သတင္း

သင့္ကေလးငယ္ကို မေကြၽးသင့္တဲ့ အစားအစာ (၇) မ်ိဳး

(Zawgyi)
သင့္ကေလးငယ္ကို မေကြၽးသင့္တဲ့ အစားအစာ (၇) မ်ိဳး

ကေလးငယ္ေတြရဲ႕ အစာေျခစနစ္ဟာ လူႀကီးေတြလို စားသမွ် အစားအစာ အားလုံးကို မေခ်ဖ်က္ႏိုင္တဲ့အျပင္ အစာအိမ္ဟာလည္း ႏုနယ္လြန္းတာေၾကာင့္ ကြၽမ္းက်င္သူေတြ သတိေပးထားတဲ့ ကေလးငယ္ ေတြကို မေကြၽးသင့္တဲ့ အစားအစာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ကေလးငယ္အမ်ားစု ႀကိဳက္ႏွစ္သက္ၾကတဲ့ ေျမပဲေထာပတ္မွာ ပ႐ိုတင္းဓာတ္မ်ားစြာ ပါဝင္ၿပီး အသက္ ၃ ႏွစ္ေအာက္ ကေလးငယ္ေတြရဲ႕ အစာေျခစနစ္ဟာ ပ႐ိုတင္းဓာတ္ကို ေကာင္းစြာ မေခ်ဖ်က္ ႏိုင္ေသးတဲ့အျပင္ ေျမပဲဟာ ကေလးငယ္ အမ်ားစုနဲ႔ ဓာတ္မတည့္တာမ်ိဳးလည္း ျဖစ္ႏိုင္တာေၾကာင့္ မေကြၽးသင့္ပါဘူး။

(၂) ပ်ားရည္မွာ ကေလးငယ္ေတြနဲ႔ ဓာတ္မတည့္တဲ့ Clostridium ဆိုတဲ့ ဘက္တီးရီးယား တမ်ိဳးပါဝင္တာေၾကာင့္ အစာအဆိပ္သင့္တာနဲ႔ ႂကြက္သားေတြ တုံ႔ဆိုင္းသြားတာမ်ိဳးေတြ ျဖစ္ေပၚေစႏိုင္ပါတယ္။

(၃) မိခင္ႏို႔နဲ႔ ကေလးေတြအတြက္ သီးသန႔္ထုတ္လုပ္ထားတဲ့ ႏို႔မႈန႔္ေတြကသာ ကေလးေတြနဲ႔ အသင့္ေတာ္ဆုံးျဖစ္ၿပီး အသက္ ၁ ႏွစ္ေအာက္ ကေလးငယ္ေတြကို ပဲႏို႔ ဒါမွမဟုတ္ ႏြားႏို႔ တိုက္ျခင္းဟာ ကေလးငယ္ရဲ႕ေက်ာက္ကပ္ကို ပ်က္စီးေစႏိုင္ပါတယ္။

(၄) ပင္လယ္စာေတြဟာ အသက္ ၁ ႏွစ္ေအာက္ ကေလးငယ္ေတြကို Allergic ျဖစ္ေစႏိုင္ၿပီး အသက္ ၂ ႏွစ္နဲ႔အထက္ ကေလးငယ္ေတြကို ေကြၽးမယ္ဆိုရင္ေတာ့ ဓာတ္တည့္ မတည့္ စမ္းသပ္ၿပီးမွသာ ေကြၽးသင့္ပါတယ္။

(၅) ေခ်ာကလက္မွာ ပါဝင္တဲ့ ကဖင္းဓာတ္ဟာ ကေလးငယ္ေတြ မ်ားမ်ားစားမိရင္ အသက္ရႈ မဝတာမ်ိဳးနဲ႔ အိပ္မေပ်ာ္တာမ်ိဳးေတြ ျဖစ္ေစႏိုင္တာေၾကာင့္ မ်ားမ်ား မေကြၽးသင့္ပါဘူး။

(၆) အခ်ဥ္ဓာတ္ပါဝင္တဲ့ အသီးအႏွံေတြဟာ ကေလးငယ္ေတြရဲ႕ အစာအိမ္ကို ထိခိုက္ေစႏိုင္တာေၾကာင့္ အသက္ ၁ႏွစ္ေအာက္ ကေလးငယ္ေတြကို အခ်ဥ္ဓာတ္ပါတဲ့ အသီးအႏွံေတြ မေကြၽးသင့္ပါဘူး။

(၇) အသင့္ေသာက္သုံးႏိုင္တဲ့ အသီးေဖ်ာ္ရည္ေတြမွာ သၾကားဓာတ္နဲ႔ ထပ္မံျဖည့္စြက္ထားတဲ့ အက္ဆစ္ဓာတ္ေတြ ပါဝင္တာေၾကာင့္ အသင့္ေသာက္သုံးႏိုင္တဲ့ အသီးေဖ်ာ္ရည္ေတြ တိုက္ေကြၽးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။

Ref : www.momtricks.com
Credit – ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)
သင့်ကလေးငယ်ကို မကျွေးသင့်တဲ့ အစားအစာ (၇) မျိုး

ကလေးငယ်တွေရဲ့ အစာခြေစနစ်ဟာ လူကြီးတွေလို စားသမျှ အစားအစာ အားလုံးကို မချေဖျက်နိုင်တဲ့အပြင် အစာအိမ်ဟာလည်း နုနယ်လွန်းတာကြောင့် ကျွမ်းကျင်သူတွေ သတိပေးထားတဲ့ ကလေးငယ် တွေကို မကျွေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကလေးငယ်အများစု ကြိုက်နှစ်သက်ကြတဲ့ မြေပဲထောပတ်မှာ ပရိုတင်းဓာတ်များစွာ ပါဝင်ပြီး အသက် ၃ နှစ်အောက် ကလေးငယ်တွေရဲ့ အစာခြေစနစ်ဟာ ပရိုတင်းဓာတ်ကို ကောင်းစွာ မချေဖျက် နိုင်သေးတဲ့အပြင် မြေပဲဟာ ကလေးငယ် အများစုနဲ့ ဓာတ်မတည့်တာမျိုးလည်း ဖြစ်နိုင်တာကြောင့် မကျွေးသင့်ပါဘူး။

(၂) ပျားရည်မှာ ကလေးငယ်တွေနဲ့ ဓာတ်မတည့်တဲ့ Clostridium ဆိုတဲ့ ဘက်တီးရီးယား တမျိုးပါဝင်တာကြောင့် အစာအဆိပ်သင့်တာနဲ့ ကြွက်သားတွေ တုံ့ဆိုင်းသွားတာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

(၃) မိခင်နို့နဲ့ ကလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ နို့မှုန့်တွေကသာ ကလေးတွေနဲ့ အသင့်တော်ဆုံးဖြစ်ပြီး အသက် ၁ နှစ်အောက် ကလေးငယ်တွေကို ပဲနို့ ဒါမှမဟုတ် နွားနို့ တိုက်ခြင်းဟာ ကလေးငယ်ရဲ့ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။

(၄) ပင်လယ်စာတွေဟာ အသက် ၁ နှစ်အောက် ကလေးငယ်တွေကို Allergic ဖြစ်စေနိုင်ပြီး အသက် ၂ နှစ်နဲ့အထက် ကလေးငယ်တွေကို ကျွေးမယ်ဆိုရင်တော့ ဓာတ်တည့် မတည့် စမ်းသပ်ပြီးမှသာ ကျွေးသင့်ပါတယ်။

(၅) ချောကလက်မှာ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ ကလေးငယ်တွေ များများစားမိရင် အသက်ရှု မဝတာမျိုးနဲ့ အိပ်မပျော်တာမျိုးတွေ ဖြစ်စေနိုင်တာကြောင့် များများ မကျွေးသင့်ပါဘူး။

(၆) အချဉ်ဓာတ်ပါဝင်တဲ့ အသီးအနှံတွေဟာ ကလေးငယ်တွေရဲ့ အစာအိမ်ကို ထိခိုက်စေနိုင်တာကြောင့် အသက် ၁နှစ် အောက် ကလေးငယ်တွေကို အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေ မကျွေးသင့်ပါဘူး။

(၇) အသင့်သောက်သုံးနိုင်တဲ့ အသီးဖျော်ရည်တွေမှာ သကြားဓာတ်နဲ့ ထပ်မံဖြည့်စွက်ထားတဲ့ အက်ဆစ်ဓာတ်တွေ ပါဝင်တာကြောင့် အသင့်သောက်သုံးနိုင်တဲ့ အသီးဖျော်ရည်တွေ တိုက်ကျွေးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

Ref : www.momtricks.com
Credit – ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *