သတင္း

မဂၤလာေဆာင္ဖိတ္စာ၌ ဇနီးေဟာင္းအမည္ထည့္သြင္းထားသည္ကို မေက်နပ္သျဖင့္ ဓားႏွစ္လက္ျဖင့္

(Zawgyi)
လႈိင္သာယာၿမိဳ႕နယ္တြင္ တူမျဖစ္သူ၏ မဂၤလာေဆာင္ဖိတ္စာ၌ ဇနီးေဟာင္းအမည္ ထည့္သြင္းထားသည္ကို မေက်နပ္သျဖင့္ မိခင္၊ အစ္မႏွင့္ အုပ္ခ်ဳပ္ေရးမႉး အပါအဝင္ ရဲတပ္ဖြဲ႕ဝင္မ်ားအား ဓားျဖင့္ခုတ္ခဲ့သူကို ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရမႈ ႏိုဝင္ဘာ ၅ ရက္က ျဖစ္ပြားခဲ့သည္။

အဆိုပါေန႔ ည ၁၀ နာရီ မိနစ္ ၄၀ ခန႔္တြင္ လႈိင္သာယာၿမိဳ႕နယ္ ၁ ရပ္ကြက္ ပိေတာက္ ၃ လမ္းေန၊ ဝင္းေထြး (ခ) ငါးမန္း(၃၂ ႏွစ္)သည္ တူမျဖစ္သူ၏ မဂၤလာေဆာင္ဖိတ္စာ၌ ၎၏ လက္ရွိဇနီးသည္ အမည္မပါရွိဘဲ ပထမအိမ္ေထာင္အမည္ ထည့္သြင္းေဖာ္ျပထားသည့္ကိစၥ မေက်မနပ္ျဖစ္ခဲ့သည္။

ထို႔ေၾကာင့္ တစ္အိမ္တည္းအတူေန အသက္ ၇၀ အ႐ြယ္ မိခင္ျဖစ္သူကို ငွက္ႀကီးေတာင္ဓားျဖင့္ ထိုးမည္ဟန္ျပဳကာ ႀကိမ္းေမာင္းဆဲဆိုခဲ့ၿပီး အစ္မျဖစ္သူကိုလည္း ဆက္လက္ဆဲဆိုကာ ဓားျဖင့္ခုတ္မည္ဟု ႀကိမ္းေမာင္းၿခိမ္းေျခာက္ခဲ့သည္။

ထို႔ေနာက္ ၿမိဳ႕ပတ္လမ္းတြင္ ျပင္ဆင္ထားသည့္ တူမျဖစ္သူ၏ မဂၤလာမ႑ပ္သို႔ သြားေရာက္ကာ ခန္းမ မုဒ္ဦးႏွင့္ဧည့္ခံပြဲစာတမ္းမ်ား၊ ပိတ္စမ်ားကို ဓားျဖင့္ခုတ္ စုတ္ၿဖဲဖ်က္ဆီးေနသျဖင့္ အမွတ္ ၁ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးမ်ိဳးေနေအာင္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့သည္။

ဝင္းေထြး(ခ)ငါးမန္းကို ပိေတာက္ ၃ လမ္းႏွင့္ ၁ လမ္းထိပ္ရွိ ဆိုင္ကယ္ေပၚတြင္ခြကာ ငွက္ႀကီးေတာင္ဓားကို ကိုင္လ်က္ ဓားဦးခြၽန္ကို ခါးၾကားထိုးလ်က္ ထိုင္ေနသည္ကို ေတြ႕ရသျဖင့္ ဓားခ်အဖမ္းခံရန္ ရဲတပ္ဖြဲ႕က ေျပာဆိုစည္း႐ုံးခဲ့သည္။

ထိုသို႔ေျပာဆိုခဲ့ရာ အုပ္ခ်ဳပ္ေရးမႉးႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ားကို ဓားျဖင့္ေျပးခုတ္သျဖင့္ ရဲတပ္ဖြဲ႕က MA 13 ေသနတ္ျဖင့္ ဟန႔္တားပစ္ခတ္ခဲ့ေသာေၾကာင့္ ဝင္းေထြး(ခ)ငါးမန္းတြင္ လည္ပင္းယာဘက္ ေဘးထိမွန္ေပါက္ထြက္ၿပီး လဲက်သြားစဥ္ ဓားႏွစ္လက္ကို သက္ဆိုင္ရာက သိမ္းဆည္းရမိခဲ့သည္။

ဒဏ္ရာရရွိသူကို အင္းစိန္ေဆး႐ုံသို႔တင္ပို႔ကုသခဲ့ရၿပီး လႈိင္သာယာၿမိဳ႕မရဲစခန္းက(ပ) ၄၁၅၇/၁၈ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၅၃/၃၀၇ အရလည္းေကာင္း၊ (ပ) ၄၁၅၈/၁၈ လက္နက္ဥပေဒပုဒ္မ ၁၉(င) အရလည္းေကာင္းအသီးသီး အမႈဖြင့္အေရးယူထားသည္။
Credit – The Myanmar Times Daily Newspaper – Myanmar Version
https://myanmar.mmtimes.com/news/117308.html?fbclid=IwAR2KsJgepLlpIE8lDrsrDQTPnddtSB2scgAtXoyipmowA0VQyjLct-Lgatw

(Unicode)
လှိုင်သာယာမြို့နယ်တွင် တူမဖြစ်သူ၏ မင်္ဂလာဆောင်ဖိတ်စာ၌ ဇနီးဟောင်းအမည် ထည့်သွင်းထားသည်ကို မကျေနပ်သဖြင့် မိခင်၊ အစ်မနှင့် အုပ်ချုပ်ရေးမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ခုတ်ခဲ့သူကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရမှု နိုဝင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် လှိုင်သာယာမြို့နယ် ၁ ရပ်ကွက် ပိတောက် ၃ လမ်းနေ၊ ဝင်းထွေး (ခ) ငါးမန်း(၃၂ နှစ်)သည် တူမဖြစ်သူ၏ မင်္ဂလာဆောင်ဖိတ်စာ၌ ၎င်း၏ လက်ရှိဇနီးသည် အမည်မပါရှိဘဲ ပထမအိမ်ထောင်အမည် ထည့်သွင်းဖော်ပြထားသည့်ကိစ္စ မကျေမနပ်ဖြစ်ခဲ့သည်။

ထို့ကြောင့် တစ်အိမ်တည်းအတူနေ အသက် ၇၀ အရွယ် မိခင်ဖြစ်သူကို ငှက်ကြီးတောင်ဓားဖြင့် ထိုးမည်ဟန်ပြုကာ ကြိမ်းမောင်းဆဲဆိုခဲ့ပြီး အစ်မဖြစ်သူကိုလည်း ဆက်လက်ဆဲဆိုကာ ဓားဖြင့်ခုတ်မည်ဟု ကြိမ်းမောင်းခြိမ်းခြောက်ခဲ့သည်။

ထို့နောက် မြို့ပတ်လမ်းတွင် ပြင်ဆင်ထားသည့် တူမဖြစ်သူ၏ မင်္ဂလာမဏ္ဍပ်သို့ သွားရောက်ကာ ခန်းမ မုဒ်ဦးနှင့်ဧည့်ခံပွဲစာတမ်းများ၊ ပိတ်စများကို ဓားဖြင့်ခုတ် စုတ်ဖြဲဖျက်ဆီးနေသဖြင့် အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးနေအောင်နှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

ဝင်းထွေး(ခ)ငါးမန်းကို ပိတောက် ၃ လမ်းနှင့် ၁ လမ်းထိပ်ရှိ ဆိုင်ကယ်ပေါ်တွင်ခွကာ ငှက်ကြီးတောင်ဓားကို ကိုင်လျက် ဓားဦးချွန်ကို ခါးကြားထိုးလျက် ထိုင်နေသည်ကို တွေ့ရသဖြင့် ဓားချအဖမ်းခံရန် ရဲတပ်ဖွဲ့က ပြောဆိုစည်းရုံးခဲ့သည်။

ထိုသို့ပြောဆိုခဲ့ရာ အုပ်ချုပ်ရေးမှူးနှင့်ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ပြေးခုတ်သဖြင့် ရဲတပ်ဖွဲ့က MA 13 သေနတ်ဖြင့် ဟန့်တားပစ်ခတ်ခဲ့သောကြောင့် ဝင်းထွေး(ခ)ငါးမန်းတွင် လည်ပင်းယာဘက် ဘေးထိမှန်ပေါက်ထွက်ပြီး လဲကျသွားစဉ် ဓားနှစ်လက်ကို သက်ဆိုင်ရာက သိမ်းဆည်းရမိခဲ့သည်။

ဒဏ်ရာရရှိသူကို အင်းစိန်ဆေးရုံသို့တင်ပို့ကုသခဲ့ရပြီး လှိုင်သာယာမြို့မရဲစခန်းက(ပ) ၄၁၅၇/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၃/၃၀၇ အရလည်းကောင်း၊ (ပ) ၄၁၅၈/၁၈ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရလည်းကောင်းအသီးသီး အမှုဖွင့်အရေးယူထားသည်။
Credit – The Myanmar Times Daily Newspaper – Myanmar Version
https://myanmar.mmtimes.com/news/117308.html?fbclid=IwAR2KsJgepLlpIE8lDrsrDQTPnddtSB2scgAtXoyipmowA0VQyjLct-Lgatw

Leave a Reply

Your email address will not be published. Required fields are marked *