သတင်း

တောင်ကြီး-ဟိုပုံးလမ်းရှိ စက်သုံးဆီဆိုင် မီးလောင်

တောင်ကြီး-ဟိုပုံးလမ်းရှိ စက်သုံးဆီဆိုင် မီးလောင်

==========================
==========================

တောင်ကြီးမြို့အ ရှေ့ဘက်အထွက် တောင်ကြီး- ဟိုပုံးသွားသည့်ကားလမ်းဘေးရှိ ရွှေတောင်ကြီး စက်သုံးဆီ အ ရောင်းဆိုင်တွင် မတ်လ ၃ ရက် နံနက် ၈ နာရီက မီးလောင်မှုဖြစ် ပွားခဲ့သည်။

ရွှေတောင်ကြီးစက်သုံးဆီ ဆိုင်ဝင်းအတွင်း နှစ်ပေပတ်လည် အကျယ်ရှိအများသုံးရေမြောင်း ပေါ်တွင် ဂါလန် ၈၀၀ ဆံ့ ဒီဇယ် တိုင်ကီသန့်ရှင်းရေးပြုလုပ်ရာ ဆီ အကြွင်းအကျန်များကို ရေမြောင်း အတွင်းသို့ စွန့်ပစ်စဉ်တစ်ဖက်ခြံ ရှိ အမှိုက်မီးရှို့ထားသည့်နေရာ နှင့် ဆက်စပ်၍မီးကူးလောင်ကျွမ်း ခဲ့ကြောင်း တောင်ကြီးမြို့နယ်မီး သတ်ဦးစီးဌာနမြို့နယ်မီးသတ်မှူး ဦးကျော်ကိုကိုက ပြောသည်။

‘‘ရေမြောင်းထဲကို ဆီပီပါ တွေ သန့်ရှင်းရေးလုပ်တဲ့အချိန် ဆီကြေးတွေကျန်နေတယ်။ ဘေး ခြံက မြောင်းကပ်လျက်မှာအမှိုက် တွေမီးရှို့ထားတော့ အဲဒီကနေ တစ်ဆင့် မီးလောင်တာပဲ’’ ဟု ဦး ကျော်ကိုကိုက ပြောသည်။

ရွှေတောင်ကြီးစက်သုံးဆီ ဆိုင်ဝင်းအတွင်း ရေမြောင်းပေါ် တွင် သန့်ရှင်းရေးပြုလုပ်သည့် ဂါလန် ၈၀၀ ဆံ့ဒီဇယ်ဆီတိုင်ကီ တစ်လုံး၊ ဂါလန် ၅၀ ဆံ့ဆီပီပါ နှစ်လုံး၊ ဆီချပိုက်နှစ်ချောင်း၊ ဒီ ဇယ် ၁၀ ဂါလန်၊ ပရာဒိုအမျိုးအ စားကား ၀ဲဘက်ခြမ်းကိုယ်ထည် မီးဟပ်ပျက်စီးခဲ့သည်ဟု တောင် ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှတ် တမ်း၌ ဖော်ပြထားသည်။

မီးလောင်ကျွမ်းသည့်နေရာ သို့ မီးသတ်ယာဉ်၊ မီးသတ်ရေ ယာဉ်စုစုပေါင်း ၁၀ စီး၊ မီးသတ် သန္နေ ၄၀ဦး၊ အရန်မီးသတ်တပ် ဖွဲ့ ၃၀ ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရ သည်။ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၂၀,၀၀၀ ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိဟု ရှမ်းပြည်နယ်မီးသတ် ဦးစီးဌာနက သတင်းထုတ်ပြန် သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီးစက် သုံးဆီဆိုင်တာဝန်ခံကို တောင် ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်အ ရေးယူထားသည်။

=============

7Day News Journal

Leave a Reply

Your email address will not be published. Required fields are marked *