သတင္း

မြေအမျိုးအစား ၁၀မျိုးနှင့် သာသနာ့မြေ ၄မျိုးအကြောင်း အိမ်ခြံမြေ ဗဟုသုတ

(Zawgyi)
“ေျမတစ္ေခတ္မွာ” “ေ႐ႊျဖစ္ဖို႔” ေျမအေၾကာင္း ေလ့လာၾကစို႔

ယေန႔ေခတ္တြင္ အိမ္ၿခံေျမ အေရာင္းအဝယ္လုပ္ငန္းမ်ားကို စီးပြားေရးလုပ္ငန္းႀကီး တစ္ခုသဖြယ္ လူအမ်ားအျပားက ဝင္ေရာက္လုပ္ကိုင္ကာ ရင္းႏွီးျမႇဳပ္ႏွံလာၾကသည္ကိုေတြ႕ရသည္။

-ေျမအေၾကာင္း နားလည္သူမ်ား ေကာင္းစားေနသည့္ေခတ္

သို႔ေသာ္ အေျခအေနအခ်ိန္အခါေပး၍ အိမ္ၿခံေျမ အက်ိဳးေဆာင္လုပ္ငန္းမ်ားကို စီးပြားျဖစ္ လုပ္ကိုင္ေနၾကေသာ္လည္း “မသိသူေက်ာ္သြား၊ သိသူေဖာ္စား” ဆိုသကဲ့သို႔ အိမ္ၿခံေျမတြင္ ေျမအမ်ိဳးအစား အမ်ိဳးမ်ိဳးရွိသည္ကို သိသူမ်ားက တရားဝင္သာည့္ေျမ၊ တရားမဝင္သည့္ေျမ၊ အဖိုးတန္သည့္ေျမ၊ အဖိုးနည္းသည့္ေျမ စသည္ျဖင့္ သိကြၽမ္းနားလည္ၾကသူမ်ားက အက်ိဳးအျမတ္မ်ားရရွိကာ ေကာင္းစားေနၾကသည္ကို ေတြ႕ရသည္။ ေျမ (၁၀) မ်ိဳးအေၾကာင္း ရွာေဖြတင္ျပလိုက္ပါသည္။

-ေျမပိုင္ေျမ

ေျမပိုင္ေျမဆိုသည္မွာ ၿမိဳ႕ေတာ္နယ္နိမိတ္အတြင္း စနစ္တက် ၿမိဳ႕ကြက္ေဖာ္ ထုတ္ကာေရာင္းခ်ခဲ့၍ ဝယ္ယူပိုင္ဆိုင္ခဲ့ၿပီးေျမပိုင္ရွင္အခြင့္အေရး အဆင့္အတန္းရွိသည့္ ေျမကိုဆိုင္သည္။

-ဘိုးဘြားပိုင္ေျမ

ဘိုးဘြားပိုင္ေျမဆိုသည္မွာ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ား အက္ဥပေဒပုဒ္မ ၄၊ ပုဒ္မခြဲ (၁၀) အရ၊ ဘိုးဘြားမိဘလက္ထက္ကပင္ “ဓါးမဦးခ်” ပိုင္ဆိုင္လာ၍ လႊဲေျပာင္းဆက္ခံခြင့္ရွိကာ “မစိုက္ပ်ိဳးသည့္ေျမ” ကိုဆိုလိုသည္။

-ဂရန္ရွိေျမပိုင္ေျမ

ဂရန္ရွိေျမပိုင္ေျမဆိုသည္မွာ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ား ဥပေဒပုဒ္မ ၇(က) အရခြင့္ျပဳထားသည့္ ဘိုးဘပိုင္ေျမကဲ့သို႔ အခြင့္အေရး အဆင့္အတန္းရွိသည့္ ေျမကိုဆိုလိုသည္။

-လိုင္စင္ေျမ

လိုင္စင္ေျမဆိုသည္မွာ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ား အပိုဒ္ – ၃၀၊ ၃၄ တို႔အရ၊ ေကာ္မတီကသတ္မွတ္သည့္ စည္းကမ္းခ်က္မ်ားႏွင့္အညီ ယာယီအသုံးျပဳခြင့္ေပးထားေသာ ေျမကိုဆိုလိုသည္။

-ပါမစ္ေျမ

ပါမစ္ေျမဆိုသည္မွာ ေကာ္မတီကသတ္မွတ္သည့္ စည္းကမ္းခ်က္မ်ားႏွင့္အ ညီ “လူေနအိမ္” သိုမဟုတ္ “အေဆာက္အအုံေဆာက္လုပ္ေနထိုင္ ခြင့္” ျပဳထားေသာ ေျမကိုဆိုလိုသည္။

-ေျမငွားဂရန္ေျမ

ေျမငွားဂရန္ေျမဆိုသည္မွာ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ား ဥပေဒ ၇/၈ ႏွင့္ နည္းဥပေဒ အပိုဒ္ ၂၉ တို႔အရ ေကာ္မတီကစည္းကမ္းခ်က္မ်ား သတ္မွတ္ၿပီး ႏွစ္ကာလ အပိုင္းအျခား သတ္မွတ္၍ ေျမငွားစာခ်ဳပ္ျဖင့္ အငွားခ်ထားသည့္ေျမကိုဆိုလိုသည္။

-စကြာတာေျမ

“စကြာတာေျမ” ဆိုသည္မွာ ေျမငွားစာခ်ဳပ္မရယူခဲ့၍လည္းေကာင္း၊ ေျမငွားစာခ်ဳပ္ သက္တမ္းကုန္ဆုံးၿပီးေနာက္ အသစ္လဲလွယ္ျခင္းမျပဳ၍လည္းေကာင္း ေျမငွားစာခ်ဳပ္ပါ စည္းကမ္းခ်က္ တစ္ရပ္ရပ္ေဖာက္ဖ်က္၍လည္းေကာင္း “ေျမအဆင့္အတန္း နိမ့္ခ်သတ္မွတ္ေသာ ေျမကို” ဆိုလိုသည္။

-က်ဴးလြန္ျခင္းေျမ

“က်ဴးလြန္ျခင္းေျမ” ဆိုသည္မွာ လူေနရပ္ကြက္အတြင္း စနစ္တက်ရွိေသာ အိမ္ရာေျမကြက္၌ က်ဴးလြန္ျခင္း “ေျပစာျဖင့္ေကာက္ခံသည့္ေျမ” မ်ိဳးကိုဆိုလို သည္။

-က်ဴးေက်ာ္ေျမ

က်ဴးေက်ာ္ေျမဆိုသည္မွာ ေကာ္မတီပိုင္ေျမႏွင့္ ေကာ္မတီက စီမံခန႔္ခြဲပိုင္ခြင့္ရွိေသာ ေျမေပၚတြင္ ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရွိသူမ်ား ဝင္ေရာက္ေနထိုင္လွ်က္ရွိေသာ ေျမကိုဆိုလိုသည္။

-ၿမိဳ႕ကြက္ေျမပုံ

ၿမိဳ႕ကြက္ေျမပုံဆိုသည္မွာ အေျခခံ အင္ဂ်င္နီယာပိုင္းဆိုင္ရာမ်ားျဖင့္ စနစ္တ က်ေရးဆြဲၿပီး ၿမိဳ႕ျပစီမံကိန္းႏွင့္အညီ ၿမိဳ႕ကြက္႐ိုက္ေဖာ္ထုတ္ထားသည့္ အေျခခံေျမပုံကိုဆိုလိုသည္။

-ၿမိဳ႕ေျမစာရင္း

ၿမိဳ႕ေျမစာရင္းဆိုသည္မွာ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ား အက္ဥပေဒ၊ နည္းဥပေဒမ်ား၊ ေနာက္ဆက္တြဲ ၁ – အခန္း (၂) အပိုဒ္ ၇ အရၿမိဳ႕ကြက္ေျမပုံျဖင့္ ရွိၿပီးေသာ ေျမမ်ား၏ ေျမပိုင္ဆိုင္ခြင့္ စာရင္းကို ဆိုလိုသည္။

ယခုေဖာ္ျပခဲ့ေသာ ေျမမ်ားမွာ အိမ္ၿခံေျမႏွင့္ ပတ္သက္ေသာ ေျမမ်ားျဖစ္ပါသည္ ယင္းသို႔ ေျမအမ်ိဳးမ်ိဳးအေၾကာင္း တင္ျပၿပီးေနာက္ သာသနာေျမ (၄) မ်ိဳးအေၾကာင္းလည္း ရွင္းျပလိုပါေသးသည္။

-အခြန္လြတ္သာသနာ့ေျမ

အခြန္လြတ္သာသနာ့ေျမဆိုသည္မွာ မူလကနဦး ေျမပိုင္ေျမ သို႔မဟုတ္ ဘိုးဘပိုင္ေျမကို ဥပေဒႏွင့္အညီရရွိေသာ ပုဂၢိဳလ္က ဘာသာ သာသနာအက်ိဳး သုံးစြဲႏိုင္ရန္အတြက္ ေလွ်ာက္ထားသျဖင့္ တည္ဆဲဥပေဒႏွင့္အညီ ခြင့္ျပဳ ထုတ္ေပးေသာေျမကိုဆိုသည္။

-အခြန္လြတ္သာသနာ့ေျမဂရန္

အခြန္လြတ္သာသနာ့ေျမဂရန္ဆိုသည္မွာ သာသနာေရး၊ သာသနာမူအလိုငွာ တည္ဆဲဥပေဒႏွင့္အညီ “ေျမယာပိုင္ပတၱာစာခ်ဳပ္” ျဖင့္ သတ္မွတ္ထုတ္ေပး သည့္ လက္မွတ္ကိုဆိုသည္။ (၁၈၇၆ ခုႏွစ္၊ ေအာက္ျမန္မာႏိုင္ငံ ေျမႏွင့္ အခြန္ေတာ္နည္းဥပေဒမ်ား နည္းဥပေဒ ၃၂၊ ၃၃၊ ၃၆ ႏွင့္ ၁၈၉၈ ခုႏွစ္) ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ ႐ြာေျမနည္းဥပေဒမ်ား၊ နည္းဥပေဒ ၅၀၊ ၅၁ ႏွင့္ ၅၄)

-အခြန္လြတ္ဗဒၶသိမ္ေျမ

” အခြန္လြတ္ဗဒၶသိမ္ေျမ ” ဆိုသည္မွာ သာသနာေျမအတြင္း ဘာသာ၊ သာသနာေျမကိစၥအတြက္ အသုံးျပဳရန္အလိုငွာ လူပုဂၢိဳလ္ကသာေလွ်ာက္ ထားခြင့္ရွိသည့္ ေျမကိုဆိုသည္။

အခြန္လြတ္ဗဒၶသိမ္ေျမဂရန္

” အခြန္လြတ္ဗဒၶသိမ္ေျမဂရန္” ဆိုသည္မွာ တည္ဆဲဥပေဒႏွင့္အညီ “ဝိသုံ ဂါမသိမ္” အျဖစ္အသုံးျပဳရန္ အသီးအျခားေျမေပးအမိန႔္ျဖင့္ သတ္မွတ္ ထုတ္ေပးလိုက္သည့္ လက္မွတ္ကိုဆိုသည္။ (ေအာက္ျမန္မာႏိုင္ငံေျမခြန္ေကာက္နည္းဥပေဒမ်ား၊ နည္းဥပေဒ ၃၄ ႏွင့္ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္႐ြာေျမ နည္းဥပေဒမ်ား နည္းဥပေဒ-၅၂)

ဤသို႔ဆိုလွ်င္ သာသနာ့ေျမ (၄)မ်ိဳးတြင္ ဘာသာ၊ သာသနာအက်ိဳးအတြက္ သုံးစြဲႏိုင္ေသာေျမ၊ ေျမယာအပိုင္ပတၱာ စာခ်ဳပ္ျဖင့္ ထုတ္ေပးသည့္လက္မွတ္၊ လူပုဂၢိဳလ္ကသာ ေလွ်ာက္ထားခြင့္ရွိေသာေျမႏွင့္ “ဝိသုံဂါမသိမ္” အသုံးျပဳရန္ အတြက္ ေျမေပးအမိန႔္ ျဖင့္ ထုတ္ေပးလိုက္သည့္ လက္မွတ္တို႔လည္း ပါဝင္သည္ကို သိရွိၾကၿပီဟုျဖစ္ပါသည္။

ေရးသားသူ – လႊတ္ေတာ္ေရွ႕ေန ေမာင္ေကာင္းေဖ

Credit: iMyanmarHouse.com

(Unicode)
“မြေတစ်ခေတ်မှာ” “ရွှေဖြစ်ဖို့” မြေအကြောင်း လေ့လာကြစို့

ယနေ့ခေတ်တွင် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းများကို စီးပွားရေးလုပ်ငန်းကြီး တစ်ခုသဖွယ် လူအများအပြားက ဝင်ရောက်လုပ်ကိုင်ကာ ရင်းနှီးမြှုပ်နှံလာကြသည်ကိုတွေ့ရသည်။

-မြေအကြောင်း နားလည်သူများ ကောင်းစားနေသည့်ခေတ်

သို့သော် အခြေအနေအချိန်အခါပေး၍ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများကို စီးပွားဖြစ် လုပ်ကိုင်နေကြသော်လည်း “မသိသူကျော်သွား၊ သိသူဖော်စား” ဆိုသကဲ့သို့ အိမ်ခြံမြေတွင် မြေအမျိုးအစား အမျိုးမျိုးရှိသည်ကို သိသူများက တရားဝင်သာည့်မြေ၊ တရားမဝင်သည့်မြေ၊ အဖိုးတန်သည့်မြေ၊ အဖိုးနည်းသည့်မြေ စသည်ဖြင့် သိကျွမ်းနားလည်ကြသူများက အကျိုးအမြတ်များရရှိကာ ကောင်းစားနေကြသည်ကို တွေ့ရသည်။ မြေ (၁၀) မျိုးအကြောင်း ရှာဖွေတင်ပြလိုက်ပါသည်။

-မြေပိုင်မြေ

မြေပိုင်မြေဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း စနစ်တကျ မြို့ကွက်ဖော် ထုတ်ကာရောင်းချခဲ့၍ ဝယ်ယူပိုင်ဆိုင်ခဲ့ပြီးမြေပိုင်ရှင်အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုင်သည်။

-ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် “ဓါးမဦးချ” ပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” ကိုဆိုလိုသည်။

-ဂရန်ရှိမြေပိုင်မြေ

ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုလိုသည်။

-လိုင်စင်မြေ

လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ် – ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကိုဆိုလိုသည်။

-ပါမစ်မြေ

ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အ ညီ “လူနေအိမ်” သိုမဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်” ပြုထားသော မြေကိုဆိုလိုသည်။

-မြေငှားဂရန်မြေ

မြေငှားဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့်မြေကိုဆိုလိုသည်။

-စကွာတာမြေ

“စကွာတာမြေ” ဆိုသည်မှာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း “မြေအဆင့်အတန်း နိမ့်ချသတ်မှတ်သော မြေကို” ဆိုလိုသည်။

-ကျူးလွန်ခြင်းမြေ

“ကျူးလွန်ခြင်းမြေ” ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း “ပြေစာဖြင့်ကောက်ခံသည့်မြေ” မျိုးကိုဆိုလို သည်။

-ကျူးကျော်မြေ

ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိသော မြေကိုဆိုလိုသည်။

-မြို့ကွက်မြေပုံ

မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာများဖြင့် စနစ်တ ကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက်ဖော်ထုတ်ထားသည့် အခြေခံမြေပုံကိုဆိုလိုသည်။

-မြို့မြေစာရင်း

မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ – အခန်း (၂) အပိုဒ် ၇ အရမြို့ကွက်မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့် စာရင်းကို ဆိုလိုသည်။

ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သော မြေများဖြစ်ပါသည် ယင်းသို့ မြေအမျိုးမျိုးအကြောင်း တင်ပြပြီးနောက် သာသနာမြေ (၄) မျိုးအကြောင်းလည်း ရှင်းပြလိုပါသေးသည်။

-အခွန်လွတ်သာသနာ့မြေ

အခွန်လွတ်သာသနာ့မြေဆိုသည်မှာ မူလကနဦး မြေပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီရရှိသော ပုဂ္ဂိုလ်က ဘာသာ သာသနာအကျိုး သုံးစွဲနိုင်ရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြု ထုတ်ပေးသောမြေကိုဆိုသည်။

-အခွန်လွတ်သာသနာ့မြေဂရန်

အခွန်လွတ်သာသနာ့မြေဂရန်ဆိုသည်မှာ သာသနာရေး၊ သာသနာမူအလိုငှာ တည်ဆဲဥပဒေနှင့်အညီ “မြေယာပိုင်ပတ္တာစာချုပ်” ဖြင့် သတ်မှတ်ထုတ်ပေး သည့် လက်မှတ်ကိုဆိုသည်။ (၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်တော်နည်းဥပဒေများ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ်) အောက်မြန်မာနိုင်ငံမြို့နှင့် ရွာမြေနည်းဥပဒေများ၊ နည်းဥပဒေ ၅၀၊ ၅၁ နှင့် ၅၄)

-အခွန်လွတ်ဗဒ္ဓသိမ်မြေ

” အခွန်လွတ်ဗဒ္ဓသိမ်မြေ ” ဆိုသည်မှာ သာသနာမြေအတွင်း ဘာသာ၊ သာသနာမြေကိစ္စအတွက် အသုံးပြုရန်အလိုငှာ လူပုဂ္ဂိုလ်ကသာလျှောက် ထားခွင့်ရှိသည့် မြေကိုဆိုသည်။

အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်

” အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်” ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ “ဝိသုံ ဂါမသိမ်” အဖြစ်အသုံးပြုရန် အသီးအခြားမြေပေးအမိန့်ဖြင့် သတ်မှတ် ထုတ်ပေးလိုက်သည့် လက်မှတ်ကိုဆိုသည်။ (အောက်မြန်မာနိုင်ငံမြေခွန်ကောက်နည်းဥပဒေများ၊ နည်းဥပဒေ ၃၄ နှင့် အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေ နည်းဥပဒေများ နည်းဥပဒေ-၅၂)

ဤသို့ဆိုလျှင် သာသနာ့မြေ (၄)မျိုးတွင် ဘာသာ၊ သာသနာအကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ မြေယာအပိုင်ပတ္တာ စာချုပ်ဖြင့် ထုတ်ပေးသည့်လက်မှတ်၊ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့်ရှိသောမြေနှင့် “ဝိသုံဂါမသိမ်” အသုံးပြုရန် အတွက် မြေပေးအမိန့် ဖြင့် ထုတ်ပေးလိုက်သည့် လက်မှတ်တို့လည်း ပါဝင်သည်ကို သိရှိကြပြီဟုဖြစ်ပါသည်။

ရေးသားသူ – လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ

Credit: iMyanmarHouse.com

Leave a Reply

Your email address will not be published. Required fields are marked *