သတင္း

အဆုတ္တီဘီသမားေတြအတြက္ ကိုယ္ေတြ႕ေပ်ာက္ေဆး

(zawgyi)

ေဆး႐ုံက ျပန္လႊတ္လိုက္တဲ့ အဆုတ္တီဘီ သမားတစ္ေယာက္ ေတာမွာ အေလ့က်ေပါက္တဲ့အပင္ရဲ႕ အစြမ္းသတၱိေၾကာင့္ ေရာဂါေပ်ာက္ကင္းၿပီး အသက္ရွည္ရွည္ ေနသြားရတဲ့အေၾကာင္း ေဖါက္သည္ ခ်ပါရေစ။ ကြၽန္ေတာ္တို႔ အိမ္နားမွာ ကိုကံျမင့္ဆိုတဲ့လူ တစ္ေယာက္ရွိပါတယ္။ သူ႔ပုံက အ႐ိုးေပၚအေရတင္။ ေခ်ာင္းတစ္ဟြတ္ဟြတ္နဲ႔ ေသြးအန္ေနပါၿပီ။ တိုတို ေျပာၾကစို႔ရဲ႕။ အေျခအေနက အႏုတ္လကၡဏာ ျပေနၿပီ။ အနီးဆုံး အဂၤပူေဆး႐ုံတင္တယ္။ အဂၤပူက ဟသၤာတ ေဆး႐ုံ လႊဲတယ္။ ဟသၤာတေဆး႐ုံက ပုသိမ္တိုင္းေဆး႐ုံ ထပ္လႊဲျပန္တယ္။


ပုသိမ္ေဆး႐ုံမွာ တစ္ပါတ္ေလာက္ ၾကာေတာ့ ေရာဂါက မသက္သာ။ ပုသိမ္ေဆး႐ုံက ေသာက္ေဆး တစ္လစာေပးၿပီး တစ္လေနမွ ျပန္လာျပပါေပါ့။ ဒီလိုနဲ႔ အိမ္ျပန္ေရာက္ေတာ့ သူ႔ကိုဘယ္သူက ၫႊန္တယ္မသိ။ ေဈးကို အင္ဖက္လာေရာင္းတဲ့ သူေတြကို ငဖုန္းႀကီးပင္ တစ္ပင္လုံး အျမစ္ပါမက်န္ ရသေလာက္ဝယ္မယ္ ဆိုၿပီးမွာေတာ့တာပဲ။ ဒီအပင္က အင္ေတာေတြထဲမွာ အင္မတန္ေပါတာ။ ကိုကံျမင့္က အပင္ေတြရလာေတာ့ အ႐ြက္ေတြကို သုံးခြက္တစ္ခြက္တင္ ႀကိဳၿပီး ေသာက္ေတာ့တာပါပဲ။ က်န္တဲ့ အ႐ြက္ေတြကို ေနရိပ္ထဲမွာ အေျခာက္လွမ္းၿပီး လဘက္ေျခာက္နဲ႔ ေရာၿပီး လဘက္ရည္ေသာက္တယ္။ အျမစ္အစိုကို ေက်ာက္ပ်ဥ္မွာ ေသြးၿပီး ေသာက္တယ္။

တစ္လေလာက္ၾကာေတာ့ ေခ်ာင္းဆိုးရင္ ေသြးမပါေတာ့ဘူး။ အသားအေရကလည္း စိုစိုျပည္ျပည္ေလး ျဖစ္စျပဳလာတယ္။ ေဆးပင္ကို ထပ္မွာၿပီး ဆက္ကာဆက္ကာ ေသာက္တယ္။ သုံးေလးလ ၾကာေတာ့ လူကို စိုစိုျပည္ျပည္နဲ႔ ဝၿဖိဳးလာတယ္။ ေသလူကေန ဒီလိုပုံျမင္ရေတာ့ ဘယ္သူမွ မယုံႏိုင္ျဖစ္ကုန္တယ္။ ေနာက္ေဆး႐ုံ ျပန္ျပေတာ့ ဆေရာဝန္ေတြ မ်က္လုံးျပဴးကုန္တယ္။ အဲဒါ ငဖုန္းႀကီးပင္( အခ်ိဳ႕က ေလာက္ေသပင္လို႔လည္း ေခၚပါတယ္) အစြမ္းထက္ပုံပါ။

မိတ္ေဆြတို႔ကို ေမတၱာျဖင့္ ေဖါက္သည္ခ်လိုက္ပါတယ္။ မိတ္ေဆြအားလုံး စိတ္ခ်မ္းသာ ကိုယ္ခ်မ္းသာနဲ႔ ျပည့္စုံႏိုင္ၾကပါေစ။ ေအာက္မွာ အပင္ပုံကေလးေတြ ဗဟုသုတအလို႔ငွာ တင္ေပးလိုက္ပါတယ္။ ပထမပုံက အပင္ေပါက္စ ကေလးရဲ႕ပုံပါ။ ေနာက္ပုံေတြက အင္ပင္မွာ ႏြယ္ပါတ္တက္ေနတဲ့ အပင္ႀကီးရဲ႕ပုံပါ။


Credit – ျမန္မာေဆးစြမ္းေကာင္းမ်ား

(Unicode)

ဆေးရုံက ပြန်လွှတ်လိုက်တဲ့ အဆုတ်တီဘီ သမားတစ်ယောက် တောမှာ အလေ့ကျပေါက်တဲ့အပင်ရဲ့ အစွမ်းသတ္တိကြောင့် ရောဂါပျောက်ကင်းပြီး အသက်ရှည်ရှည် နေသွားရတဲ့အကြောင်း ဖေါက်သည် ချပါရစေ။ ကျွန်တော်တို့ အိမ်နားမှာ ကိုကံမြင့်ဆိုတဲ့လူ တစ်ယောက်ရှိပါတယ်။ သူ့ပုံက အရိုးပေါ်အရေတင်။ ချောင်းတစ်ဟွတ်ဟွတ်နဲ့ သွေးအန်နေပါပြီ။ တိုတို ပြောကြစို့ရဲ့။ အခြေအနေက အနုတ်လက္ခဏာ ပြနေပြီ။ အနီးဆုံး အင်္ဂပူဆေးရုံတင်တယ်။ အင်္ဂပူက ဟင်္သာတ ဆေးရုံ လွှဲတယ်။ ဟင်္သာတဆေးရုံက ပုသိမ်တိုင်းဆေးရုံ ထပ်လွှဲပြန်တယ်။

ပုသိမ်ဆေးရုံမှာ တစ်ပါတ်လောက် ကြာတော့ ရောဂါက မသက်သာ။ ပုသိမ်ဆေးရုံက သောက်ဆေး တစ်လစာပေးပြီး တစ်လနေမှ ပြန်လာပြပါပေါ့။ ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ သူ့ကိုဘယ်သူက ညွှန်တယ်မသိ။ ဈေးကို အင်ဖက်လာရောင်းတဲ့ သူတွေကို ငဖုန်းကြီးပင် တစ်ပင်လုံး အမြစ်ပါမကျန် ရသလောက်ဝယ်မယ် ဆိုပြီးမှာတော့တာပဲ။ ဒီအပင်က အင်တောတွေထဲမှာ အင်မတန်ပေါတာ။ ကိုကံမြင့်က အပင်တွေရလာတော့ အရွက်တွေကို သုံးခွက်တစ်ခွက်တင် ကြိုပြီး သောက်တော့တာပါပဲ။ ကျန်တဲ့ အရွက်တွေကို နေရိပ်ထဲမှာ အခြောက်လှမ်းပြီး လဘက်ခြောက်နဲ့ ရောပြီး လဘက်ရည်သောက်တယ်။ အမြစ်အစိုကို ကျောက်ပျဉ်မှာ သွေးပြီး သောက်တယ်။

တစ်လလောက်ကြာတော့ ချောင်းဆိုးရင် သွေးမပါတော့ဘူး။ အသားအရေကလည်း စိုစိုပြည်ပြည်လေး ဖြစ်စပြုလာတယ်။ ဆေးပင်ကို ထပ်မှာပြီး ဆက်ကာဆက်ကာ သောက်တယ်။ သုံးလေးလ ကြာတော့ လူကို စိုစိုပြည်ပြည်နဲ့ ဝဖြိုးလာတယ်။ သေလူကနေ ဒီလိုပုံမြင်ရတော့ ဘယ်သူမှ မယုံနိုင်ဖြစ်ကုန်တယ်။ နောက်ဆေးရုံ ပြန်ပြတော့ ဆရောဝန်တွေ မျက်လုံးပြူးကုန်တယ်။ အဲဒါ ငဖုန်းကြီးပင်( အချို့က လောက်သေပင်လို့လည်း ခေါ်ပါတယ်) အစွမ်းထက်ပုံပါ။

မိတ်ဆွေတို့ကို မေတ္တာဖြင့် ဖေါက်သည်ချလိုက်ပါတယ်။ မိတ်ဆွေအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပြည့်စုံနိုင်ကြပါစေ။ အောက်မှာ အပင်ပုံကလေးတွေ ဗဟုသုတအလို့ငှာ တင်ပေးလိုက်ပါတယ်။ ပထမပုံက အပင်ပေါက်စ ကလေးရဲ့ပုံပါ။ နောက်ပုံတွေက အင်ပင်မှာ နွယ်ပါတ်တက်နေတဲ့ အပင်ကြီးရဲ့ပုံပါ။

Credit – မြန်မာဆေးစွမ်းကောင်းများ

Leave a Reply

Your email address will not be published. Required fields are marked *