သတင္း

အစားမွား၍ အဆိပ္သင့္ခဲ့လွ်င္ သက္သာေပ်ာက္ကင္းမည့္ အစြမ္းထက္နည္းလမ္း

(Zawgyi)
အစားမွား၍ အဆိပ္သင့္ခဲ့လွ်င္ သက္သာေပ်ာက္ကင္းမည့္ နည္းလမ္းမ်ား

လူမွာအစားအေသာက္၊ အေနအထိုင္က သင့္တင့္မွ်တစြာ စားေသာက္ေနထိုင္ရပါမည္။ မိမိႏွင့္ မတည့္ေသာ အစားအစာ၊ တက္စာမ်ား စားေသာက္မိရင္ ေရာဂါေဝဒနာ ျဖစ္တတ္ပါသည္။ စားခ်င္တဲ့ စိတ္ဆႏၵကို ဦးစားေပးၿပီး မတည့္ေသာ အစားအစာ မစားသင့္ပါဘူး။ ေန႔စဥ္စားေသာက္ေနတဲ့ အစားအစာေတြထဲမွာ အျခားသူေတြအတြက္ အဆင္ေျပေပမယ့္ မိမိစားေသာက္မိရင္ မတည့္တဲ့ အစားအစာေတြကို အၿမဲသတိထားသင့္ပါတယ္။ အစားမေတာ္ တလုပ္ဆိုေသာ ထုံးႏွလုံးကို အၿမဲသတိမူႏိုင္ေအာင္ ေလ့က်င့္ စားေသာက္ပါ။ ငါးအသည္း၊ တညင္းသီး၊ ပဲျမစ္၊ မႈိတို႔ကို စားေသာက္မိရင္ျဖစ္ေစ၊ မတည့္ေသာ အစားအစာတို႔ကို ေရာစပ္ စားေသာက္ မိရင္ျဖစ္ေစ အခန႔္မသင့္ရင္ အစာအဆိပ္သင့္တတ္ပါတယ္။

ဧကရာဇ္ပင္

အစာအဆိပ္သင့္ရင္ ဘုမၼရာဇာျမစ္နဲ႔ ဧကရာဇ္ျမစ္ဟာ အေကာင္းဆုံးပါ။ ဘုမၼရာဇာျမစ္ဟာ ေသြးတိုးက်ေဆးအျဖစ္ သုံးစြဲၾကပါတယ္။ စိုးရိမ္ေၾကာင့္ၾကျခင္း၊ ႏွလုံးတုန္ ျမန္ျခင္းတို႔နဲ႔ ယွဥ္ေသာ ေသြးတိုးေရာဂါ ခံစားေနရသူေတြအတြက္ အေကာင္းဆုံး၊ အထူးသင့္ေတာ္ဆုံးျဖစ္တဲ့ ေဆးျမစ္ ျဖစ္ပါတယ္။ ဘုမၼရာဇာျမစ္ကို အားတိုးေဆး၊ အိပ္ေဆး၊ အဖ်ား ျဖတ္ေဆး၊ ေလေဆးနဲ႔ အဆိပ္ေျဖေဆးေတြမွာ ထည့္ၿပီး သုံးစြဲၾကပါတယ္။ ဧကရာဇ္ျမစ္ကေတာ့ ျပဳတ္ၿပီး သုပ္စားျခင္း၊ ေၾကာ္စားျခင္းျဖင့္ မီးယပ္ငုပ္ျခင္းနဲ႔ ေသြးတိုးေရာဂါအတြက္ပါ သက္သာေပ်ာက္ကင္းေစပါတယ္။ အပြင့္ကို ဟင္းခ်ိဳ ခ်က္စားျခင္း၊ အၫြန႔္ကို စားျခင္းျဖင့္ ေသြးတိုး၊ ႏွလုံးတုန္ေရာဂါ ေပ်ာက္ကင္းေစပါတယ္။ အျမစ္ကို ဆန္ေဆးေရနဲ႔ ေသြးၿပီးသၾကား၊ ဆားအနည္းငယ္ခတ္ၿပီး ေသာက္ေပးပါက ရင္တုန္၊ ေခါင္းမူး ေပ်ာက္ေစပါတယ္။ အျမစ္စိုကို ထန္းလွ်က္နဲ႔ က်ိဳေသာက္ရင္လည္း ခ႐ုသင္းစြဲတဲ့ေရာဂါ ေပ်ာက္ပါတယ္။ အျမစ္သို႔မဟုတ္ အေခါက္ကို ေသြးၿပီး လွ်ာမွာ ပြတ္ေပးရင္ အရက္အမူးလြန္ေရာဂါ ေပ်ာက္ကင္းပါတယ္။ အစာစားမ်ားၿပီး အဆိပ္အေတာက္ျဖစ္ခဲ့ရင္ ဘုမၼရာဇာျမစ္နဲ႔ ဧကရာဇ္ျမစ္ကို ခ်င့္ခ်ိန္ၿပီး ေသြးၿပီး တိုက္ေပးပါ။ မိနစ္ပိုင္းအတြင္း သက္သာေပ်ာက္ကင္း ပါလိမ့္မယ္။

အထက္ပါ နည္းေလးေတြကို မွတ္ထားၿပီး အစာစားမွားကာ အဆိပ္အေတာက္ျဖစ္ခဲ့သူမ်ားကို စာဖတ္ပရိသတ္က တစ္ဆင့္ လမ္းၫႊန္ကူညီျပဳစုေပးခ်င္လို႔ ေစတနာနဲ႔ ေရးေပးလိုက္ပါတယ္။

Credit – ေမာင္သင္းႏြယ္ (ေျမျပန႔္)

Via – Sai Min Thant

(Unicode)
အစားမှား၍ အဆိပ်သင့်ခဲ့လျှင် သက်သာပျောက်ကင်းမည့် နည်းလမ်းများ

လူမှာအစားအသောက်၊ အနေအထိုင်က သင့်တင့်မျှတစွာ စားသောက်နေထိုင်ရပါမည်။ မိမိနှင့် မတည့်သော အစားအစာ၊ တက်စာများ စားသောက်မိရင် ရောဂါဝေဒနာ ဖြစ်တတ်ပါသည်။ စားချင်တဲ့ စိတ်ဆန္ဒကို ဦးစားပေးပြီး မတည့်သော အစားအစာ မစားသင့်ပါဘူး။ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေထဲမှာ အခြားသူတွေအတွက် အဆင်ပြေပေမယ့် မိမိစားသောက်မိရင် မတည့်တဲ့ အစားအစာတွေကို အမြဲသတိထားသင့်ပါတယ်။ အစားမတော် တလုပ်ဆိုသော ထုံးနှလုံးကို အမြဲသတိမူနိုင်အောင် လေ့ကျင့် စားသောက်ပါ။ ငါးအသည်း၊ တညင်းသီး၊ ပဲမြစ်၊ မှိုတို့ကို စားသောက်မိရင်ဖြစ်စေ၊ မတည့်သော အစားအစာတို့ကို ရောစပ် စားသောက် မိရင်ဖြစ်စေ အခန့်မသင့်ရင် အစာအဆိပ်သင့်တတ်ပါတယ်။

အစာအဆိပ်သင့်ရင် ဘုမ္မရာဇာမြစ်နဲ့ ဧကရာဇ်မြစ်ဟာ အကောင်းဆုံးပါ။ ဘုမ္မရာဇာမြစ်ဟာ သွေးတိုးကျဆေးအဖြစ် သုံးစွဲကြပါတယ်။ စိုးရိမ်ကြောင့်ကြခြင်း၊ နှလုံးတုန် မြန်ခြင်းတို့နဲ့ ယှဉ်သော သွေးတိုးရောဂါ ခံစားနေရသူတွေအတွက် အကောင်းဆုံး၊ အထူးသင့်တော်ဆုံးဖြစ်တဲ့ ဆေးမြစ် ဖြစ်ပါတယ်။ ဘုမ္မရာဇာမြစ်ကို အားတိုးဆေး၊ အိပ်ဆေး၊ အဖျား ဖြတ်ဆေး၊ လေဆေးနဲ့ အဆိပ်ဖြေဆေးတွေမှာ ထည့်ပြီး သုံးစွဲကြပါတယ်။ ဧကရာဇ်မြစ်ကတော့ ပြုတ်ပြီး သုပ်စားခြင်း၊ ကြော်စားခြင်းဖြင့် မီးယပ်ငုပ်ခြင်းနဲ့ သွေးတိုးရောဂါအတွက်ပါ သက်သာပျောက်ကင်းစေပါတယ်။ အပွင့်ကို ဟင်းချို ချက်စားခြင်း၊ အညွန့်ကို စားခြင်းဖြင့် သွေးတိုး၊ နှလုံးတုန်ရောဂါ ပျောက်ကင်းစေပါတယ်။ အမြစ်ကို ဆန်ဆေးရေနဲ့ သွေးပြီးသကြား၊ ဆားအနည်းငယ်ခတ်ပြီး သောက်ပေးပါက ရင်တုန်၊ ခေါင်းမူး ပျောက်စေပါတယ်။ အမြစ်စိုကို ထန်းလျှက်နဲ့ ကျိုသောက်ရင်လည်း ခရုသင်းစွဲတဲ့ရောဂါ ပျောက်ပါတယ်။ အမြစ်သို့မဟုတ် အခေါက်ကို သွေးပြီး လျှာမှာ ပွတ်ပေးရင် အရက်အမူးလွန်ရောဂါ ပျောက်ကင်းပါတယ်။ အစာစားများပြီး အဆိပ်အတောက်ဖြစ်ခဲ့ရင် ဘုမ္မရာဇာမြစ်နဲ့ ဧကရာဇ်မြစ်ကို ချင့်ချိန်ပြီး သွေးပြီး တိုက်ပေးပါ။ မိနစ်ပိုင်းအတွင်း သက်သာပျောက်ကင်း ပါလိမ့်မယ်။

အထက်ပါ နည်းလေးတွေကို မှတ်ထားပြီး အစာစားမှားကာ အဆိပ်အတောက်ဖြစ်ခဲ့သူများကို စာဖတ်ပရိသတ်က တစ်ဆင့် လမ်းညွှန်ကူညီပြုစုပေးချင်လို့ စေတနာနဲ့ ရေးပေးလိုက်ပါတယ်။

Credit – မောင်သင်းနွယ် (မြေပြန့်)

Via – Sai Min Thant

Leave a Reply

Your email address will not be published. Required fields are marked *