သတင္း

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ကုန်တင်ကားကြီးများ ယာယီ ဖြတ်သန်းသွားလာခွင့်အား ယခုလကုန်တွင် ရပ်ဆိုင်းမည်

(Zawgyi)

ရန္ကုန္-မႏၲေလးအျမန္လမ္းေပၚတြင္ ကုန္တင္ကားႀကီးမ်ား ယာယီ ျဖတ္သန္းသြားလာခြင့္အား ယခုလကုန္တြင္ ရပ္ဆိုင္းမည္

====================================

ရန္ကုန္-မႏၲေလး အျမန္လမ္းေပၚတြင္ကုန္တင္ကားႀကီးမ်ား ယာယီ ျဖတ္သန္းသြားလာရန္ ခြင့္ျပဳထားမႈကို ယခုႏိုဝင္ဘာလကုန္တြင္ ရပ္ဆိုင္းေတာ့မည္ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာန လမ္းဦးစီးဌာန (ထိန္းသိမ္းေရး)ထံမွသိရသည္။

COVID-19 ေရာဂါျဖစ္ပြားစဥ္ ကာလအတြင္း ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းမ်ားႏွင့္ ၿမိဳ႕အဝင္အထြက္ကိစၥမ်ား အဆင္ေျပေစရန္အတြက္ ေအာက္တိုဘာ(၅)ရက္မွစတင္၍ အေဝးေျပး ကုန္တင္ယာဥ္မ်ား အားလုံးကို ရန္ကုန္-မႏၲေလး အျမန္လမ္းေပၚမွ သတ္မွတ္ အျမန္ႏႈန္းအတိုင္း ျဖတ္သန္း ေမာင္းႏွင္ခြင့္ ျပဳေပးခဲ့ၿပီး ယခုႏိုဝင္ဘာလကုန္တြင္ျဖတ္သန္းခြင့္ ျပန္လည္ပိတ္သိမ္းရန္ စီစဥ္ျခင္း ျဖစ္ေၾကာင္းသိရသည္။

” ေၾကညာခ်က္ ထုတ္ထားေပမယ့္လည္း လကုန္ၿပီးရင္ေတာ့ ကိုဗစ္ အေျခအေနအေပၚေတာ့ မူတည္တယ္ ၁၄ ဘီးေအာက္ေတာ့ယာဥ္ေတြေတာ့ ဆက္ျဖတ္ခြင့္ျပဳေပးမယ့္ သေဘာေပါ့ ” ဟု လမ္းဦးစီးဌာန (ထိန္းသိမ္းေရး) ဒုတိယ ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးေသာင္းျမင့္ထြန္း က ေျပာသည္။

(၁၄)ဘီးအထက္ ေမာ္ေတာ္ယာဥ္မ်ားကို ႏိုဝင္ဘာ(၃၀)ရက္ ည(၁၂)နာရီမွ စတင္ကာ အျမန္လမ္းေပၚမွ ျဖတ္သန္းသြားလာ ေမာင္းႏွင္ျခင္း ခြင့္ျပဳေတာ့မည္ မဟုတ္ေၾကာင္း ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာထားၿပီး (၁၄)ဘီးေအာက္ ကုန္တင္ယာဥ္မ်ားကိုမူ ဆက္လက္ျဖတ္သန္း ေမာင္းႏွင္ခြင့္ျပဳမည္ျဖစ္ေၾကာင္းသိရသည္။

၁၄ ဘီးႏွင့္အထက္ ကုန္တင္ယာဥ္မ်ားကို က်န္းမာေရးဆိုင္ရာ စံလမ္းၫႊန္ခ်က္မ်ားႏွင့္ အညီ ရန္ကုန္-မႏၲေလး လမ္းေဟာင္းမွ ျပန္လည္ သြားလာေမာင္းႏွင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

မႏၲေလးတိုင္းေဒသႀကီးအတြင္း ၿမိဳ႕နယ္မ်ားရွိ စစ္ေဆးေရးဂိတ္မ်ား၌ ကုန္တင္ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္မ်ားအား သတ္မွတ္ထားသည့္ ၿမိဳ႕ဝင္စစ္ေဆးေရးဂိတ္မ်ားျဖစ္သည့္ ဒဂၤါးေခ်ာင္း၊ ႏွာေပါက္ဝ၊ ဝက္ဝံ၊ သီးကုန္း၊ ကြၽဲတပ္ဆုံ၊ ပခုကၠဴတံတား၊ စဥ့္ကူတိုက္နယ္၊ ေကာင္းမြန္၊ ေပပင္ေလး၊ သဲကြဲ စသည့္ဂိတ္မ်ားတြင္ ကိုဗစ္-၁၉ ေရာဂါပိုး ရွိမရွိကို Rapid Test Kit ျဖင့္ စစ္ေဆးေပး လ်က္ရွိေၾကာင္းသိရသည္။

(Unicode)

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ကုန်တင်ကားကြီးများ ယာယီ ဖြတ်သန်းသွားလာခွင့်အား ယခုလကုန်တွင် ရပ်ဆိုင်းမည်

====================================

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင်ကုန်တင်ကားကြီးများ ယာယီ ဖြတ်သန်းသွားလာရန် ခွင့်ပြုထားမှုကို ယခုနိုဝင်ဘာလကုန်တွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာန (ထိန်းသိမ်းရေး)ထံမှသိရသည်။

COVID-19 ရောဂါဖြစ်ပွားစဉ် ကာလအတွင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများနှင့် မြို့အဝင်အထွက်ကိစ္စများ အဆင်ပြေစေရန်အတွက် အောက်တိုဘာ(၅)ရက်မှစတင်၍ အဝေးပြေး ကုန်တင်ယာဉ်များ အားလုံးကို ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှ သတ်မှတ် အမြန်နှုန်းအတိုင်း ဖြတ်သန်း မောင်းနှင်ခွင့် ပြုပေးခဲ့ပြီး ယခုနိုဝင်ဘာလကုန်တွင်ဖြတ်သန်းခွင့် ပြန်လည်ပိတ်သိမ်းရန် စီစဉ်ခြင်း ဖြစ်ကြောင်းသိရသည်။

” ကြေညာချက် ထုတ်ထားပေမယ့်လည်း လကုန်ပြီးရင်တော့ ကိုဗစ် အခြေအနေအပေါ်တော့ မူတည်တယ် ၁၄ ဘီးအောက်တော့ယာဉ်တွေတော့ ဆက်ဖြတ်ခွင့်ပြုပေးမယ့် သဘောပေါ့ ” ဟု လမ်းဦးစီးဌာန (ထိန်းသိမ်းရေး) ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးသောင်းမြင့်ထွန်း က ပြောသည်။

(၁၄)ဘီးအထက် မော်တော်ယာဉ်များကို နိုဝင်ဘာ(၃၀)ရက် ည(၁၂)နာရီမှ စတင်ကာ အမြန်လမ်းပေါ်မှ ဖြတ်သန်းသွားလာ မောင်းနှင်ခြင်း ခွင့်ပြုတော့မည် မဟုတ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပြီး (၁၄)ဘီးအောက် ကုန်တင်ယာဉ်များကိုမူ ဆက်လက်ဖြတ်သန်း မောင်းနှင်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

၁၄ ဘီးနှင့်အထက် ကုန်တင်ယာဉ်များကို ကျန်းမာရေးဆိုင်ရာ စံလမ်းညွှန်ချက်များနှင့် အညီ ရန်ကုန်-မန္တလေး လမ်းဟောင်းမှ ပြန်လည် သွားလာမောင်းနှင်ရန် စီစဉ်ထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ စစ်ဆေးရေးဂိတ်များ၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား သတ်မှတ်ထားသည့် မြို့ဝင်စစ်ဆေးရေးဂိတ်များဖြစ်သည့် ဒင်္ဂါးချောင်း၊ နှာပေါက်ဝ၊ ဝက်ဝံ၊ သီးကုန်း၊ ကျွဲတပ်ဆုံ၊ ပခုက္ကူတံတား၊ စဉ့်ကူတိုက်နယ်၊ ကောင်းမွန်၊ ပေပင်လေး၊ သဲကွဲ စသည့်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိကို Rapid Test Kit ဖြင့် စစ်ဆေးပေး လျက်ရှိကြောင်းသိရသည်။

Crd,copy
မန္တလေး၊ နိုဝင်ဘာ

Leave a Reply

Your email address will not be published. Required fields are marked *