သတင္း

အင္တာနက္မသုံးဘဲ ေငြျဖတ္ခံေနရပါသလား၊ မျဖစ္ေအာင္ ဒါေတြလုပ္ပါ။

(Zawgyi)
အင္တာနက္မသုံးဘဲ ေငြျဖတ္ခံေနရပါသလား၊ မျဖစ္ေအာင္ ဒါေတြလုပ္ပါ။

ဖုန္းအတြင္းရွိ အပလီေကးရွင္းမ်ားကို အလိုအေလ်ာက္ update ျပဳလုပ္ျခင္းမ်ား ျဖစ္တတ္ၿပီး ဖုန္းအတြင္းမွ ေဒတာပမာဏမ်ားစြာကို အသုံးျပဳလိုက္ႏိုင္ပါတယ္။

မိုဘိုင္းလ္ဖုန္းအသုံးျပဳသူေတြ အင္တာနက္ ဘယ္လိုသုံးလိုက္တယ္။ အင္တာနက္အသုံးျပဳမႈ ႏႈန္းထားကို တိက်စြာ သိရွိဖို႔အျပင္ အင္တာနက္ သုံးစြဲခ်ိန္တိုင္းမွာ သတ္မွတ္ထားတဲ့ အင္တာနက္အသုံးျပဳမႈ ပမာဏမ်ားအတြင္းမွ ေဒတာမ်ား ေလ်ာ့နည္းသြားျခင္း သို႔မဟုတ္ အသုံးမျပဳေပမဲ့ ဖုန္းဘီလ္ေတြ ျဖတ္ေတာက္ခံရျခင္းေတြက ကင္းေဝးႏိုင္ေစဖို႔မိုဘိုင္းလ္ဖုန္းသုံးစြဲသူေတြကို အသိပညာေပး ျမႇင့္တင္ေရး လႈပ္ရွားမႈေတြ ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။

သည္အစီအစဥ္ကို ျမန္မာႏိုင္ငံရဲ႕ ဆက္သြယ္ေရးေအာ္ပေရတာေတြျဖစ္တဲ့ MPT, Ooredoo, Telenor နဲ႔ MyTel တို႔ပူးေပါင္းၿပီး ေဆာင္႐ြက္မွာျဖစ္ပါတယ္။ အင္တာနက္ ခ်ိတ္ဆက္အသုံးျပဳရာတြင္ မလိုလားအပ္ဘဲ ေဒတာမ်ား ကုန္ဆုံးျခင္းမွ ေလွ်ာ့ခ်ႏိုင္ေစေရး နည္းလမ္း(၁၀) ခ်က္

၁။ အလိုအေလ်ာက္ update ျပဳလုပ္ျခင္းကို ပိတ္ထားပါ။

ဖုန္းအတြင္းမွ အလိုအေလ်ာက္ update ျပဳလုပ္ျခင္းကို ပိတ္ထားရန္ လိုအပ္ၿပီး ၎က သင့္ဖုန္းအတြင္းမွ ေဒတာေတြကို သင္သတ္မွတ္ထားသကဲ့သို႔ မဟုတ္ဘဲ လိုအပ္သည္ထက္ပို၍ အသုံးျပဳလိုက္ႏိုင္သည္ကို သတိျပဳပါ။

၂။ အပလီေကးရွင္းမ်ားကို WiFi ျဖင့္သာ update လုပ္ပါ။

မ်ားစြာေသာ မိုဘိုင္းလ္အသုံးျပဳသူမ်ားက ၎တို႔ရဲ႕ အပလီေကးရွင္းမ်ားကို မိုဘိုင္းလ္ဖုန္းေဒတာျဖင့္ update ျပဳ လုပ္ရန္အဆင္ေျပေသာ္လည္း ထိုသို႔ျပဳလုပ္ျခင္းက ဖုန္းအတြင္းရွိ အပလီေကးရွင္းမ်ားကို အလိုအေလ်ာက္ update ျပဳလုပ္ျခင္းမ်ားျဖစ္တတ္ၿပီး ဖုန္းအတြင္းမွ ေဒတာပမာဏမ်ားစြာကို အသုံးျပဳလိုက္ႏိုင္ပါတယ္။

၃။ Background ေဒတာမ်ားကို ကန႔္သတ္ထားပါ။

အခ်ိဳ႕ေသာ အပလီေကးရွင္းမ်ားသည္ ဖုန္းအသုံးမျပဳသည့္အခ်ိန္မ်ား၌ပင္ ေဒတာပမာဏ မ်ားစြာကို အသုံးျပဳေန လ်က္ရွိျခင္းေၾကာင့္ မိမိတို႔အသုံးမျပဳေတာ့သည့္ အပလီေကးရွင္းေဟာင္းမ်ားကို ဖုန္းအတြင္းမွ ဖ်က္ပစ္ရန္လိုအပ္ပါတယ္။

၄။ မိမိတို႔၏ အေကာင့္မ်ား တစ္ခုႏွင့္တစ္ခု ေဒတာမ်ား ထပ္တူကူးယူေနမႈ ရွိ/မရွိ သတိျပဳပါ။

အမ်ားအားျဖင့္ အပလီေကးရွင္းမ်ားႏွင့္ ဝန္ေဆာင္မႈအမ်ားစုမွာ ေဒတာမ်ား အားတစ္ခုမွ တစ္ခုသို႔ ထပ္တူကူးယူမႈ လုပ္ေဆာင္ခ်က္မွာ မိမိတို႔ အသုံးမျပဳေသာ္လည္း ကနဦးကတည္းကပင္ ပါဝင္ေလ့ရွိပါတယ္။

၅။ အြန္လိုင္းေၾကာ္ျငာ (Ads) မ်ားကို ေရွာင္ရွားပါ။

အြန္လိုင္းေၾကာ္ျငာမ်ားမွာ မိမိတို႔၏ အင္တာနက္ေဒတာအမ်ားအျပားကို ကုန္ဆုံးသြားႏိုင္ေစသည္ကို သတိျပဳမိရန္လို အပ္ပါတယ္။

၆။ ေပါ့ပါးၿပီး ေဒတာအသုံးျပဳမႈ နည္းေသာ Browser မ်ားကိုသုံးပါ။

ဖုန္းအတြင္း အလိုအေလ်ာက္ ပါဝင္သည့္ အင္တာနက္ရွာေဖြေရးဆိုက္ (Browser)မ်ားမွာ ေဒတာအသုံးျပဳမႈမ်ားျပားတတ္ျခင္းေၾကာင့္ ေဒတာအသုံးျပဳမႈ နည္းသည့္ Browser မ်ားကို ထည့္သြင္းအသုံးျပဳပါ။

၇။ အြန္လိုင္းမွ တိုက္႐ိုက္ၾကည့္ရႈမႈမ်ားအတြက္ သတိရွိပါ။

အြန္လိုင္းမွ ဗီဒီယိုမ်ား၊ သီခ်င္းမ်ားႏွင့္ အရည္အေသြးျမင့္ ဓာတ္ပုံမ်ား၊ အသံဖိုင္မ်ား တိုက္႐ိုက္ၾကည့္ရႈျခင္းျဖင့္ မိုဘိုင္းလ္ေဒတာ အမ်ားအျပားကို ကုန္ဆုံးသြားေစ ႏိုင္ေသာေၾကာင့္ ဖုန္းအတြင္းခံစားမႈ အရည္အေသြးကို ထိခိုက္ျခင္း မရွိသည့္ အရည္အေသြးေလွ်ာ့ခ်ထားသည့္ ဗီဒီယိုမ်ားကို တိုက္႐ိုက္ၾကည့္ရႈႏိုင္ပါတယ္။

၈။ ေဒတာမည္မွ် အသုံးျပဳမည္ကို ဖုန္းအတြင္း ကန႔္သတ္ သတ္မွတ္ထားပါ။

မိမိတို႔၏ဖုန္းမ်ားအတြင္း ေဒတာကို မည္မွ်သာ အသုံးျပဳမည္ျဖစ္ေၾကာင္း လြယ္လြယ္ကူကူ ကန႔္သတ္သတ္မွတ္ထားႏိုင္ၿပီး ၎က မက္ဂါဘိုက္မ်ား ပိုမိုသက္သာ သြားေစမွာျဖစ္ကာ အပိုအသုံးျပဳျခင္းမ်ားအတြက္ မတန္တဆ ေငြေပးေခ်ရျခင္းမ်ား ကေန သက္သာသြားေစႏိုင္မွာပါ။

၉။ ေဖ့စ္ဘုတ္ခ္တြင္ ဗီဒီယိုမ်ား အလိုအေလ်ာက္ျပသျခင္းစနစ္ကို ပိတ္ထားပါ။

ေဖ့စ္ဘုတ္ခ္၏စာမ်က္ႏွာကို ေအာက္သို႔ဆြဲလိုက္စဥ္ ဗြီဒီယိုမ်ားအသံႏွင့္တကြ အလိုအေလ်ာက္ ျပသေနျခင္းစနစ္မွာ ေဒတာမ်ား ကုန္ဆုံးျခင္းသာမက ႐ုတ္တရက္ စိတ္အေႏွာင့္အယွက္ ျဖစ္ေစႏိုင္ေသာေၾကာင့္ ၎စနစ္ကို ပိတ္ထားျခင္းျဖင့္ ေဒတာမ်ား ကုန္ဆုံးျခင္းကိုေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္။

၁၀။ ေဒတာပမာဏ သတ္မွတ္ေပးထားသည့္ ပက္ေက့ခ်္မ်ားကိုသုံးပါ။

ေဒတာပက္ေက့ခ်္မ်ားမွာ သုံးစြဲသူမ်ား၏ ဖုန္းဘီလ္ကို မ်ားစြာ သက္သာႏိုင္ေစသကဲ့သို႔ ေအာ္ပေရတာမ်ားအေနျဖင့္လည္း သုံးစြဲသူအမ်ိဳးမ်ိဳးအေပၚ မူတည္၍ သင့္ေလ်ာ္မည့္ ေဒတာပက္ေက့ခ်္ အမ်ိဳးအစားမ်ားစြာကို ေဆာင္႐ြက္ေပးလ်က္ ရွိပါသည္။ အဆိုပါ ပက္ေက့ခ်္မ်ားမွာ သုံးသေလာက္ေပး စနစ္ထက္ ကုန္က်စရိတ္မ်ားစြာသက္သာေစႏိုင္ၿပီး မိမိတို႔၏ ကုန္က်မႈမ်ားကို ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအတြင္းရွိ မိုဘိုင္းလ္သုံးစြဲသူမ်ား အားလုံးအေနျဖင့္ မိမိတို႔၏ စမတ္ဖုန္း setting မ်ားကို ျပန္လည္စစ္ေဆးရန္ႏွင့္ အင္တာနက္ကြန္ရက္ခ်ိတ္ဆက္ထားစဥ္ ေဒတာအသုံးျပဳမႈနဲ႔ ပတ္သက္ၿပီး သတ္မွတ္တိုင္းထြာသည့္ အေလ့အက်င့္မ်ိဳး ထားရွိတတ္ေစရန္ ေအာ္ပေရတာ အားလုံးက တိုက္တြန္းလိုက္ပါတယ္။

ဖုန္းဘီလ္ျဖတ္ေတာက္မႈမ်ား၊ လက္က်န္ေငြပမာဏကိစၥမ်ား၊ ေဒတာအသုံးျပဳမႈေတြနဲ႔ပတ္သက္ၿပီး ထပ္မံသိရွိလိုရင္ သက္ဆိုင္ရာ ေအာ္ပေရတာ အသီးသီးရဲ႕ တရားဝင္ ေဖ့စ္ဘုတ္ခ္စာမ်က္ႏွာမ်ား ဒါမွမဟုတ္ ဝက္ဘ္ဆိုက္ေတြနဲ႔ Call Center ေတြကို ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း သိရပါတယ္။

Author – တုံတုံ

Credit – Kumudra

https://www.kumudranews.com/news-31043

(Unicode)

အင်တာနက်မသုံးဘဲ ငွေဖြတ်ခံနေရပါသလား၊ မဖြစ်အောင် ဒါတွေလုပ်ပါ။

ဖုန်းအတွင်းရှိ အပလီကေးရှင်းများကို အလိုအလျောက် update ပြုလုပ်ခြင်းများ ဖြစ်တတ်ပြီး ဖုန်းအတွင်းမှ ဒေတာပမာဏများစွာကို အသုံးပြုလိုက်နိုင်ပါတယ်။

မိုဘိုင်းလ်ဖုန်းအသုံးပြုသူတွေ အင်တာနက် ဘယ်လိုသုံးလိုက်တယ်။ အင်တာနက်အသုံးပြုမှု နှုန်းထားကို တိကျစွာ သိရှိဖို့အပြင် အင်တာနက် သုံးစွဲချိန်တိုင်းမှာ သတ်မှတ်ထားတဲ့ အင်တာနက်အသုံးပြုမှု ပမာဏများအတွင်းမှ ဒေတာများ လျော့နည်းသွားခြင်း သို့မဟုတ် အသုံးမပြုပေမဲ့ ဖုန်းဘီလ်တွေ ဖြတ်တောက်ခံရခြင်းတွေက ကင်းဝေးနိုင်စေဖို့မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေကို အသိပညာပေး မြှင့်တင်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

သည်အစီအစဉ်ကို မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာတွေဖြစ်တဲ့ MPT, Ooredoo, Telenor နဲ့ MyTel တို့ပူးပေါင်းပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ အင်တာနက် ချိတ်ဆက်အသုံးပြုရာတွင် မလိုလားအပ်ဘဲ ဒေတာများ ကုန်ဆုံးခြင်းမှ လျှော့ချနိုင်စေရေး နည်းလမ်း(၁၀) ချက်

၁။ အလိုအလျောက် update ပြုလုပ်ခြင်းကို ပိတ်ထားပါ။

ဖုန်းအတွင်းမှ အလိုအလျောက် update ပြုလုပ်ခြင်းကို ပိတ်ထားရန် လိုအပ်ပြီး ၎င်းက သင့်ဖုန်းအတွင်းမှ ဒေတာတွေကို သင်သတ်မှတ်ထားသကဲ့သို့ မဟုတ်ဘဲ လိုအပ်သည်ထက်ပို၍ အသုံးပြုလိုက်နိုင်သည်ကို သတိပြုပါ။

၂။ အပလီကေးရှင်းများကို WiFi ဖြင့်သာ update လုပ်ပါ။

များစွာသော မိုဘိုင်းလ်အသုံးပြုသူများက ၎င်းတို့ရဲ့ အပလီကေးရှင်းများကို မိုဘိုင်းလ်ဖုန်းဒေတာဖြင့် update ပြု လုပ်ရန်အဆင်ပြေသော်လည်း ထိုသို့ပြုလုပ်ခြင်းက ဖုန်းအတွင်းရှိ အပလီကေးရှင်းများကို အလိုအလျောက် update ပြုလုပ်ခြင်းများဖြစ်တတ်ပြီး ဖုန်းအတွင်းမှ ဒေတာပမာဏများစွာကို အသုံးပြုလိုက်နိုင်ပါတယ်။

၃။ Background ဒေတာများကို ကန့်သတ်ထားပါ။

အချို့သော အပလီကေးရှင်းများသည် ဖုန်းအသုံးမပြုသည့်အချိန်များ၌ပင် ဒေတာပမာဏ များစွာကို အသုံးပြုနေ လျက်ရှိခြင်းကြောင့် မိမိတို့အသုံးမပြုတော့သည့် အပလီကေးရှင်းဟောင်းများကို ဖုန်းအတွင်းမှ ဖျက်ပစ်ရန်လိုအပ်ပါတယ်။

၄။ မိမိတို့၏ အကောင့်များ တစ်ခုနှင့်တစ်ခု ဒေတာများ ထပ်တူကူးယူနေမှု ရှိ/မရှိ သတိပြုပါ။

အများအားဖြင့် အပလီကေးရှင်းများနှင့် ဝန်ဆောင်မှုအများစုမှာ ဒေတာများ အားတစ်ခုမှ တစ်ခုသို့ ထပ်တူကူးယူမှု လုပ်ဆောင်ချက်မှာ မိမိတို့ အသုံးမပြုသော်လည်း ကနဦးကတည်းကပင် ပါဝင်လေ့ရှိပါတယ်။

၅။ အွန်လိုင်းကြော်ငြာ (Ads) များကို ရှောင်ရှားပါ။

အွန်လိုင်းကြော်ငြာများမှာ မိမိတို့၏ အင်တာနက်ဒေတာအများအပြားကို ကုန်ဆုံးသွားနိုင်စေသည်ကို သတိပြုမိရန်လို အပ်ပါတယ်။

၆။ ပေါ့ပါးပြီး ဒေတာအသုံးပြုမှု နည်းသော Browser များကိုသုံးပါ။

ဖုန်းအတွင်း အလိုအလျောက် ပါဝင်သည့် အင်တာနက်ရှာဖွေရေးဆိုက် (Browser)များမှာ ဒေတာအသုံးပြုမှုများပြားတတ်ခြင်းကြောင့် ဒေတာအသုံးပြုမှု နည်းသည့် Browser များကို ထည့်သွင်းအသုံးပြုပါ။

၇။ အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုမှုများအတွက် သတိရှိပါ။

အွန်လိုင်းမှ ဗီဒီယိုများ၊ သီချင်းများနှင့် အရည်အသွေးမြင့်ဓာတ်ပုံများ၊ အသံဖိုင်များ တိုက်ရိုက်ကြည့်ရှုခြင်းဖြင့် မိုဘိုင်းလ်ဒေတာ အများအပြားကို ကုန်ဆုံးသွားစေ နိုင်သောကြောင့် ဖုန်းအတွင်းခံစားမှု အရည်အသွေးကို ထိခိုက်ခြင်း မရှိသည့် အရည်အသွေးလျှော့ချထားသည့် ဗီဒီယိုများကို တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။

၈။ ဒေတာမည်မျှ အသုံးပြုမည်ကို ဖုန်းအတွင်း ကန့်သတ် သတ်မှတ်ထားပါ။

မိမိတို့၏ဖုန်းများအတွင်း ဒေတာကို မည်မျှသာ အသုံးပြုမည်ဖြစ်ကြောင်း လွယ်လွယ်ကူကူ ကန့်သတ်သတ်မှတ်ထားနိုင်ပြီး ၎င်းက မက်ဂါဘိုက်များ ပိုမိုသက်သာ သွားစေမှာဖြစ်ကာ အပိုအသုံးပြုခြင်းများအတွက် မတန်တဆ ငွေပေးချေရခြင်းများ ကနေ သက်သာသွားစေနိုင်မှာပါ။

၉။ ဖေ့စ်ဘုတ်ခ်တွင် ဗီဒီယိုများ အလိုအလျောက်ပြသခြင်းစနစ်ကို ပိတ်ထားပါ။

ဖေ့စ်ဘုတ်ခ်၏စာမျက်နှာကို အောက်သို့ဆွဲလိုက်စဉ် ဗွီဒီယိုများအသံနှင့်တကွ အလိုအလျောက် ပြသနေခြင်းစနစ်မှာ ဒေတာများ ကုန်ဆုံးခြင်းသာမက ရုတ်တရက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သောကြောင့် ၎င်းစနစ်ကို ပိတ်ထားခြင်းဖြင့် ဒေတာများ ကုန်ဆုံးခြင်းကိုလျှော့ချနိုင်မှာ ဖြစ်ပါတယ်။

၁၀။ ဒေတာပမာဏ သတ်မှတ်ပေးထားသည့် ပက်ကေ့ချ်များကိုသုံးပါ။

ဒေတာပက်ကေ့ချ်များမှာ သုံးစွဲသူများ၏ ဖုန်းဘီလ်ကို များစွာ သက်သာနိုင်စေသကဲ့သို့ အော်ပရေတာများအနေဖြင့်လည်း သုံးစွဲသူအမျိုးမျိုးအပေါ် မူတည်၍ သင့်လျော်မည့် ဒေတာပက်ကေ့ချ် အမျိုးအစားများစွာကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ အဆိုပါ ပက်ကေ့ချ်များမှာ သုံးသလောက်ပေး စနစ်ထက် ကုန်ကျစရိတ်များစွာသက်သာစေနိုင်ပြီး မိမိတို့၏ ကုန်ကျမှုများကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းလ်သုံးစွဲသူများ အားလုံးအနေဖြင့် မိမိတို့၏ စမတ်ဖုန်း setting များကို ပြန်လည်စစ်ဆေးရန်နှင့် အင်တာနက်ကွန်ရက်ချိတ်ဆက်ထားစဉ် ဒေတာအသုံးပြုမှုနဲ့ ပတ်သက်ပြီး သတ်မှတ်တိုင်းထွာသည့် အလေ့အကျင့်မျိုး ထားရှိတတ်စေရန် အော်ပရေတာ အားလုံးက တိုက်တွန်းလိုက်ပါတယ်။

ဖုန်းဘီလ်ဖြတ်တောက်မှုများ၊ လက်ကျန်ငွေပမာဏကိစ္စများ၊ ဒေတာအသုံးပြုမှုတွေနဲ့ပတ်သက်ပြီး ထပ်မံသိရှိလိုရင် သက်ဆိုင်ရာ အော်ပရေတာ အသီးသီးရဲ့ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာများ ဒါမှမဟုတ် ဝက်ဘ်ဆိုက်တွေနဲ့ Call Center တွေကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။

Author – တုံတုံ

Credit – Kumudra

https://www.kumudranews.com/news-31043

Leave a Reply

Your email address will not be published. Required fields are marked *