သတင္း

တန္ဖိုးရွိေသာ မန္က်ည္းပင္ အစြမ္းမ်ား

(Zawgyi)
“တန္ဖိုးရွိေသာ မန္က်ည္းပင္ အစြမ္းမ်ား”

မန္က်ည္းပင္ကို လူတိုင္းသိၾကပါတယ္။ မန္က်ည္းပင္သည္ လြန္စြာမွခိုင္ခံ့လွသည့္အတြက္ ‘မန္က်ည္းတစ္ညိဳ၊ လူတစ္ကိုယ္’ ဟု ဆိုစမွတ္ရွိခဲ့ၾကပါသည္။ မန္က်ည္း႐ြက္ႏုႏုကေလးမ်ားမွာ လူတို႔အတြက္ ထမင္းၿမိန္စရာ အာဟာရ ျဖစ္သကဲ့သို႔ မန္က်ည္းသီးစိမ္း၊ မန္က်ည္းသီးမွည့္တို႔မွာလည္း အိမ္ရွင္မမ်ား လက္စြဲျဖစ္ပါသည္။


မန္က်ည္းဆိုရာ၌ မန္က်ည္းအျဖဴပင္ႏွင့္ မန္က်ည္းပနီပင္ဟူ၍ ရွိၾကေလရာ မန္က်ည္းပနီပင္မွာ လူတို႔အတြက္မ်ားစြာ ေဆးဖက္ဝင္လွပါသည္။ မန္က်ည္းပင္ကို မည္ကဲ့သို႔ ေဆးဝါးအျဖစ္ အသုံးျပဳႏိုင္သနည္း။ နည္းသိလွ်င္ မခက္ပါ။ ပမာအားျဖင့္ ဆီးေရာဂါ ေဝဒနာႏွင့္ ပတ္သက္၍ မန္က်ည္းပင္ကို ခ်န္လွပ္၍ မရစေကာင္းပါ။

(၁) ဆီးလြန္ေဝဒနာ ခံစားေနရသူမ်ားအဖို႔ –

မန္က်ည္းေခါက္ ႐ုကၡမူဆားေ႐ြးႀကီးခန႔္ကို အုန္းစိမ္းရည္ႏွင့္ တစ္ခြက္စာျပဳ၍ ေသာက္သုံးပါ။ တစ္ေန႔လွ်င္ သုံးႀကိမ္ေသာက္သုံးေပးပါက ဆီးလြန္ေဝဒနာမွ သက္သာေပ်ာက္ကင္းေစပါသည္။

(၂) ဆီးပူ၍မၾကာခဏဆီးသြားေနရသူမ်ားအဖို႔ –

မန္က်ည္း႐ြက္သတၱဳရည္ ေဆးတစ္ခြက္စာအျဖစ္ ဟင္းစားစတီးဇြန္းျဖင့္ နံနက္တစ္ႀကိမ္၊ ေန႔လည္တစ္ႀကိမ္၊ ညတစ္ႀကိမ္ ေသာက္သုံးေပးျခင္းျဖင့္ ဆီးပူ၍ မၾကာခဏ ဆီးသြားေနရျခင္းမွ သက္သာေပ်ာက္ကင္းေစပါသည္။

(၃) ဆီးလြန္ေဝဒနာရွိသူမ်ားအဖို႔ –

မန္က်ည္းေစ့အတြင္းမွ အဆန္ ႏွစ္ေစ့ခန႔္ကို အမႈန႔္ျပဳၿပီး ေဆးတစ္ခြက္စာအျဖစ္ ႏြားႏို႔ပ်စ္ပ်စ္ႏွင့္ ေဖ်ာ္ေသာက္ေပးပါက ဆီးလြန္ေဝဒနာမွ သက္သာေပ်ာက္ကင္းသြားပါလိမ့္မည္။

(၄) မ်က္စိေဝဒနာ ခံစားေနရသူမ်ားအဖို႔ –

မန္က်ည္းပနီေခါက္အား ေက်ာက္ျပင္၌ ဆားအနည္းငယ္ျဖင့္ ေသြး၍ မ်က္ခြံတစ္ဝိုက္ လိမ္းေပးပါက သက္သာေပ်ာက္ကင္းမည္ ျဖစ္ပါေၾကာင္း။

Credit – သုေတသီဆရာၿငိမ္း

(အိမ္တြင္းေဆးၿမီးတိုမ်ားစုစည္းမႈ႕)

” တန္ဖိုးရွိေသာ မန္က်ည္းပင္အစြမ္း ”

အာနိသင္—

ျမန္မာ ေဆးက်မ္းမ်ား အလိုအရ မန္က်ည္းပင္သည္ ပူ၏၊ ခ်ဥ္၏၊ သည္းေျခကို ျဖစ္ေစတတ္၏၊ သလိပ္ကို ပြားေစ၏၊ ေလကို ႏိုင္၏။ အ႐ြက္သည္ ေရာင္တင္ ျခင္း၊ ေသြးေဖာက္ျပန္ျခင္း၊ နားေရာဂါ၊ မ်က္စိေရာဂါ၊ ေႁမြဆိပ္သင့္ျခင္း တို႔ကို ႏိုင္၏။ အသီးစိမ္းသည္ ခ်ဥ္၏၊ ခ်ိဳ၏။ ပူ၏။ သည္းေျခႏွင့္ သလိပ္ကို ျဖစ္ေစ၏။ အသီးမွည့္သည္ ပူ၏၊ ဝမ္းမီးကို ေတာက္ေစ၏၊ အနည္းငယ္ ဝမ္းသက္ေစ၍ သလိပ္ႏွင့္ ေလကို ႏိုင္၏။

အသုံးျပဳပုံ—-

(ပၪၥငါးပါး)

၁။ မန္က်ည္း ပၪၥငါးပါးကို ျပာခ် ဆားခ်က္ၿပီး ညနံနက္ အနည္းငယ္မွ်စီ ေသာက္ေပးပါက ေသြးလုံး ေလလုံး ေပ်ာက္၏။

အေခါက္ —–

၁။ အေခါက္ကို ေညာင္းက် ေရာဂါ၊ ဆီးႏွင့္ စပ္လ်ဥ္းေသာ ေရာဂါ၊ ေသြးျမင္း သ႐ိုက္ ေရာဂါ၊ ကိုယ္ေရဝါ ေရာဂါႏွင့္ ဝမ္းဗိုက္ေအာင့္ နာက်င္ျခင္း ေရာဂါမ်ားတြင္ သုံး၏။

၂။ အေခါက္ကို အေပြးႏွင့္တကြ ျပာခ်ၿပီး အစာစားၿပီးေနာက္ ေရႏွင့္ ေရာေသာက္ေသာ္ ေလခ်ဥ္တက္ျခင္း အန္ျခင္း ေပ်ာက္၏။

၃။ အေခါက္ျပာကို ပ်ားရည္ႏွင့္ ေဖ်ာ္လ်က္ေသာ္ ဝမ္းဗိုက္ ထိုးေအာင့္ နာက်င္ျခင္း ေပ်ာက္၏။

၄။ အေပြးကို ကြၽမ္းေအာင္ ဖုတ္၍ အမႈန႔္ ျပဳၿပီး ေရေႏြးႏွင့္ ေသာက္က အစာမေၾကေရာဂါ ေပ်ာက္၏။

၅။ အေခါက္ကို ေရႏွင့္ ေသြး၍ မ်က္စိနာ၊ အနာဖုမ်ား၊ အဆိပ္ရွိ သတၱဝါမ်ား ကိုက္ေသာ ဒဏ္ရာမ်ားကို လိမ္းေပးက ေပ်ာက္၏။

အ႐ြက္ —-

၁။ အ႐ြက္ရည္ကို ႏွမ္းဆီႏွင့္ ေရာခ်က္၍ နားတြင္ အနည္းငယ္ ခတ္ေပးေသာ္ နားကိုက္ နားနာ ေပ်ာက္၏။

၂။အ႐ြက္ႀကိတ္ညႇစ္ရည္ကို နံနက္ ည ေႂကြဇြန္းႀကီး တစ္ဇြန္းက် ေသာက္ေသာ္ ဆီးပူျခင္း ေပ်ာက္၏။

၃။ အပူလြန္၍ ယားယံျခင္းအတြက္ မန္က်ည္း႐ြက္ ႀကိတ္ညႇစ္ရည္ကို လိမ္းေပးက ေပ်ာက္၏။

၄။ မန္က်ည္း႐ြက္ ညႇစ္ရည္သည္ တစ္ဆ၊ သိေႏၶာဆားႏွစ္ဆ ေရာ၍ ေသာက္ပါက ေႁမြဆိပ္ေျပေစ၏။

၅။ မန္က်ည္း႐ြက္ႏွင့္ ကလိန္ေစ့ ေရာစားပါက ေခြၽးထြက္ လြန္ျခင္း၊ ေခြၽးနံ႔ မေကာင္းျခင္း ေပ်ာက္၏။

အသီး —

၁။ မန္က်ည္းသီး အႏွစ္အား ဝမ္းႏုတ္ေဆး၊ အားေဆးႏွင့္ ခံတြင္းေကာင္းေဆး ေဖာ္စပ္ရာတြင္ သုံး၏။

၂။ မန္က်ည္းသီးအေဟာင္း၊ ဒိန္ခ်ဥ္ရည္ စိမ္ထားေသာ ၾကက္သြန္ျဖဴႏွင့္ ေခ်းသီးတို႔ကို အမွ်စု ႀကိတ္ၿပီး ေ႐ြးလုံးမွ် လုံး၍ အရိပ္တြင္ အေျခာက္လွန္းကာ ၁၅ မိနစ္ တစ္ႀကိမ္ တစ္လုံးက် ၾကက္သြန္ျဖဴရည္ လက္ဖက္ရည္ ဇြန္းငယ္ တစ္ဇြန္းႏွင့္ ေဖ်ာ္ေသာက္က ကာလဝမ္းေရာဂါ ေပ်ာက္၏။

၃။ မန္က်ည္းသီး မွည့္ကို ထန္းလ်က္ ၊ ဆားတို႔ႏွင့္ ေဖ်ာ္ရည္စိမ္ ၍ ေသာက္ေသာ္ ကိုယ္တြင္း ေအး၏၊ အားကို ျဖစ္ေစသည္။

၄။ မ်က္နာအလွ အိမ္တြင္းေပါင္းတင္ျခင္းႏွင့္ မွည့္ေျခာက္ တင္းတိတ္တိုအတြက္ မန္က်ည္းမွည့္အႏွစ္ကို အသုံးျပဳေပ်ာက္ကင္းေစသည္။

အေစ့ —

၁။ မန္က်ည္းေစ့ကို ေရ၌ တစ္ညစိမ္၍ နံနက္၌ အေစ့ဆံ ထုတ္ၿပီး ႏြားႏို႔ႏွင့္ ႀကိတ္ေသာက္က မီးယပ္ျဖဴဆင္းျခင္း၊ ဆီးလြန္ျခင္း ေပ်ာက္၏။

၂။ မန္က်ည္းေစ့ဆံကို ေသြးေသာက္ေသာ္ ဝမ္းသြားျခင္း၊ ဝမ္းကိုက္ျခင္း ေပ်ာက္၏။

၃။ အေစ့ဆံကို ေသြး၍ ကင္းကိုက္ေသာ ဒဏ္ရာသို႔ လိမ္းေပးေသာ္ ကင္းဆိပ္ေျပ၏။

၄။ မန္က်ည္းေစ့ ရင့္ရင့္ အခြံ၊ ဇီယာ၊ သၾကားခဲတို႔ကို အမႈန႔္ ျပဳ၍ ေသာက္က အရိအ႐ြဲ သလိပ္စ၊ ေသြးစမ်ားပါ၍ နာက်င္စြာ သြားေသာ ဝမ္းေရာဂါ ေပ်ာက္၏။

(ျမန္မာ့ေဆးက်မ္းမွ စုစည္းထားပါသည္။)

Credit – စိုင္း မင္း သန႔္

(Unicode)
“တန်ဖိုးရှိသော မန်ကျည်းပင် အစွမ်းများ”

မန်ကျည်းပင်ကို လူတိုင်းသိကြပါတယ်။ မန်ကျည်းပင်သည် လွန်စွာမှခိုင်ခံ့လှသည့်အတွက် ‘မန်ကျည်းတစ်ညို၊ လူတစ်ကိုယ်’ ဟု ဆိုစမှတ်ရှိခဲ့ကြပါသည်။ မန်ကျည်းရွက်နုနုကလေးများမှာ လူတို့အတွက် ထမင်းမြိန်စရာ အာဟာရ ဖြစ်သကဲ့သို့ မန်ကျည်းသီးစိမ်း၊ မန်ကျည်းသီးမှည့်တို့မှာလည်း အိမ်ရှင်မများ လက်စွဲဖြစ်ပါသည်။

မန်ကျည်းဆိုရာ၌ မန်ကျည်းအဖြူပင်နှင့် မန်ကျည်းပနီပင်ဟူ၍ ရှိကြလေရာ မန်ကျည်းပနီပင်မှာ လူတို့အတွက်များစွာ ဆေးဖက်ဝင်လှပါသည်။ မန်ကျည်းပင်ကို မည်ကဲ့သို့ ဆေးဝါးအဖြစ် အသုံးပြုနိုင်သနည်း။ နည်းသိလျှင် မခက်ပါ။ ပမာအားဖြင့် ဆီးရောဂါ ဝေဒနာနှင့် ပတ်သက်၍ မန်ကျည်းပင်ကို ချန်လှပ်၍ မရစကောင်းပါ။

(၁) ဆီးလွန်ဝေဒနာ ခံစားနေရသူများအဖို့ –

မန်ကျည်းခေါက် ရုက္ခမူဆားရွေးကြီးခန့်ကို အုန်းစိမ်းရည်နှင့် တစ်ခွက်စာပြု၍ သောက်သုံးပါ။ တစ်နေ့လျှင် သုံးကြိမ်သောက်သုံးပေးပါက ဆီးလွန်ဝေဒနာမှ သက်သာပျောက်ကင်းစေပါသည်။

(၂) ဆီးပူ၍မကြာခဏဆီးသွားနေရသူများအဖို့ –

မန်ကျည်းရွက်သတ္တုရည် ဆေးတစ်ခွက်စာအဖြစ် ဟင်းစားစတီးဇွန်းဖြင့် နံနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်သုံးပေးခြင်းဖြင့် ဆီးပူ၍ မကြာခဏ ဆီးသွားနေရခြင်းမှ သက်သာပျောက်ကင်းစေပါသည်။

(၃) ဆီးလွန်ဝေဒနာရှိသူများအဖို့ –

မန်ကျည်းစေ့အတွင်းမှ အဆန် နှစ်စေ့ခန့်ကို အမှုန့်ပြုပြီး ဆေးတစ်ခွက်စာအဖြစ် နွားနို့ပျစ်ပျစ်နှင့် ဖျော်သောက်ပေးပါက ဆီးလွန်ဝေဒနာမှ သက်သာပျောက်ကင်းသွားပါလိမ့်မည်။

(၄) မျက်စိဝေဒနာ ခံစားနေရသူများအဖို့ –

မန်ကျည်းပနီခေါက်အား ကျောက်ပြင်၌ ဆားအနည်းငယ်ဖြင့် သွေး၍ မျက်ခွံတစ်ဝိုက် လိမ်းပေးပါက သက်သာပျောက်ကင်းမည် ဖြစ်ပါကြောင်း။

Credit – သုတေသီဆရာငြိမ်း

(အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့)

” တန်ဖိုးရှိသော မန်ကျည်းပင်အစွမ်း ”

အာနိသင်—

မြန်မာ ဆေးကျမ်းများ အလိုအရ မန်ကျည်းပင်သည် ပူ၏၊ ချဉ်၏၊ သည်းခြေကို ဖြစ်စေတတ်၏၊ သလိပ်ကို ပွားစေ၏၊ လေကို နိုင်၏။ အရွက်သည် ရောင်တင် ခြင်း၊ သွေးဖောက်ပြန်ခြင်း၊ နားရောဂါ၊ မျက်စိရောဂါ၊ မြွေဆိပ်သင့်ခြင်း တို့ကို နိုင်၏။ အသီးစိမ်းသည် ချဉ်၏၊ ချို၏။ ပူ၏။ သည်းခြေနှင့် သလိပ်ကို ဖြစ်စေ၏။ အသီးမှည့်သည် ပူ၏၊ ဝမ်းမီးကို တောက်စေ၏၊ အနည်းငယ် ဝမ်းသက်စေ၍ သလိပ်နှင့် လေကို နိုင်၏။

အသုံးပြုပုံ—-

(ပဉ္စငါးပါး)

၁။ မန်ကျည်း ပဉ္စငါးပါးကို ပြာချ ဆားချက်ပြီး ညနံနက် အနည်းငယ်မျှစီ သောက်ပေးပါက သွေးလုံး လေလုံး ပျောက်၏။

အခေါက် —–

၁။ အခေါက်ကို ညောင်းကျ ရောဂါ၊ ဆီးနှင့် စပ်လျဉ်းသော ရောဂါ၊ သွေးမြင်း သရိုက် ရောဂါ၊ ကိုယ်ရေဝါ ရောဂါနှင့် ဝမ်းဗိုက်အောင့် နာကျင်ခြင်း ရောဂါများတွင် သုံး၏။

၂။ အခေါက်ကို အပွေးနှင့်တကွ ပြာချပြီး အစာစားပြီးနောက် ရေနှင့် ရောသောက်သော် လေချဉ်တက်ခြင်း အန်ခြင်း ပျောက်၏။

၃။ အခေါက်ပြာကို ပျားရည်နှင့် ဖျော်လျက်သော် ဝမ်းဗိုက် ထိုးအောင့် နာကျင်ခြင်း ပျောက်၏။

၄။ အပွေးကို ကျွမ်းအောင် ဖုတ်၍ အမှုန့် ပြုပြီး ရေနွေးနှင့် သောက်က အစာမကြေရောဂါ ပျောက်၏။

၅။ အခေါက်ကို ရေနှင့် သွေး၍ မျက်စိနာ၊ အနာဖုများ၊ အဆိပ်ရှိ သတ္တဝါများ ကိုက်သော ဒဏ်ရာများကို လိမ်းပေးက ပျောက်၏။

အရွက် —-

၁။ အရွက်ရည်ကို နှမ်းဆီနှင့် ရောချက်၍ နားတွင် အနည်းငယ် ခတ်ပေးသော် နားကိုက် နားနာ ပျောက်၏။

၂။အရွက်ကြိတ်ညှစ်ရည်ကို နံနက် ည ကြွေဇွန်းကြီး တစ်ဇွန်းကျ သောက်သော် ဆီးပူခြင်း ပျောက်၏။

၃။ အပူလွန်၍ ယားယံခြင်းအတွက် မန်ကျည်းရွက် ကြိတ်ညှစ်ရည်ကို လိမ်းပေးက ပျောက်၏။

၄။ မန်ကျည်းရွက် ညှစ်ရည်သည် တစ်ဆ၊ သိန္ဓောဆားနှစ်ဆ ရော၍ သောက်ပါက မြွေဆိပ်ပြေစေ၏။

၅။ မန်ကျည်းရွက်နှင့် ကလိန်စေ့ ရောစားပါက ချွေးထွက် လွန်ခြင်း၊ ချွေးနံ့ မကောင်းခြင်း ပျောက်၏။

အသီး —

၁။ မန်ကျည်းသီး အနှစ်အား ဝမ်းနုတ်ဆေး၊ အားဆေးနှင့် ခံတွင်းကောင်းဆေး ဖော်စပ်ရာတွင် သုံး၏။

၂။ မန်ကျည်းသီးအဟောင်း၊ ဒိန်ချဉ်ရည် စိမ်ထားသော ကြက်သွန်ဖြူနှင့် ချေးသီးတို့ကို အမျှစု ကြိတ်ပြီး ရွေးလုံးမျှ လုံး၍ အရိပ်တွင် အခြောက်လှန်းကာ ၁၅ မိနစ် တစ်ကြိမ် တစ်လုံးကျ ကြက်သွန်ဖြူရည် လက်ဖက်ရည် ဇွန်းငယ် တစ်ဇွန်းနှင့် ဖျော်သောက်က ကာလဝမ်းရောဂါ ပျောက်၏။

၃။ မန်ကျည်းသီး မှည့်ကို ထန်းလျက် ၊ ဆားတို့နှင့် ဖျော်ရည်စိမ် ၍ သောက်သော် ကိုယ်တွင်း အေး၏၊ အားကို ဖြစ်စေသည်။

၄။ မျက်နာအလှ အိမ်တွင်းပေါင်းတင်ခြင်းနှင့် မှည့်ခြောက် တင်းတိတ်တိုအတွက် မန်ကျည်းမှည့်အနှစ်ကို အသုံးပြုပျောက်ကင်းစေသည်။

အစေ့ —

၁။ မန်ကျည်းစေ့ကို ရေ၌ တစ်ညစိမ်၍ နံနက်၌ အစေ့ဆံ ထုတ်ပြီး နွားနို့နှင့် ကြိတ်သောက်က မီးယပ်ဖြူဆင်းခြင်း၊ ဆီးလွန်ခြင်း ပျောက်၏။

၂။ မန်ကျည်းစေ့ဆံကို သွေးသောက်သော် ဝမ်းသွားခြင်း၊ ဝမ်းကိုက်ခြင်း ပျောက်၏။

၃။ အစေ့ဆံကို သွေး၍ ကင်းကိုက်သော ဒဏ်ရာသို့ လိမ်းပေးသော် ကင်းဆိပ်ပြေ၏။

၄။ မန်ကျည်းစေ့ ရင့်ရင့် အခွံ၊ ဇီယာ၊ သကြားခဲတို့ကို အမှုန့် ပြု၍ သောက်က အရိအရွဲ သလိပ်စ၊ သွေးစများပါ၍ နာကျင်စွာ သွားသော ဝမ်းရောဂါ ပျောက်၏။

(မြန်မာ့ဆေးကျမ်းမှ စုစည်းထားပါသည်။)

Credit – စိုင်း မင်း သန့်

Leave a Reply

Your email address will not be published. Required fields are marked *