သတင္း

ရွှေထည် ပစ္စည်းတွေ အရောင်တက်လာအောင် အိမ်မှာပဲ ဆေးနည်း

(Zawgyi)
ေ႐ႊထည္ ပစၥည္းေတြ အေရာင္တက္လာေအာင္ အိမ္မွာပဲ ေဆးနည္း

သြားတိုက္ေဆးနဲ႔ မေဆးရဘူးေနာ္။ အေရာင္က်သြားလိမ့္မယ္။ ေ႐ႊဆိုတာ အဖိုးတန္ပါတယ္။ အျမတ္တႏိုးနဲ႔လည္း ဝတ္ဆင္ၾကတယ္၊ စုေဆာင္းသိမ္းဆည္းၾကတယ္။ ဝတ္တာမ်ားလာတဲ့အခါ ေ႐ႊထည္ေတြက အေရာင္မွိန္သြားေရာ။ ဆိုင္သြားၿပီး ေဆးခိုင္းမွ ျပန္ဝင္းလက္လာတယ္ေလ။

မဒီေျပာျပမယ္။

ေရေႏြးထဲကို ပန္းကန္ေဆး ဆပ္ျပာဆီ အနည္းငယ္ ထည့္ပါ။ ေဆးမယ့္ ေ႐ႊထည္ကို ဆပ္ျပာရည္ထဲ ၁၅ မိနစ္ စိမ္ေပးထားလိုက္ရပါမယ္။ ၁၅ မိနစ္ ျပည့္ေတာ့မွ သြားတိုက္တံ အႏုေလးနဲ႔ ျဖည္းျဖည္းခ်င္း ပြတ္တိုက္သန႔္စင္ေပးပါ။

ေရကို ေႏြးေအာင္ထားထားၿပီး ဘုံဘိုင္ေခါင္းေအာက္မွာ ေ႐ႊထည္ကို ျပန္ေဆးေပးရပါမယ္။ ေရထဲမစိမ္ပါနဲ႔။

ကပ္ေနတဲ့ ေၾကးေတြ ေရနဲ႔အတူ ေမ်ာသြားေအာင္ ဘုံဘိုင္ေခါင္းကို ဖြင့္ထားရတာ ျဖစ္ပါတယ္။ ဇကာထဲကို ေ႐ႊထည္ပစၥည္းထည့္ၿပီးေဆးရင္ ျပဳတ္မက်ေတာ့ဘူးေပါ့။

ဆပ္ျပာရည္ေတြနဲ႔ ေၾကး(ဂ်ီး)ေတြ ေျပာင္စင္သြားၿပီဆိုေတာ့မွ ႏူးညံ့တဲ့ အဝတ္ေျခာက္ေလးနဲ႔ အသာအယာ ပြတ္တိုက္ၿပီး ေရေတြေျခာက္သြားေအာင္ လုပ္လိုက္ရမွာ ျဖစ္ပါတယ္။

ဒါဆိုရင္ ဆိုင္ကို တကူးတကသြားစရာမလိုဘဲနဲ႔ ေ႐ႊထည္ ပစၥည္းေလးက ဝယ္ခါစတုန္းကလို အေရာင္ျပန္တက္လာတာကို ေတြ႕ရမွာျဖစ္ပါတယ္။

Credit : Duwun

(Unicode)
ရွှေထည် ပစ္စည်းတွေ အရောင်တက်လာအောင် အိမ်မှာပဲ ဆေးနည်း

သွားတိုက်ဆေးနဲ့ မဆေးရဘူးနော်။ အရောင်ကျသွားလိမ့်မယ်။ ရွှေဆိုတာ အဖိုးတန်ပါတယ်။ အမြတ်တနိုးနဲ့လည်း ဝတ်ဆင်ကြတယ်၊ စုဆောင်းသိမ်းဆည်းကြတယ်။ ဝတ်တာများလာတဲ့အခါ ရွှေထည်တွေက အရောင်မှိန်သွားရော။ ဆိုင်သွားပြီး ဆေးခိုင်းမှ ပြန်ဝင်းလက်လာတယ်လေ။

မဒီပြောပြမယ်။

ရေနွေးထဲကို ပန်းကန်ဆေး ဆပ်ပြာဆီ အနည်းငယ် ထည့်ပါ။ ဆေးမယ့် ရွှေထည်ကို ဆပ်ပြာရည်ထဲ ၁၅ မိနစ် စိမ်ပေးထားလိုက်ရပါမယ်။ ၁၅ မိနစ် ပြည့်တော့မှ သွားတိုက်တံ အနုလေးနဲ့ ဖြည်းဖြည်းချင်း ပွတ်တိုက်သန့်စင်ပေးပါ။

ရေကို နွေးအောင်ထားထားပြီး ဘုံဘိုင်ခေါင်းအောက်မှာ ရွှေထည်ကို ပြန်ဆေးပေးရပါမယ်။ ရေထဲမစိမ်ပါနဲ့။

ကပ်နေတဲ့ ကြေးတွေ ရေနဲ့အတူ မျောသွားအောင် ဘုံဘိုင်ခေါင်းကို ဖွင့်ထားရတာ ဖြစ်ပါတယ်။ ဇကာထဲကို ရွှေထည်ပစ္စည်းထည့်ပြီးဆေးရင် ပြုတ်မကျတော့ဘူးပေါ့။

ဆပ်ပြာရည်တွေနဲ့ ကြေး(ဂျီး)တွေ ပြောင်စင်သွားပြီဆိုတော့မှ နူးညံ့တဲ့ အဝတ်ခြောက်လေးနဲ့ အသာအယာ ပွတ်တိုက်ပြီး ရေတွေခြောက်သွားအောင် လုပ်လိုက်ရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် ဆိုင်ကို တကူးတကသွားစရာမလိုဘဲနဲ့ ရွှေထည် ပစ္စည်းလေးက ဝယ်ခါစတုန်းကလို အရောင်ပြန်တက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

Credit : Duwun

Leave a Reply

Your email address will not be published. Required fields are marked *