သတင္း

ကလေး အစာနင်နေရင် ဘယ်လိုလုပ်ပေးမလဲ? ကိုယ့်ကလေးရဲ့အသက်ကို အချိန်မီကယ်နိုင်ဖို့အတွက် နည်းလမ်းတွေ။

(Zawgyi)
ကေလး အစာနင္ေနရင္ ဘယ္လိုလုပ္ေပးမလဲ?

မိဘေတြအေနနဲ႔ ကိုယ့္ကေလးရဲ႕အသက္ကို အခ်ိန္မီကယ္ႏိုင္ဖို႔အတြက္ နည္းလမ္းေတြကို သိထားဖို႔ လိုပါတယ္။

– တစ္စကၠန္႕ေတာင္ အခ်ိန္မျဖဳန္းပါနဲ႔ – ကေလး ေခ်ာင္းဆိုးလိုက္ၿပီးရင္ေတာင္မွ အထဲမွာ နင္ေနတာ ျပန္ထြက္မလာဘူးဆိုရင္ ခ်က္ခ်င္း လုပ္ေဆာင္ပါ။ အထဲမွာ တစ္ခုခု ရွိေနလားၾကည့္ပါ။ ၿပီးရင္ ကိုယ္က ထုတ္လိုက္လို႔ အထဲကို ပိုမဝင္ေစဘူးဆိုတာ ေသခ်ာမွသာ ဆြဲထုတ္ပါ။

– ေမြးကင္းစမွ အသက္ တစ္လ အ႐ြယ္အထိ – ကေလးရဲ႕ေခါင္းကို ခႏၶာကိုယ္ေအာက္ အနည္းငယ္ႏွိမ့္ၿပီးေတာ့ ကေလးကို ေမွာက္ရက္ ခ်ထားပါ။ ကိုယ့္ရဲ႕လက္ဖဝါးနဲ႔ ကေလးရဲ႕ လက္ပ်ဥ္ေၾကာႏွစ္ခု အလယ္ကို ပုတ္ေပးပါ။ အသက္ရွဴ လမ္းေၾကာင္း ပိတ္ဆို႔ေနတုန္းပဲဆိုရင္ ေခါင္းကို ႏွိမ့္ရက္သားနဲ႔ပဲ ကေလးကို ပက္လက္ျပန္လွန္ပါ။ ကေလးရဲ႕ ရင္ဘတ္အလယ္ကို ကိုယ့္ရဲ႕ လက္ေခ်ာင္းႏွစ္ေခ်င္းနဲ႔ သုံးပုံတစ္ပုံေလာက္ ဝင္ေအာက္ ဖိေပးပါ။ တစ္ခါ ဖိႏွိပ္ၿပီးတိုင္း ပါးစပ္ထဲကို စစ္ၾကည့္ၿပီးေတာ့ ပိတ္ဆို႔ေနတာကို ျမင္သာရင္ ဖယ္ထုတ္လိုက္ပါ။ ေနာက္က ပုတ္တာနဲ႔ ရင္ဘတ္ကို ဖိတာ ၃ ႀကိမ္ လုပ္ၿပီးရင္ေတာ့ အေရးေပၚေခၚပါ။ ဗိုက္ကေန ပင့္ထုတ္ထာမ်ိဳး ဘယ္ေတာ့မွ မလုပ္ပါနဲ႔။

– အသက္ တစ္ႏွစ္အ႐ြယ္မွ အ႐ြယ္ေရာက္သည္အထိ – ကေလးကို ကိုယ့္ရဲ႕ဒူးေခါင္းေတြေပၚမွာ တင္ထားၿပီးေတာ့ ေနာက္ကေန ၅ ႀကိမ္ ပုတ္ေပးပါ။ အလုပ္မျဖစ္ရင္ ကေလးရဲ႕ေနာက္ကေန ရပ္ၿပီးေတာ့ ကေလးရဲ႕ ခ်က္နဲ႔ ရင္ၫြန႔္႐ိုးၾကားမွာ လက္သီးဆုပ္ တင္လိုက္ၿပီး လက္သီးဆုပ္နဲ႔ဖိၿပီး အေပၚမတင္ပါ။ ဒီလို ၅ ႀကိမ္ လုပ္ပါ။ ဒီလိုမ်ိဳး ၃ ခါေလာက္ လုပ္ၿပီးလို႔မွ မရရင္ေတာ့ အေရးေပၚ အျမန္ေခၚပါ။


ကေလးေတြမွာ နင္တဲ့အေၾကာင္းအရင္း တစ္ဝက္ေလာက္က အစာနင္တာပါ။ သၾကားလုံးေတြနဲ႔ ငါး႐ိုးေတြ နင္တာ မ်ားပါတယ္။ အ႐ုပ္ေတြ နင္တာလည္း ရွိလာေနပါၿပီ။ မိဘေတြအေနနဲ႔ ကိုယ့္ရဲ႕ ကေလးငယ္ေတြက သူတို႔ပတ္ဝန္းက်င္ မွာရွိတဲ့ အရာေတြကို စူးစမ္းေလ့လာေနၿပီးေတာ့ ေတြ႕သမွ်ကို ပါးစပ္ထဲ ထည့္တတ္တဲ့အက်င့္ ရွိတယ္ဆိုတာကို သတိထားရပါမယ္။ သူတို႔ေလးေတြရဲ႕ ေလႁပြန္ေတြကေတာ့ က်ဥ္းေနေသးတဲ့အတြက္ အစာနင္တတ္ၾကတာပါ။ ဒီေတာ့ ကေလးေတြ အစာစားခ်ိန္မွာ အနားမွရွိေနၿပီး ေသခ်ာၾကည့္ေနေပးပါ။ ဟင္းသီးဟင္း႐ြက္ေတြကိုလည္း အတုံးေသးေသးေလးေတြ တုံးေပးပါ။ အ႐ိုးေတြ ပါ၊ မပါ ေသခ်ာစစ္ၿပီးမွ ေကြၽးပါ။ သၾကားလုံးေတြ၊ အခြံမာ အေစ့အဆံ့ေတြကို ဘယ္ေတာ့မွ မေကြၽးပါနဲ႔။ ကေလးေတြ ပါးစပ္ထဲ မထည့္ႏိုင္၊ မနင္ႏိုင္မယ့္ အႏၲရာယ္ကင္းတဲ့ အ႐ုပ္ေတြနဲ႔ပဲ ေပးေဆာ့ပါ။

Credit – Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)
ကလေး အစာနင်နေရင် ဘယ်လိုလုပ်ပေးမလဲ?

မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့အသက်ကို အချိန်မီကယ်နိုင်ဖို့အတွက် နည်းလမ်းတွေကို သိထားဖို့ လိုပါတယ်။

– တစ်စက္ကန့်တောင် အချိန်မဖြုန်းပါနဲ့ – ကလေး ချောင်းဆိုးလိုက်ပြီးရင်တောင်မှ အထဲမှာ နင်နေတာ ပြန်ထွက်မလာဘူးဆိုရင် ချက်ချင်း လုပ်ဆောင်ပါ။ အထဲမှာ တစ်ခုခု ရှိနေလားကြည့်ပါ။ ပြီးရင် ကိုယ်က ထုတ်လိုက်လို့ အထဲကို ပိုမဝင်စေဘူးဆိုတာ သေချာမှသာ ဆွဲထုတ်ပါ။

– မွေးကင်းစမှ အသက် တစ်လ အရွယ်အထိ – ကလေးရဲ့ခေါင်းကို ခန္ဓာကိုယ်အောက် အနည်းငယ်နှိမ့်ပြီးတော့ ကလေးကို မှောက်ရက် ချထားပါ။ ကိုယ့်ရဲ့လက်ဖဝါးနဲ့ ကလေးရဲ့ လက်ပျဉ်ကြောနှစ်ခု အလယ်ကို ပုတ်ပေးပါ။ အသက်ရှူ လမ်းကြောင်း ပိတ်ဆို့နေတုန်းပဲဆိုရင် ခေါင်းကို နှိမ့်ရက်သားနဲ့ပဲ ကလေးကို ပက်လက်ပြန်လှန်ပါ။ ကလေးရဲ့ ရင်ဘတ်အလယ်ကို ကိုယ့်ရဲ့ လက်ချောင်းနှစ်ချေင်းနဲ့ သုံးပုံတစ်ပုံလောက် ဝင်အောက် ဖိပေးပါ။ တစ်ခါ ဖိနှိပ်ပြီးတိုင်း ပါးစပ်ထဲကို စစ်ကြည့်ပြီးတော့ ပိတ်ဆို့နေတာကို မြင်သာရင် ဖယ်ထုတ်လိုက်ပါ။ နောက်က ပုတ်တာနဲ့ ရင်ဘတ်ကို ဖိတာ ၃ ကြိမ် လုပ်ပြီးရင်တော့ အရေးပေါ်ခေါ်ပါ။ ဗိုက်ကနေ ပင့်ထုတ်ထာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။

– အသက် တစ်နှစ်အရွယ်မှ အရွယ်ရောက်သည်အထိ – ကလေးကို ကိုယ့်ရဲ့ဒူးခေါင်းတွေပေါ်မှာ တင်ထားပြီးတော့ နောက်ကနေ ၅ ကြိမ် ပုတ်ပေးပါ။ အလုပ်မဖြစ်ရင် ကလေးရဲ့နောက်ကနေ ရပ်ပြီးတော့ ကလေးရဲ့ ချက်နဲ့ ရင်ညွန့်ရိုးကြားမှာ လက်သီးဆုပ် တင်လိုက်ပြီး လက်သီးဆုပ်နဲ့ဖိပြီး အပေါ်မတင်ပါ။ ဒီလို ၅ ကြိမ် လုပ်ပါ။ ဒီလိုမျိုး ၃ ခါလောက် လုပ်ပြီးလို့မှ မရရင်တော့ အရေးပေါ် အမြန်ခေါ်ပါ။

ကလေးတွေမှာ နင်တဲ့အကြောင်းအရင်း တစ်ဝက်လောက်က အစာနင်တာပါ။ သကြားလုံးတွေနဲ့ ငါးရိုးတွေ နင်တာ များပါတယ်။ အရုပ်တွေ နင်တာလည်း ရှိလာနေပါပြီ။ မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးငယ်တွေက သူတို့ပတ်ဝန်းကျင် မှာရှိတဲ့ အရာတွေကို စူးစမ်းလေ့လာနေပြီးတော့ တွေ့သမျှကို ပါးစပ်ထဲ ထည့်တတ်တဲ့အကျင့် ရှိတယ်ဆိုတာကို သတိထားရပါမယ်။ သူတို့လေးတွေရဲ့ လေပြွန်တွေကတော့ ကျဉ်းနေသေးတဲ့အတွက် အစာနင်တတ်ကြတာပါ။ ဒီတော့ ကလေးတွေ အစာစားချိန်မှာ အနားမှရှိနေပြီး သေချာကြည့်နေပေးပါ။ ဟင်းသီးဟင်းရွက်တွေကိုလည်း အတုံးသေးသေးလေးတွေ တုံးပေးပါ။ အရိုးတွေ ပါ၊ မပါ သေချာစစ်ပြီးမှ ကျွေးပါ။ သကြားလုံးတွေ၊ အခွံမာ အစေ့အဆံ့တွေကို ဘယ်တော့မှ မကျွေးပါနဲ့။ ကလေးတွေ ပါးစပ်ထဲ မထည့်နိုင်၊ မနင်နိုင်မယ့် အန္တရာယ်ကင်းတဲ့ အရုပ်တွေနဲ့ပဲ ပေးဆော့ပါ။

Credit – Dr. Mya Myo Myo Swe (www.drmyanmar.com)

Leave a Reply

Your email address will not be published. Required fields are marked *