သတင္း

သုက္လြတ္ေစာျခင္း၊ ပန္းေသျခင္း၊ ပန္းညႇိဳး၊ ျမန္ျခင္းအျပင္ အျခားေသာ လိင္ပိုင္းဆိုင္ရာ အားနည္းမႈမ်ားအတြက္ ျမန္မာ့တိုင္းရင္းေဆး

(Zawgyi)
အခ်ိဳ႕ အိမ္ေထာင္သည္ အမ်ိဳးသားမ်ားတြင္ လွ်ိဳ႕ဝွက္ေသာ ေရာဂါတို႔ျဖင့္ ရင္ဆိုင္ေနရတတ္ပါ၏။ မ်ားေသာအားျဖင့္ ထိုေရာဂါမွာ လိင္ပိုင္းဆိုင္ရာ ေရာဂါျဖစ္ပါသည္။ ထိုသို႔ဆိုပါလွ်င္ ျမန္မာလူမ်ိဳးမ်ားအေနျဖင့္ အမ်ိဳးသားမ်ားႏွင့္ အမ်ိဳးသမီးမ်ားပါ တြန႔္ဆုတ္သြားတတ္ျပန္သည္။ အေၾကာင္းကား အရွက္အေၾကာက္ႀကီးျခင္းပင္ ျဖစ္သည္။

မိသားစုဘ၀ အိမ္ေထာင္သုခ ျပည့္စုံေစေရးသည္ ဘဝတစ္ခု၏ မီးရွဴးတန္ေဆာင္ႏွင့္လည္း တူလွသည္။ အမ်ိဳးသား မ်ားသည္ မိမိလိင္ပိုင္းဆိုင္ရာ အားနည္းခ်က္အား ပြင့္ပြင့္လင္းလင္း မေျပာလိုၾကေပ။ အခ်ိဳ႕မွာ အခ်ိန္မတိုင္မီ သုက္လြတ္ေစာျခင္း၊ ပန္းေသျခင္း၊ ပန္းညႇိဳး၊ ျမန္ျခင္းအျပင္ အျခားေသာ လိင္ပိုင္းဆိုင္ရာ အားနည္းမႈမ်ား ရွိေနတတ္ပါသည္။ အဆိုပါ လကၡဏာရပ္မ်ားကို စုေပါင္း၍ေျပာရပါမူ ကာမအားနည္းေရာဂါဟု ဆိုရပါလိမ့္မည္။

အဆိုပါေရာဂါတို႔ ျဖစ္ေပၚေနပါက လြယ္ကူစြာေျဖရွင္းႏိုင္ေသာ ေဆးဖက္ဝင္ အပင္အခ်ိဳ႕ကို တင္ျပရပါမူ-

ကသစ္
ကသစ္ပြင့္ႏွင့္ အျမစ္ကို အိမ္တြင္းကုသေဆးအျဖစ္ အသုံးျပဳႏိုင္ပါသည္။ ကသစ္အပြင့္ႏွင့္ အျမစ္ကို ဆတူယူ၍ ထုေထာင္းၿပီး ရရွိေသာအဖတ္မ်ားကို ႏြားႏို႔စစ္တြင္ စိမ္ပါ။ ရရွိေသာ ႏို႔စိမ္ရည္ကို နံနက္တစ္ႀကိမ္၊ ည ေနတစ္ႀကိမ္ ေသာက္ေပးပါ။ (၇)ရက္မွ (၄၅)ရက္အထိ ေန႔စဥ္ေသာက္ေပးပါက ေဆးဝါးအာနိသင္၏အက်ိဳး အမွန္တိုး၍ ခံစားရေစႏိုင္ပါသည္။

ခံတက္႐ြက္ဟင္းလ်ာ
ခံတက္႐ြက္ကို ငါးဖယ္သားျဖင့္ သုပ္စားေပးပါ။ အမ်ိဳးသားတို႔ ျဖစ္ပြားတတ္ေသာ ပန္းညႇိဳးျခင္း၊ သုတ္လြတ္ျမန္ျခင္း၊ ပန္းေသေနျခင္းကို ေလ်ာ့ခ်ေပးႏိုင္ပါသည္။

သုက္အားနည္းျခင္းႏွင့္ မန္က်ည္းေစ့

မန္က်ည္းမွည့္အေစ့ကို ေရာဂါကုေဆးအျဖစ္ အသုံးျပဳႏိုင္ပါသည္။ မန္က်ည္းေစ့ကို တစ္ညတာေရစိမ္ပါ။ အေပၚခြံမ်ား ခြၽတ္ၿပီး အဆံကို ညက္ေအာင္ႀကိတ္၍ ႀကံသကာ စစ္စစ္ျဖင့္ မန္က်ည္းေစ့(၁)ဆ ႀကံသကာ (၃)ဆ ေရာစပ္ထားပါ။ ေနတြင္ ေျခာက္ေသြ႕ရန္ လွန္းထားပါ။ ေကာင္းစြာေျခာက္ပါလွ်င္ ပုလင္းတစ္လုံးထဲ ထည့္ထားပါ။ နံနက္တစ္ႀကိမ္၊ ေန႔လည္ တစ္ႀကိမ္၊ ညေနတစ္ႀကိမ္ လက္ဖက္စားဇြန္းေလးျဖင့္ မွန္မွန္ေသာက္ေပးပါ။ စံခ်ိန္မီေသာ အမ်ိဳးသားတစ္ဦးကဲ့သို႔ အိမ္ေထာင္ေရးသုခ ေပးေဆာင္ႏိုင္ပါေၾကာင္း သိမီေလ့လာဖူးေသာ တိုင္းရင္းေဆး သုတတစ္ခုအား ျပန္မွ်ေဝမိပါသည္။

စာကိုး။ ေဆးသိပၸံအျမင္ႏွင့္ တိုင္းရင္းေဆး သဘာဝကုထုံးမ်ား

လိုသူယူသုံး ေစတနာအၿပဳံးျဖင့္

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)
အချို့ အိမ်ထောင်သည် အမျိုးသားများတွင် လျှို့ဝှက်သော ရောဂါတို့ဖြင့် ရင်ဆိုင်နေရတတ်ပါ၏။ များသောအားဖြင့် ထိုရောဂါမှာ လိင်ပိုင်းဆိုင်ရာ ရောဂါဖြစ်ပါသည်။ ထိုသို့ဆိုပါလျှင် မြန်မာလူမျိုးများအနေဖြင့် အမျိုးသားများနှင့် အမျိုးသမီးများပါ တွန့်ဆုတ်သွားတတ်ပြန်သည်။ အကြောင်းကား အရှက်အကြောက်ကြီးခြင်းပင် ဖြစ်သည်။

မိသားစုဘ၀ အိမ်ထောင်သုခ ပြည့်စုံစေရေးသည် ဘဝတစ်ခု၏ မီးရှူးတန်ဆောင်နှင့်လည်း တူလှသည်။ အမျိုးသား များသည် မိမိလိင်ပိုင်းဆိုင်ရာ အားနည်းချက်အား ပွင့်ပွင့်လင်းလင်း မပြောလိုကြပေ။ အချို့မှာ အချိန်မတိုင်မီ သုက်လွတ်စောခြင်း၊ ပန်းသေခြင်း၊ ပန်းညှိုး၊ မြန်ခြင်းအပြင် အခြားသော လိင်ပိုင်းဆိုင်ရာ အားနည်းမှုများ ရှိနေတတ်ပါသည်။ အဆိုပါ လက္ခဏာရပ်များကို စုပေါင်း၍ပြောရပါမူ ကာမအားနည်းရောဂါဟု ဆိုရပါလိမ့်မည်။

အဆိုပါရောဂါတို့ ဖြစ်ပေါ်နေပါက လွယ်ကူစွာဖြေရှင်းနိုင်သော ဆေးဖက်ဝင် အပင်အချို့ကို တင်ပြရပါမူ-

ကသစ်
ကသစ်ပွင့်နှင့် အမြစ်ကို အိမ်တွင်းကုသဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ ကသစ်အပွင့်နှင့် အမြစ်ကို ဆတူယူ၍ ထုထောင်းပြီး ရရှိသောအဖတ်များကို နွားနို့စစ်တွင် စိမ်ပါ။ ရရှိသော နို့စိမ်ရည်ကို နံနက်တစ်ကြိမ်၊ ည နေတစ်ကြိမ် သောက်ပေးပါ။ (၇)ရက်မှ (၄၅)ရက်အထိ နေ့စဉ်သောက်ပေးပါက ဆေးဝါးအာနိသင်၏အကျိုး အမှန်တိုး၍ ခံစားရစေနိုင်ပါသည်။

ခံတက်ရွက်ဟင်းလျာ
ခံတက်ရွက်ကို ငါးဖယ်သားဖြင့် သုပ်စားပေးပါ။ အမျိုးသားတို့ ဖြစ်ပွားတတ်သော ပန်းညှိုးခြင်း၊ သုတ်လွတ်မြန်ခြင်း၊ ပန်းသေနေခြင်းကို လျော့ချပေးနိုင်ပါသည်။

သုက်အားနည်းခြင်းနှင့် မန်ကျည်းစေ့

မန်ကျည်းမှည့်အစေ့ကို ရောဂါကုဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ မန်ကျည်းစေ့ကို တစ်ညတာရေစိမ်ပါ။ အပေါ်ခွံများ ချွတ်ပြီး အဆံကို ညက်အောင်ကြိတ်၍ ကြံသကာ စစ်စစ်ဖြင့် မန်ကျည်းစေ့(၁)ဆ ကြံသကာ (၃)ဆ ရောစပ်ထားပါ။ နေတွင် ခြောက်သွေ့ရန် လှန်းထားပါ။ ကောင်းစွာခြောက်ပါလျှင် ပုလင်းတစ်လုံးထဲ ထည့်ထားပါ။ နံနက်တစ်ကြိမ်၊ နေ့လည် တစ်ကြိမ်၊ ညနေတစ်ကြိမ် လက်ဖက်စားဇွန်းလေးဖြင့် မှန်မှန်သောက်ပေးပါ။ စံချိန်မီသော အမျိုးသားတစ်ဦးကဲ့သို့ အိမ်ထောင်ရေးသုခ ပေးဆောင်နိုင်ပါကြောင်း သိမီလေ့လာဖူးသော တိုင်းရင်းဆေး သုတတစ်ခုအား ပြန်မျှဝေမိပါသည်။

စာကိုး။ ဆေးသိပ္ပံအမြင်နှင့် တိုင်းရင်းဆေး သဘာဝကုထုံးများ

လိုသူယူသုံး စေတနာအပြုံးဖြင့်

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *