သတင္း

တန္ေဆာင္မုန္းလျပည့္ေန႔ (ေဆးေပါင္းခတဲ့ည)မွာ ေဆးဖက္ဝင္သည့္ မယ္ဇလီဖူးသုပ္ဆိုတာ ဒီလုိသုပ္ရတာပါ။

(Zawgyi)
တန္ေဆာင္မုန္းလျပည့္ေန႔ (ေဆးေပါင္းခတဲ့ည)မွာ ေဆးဖက္ဝင္သည့္ မယ္ဇလီဖူးသုပ္နည္းေလးမ်ား

” မယ္ဇလီဖူး သုပ္နည္း”

-ပထမ နည္း-

မယ္ဇလီဖူးကို မက်ည္းသီးနည္းနည္းေလးထည့္ၿပီး ျပဳတ္ေပးပါ။ ေရဆူလာၿပီဆိုရင္ ဆယ္လိုက္ၿပီး ေနာက္ထပ္ ေရအသစ္ထည့္ ျပဳတ္ ၂ ေခါက္ေလာက္ လုပ္ေပးပါ။ က်က္ၿပီဆိုရင္ ျပန္ဆယ္ ေရညႇစ္ၿပီး ဆုံမွာထည့္ေထာင္းေပးပါ။ ၾကက္သြန္နီ ပါးပါးလွီးၿပီး ဆႏြင္းမႈန႔္ နည္းနည္းနဲ႔ ဆီခ်က္ထားပါ။ ၾကက္သြန္ျဖဴ ပါးပါးလွီးထားပါ။ ခရမ္းခ်ဥ္သီးကို ပါးပါးလွီးထားပါ။ ေျမပဲေလွာ္၊ ႏွမ္းေလွာ္ ေထာင္းထားပါ။

သုပ္မယ့္ ပန္းကန္ျပားထဲမွာ ေထာင္းထားတဲ့ မယ္ဇလီဖူး၊ ခရမ္းခ်ဥ္သီး၊ ဆီက်က္၊ ေျမပဲႏွမ္းေထာင္းေလးနဲ႔ ပုစြန္ေျခာက္မႈန႔္ကို ထည့္ၿပီး ငံျပာရည္နည္းနည္း အရသာမႈန႔္နည္းနည္းထည့္ ေရာနယ္ေပးပါ။ နည္းနည္းစပ္စပ္ေလ းစားခ်င္ရင္ေတာ့ င႐ုတ္သီးစိမ္းေလးကို ပါးပါးေလး လွီးထည့္ေပးလိုက္ပါ။ တခ်ိဳ႕က ခရမ္းခ်ဥ္သီး၊ ၾကက္သြန္ျဖဴနဲ႔ င႐ုတ္သီးစိမ္းကို မထည့္တတ္ပါဘူးခင္ဗ်ာ။ ဟုတ္ကဲ့ ေဆးေပါင္းခမယ့္ ညအတြက္ ေဆးဖက္ဝင္ေစမယ့္ ခါးဆိမ့္ဆိမ့္အရသာရွိတဲ့ မယ္ဇလီဖူးသုပ္ေလးကို ရပါၿပီ။

-ဒုတိယနည္း-

မယ္ဇလီဖူး – 100 g၊ ၾကက္သြန္နီတစ္လုံးကို ပါးပါးလွီးၿပီး ေရစိမ္ထားပါ။ ဆား၊ အရသာမႈန္.- ငံျပာရည္- အနည္းငယ္စီ၊

ၾကက္သြန္ျဖဴ၊ နီ ဆီခ်က္- ထမင္းစာဇြန္း ၂ ဇြန္း၊

ပုဇြန္ေျခာက္ေထာင္း – ထမင္းစာဇြန္း ၁ ဇြန္း၊

ေျမပဲေလွာ္ေထာင္း ထမင္းစာဇြန္း ၂ ဇြန္း၊

ႏွမ္းေလွာ္.. ထမင္းစာဇြန္း ၁ ဇြန္း၊

သံပုရာသီးတျခမ္း၊

မက်ည္းမွည့္ – ထမင္းစာဇြန္း ၁ ဇြန္း၊

မယ္ဇလီဖူးကို ေရေဆးၿပီး ႐ိုးတံႏွင့္ အရင့္ေတြ ဖယ္ၿပီး ျပဳတ္ပါ။ ၁၀ မိနစ္ ေလာက္ျပဳတ္ၿပီး ေရသြန္ၿပီး ေရသစ္လဲ၍ မန္က်ဥ္းမွည့္ထည့္။ ၁၀ မိနစ္ ထပ္ျပဳတ္ၿပီး ေရစစ္ကာ မညက္တညက္ေထာင္းၿပီး ပါးပါးလွီးထားေသာ ၾကက္သြန္နီ၊ ဆား၊ အရသာမႈန္႕၊ ငံျပာရည္၊ ၾကက္သြန္ ျဖဴ၊ နီ ဆီခ်က္၊ ပုဇြန္ေျခာက္ေထာင္း ေျမပဲေလွာ္ေထာင္း၊ ႏွမ္းေလွာ္တို႔ကို ထည့္ကာ သံပုရာရည္ ညႇစ္ထည့္ၿပီး သမေအာင္နယ္ကာ သုံးေဆာင္လို႔ရပါၿပီ။

Credit – အိမ္တြင္းေဆးၿမီးတိုမ်ားစုစည္းမႈ႕

Via-Sai Min Thant

(Unicode)
တန်ဆောင်မုန်းလပြည့်နေ့ (ဆေးပေါင်းခတဲ့ည)မှာ ဆေးဖက်ဝင်သည့် မယ်ဇလီဖူးသုပ်နည်းလေးများ

” မယ်ဇလီဖူး သုပ်နည်း”

-ပထမ နည်း-

မယ်ဇလီဖူးကို မကျည်းသီးနည်းနည်းလေးထည့်ပြီး ပြုတ်ပေးပါ။ ရေဆူလာပြီဆိုရင် ဆယ်လိုက်ပြီး နောက်ထပ် ရေအသစ်ထည့် ပြုတ် ၂ ခေါက်လောက် လုပ်ပေးပါ။ ကျက်ပြီဆိုရင် ပြန်ဆယ် ရေညှစ်ပြီး ဆုံမှာထည့်ထောင်းပေးပါ။ ကြက်သွန်နီ ပါးပါးလှီးပြီး ဆနွင်းမှုန့် နည်းနည်းနဲ့ ဆီချက်ထားပါ။ ကြက်သွန်ဖြူ ပါးပါးလှီးထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ မြေပဲလှော်၊ နှမ်းလှော် ထောင်းထားပါ။

သုပ်မယ့် ပန်းကန်ပြားထဲမှာ ထောင်းထားတဲ့ မယ်ဇလီဖူး၊ ခရမ်းချဉ်သီး၊ ဆီကျက်၊ မြေပဲနှမ်းထောင်းလေးနဲ့ ပုစွန်ခြောက်မှုန့်ကို ထည့်ပြီး ငံပြာရည်နည်းနည်း အရသာမှုန့်နည်းနည်းထည့် ရောနယ်ပေးပါ။ နည်းနည်းစပ်စပ်လေ းစားချင်ရင်တော့ ငရုတ်သီးစိမ်းလေးကို ပါးပါးလေး လှီးထည့်ပေးလိုက်ပါ။ တချို့က ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို မထည့်တတ်ပါဘူးခင်ဗျာ။ ဟုတ်ကဲ့ ဆေးပေါင်းခမယ့် ညအတွက် ဆေးဖက်ဝင်စေမယ့် ခါးဆိမ့်ဆိမ့်အရသာရှိတဲ့ မယ်ဇလီဖူးသုပ်လေးကို ရပါပြီ။

-ဒုတိယနည်း-

မယ်ဇလီဖူး – 100 g၊ ကြက်သွန်နီတစ်လုံးကို ပါးပါးလှီးပြီး ရေစိမ်ထားပါ။ ဆား၊ အရသာမှုန်.- ငံပြာရည်- အနည်းငယ်စီ၊

ကြက်သွန်ဖြူ၊ နီ ဆီချက်- ထမင်းစာဇွန်း ၂ ဇွန်း၊

ပုဇွန်ခြောက်ထောင်း – ထမင်းစာဇွန်း ၁ ဇွန်း၊

မြေပဲလှော်ထောင်း ထမင်းစာဇွန်း ၂ ဇွန်း၊

နှမ်းလှော်.. ထမင်းစာဇွန်း ၁ ဇွန်း၊

သံပုရာသီးတခြမ်း၊

မကျည်းမှည့် – ထမင်းစာဇွန်း ၁ ဇွန်း၊

မယ်ဇလီဖူးကို ရေဆေးပြီး ရိုးတံနှင့် အရင့်တွေ ဖယ်ပြီး ပြုတ်ပါ။ ၁၀ မိနစ် လောက်ပြုတ်ပြီး ရေသွန်ပြီး ရေသစ်လဲ၍ မန်ကျဉ်းမှည့်ထည့်။ ၁၀ မိနစ် ထပ်ပြုတ်ပြီး ရေစစ်ကာ မညက်တညက်ထောင်းပြီး ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆား၊ အရသာမှုန့်၊ ငံပြာရည်၊ ကြက်သွန် ဖြူ၊ နီ ဆီချက်၊ ပုဇွန်ခြောက်ထောင်း မြေပဲလှော်ထောင်း၊ နှမ်းလှော်တို့ကို ထည့်ကာ သံပုရာရည် ညှစ်ထည့်ပြီး သမအောင်နယ်ကာ သုံးဆောင်လို့ရပါပြီ။

Credit – အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့

Via-Sai Min Thant

Leave a Reply

Your email address will not be published. Required fields are marked *