ဗဟုတုသ

ကျွဲနွားများ အင်းဆက်ကင်းစေမည့်နည်းကို ဂျပန်သိပ္ပံပညာရှင်များတီထွင်

(Zawgyi)

ကြၽဲႏြားမ်ား အင္းဆက္ကင္းေစမည့္နည္းကို ဂ်ပန္သိပၸံပညာရွင္မ်ားတီထြင္

===================================

ဂ်ပန္ႏိုင္ငံမွ သိပၸံပညာရွင္မ်ားဟာ ကြၽဲႏြားမ်ားရဲ႕ကိုယ္ေပၚမွာ ျမင္းက်ားမ်ားကဲ့သို႔ အစင္းက်ားမ်ားေရးဆြဲၿပီး ယင္ေကာင္စတဲ့ အင္းဆက္မ်ားကိုက္ခဲမႈ အေရအတြက္ ေလ်ာ့နည္းေစတာကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

အိုက္အိခ်ိ စိုက္ပ်ိဳးေရးသုေတသနစင္တာနဲ႔ က်ိဳတိုတကၠသိုလ္တို႔ ပူးေပါင္းၿပီး ယခုေဆာင္႐ြက္ခ်က္မ်ားကို ေလ့လာခဲ့တာျဖစ္ကာ ကြၽဲႏြားမ်ားအေပၚ ျခင္ယင္ကိုက္ခဲမႈ ေလ်ာ့နည္းေစဖို႔ျဖစ္ကာ ထိေရာက္တာကို ေတြ႕ခဲ့ရပါတယ္။

အနက္ေရာင္ႏြားေတြကိုယ္ေပၚမွာ စမ္းသပ္ဖို႔အတြက္ တစ္ခ်ိဳ႕ကို အျဖဴေရာင္ျခယ္ၿပီး တစ္ခ်ိဳ႕ကိုေတာ့ အနက္ေရာင္မ်ား ျခယ္ၾကည့္ခဲ့ပါတယ္။ တစ္ခါဘာမွမျခယ္ထားတဲ့ အုပ္စုဆိုၿပီး ခြဲျခားၾကည့္ရႈေလ့လာခဲ့ပါတယ္။

ကြၽဲႏြားေတြကို တိုင္မွာခ်ည္ၿပီး မိနစ္ ၃၀ အတြင္း လာနားတဲ့ယင္ေကာင္ အေရအတြက္ကို ေရတြက္ခဲ့ၾကပါတယ္။ ေရတြက္ျခင္းကိုလည္း အႀကိမ္ႀကိမ္လုပ္ခဲ့ပါတယ္။

ေဆးမျခယ္ထားတဲ့ ႏြားေတြမွာ ယင္ေကာင္ ၁၂၉ ေကာင္အထိ နားေနတာကို ေတြ႕ခဲ့ရၿပီး၊ အနက္စင္းျခယ္ထားတဲ့ ႏြားေတြမွာ ၁၁၁ ေကာင္ထိ ရွိတာကိုေတြ႕ခဲ့ရပါတယ္။

ေဆးျခယ္ထားတဲ့ အျဖဴနဲ႔အနက္စင္း ႏြားေတြမွာေတာ့ ၅၅ ေကာင္ေလာက္ပဲ ရွိတာကို ထူးထူးျခားျခား ေတြ႕ရွိခဲ့ရပါတယ္။

အိုက္အိခ်ိစီရင္စုကေတာ့ ဒီေတြ႕ရွိမႈကို ႀကိဳဆိုလိုက္ၿပီး ဒီေလ့လာမႈကေနမွ ေရာဂါပိုးကူးစက္မႈေတြကို ကာကြယ္သြားႏိုင္မွာျဖစ္သလို အင္းဆက္ကိုက္ခဲမႈေၾကာင့္ ႏြားမ်ားဖိအားႀကဳံေနရမႈေတြလည္း ေလ်ာ့နည္းႏိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အလားတူ ေလ့လာမႈမ်ားျဖင့္လည္း အျခားေသာ ေမြးျမဴေရးမ်ားမွာ ေအာင္ျမင္မႈရမယ္လို႔ ယုံၾကည္ေၾကာင္းလည္း ေျပာၾကားခဲ့တယ္လို႔ သိရွိရပါတယ္။

(Unicode)

ကျွဲနွားများ အင်းဆက်ကင်းစေမည့်နည်းကို ဂျပန်သိပ္ပံပညာရှင်များတီထွင်

===================================

ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များဟာ ကျွဲနွားများရဲ့ကိုယ်ပေါ်မှာ မြင်းကျားများကဲ့သို့ အစင်းကျားများရေးဆွဲပြီး ယင်ကောင်စတဲ့ အင်းဆက်များကိုက်ခဲမှု အရေအတွက် လျော့နည်းစေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အိုက်အိချိ စိုက်ပျိုးရေးသုတေသနစင်တာနဲ့ ကျိုတိုတက္ကသိုလ်တို့ ပူးပေါင်းပြီး ယခုဆောင်ရွက်ချက်များကို လေ့လာခဲ့တာဖြစ်ကာ ကျွဲနွားများအပေါ် ခြင်ယင်ကိုက်ခဲမှု လျော့နည်းစေဖို့ဖြစ်ကာ ထိရောက်တာကို တွေ့ခဲ့ရပါတယ်။

အနက်ရောင်နွားတွေကိုယ်ပေါ်မှာ စမ်းသပ်ဖို့အတွက် တစ်ချို့ကို အဖြူရောင်ခြယ်ပြီး တစ်ချို့ကိုတော့ အနက်ရောင်များ ခြယ်ကြည့်ခဲ့ပါတယ်။ တစ်ခါဘာမှမခြယ်ထားတဲ့ အုပ်စုဆိုပြီး ခွဲခြားကြည့်ရှုလေ့လာခဲ့ပါတယ်။

ကျွဲနွားတွေကို တိုင်မှာချည်ပြီး မိနစ် ၃၀ အတွင်း လာနားတဲ့ယင်ကောင် အရေအတွက်ကို ရေတွက်ခဲ့ကြပါတယ်။ ရေတွက်ခြင်းကိုလည်း အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။

ဆေးမခြယ်ထားတဲ့ နွားတွေမှာ ယင်ကောင် ၁၂၉ ကောင်အထိ နားနေတာကို တွေ့ခဲ့ရပြီး၊ အနက်စင်းခြယ်ထားတဲ့ နွားတွေမှာ ၁၁၁ ကောင်ထိ ရှိတာကိုတွေ့ခဲ့ရပါတယ်။

ဆေးခြယ်ထားတဲ့ အဖြူနဲ့အနက်စင်း နွားတွေမှာတော့ ၅၅ ကောင်လောက်ပဲ ရှိတာကို ထူးထူးခြားခြား တွေ့ရှိခဲ့ရပါတယ်။

အိုက်အိချိစီရင်စုကတော့ ဒီတွေ့ရှိမှုကို ကြိုဆိုလိုက်ပြီး ဒီလေ့လာမှုကနေမှ ရောဂါပိုးကူးစက်မှုတွေကို ကာကွယ်သွားနိုင်မှာဖြစ်သလို အင်းဆက်ကိုက်ခဲမှုကြောင့် နွားများဖိအားကြုံနေရမှုတွေလည်း လျော့နည်းနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အလားတူ လေ့လာမှုများဖြင့်လည်း အခြားသော မွေးမြူရေးများမှာ အောင်မြင်မှုရမယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

Source – AVN

Leave a Reply

Your email address will not be published. Required fields are marked *