေပါင္းေရာဂါအေၾကာင္း ျမန္မာေဆး ျမန္မာေဆးပညာ

ဗိေႏၶာဆရာအျမင္

က်ီးေပါင္းေရာဂါ ဘာေၾကာင့္ျဖစ္ဆိုေတာ့ ကံတည္းဟူေသာ အေၾကာင္း ေနမႈ ထိုင္မႈ ျပဳမႈ မိမိအလုပ္ကိုင္ေပၚ မူတည္ၿပီး စာေရးစာခ်ီ ကြန္ျပဴတာ လုပ္ကိုင္ၾကသူမ်ား အေညာင္းထိုင္ရသူေတြ အမ်ားဆုံးျဖစ္တတ္ပါသည္။

ေရာဂါလကၡဏာမွာ လည္ပင္း၊ ဂုတ္မွာလဲ တက္သလို ခါးႏွင့္ ဖေနာင့္မွာလည္း တက္တတ္ပါတယ္။ ဒါေၾကာင့္ ကံေၾကာင့္ ျဖစ္ရသလိုဘဲ၊ အစားအေသာက္ အဟာရေၾကာင့္ရႈ႕ေဒါင့္က ၾကည့္ရင္လဲ အစာအဟာရမွာ အႂကြပ္ေၾကာ္၊ အ႐ြေၾကာ္၊ အမြေၾကာ္ ေခၚတဲ့ အာကာသေၾကာင့္ က်ီးေပါင္းတင္မက အျပင္ဗဟိထၱမွာလည္း အသားပို အသားတိုး ငါးမ်က္စိနင့္ႂကြက္ႏို႔တို႔ထြက္တတ္ပါတယ္။ ဒါေၾကာင့္အစာအဟာရျဖစ္တဲ့ အႂကြပ္ေၾကာ္၊ အ႐ြေၾကာ္၊ အမြေၾကာ္တို႔ကို ေရွာင္ရပါမည္။

ကံႏွင့္ပါတ္သက္လို႔ေတာ့ ေလ့က်င့္ခန္း လုပ္တာအေကာင္းဆုံးပါ။ အစာအဟာရနင့္ ပတ္သက္လို႔ကေတာ့ အေၾကာ္ဆိုတဲ့ အာကာသဓါတ္ကို ေျဖေဖ်ာက္နိင္တာဟာ အခါးအရသာပါ။ အခါးအရသာကို ေျပာရရင္ ေအးတဲ့အခါးဟာ ပိုၿပီးသင့္ျမတ္ပါတယ္။ ေအးတဲ့အခါးမွာ အ႐ြက္ခါး အသီးခါး အပြင့္ခါး အၫြန႔္ေလးေတြရဲ႕ အခါးဟာက်ီးေပါင္းျဖစ္ေနသူေတြ အတြက္ပိုၿပီးသင့္ျမတ္ပါတယ္။

ဒါေၾကာင့္ မယ္ဇလီဖူး ေဂြးေတာက္ဖူ ကင္းပုံၫြန႔္ တို႔လို အၫြန႔္မ်ားကို မွန္မွန္စားေပးျခင္းျဖင့္ သက္သာလာပါလိမ့္မည္။ ေရခ်ိဳးမယ္ဆိုရင္ေတာ့ ခါးတဲ့အ႐ြက္ ျပဳတ္ရည္ခ်ိဳးတာဟာ အေကာင္းဆုံးပါဘဲဟု တင္ျပလိုက္ရပါသည္။

က်ီးေပါင္းေပ်ာက္ေဆး

ႏွမ္းလုံးႀကိဳင္ျမစ္၊ သက္ရင္းႀကီးျမစ္၊ က်ားမနိင္ျမစ္၊ ဝါးမင္း၊ နႏြင္းစစ္စစ္၊ ဝံအူျမစ္၊ ေတာင္ဆိတ္ေခါင္း၊ နန္းတြင္းလွ်ာပြတ္ေဆးတို႔ကို ေက်ာက္ျပင္တြင္ လက္ေသြးေပါင္းစပ္ၿပီး အေတာင့္လုပ္ အေျခာက္လွန္း ေျခာက္သြားပါက သင့္က်ီးေပါင္းအား လိမ္းလိုက္ပါက အခုလိမ္း အခုသက္သာ ေပ်ာက္ကင္းလာသည္ကို ေတြ႕ရပါမည္ဟု တင္ျပလိုက္ပါသည္။

Credit – ဦးဝင္းျမင့္ ေနျပည္ေတာ္ လယ္ေဝးၿမိဳ႕နယ္ ေအလာ

(Unicode)

ကျီးပေါင်းရောဂါအကြောင်း မြန်မာဆေး မြန်မာဆေးပညာ

ဗိန္ဓောဆရာအမြင်

ကျီးပေါင်းရောဂါ ဘာကြောင့်ဖြစ်ဆိုတော့ ကံတည်းဟူသော အကြောင်း နေမှု ထိုင်မှု ပြုမှု မိမိအလုပ်ကိုင်ပေါ် မူတည်ပြီး စာရေးစာချီ ကွန်ပြူတာ လုပ်ကိုင်ကြသူများ အညောင်းထိုင်ရသူတွေ အများဆုံးဖြစ်တတ်ပါသည်။

ရောဂါလက္ခဏာမှာ လည်ပင်း၊ ဂုတ်မှာလဲ တက်သလို ခါးနှင့် ဖနောင့်မှာလည်း တက်တတ်ပါတယ်။ ဒါကြောင့် ကံကြောင့် ဖြစ်ရသလိုဘဲ၊ အစားအသောက် အဟာရကြောင့် ရှု့ဒေါင့်က ကြည့်ရင်လဲ အစာအဟာရမှာ အကြွပ်ကြော်၊ အရွကြော်၊ အမွကြော် ခေါ်တဲ့ အာကာသကြောင့် ကျီးပေါင်းတင်မက အပြင်ဗဟိထ္တမှာလည်း အသားပို အသားတိုး ငါးမျက်စိနင့် ကြွက်နို့တို့ထွက်တတ်ပါတယ်။ ဒါကြောင့် အစာအဟာရဖြစ်တဲ့ အကြွပ်ကြော်၊ အရွကြော်၊ အမွကြော်တို့ကို ရှောင်ရပါမည်။

ကံနှင့်ပါတ်သက်လို့တော့ လေ့ကျင့်ခန်း လုပ်တာအကောင်းဆုံးပါ။ အစာအဟာရနင့် ပတ်သက်လို့ကတော့ အကြော်ဆိုတဲ့ အာကာသဓါတ်ကို ဖြေဖျောက်နိင်တာဟာ အခါးအရသာပါ။ အခါးအရသာကို ပြောရရင် အေးတဲ့အခါးဟာ ပိုပြီးသင့်မြတ်ပါတယ်။ အေးတဲ့အခါးမှာ အရွက်ခါး အသီးခါး အပွင့်ခါး အညွန့်လေးတွေရဲ့ အခါးဟာကျီးပေါင်းဖြစ်နေသူတွေ အတွက်ပိုပြီးသင့်မြတ်ပါတယ်။

ဒါကြောင့် မယ်ဇလီဖူး ဂွေးတောက်ဖူ ကင်းပုံညွန့် တို့လို အညွန့်များကို မှန်မှန်စားပေးခြင်းဖြင့် သက်သာလာပါလိမ့်မည်။ ရေချိုးမယ်ဆိုရင်တော့ ခါးတဲ့အရွက် ပြုတ်ရည်ချိုးတာဟာ အကောင်းဆုံးပါဘဲဟု တင်ပြလိုက်ရပါသည်။

ကျီးပေါင်းပျောက်ဆေး

နှမ်းလုံးကြိုင်မြစ်၊ သက်ရင်းကြီးမြစ်၊ ကျားမနိင်မြစ်
ဝါးမင်း၊ နနွင်းစစ်စစ်၊ ဝံအူမြစ်၊ တောင်ဆိတ်ခေါင်း၊ နန်းတွင်းလျှာပွတ်ဆေးတို့ကို ကျောက်ပြင်တွင် လက်သွေး
ပေါင်းစပ်ပြီး အတောင့်လုပ် အခြောက်လှန်း ခြောက်သွားပါက သင့်ကျီးပေါင်းအား လိမ်းလိုက်ပါက အခုလိမ်း အခုသက်သာ ပျောက်ကင်းလာသည်ကို တွေ့ရပါမည်ဟု တင်ပြလိုက်ပါသည်။

Credit – ဦးဝင်းမြင့် နေပြည်တော် လယ်ဝေးမြို့နယ် အေလာ

Leave a Reply

Your email address will not be published. Required fields are marked *