သတင်း

မြန်​မာနိုင်​ငံ၏ ​ဆောင်းခိုငှက်​မျိုးစိတ်​သစ်​ဖြစ်​လာမည့်​ ​ဒေါင်းလန်း​ခြေ​​ထောက်​ ငှက်​မျိုးစိတ်​သစ်​ ​တွေ့ရှိ

မြန်​မာနိုင်​ငံ၏ ​ဆောင်းခိုငှက်​မျိုးစိတ်​သစ်​ဖြစ်​လာမည့်​ ​ဒေါင်းလန်း​ခြေ​​ထောက်
ငှက်​မျိုးစိတ်​သစ်​ ​တွေ့ရှိ

=======================
=======================

မြန်​မာနိုင်​ငံ၏ ​ဆောင်းခိုငှက်​မျိုးစိတ်​သစ်​ဖြစ်​လာမည့်​ ​ဒေါင်းလန်း​ခြေ​​ထောက်​ငှက်
မျိုးစိတ်​သစ်​ ​တွေ့ရှိမှတ်​တမ်းတင်​နိုင်​ခဲ့ကြောင်း သိရသည်​။

ထိုငှက်​များသည်​ ယခင်​က မြန်​မာနိုင်​ငံတွင်​ လာ​ရောက်​​ဆောင်းခို​လေ့မရှိဘဲ ၂၀၁၇
ခုနှစ်​မှ စတင်​၀င်​​ရောက်​လာခြင်းဖြစ်​ပြီး အ​ကောင်​​ရေ နည်းပါး​နေ​သေး​ကြောင်း
သားငှက်​ထိန်းသိမ်း​ရေးအဖွဲ့ ( မြန်​မာနိုင်​ငံအစီအစဉ်) မှ ငှက်​ကျွမ်းကျင်​ပညာရှင်
ဦးသက်​​ဇော်​နိုင်​၏ ​ပြောကြားချက်အရ သိရသည်​။

“ဒီငှက်​မျိုးက အရင်​က မြန်​မာနိုင်​ငံကို တစ်​ခါမှ မလာဖူးဘူး။ မနှစ်​ကမှ စ​တွေ့တာ
ပေါ့။ ၂၀၁၇ ခုနှစ်​က အင်း​လေးမှာ နှစ်ကောင်၊ ​တောင်​သမန်​အင်းမှာ နှစ်ကောင်​၊
၂၀၁၈ ခုနှစ်​မှာ​တော့ ​တောင်​သမန်​အင်းမှာ ငါးကောင်​နဲ့ မိုးယွန်းကြီးအင်းမှာ
တစ်ကောင်​လား၊ နှစ်​ကောင်​လား မသိဘူး​။ ​​တွေ့တဲ့အ​ကောင်​​ရေက ​တော်​​တော်
နည်းပါတယ်​။ ၁၀ ဂဏန်းမပြည့်​ဘူး။ အရင်​က လာ​လေ့လာထမရှိဘဲ အခုမှ
ဘာလို့ဝင်​လာသလဲဆိုတာ ​ပြောရ​တော့ခက်​ပါတယ်​။ ​ဆောင်းခိုငှက်​​တွေက ဒီလိုပဲ
တစ်ခါတလေ ​​ဆောင်းခိုတဲ့နေရာ နိုင်​ငံ​ပြောင်းတတ်​ကြတယ်​။ အခုလည်း ဒါမြန်
မာနိုင်​ငံကို ပထမဆုံးဝင်​လာတဲ့ ​ဆောင်းခိုငှက်​မျိုးစိတ်​သစ်​ပေါ့။ ၂၀၁၉ ခုနှစ်​မှာ
အခုလို ထပ်​၀င်​လာမယ်​။ ​နောက်​နှစ်​​တွေလည်း ဆက်​၀င်​လာမယ်​ဆိုရင်
မြန်မာနိုင်​ငံရဲ့​ဆောင်းခိုငှက်​မျိုးစိတ်​သစ်​အဖြစ်​ အတည်​ပြုနိုင်​​တော့မှာ​ပေါ့” ဟု
ဦးသက်​​ဇော်​နိုင်​က ​ဆိုသည်​​။
ယခု​တွေ့ရှိ​သော ​ဆောင်းခိုငှက်​မျိုးစိတ်​သစ်​ ​ဒေါင်းလန်း​ခြေ​ထောက်​ငှက်​မျိုးစိတ်
(Whiteheaded stilt) သည်​ စူမားတြားကျွန်း ​တောင်​ပိုင်း၊ ဂျာဗား၊ သြစ​တြေးလျ၊
နယူးဇီလန်​နှင့်​ ပါပူအာနယူးဂီနီတို့တွင်​ ​နေထိုင်​ကျက်​စား​ကြောင်း သိရသည်​။
ထိုငှက်​နှင့်​ ပုံစံတူ​သော ​​ဒေါင်းလန်း​ခြေ​ထောက်​ငှက်​မျိုးစိတ်​တစ်​မျိုး မြန်​မာနိုင်​င
ံတွင်​ ​နေထိုင်​ကျက်​စားကြောင်း သိရသည်​။

မြန်​မာနိုင်​ငံတွင်​ ပုံမှန်​လာ​ရောက်​​ဆောင်းခို​​လေ့ရှိ​သော ငှက်​မျိုးစိတ်​ ကုန်းနေ၊ ​ရေ
နေ ငှက်​မျိုးစိတ်​​ပေါင်း ပျမ်းမျှ ၃၀၀ ​ကျော်​ ၄၀၀ နီးပါးရှိ​ကြောင်း သိရသည်​။

writer: မဖေငြိမ်း
April 25, 2018

==============

Leave a Reply

Your email address will not be published. Required fields are marked *