ဗဟုတုသ

ဌက်ပျောသီးနှင့်ကျန်းမာရေး

၁၂-ရာသီပတ်လုံး ဖောဖောသီသီရရှိနိုင်သောအသီးအမျိုးအစားများထဲတွင် Musa မျိုးရင်းဝင် ဌက်ပျောသီးလဲ တစ်ခုအပါအ၀င်ဖြစ်သည်။

ဌက်ပျောသီး၏အားသာချက်မှာအခြားသောသစ်သီးများနှင့်ယှဉ်ကြည့်ပါလျှင်ကရိကထမများဘဲ၊အလွယ်တကူအခွံနွှာ၍စားသုံးနိုင်ပြီး၊ ရေခဲ သေတ္တာထဲတွင် အထူးတလည်သိမ်းဆည်းထားစရန်မလိုအပ်ပါ။

အချို့ နိုင်ငံများတွင် ဌက်ပျောပင်များကို အစားအစာအာဟာရအတွက် သာမ က၊ အထည်အလိပ်အမျှင်ကုန်ကြမ်းရရှိရန်အတွက်ပါ စိုက်ပျိုးလျှက်ရှိကြသည်။

ရာဇ၀င်သမိုင်းကြောင်းကို လေ့လာကြည့်ရာ၌၊ ဌက်ပျောပင် များသည် ပစိဖိတ်နှင့် အရှေ့ တောင်အာရှနိုင်ငံများတွင်စတင်ပေါက်ရောက်ခဲ့သော်လည်း၊ ၄င်းတို့ သည် အစေ့များလွန်း၍ စားသုံးရန်မသင့် ဌက်ပျောရိုင်းများသာဖြစ်သည်။

2000 B.C မှသာ မလေးရှားနိုင်ငံတွင် စား၍ရသည့်ဌက်ပျောသီးမျိုးများ စတင်ပေါက်ရောက်ခဲ့ ကြသည်။ 327 B.C ၀န်းကျင်လောက်တွင် Alexander ဆိုသူသညိ အိန္ဒိယမှ ဌက်ပျောသီးများကို အနောက်ဘက်ကမ္ဘာသို့  ကုန်သွယ်ဖောက် ကားခဲ့ပါရာမှစ၍ ဌက်ပျောသီးကို ကမ္ဘာသုံးသီးနှံ အစားအစာအဖြစ် စားသုံးလာခဲ့ကြသည်။

မြန်မာပြည်တွင် နံ့ သာပု၊ ၀က်မလွတ်၊ ဌက်ပျောချဉ်၊ သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်ဌက်ပျော၊ ဆင်အန်၊ ရွှေဌက်ပျောသီးစသည်ဖြင့်ရှိကြပြီး၊ မည် သည့်ဌက်ပျောသီးမျိုးမဆို ကျန်းမာရေးအာဟာရအတွက် အာနိသင်ရှိပုံချင်းကဖြင့်တူညီကြလေ၏။

“ဌက်ပျောသီးတစ်နေ့တစ်လုံးစား… ဒေါက်တာတွေနဲ့ ဝေးဝေးသွား…” ဟူသော ဆိုရိုးစကားရှိပါသည်။ ဌက်ပျောသီးနှင့်ပန်းသီးတို့ ကို ကျန်းမာရေးရှုထောင့်မှ နှိုင်းယှဉ်ကြည့်ရာတွင်ဌက်ပျောသီးထဲတွင်ပါရှိသော ကစီဓာတ်က ၂-ဆ၊ ဗိုက်တာမင် A နှင့် သံဓာတ်က ၅-ဆ၊ ဖော့စဖရက် က ၃-ဆ ပိုများသဖြင့် ဌက်ပျော သီးက အားသာချက်ပိုမိုသည်။

1. တူရကီနိုင်ငံတွင် စမ်းသပ်ချက်များအရ၊ ချောကလက်ကဲ့သို့ ပင် ဌက်ပျောသီးထဲတွင် norepinephrine နှင့် serotonin ပါရှိသည့် အတွက် စိတ်ကိုသက်တောင့်သက်သာ ဖြစ်စေကြောင်း၊ ဗိုက်တာမင် B ဓာတ်ပါရှိသည့်အတွက်ကြောင့်နဗ်ကြောအဖွဲ့ အစည်းများကို ဖြေလျော့ပေးကာစိတ်ကိုငြိမ်စေကြောင်း၊ နှစ်ခြိုက်စွာအိပ်ပျော်စေကြောင်း၊ သဘာဝစိတ်အင်အားကိုမြင့်တင်နိုင်သော သတ္တုဓာတ် (Tryptophan) အစွမ်းကြောင့်စိတ်ကိုသက်သာကောင်းမွန်လာစေပြီး ပျော်ရွှင်လာအောင်လုပ်ပေးကြောင်း၊ Sucros, fructose နှင့် glucose ဟူသော သကြားဓာတ်(၃)မျိုးတို့ ဖြင့် ပေါင်းစပ်ဖွဲ့ စည်းထားသည့် ဌက်ပျောသီးကို မျောက်သတ္တ၀ါများစားလေ့ရှိသော ကြောင့် အမြဲတမ်းပေါ့ပါးတက်ကြွကြောင်း… စသည်ဖြင့် ဆေးပညာ မှတ်တမ်းများတွင် ဖော်ပြထားသည်။

2. အင်္ဂလန်နိုင်ငံရှိ Twickenham (Middlesex) school တွင် စာသင်နှစ်တစ်နှစ်ပတ်လုံး ကျောင်းသား/ကျောင်းသူ အယောက် ၂၀၀ ကို နံက်နှင့် နေ့ လည်စာအဟာရအဖြစ် ပိုတက်စီယမ်ကြွယ်ဝသော ဌက်ပျောသီးကို ကျွေးမွေးစားသုံးစေခဲ့ရာ၊ အာရုံကြောအဖွဲ့ အစည်း နှင့် သက်ဆိုင်သောဆဲလ်များကို ကောင်းစွာတည်ဆောက်စေ၍ အောက်စီဂျင်ကို ဦးနှောက်သို့ ပို့ ပေးခြင်းကြောင့် ညဏ်ပွင့်လန်းကာ၊မှတ်ညဏ်စွမ်းအားတိုးတက်မြင့်မားလာသဖြင့် အောင်ချက်ရာခိုင်နှုန်းသိသိသာသာကောင်းခဲ့ကြောင်း လေ့လာတွေ့ ရှိရသည်။

3.ငှက်ပျောသီး နှင့် သစ်တော်သီး တို့ ကိုတွဲစားပေးခြင်းဖြင့် သွေးအတွင်း သကြားပါဝင်နှုန်းကို ပုံမှန်လည်ပတ်စေနိုင်သည်။

4. ငှက်ပျောသီးဖျော်ရည် ကို နာနတ်သီး၊ နွားနို့ တို့ ဖြင့်တွဲသောက်ပါက ၀မ်းချုပ်ခြင်းကို တားဆီးပေးသည့်ပြင် ဗီတာမင်နှင့် အာဟာရ ဓာတ်များ ကြွယ်ဝစွာပါဝင်သည့်အတွက်အသားအရေအလှအပကို ကောင်းစွာပံ့ပိုးပေးသည်။

5. ထမင်းစားပြီးတိုင်း ငှက်ပျောသီးကို အချိုပွဲအဖြစ်စားပေးခြင်းသည် ပျို့အန်ခြင်းကို တားဆီးပေးနိုင်သည်။

6. ထမင်းစားရင်း ငါးအရိုးစူးသောအခါများတွင် ဌက်ပျောသီးကို မ၀ါးဘဲမျိုချပေးပါက၊ ထိုပျောသီးနှင့်အတူ အရိုးပါသွားစေနိုင်သည်။

7. ဗီတာမင် B6၊ ဗီတာမင် B12၊ ထို့ ပြင် ပိုတက်စီယမ် နှင့် မဂ္ဂနီစီယမ်တို့ ပါဝင်သဖြင့် ဆေးလိပ်သောက်၍ နီကိုတင်းကြောင့် ခန္ဓာ ကိုယ်တွင်းဇီဝဆုံးရှုံးမှုများကို ပြန်လည်ဖြည့်တင်းပေးနိုင်သည်။ ဌက်ပျောသီးသည် ဆေးလိပ်သောက်ချင်စိတ်ကို ဖြေလျော့စေသည့် အတွက်ကြောင့် ဆေးလိပ်ဖြတ်လိုသူများကို အထောက်အကူပြုစေသည်။

8. ခြင်ကိုက်၍ ယားယံခြင်း၊ အဖုအပိန့် ထွက်ခြင်း နှင့် ရောင်ရမ်းခြင်းများကို ငှက်ပျောသီးအခွံနှင့် ပွတ်ပေးပါက၊ ယူပစ်သလို သက်သာ ပျောက်ကင်းစေသည်။ ။

9.အလတ်စားအရွယ်ရှိသော ဌက်ပျောသီးတစ်လုံးထဲတွင် ပိုတက်စီယမ်ဓာတ် အနဲဆုံး ၄၂၀မီလီဂရမ်ပါရှိပြီး၊ ဆားဓာတ်ပါဝင်မှု အလွန် နဲပါးသောကြောင့် ခန္ဓာကိုယ်ထဲရှိဆဲလ်များနှင့် သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေပြီး၊ သွေးဖိအားကိုလဲပုံမှန်ဖြစ်စေသဖြင့် သွေးတိုး နှင့် လေဖြတ်ခြင်းတို့ ကို ကောင်းစွာကာကွယ်ပေးနိုင်ကြောင်း၊ ဌက်ပျောသီး ကိုပုံမှန်စားသုံးခြင်းကြောင့် လေဖြတ်သေဆုံး ခြင်းကို ၄၀% လျော့ပါးစေကြောင်း နယူးအင်္ဂလန်ဆေးပညာဂျာနယ်တွင် အကြံပြုထားသည်။

10.အစာကိုအလွယ်တကူချေဖျက်စေနိုင်ပြီး၊ခန္ဓာကိုယ်ဖွံ့ ဖြိုးကြီးထွားစေသည့်အတွက် ကလေးငယ်များနှင့် အလွန်လိုက်ဖက်သော သစ်သီးဖြစ်သည်။ ငှက်ပျောသီးနှင့်ဓာတ်မတည့်သော ကလေးသည်လည်း မရှိသလောက် အလွန်ရှားသည်။

11.ဌက်ပျောသီးကို ပုံမှန်စားပေးခြင်းဖြင့် ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်တတ်သည့် ဖျားနာခြင်းများကို မဖြစ်ပေါ်စေနိုင်ပါ။

12.သံဓာတ်မြင့်မားစွာပါရှိခြင်းကြောင့် သွေးထဲတွင်ဟေမိုဂလိုဘင်ထုတ်လုပ်ခြင်းကိုနှိုးဆော်ပေးသည့်အတွက် ခန္ဓာကိုယ်အတွက် သံဓာတ် လိုအပ်မှုကိုဖြည့်တင်းပေးပြီး၊ သွေးအားနည်းရောဂါဖြစ်ခြင်းကို ကောင်းစွာကုသပေးနိုင်သည်။ ထို့ ပြင် သွေးကိုအလျှင်အမြန် ခဲစေသော အစွမ်းသတ္တိရှိခြင်းကြောင့်မတော်တဆထိခိုက်ဒဏ်ရာပြတ်ရှခြင်းများအတွက် ဌက်ပျောသီးက သွေးထွက်မလွန်အောင် သွေးထိန်းပေးနိုင်သည်။

13.သွေးထဲရှိသကြားပမာဏကို ထိန်းပေးနိုင်သောကြောင့်၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများ ထမင်းစားပြီးတိုင်း ဌက်ပျောသီးကိုပုံမှန်စား ပေးခြင်းဖြင့် ကိုယ်အပူချိန်ကိုပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်အတွက်လိုအပ်သောဂလူးကို့ စ်ပမာဏကို ပြန်လည်ဖြည့်တင်းပေးခြင်း… စသည်ဖြင့် ကောင်းကျိုးများအပြင်၊ နံက်အိပ်ယာထ မူးဝေအော့အန်ခြင်းများကိုလည်း မဖြစ်လာစေနိုင်ပါ။ အအေးစာဖြစ်သည့်အ လျောက်၊ မွေးဖွားလာသောကလေးငယ်များ အပူကင်းစေရန်အတွက် ထိုင်းနိုင်ငံတွင်ရိုးရာကုထုံးအဖြစ် မိခင်လောင်းများကို ဌက်ပျော သီး ကျွေးလေ့ရှိသည်။

14.ဗီတာမင်နှင့်သတ္တုဓာတ်တို့ ကြွယ်ဝသော ဌက်ပျောသီးကိုစားပေးခြင်းဖြင့် ခွန်အားဗလတိုးပွားစေသည်ကို ယုံမှားသံသယ ဖြစ်ဖွယ်မရှိပါ။ လေ့ကျင့်ခဏ်းပြင်းပြင်းထန်ထန်လုပ်ပြီးနောက် မောပန်းနွမ်းနယ်ခြင်းအတွက်လည်းဌက်ပျောသီးကအမြန်ဆုံးအားပြန်ပြည့်စေ၏။

15.ဌက်ပျောသီးတွင် ပါရှိသောအမျှင်ဓာတ် က ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးပါသည်။

16.သံဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် hemoglobin စွမ်းဆောင်မှုကို ကောင်းကျိုးပြုပေးသဖြင့်၊ ဌက်ပျောသီးစာပေးခြင်းဖြင့် ဓမ္မတာ လာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေသည်။ progesterone ဟိုမုန်းကို မြှင့်တင်ပေးနိုင်သော ဌက်ပျောဖူးကို ဒိန်ခဲဖြင့်ကြော် စားခြင်းဖြင့် ရာသီလာစဉ် နာကျဉ်ခြင်းများနှင့် သွေးအဆင်းလွန်ခြင်းကို မဖြစ်ပေါ်စေနိုင်ပါ။

17.အရက်နာကျခြင်းအတွက် ဌက်ပျောသီး(၂)လုံး ကို ဒိန်ချဉ်၊ ပျားရည်အနဲငယ်တို့ ဖြင့် ရောဖျော်သောက်ပေးခြင်းဖြင့် အစာအိမ်နာခြင်း နှင့် မူးဝေခြင်းတို့ မရှိစေတော့ဘဲ၊ ခန္ဓာကိုယ်အတွက်ဗိုက်တာမင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်သည်။

18.အစာချေဖျက်လွယ်သော pectin ဓာတ်ပါရှိခြင်းကြောင့် အစာအိမ်အတွင်းနံရံ နှင့် အူ များကိုကျန်းမာစေကာ၊ အက်ဆစ်အချဉ်ပေါက် ခြင်းလည်းမဖြစ်စေပါ။ ထို့ ပြင် ဌက်ပျောသီးထဲရှိ ဓာတ်ပေါင်းစုများသည် probiotic ဘက်တီးရီးယားတို့ ကို အာဟာရပြုပေးသည့် အတွက် အစာချေစံနစ်ကို တိုးတက်ကောင်းမွန်စေသည်။

19.နေအိမ်တွင်နှင်းဆီပန်းပင်စိုက်ပျိုးပါက၊အပင်သန်စွမ်း၍အပွင့်ကြီးကြီးပွင်စေ့နိုင်ရန်အတွက် အပင်၏အောက်ခြေအမြစ်တွင် ဌက်ပျော ခွံမြှပ်နှံကာ၊ မြေသြဇာအဖြစ်ကောင်းစွာ အသုံးချနိုင်သည်။

20.အပူလောင်ပါက၊ ဌက်ပျောသီးအနှစ်ကို အုံပေးပြီးအပေါ်မှ အ၀တ်ပါးပါးအုပ်ထားခြင်းဖြင့် အပူလောင်ခြင်းနှင့် ရောင်ကိုင်းခြင်းတို့ မှ သက်သာစေသည်။ ဌက်ပျောသီးသည် အအေးစာဖြစ်သည့်အတွက် ကိုယ်တွင်းအပူဓာတ်များသူတွေ စားသုံးပေးသင့်သည်။

21.ကြွက်တက်ခြင်း နှင့် ကြွက်သားများ တောင့်တင်းခြင်းအတွက် ဌက်ပျောသီးက ပြေလျော့ပေးနိုင်သည်။

22.၀မ်းကိုက်ရောဂါအတွက်၊ ဌက်ပျောသီးမှည့်မှည့်ကို ဆားအနဲငယ်ဖြင့် သမအောင်ချေ၍ စားသုံးပေးသင့်သည်။

23.ဌက်ပျောသီးထဲတွင် ပရိုတင်းနှင့်ဆားပါဝင်မှုအလွန်အနဲငယ်သာပါပြီး၊ ကစီဓာတ်အမြောက်အများပါဝင်သောကြောင့် ကျောက်ကပ် ပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ ကျောက်ကပ်ကိုကျန်းမာစေပြီး၊ ကင်ဆာ ဖြစ်နိုင်မှုအလာအလာအလွန်နဲပါး၏။

24.ဌက်ပျောပင်အူတိုင်ကို ကျောက်ဖရုံသီးဖြင့် ဖျော်ရည်လုပ်သောက်ပါက ကျောက်ကပ်၊ ဆီးအိမ်၊ နှင့် အမျိုးသားများ သုက်ရည်ဂလင်း တို့ တွင် ကျောက်တည်ခြင်းမှ ကာကွယ်ပေးသည်။

25.ဌက်ပျောသီးထဲတွင်ပိုတက်စီယမ် နှင့်ဆိုဒီယမ်တို့ ဟန်ချက်ညီညီအချိုးကျနစွာ ပေါင်းစပ်ဖွဲ့ စည်းထားသောကြောင့် နှလုံးကျန်းမာ ရေးကို များစွာအထောက်အကူပြုသည်။

26.ဌက်ပျောသီးထဲတွင် electrolytes အမြောက်အများပါရှိခြင်းကြောင့်၊ ခန္ဓာကိုယ်ထဲတွင် ရေဓာတ်ဆုံးရှုံးခြင်းကိုကြိုတင် ကာကွယ်ထား နိုင်သည်။

27.ပိုတက်စီယမ်ပါရှိသည့်အတွက် အရိုးကို အားကောင်းစေသည်။

28.အမျိုးသမီးများ သည် ဌက်ပျောသီးကို တစ်ပတ်လျှင် ၄-ကြိမ် မှ ၆-ကြိမ်အထိ မှန်မှန်စားပေးပါက၊ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်မှု အလားအလာ ၅၀% ကျဆင်းစေနိုင်ကြောင်း the Internal Journal of Cancer (ခေါ်) ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။

29.ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုသော သွေးဖြူဥဂလင်း ထုပ်လုပ်ပေးနိုင်သည်။

30.ဌက်ပျောသီးကိုတစ်လုံးထဲသာစားသုံးရုံဖြင့်အဆာပြေတင်းတမ်ရောင့်ရဲနိုင်သောကြောင့် ကိုယ်အလေးချိန်လျော့ချလိုသူများ အတွက် ဌက်ပျောသီးက အားထားလောက်ပါပေသည်။

31.ဌက်ပျောသီးတွင် သကြားဓာတ်ပါရှိသောကြောင့် အချိုအရသာကို အာသာပြင်းပြစားလိုသောအခါများမှာ ဌက်ပျောသီးကိုအစားထိုး စားပေးခြင်းဖြင့် ကျန်းမာရေးအတွက်သင့်တော်သည်။

32.အီဂျစ်နှင့် ရောမ နိုင်ငံများတွင် ရှေးယခင်ကတည်းက ဌက်ပျောသီးကို ရိုးရာအလှအပကုထုံးများတွင် အသုံးပြုလာခဲ့ကြသည်။ ဌက်ပျောသီးထဲတွင် အမိုင်နိုဆက်ဆစ်ပါရှိခြင်းကြောင့် အသားအရည်နှင့်ဆံကေသာလှပမှုတို့ အတွက်များစွာကောင်းကျိုးပြုသည်။

33. ဌက်ပျောခွံကို ကြွက်နို့ ပေါ်တင်ပြီး အပေါ်မှ ပလာစတာ (သို့ မဟုတ်) ပတ်တီးဖြင့် စည်းနှောင်ဖုံးပေးပြီး ကြွက်နို့ သတ်ပေးနိုင်သည်။ ဌက်ပျောခွံဖြင့် သွားတိုက်ပေးခြင်းဖြင့် ၀ါသောသွားများကို သိသိသာသာဖြူစင်လာစေသည်။

မှတ်ချက်။ (က) ဌက်ပျောသီစားခြင်းကြောင့် ၀မ်းမလျှောစေပါ။ (ခ) ဆီးချိုရောဂါသည်များ လျော့စားသင်ပြီး၊ ဌက်ပျောသီးကို grapefruit သီးဖြင့် တွဲဖက်၍စားသင့်သည်။ (ဂ)အချို့ ကလေးငယ်များသည်၊ မွေးရာပါ ဌက်ပျောသီးနှင့် ဓာတ်မတဲ့ရောဂါပါလာတတ်၍ ဖြေဆေးအဖြစ် ကြက်သွန်ဖြူ ကျွေးပေးနိုင်သည်။

(ငှက်ပျောသီးသည် ဈေးကြီးသောအစားအစာ မဟုတ်ပါ။ ပျိုမေတို့  တကိုယ်ရည်လှပစေရုံသာမက၊ အာရောဂျံပရမံလာဘံ ဖြစ်စေသည့် အတွက် မိမိတို့  လက်တကမ်းမှာရှိသော ဌက်ပျောသီးကို နံက်စာအဟာရ၊ နေ့ လည်နေ့ ခင်းအဆာပြေနှင့် အိပ်မောကျစေရန်အတွက် ညအိပ်ယာ ၀င်ခါနီး ဆေးဝါးဓာတ်စာအဖြစ် အရသာရှိရှိ မှီဝဲသုံးစွဲသင့်ပါကြောင်း။)

post by နှင်းဆီဖူးလေးများ-Love BUDS

==========

Leave a Reply

Your email address will not be published. Required fields are marked *