သတင္း
စိတ်ဝင်စားဖွယ် မျက်ကြည်လွှာ လှူဒါန်းခြင်းအကြောင်း
(Zawgyi)
၁။ ဆီးချိုရောဂါသည်များ
(Unicode)
မျက်ကြည်လွှာ လှဲလှယ်ခြင်းအကြောင်း သိကောင်းစရာ
အားလုံးပဲ မင်္ဂလာပါခင်ဗျ။ မျက်ကြည်လွှာဟာ မျက်စိရဲ့ အပြင်ဘက်မှာ ရှိတဲ့ အလွှာဖြစ်ပါတယ်။ ဒီအလွှာဟာ ရူပါရုံကို အာရုံစူးစိုက်တဲ့နေရာမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ သူဟာ မျက်စိ ပေါ်ကို ကျရောက်လာတဲ့ အမှိုက်မှန်သမျှကိုလည်း ကာကွယ်ပေးပါတယ်။ မျက်ကြည်လွှာ ပျက်စီး ဆုံးရှုံးသွားသူတွေအတွက် အစားထိုး ကုသဖို့ဆိုရင် အဲဒီမျက်ကြည်လွှာ တစ်သျူးကို မသေခင် လှူဒါန်းသွားတဲ့ အလှူရှင်ရဲ့ ရုပ်ကလာပ်မှ ထုတ်ယူရ ရှိပါတယ်။ မျက်ကြည်လွှာကို အောက်ပါရောဂါသည်များ လှူဒါန်းလို့မရပါဘူး။
၁။ ဆီးချိုရောဂါသည်များ
၂။ သွေးတိုးရောဂါသည်များ
၃။ ပန်းနာရင်ကြပ်ရောဂါသည်များ
၄။ ကူးစက်ပြန့်နှံ့တတ်သော ရောဂါပိုးရှိသူများ
၅။ အေအိုင်ဒီအက် ရောဂါသည်များ
၆။ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိသူများ
၇။ ခွေးရှုးပြန်ရောဂါရှိသူများ
၈။ သွေးကင်ဆာရောဂါသည်များ
၉။ မေးခိုင်ရောဂါရှိသူများ
၁၀။ ကာလဝမ်းရောဂါရှိသူများ
၁၁။ ဦးနှောက်အမှေးရောင်ရောဂါရှိသူများ
၁၂။ ဦးနှောက်ရောင်ရမ်းရောဂါရှိသူများ
အထက်ပါ ရောဂါဝေဒနာများကို ခံစားနေရသူနှင့် အထက်ပါရောဂါများကြောင့် သေဆုံးသွားသူများဟာ မျက်လုံး လှူဒါန်းလို့ မရပါဘူး။ ကျန်းမာကောင်းမွန်တဲ့အလှူရှင်ဖြစ်ဖို့ လိုပါတယ်။ မျက်ကြည်လွှာ လှူဒါန်း ထားသူများ သေဆုံးသွားက သေဆုံးချိန်မှစ၍ (၄)သို့ (၆)နာရီးအတွင်းမှာ ၎င်းမျက်လုံးကို ထုတ်ယူခံရမှာဖြစ်ပါတယ်။ မျက်ကြည်လွှာကို သေဆုံးပြီး ချိန်မှစ၍ (၁၂)နာရီအတွင်း ထုတ်ယူနိုင်ပါတယ်။ (၁၂) နာရီကျော်ရင်တော့ သန့်ရှင်းလတ်ဆတ်မှု မရှိသည့်အပြင် အာနိသင် ပျက်ပြယ်သွားပါလိမ့်မယ်။ ထုတ်ယူရရှိပြီးသော မျက်ကြည်လွှာကို မျက်စိဘဏ်(Eye Banks)များထဲ၌ ဆေးရည်စိမ်၍ ထည့်သွင်း သိမ်းဆည်းရပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘဝခါးခါးပါ။
Credit – Win Min Phyo(ဘဝခါးခါး)
Leave a Reply
Your email address will not be published. Required fields are marked *