ဗဟုတုသ

ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများကို နေအိမ်၌ မီးရှို့ခြင်း၏ ကျန်းမာရေး အန္တရာယ်များ

ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများကို နေအိမ်၌ မီးရှို့ခြင်း၏ ကျန်းမာရေး
အန္တရာယ်များ

=======================
=======================

လူနေအိမ်များတွင် ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းများကို မီး
ရှို့ရှင်းလင်းခြင်းကြောင့် နှလုံးရောဂါ၊ ပန်းနာရင်ကျပ်နှင့် Emphysema
ဟုခေါ်သော အသက်ရှူရခက်ခဲသည့် အဆုတ်ရောဂါကဲ့သို့
အသက်ရှူလမ်းကြောင်းပြဿနာများ ဖြစ်နိုင်သည့် အန္တရာယ်မြင့် ပြီး မူးမော်ခြင်း၊
ခေါင်းကိုက်ခြင်း၊ အာရုံကြောစနစ်၊ ကျောက်ကပ် (သို့မဟုတ်)
အသည်းထိခိုက်ခြင်း၊ မျိုးပွားမှုနှင့် ဖွံ့ဖြိုးမှုစနစ်ထိခိုက် ခြင်းတို့ ဖြစ်နိုင်ကြောင်း
လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

လူအများစုသည် ၎င်းတို့၏ နေအိမ်စွန့်ပစ်ပစ္စည်းများကို မီးရှို့ ရှင်းလင်းခြင်း၏
ကျန်းမာရေး အန္တရာယ်များကို မတွေးဘဲ ရှင်းလင်း လေ့ရှိကာ ယင်းမှ
ထွက်ပေါ်လာသော မီးခိုး များသည် အရေပြားနှင့် အဆုတ်မှတစ်ဆင့် ခန္ဓာကိုယ်ထဲ
ဝင်ရောက်နိုင်သည်။

ပလတ်စတစ်မီးရှို့ရာမှ ထွက်လာသော Dioxin ဟုခေါ်သည့် အန္တရာယ်ရှိသော
ဓာတုအဆိပ်တစ်မျိုးက လူသားတို့၏ ကိုယ်တွင်း အင်္ဂါများကို ထိခိုက်စေသည်။

ယင်းအဆိပ်ရှိ အငွေ့များသည် ကင်ဆာဖြစ်စေနိုင်ပြီး ဟော် မုန်းများကို
ကမောက်ကမဖြစ်စေနိုင်ကာ ခန္ဓာကိုယ်၏ အဆီများတွင် စုဝေးပြီး မိခင်မှတစ်ဆင့်
ကလေးသို့ အချင်းတိုင်မှတစ်ဆင့် ဝင် ရောက်နိုင်သည်။

ယင်းအဆိပ်များသည် ကောက်ပဲသီးနှံများနှင့် ရေတို့တွင် ပျံ့နှံ့ ပါဝင်နိုင်ပြီး
အစားအသောက်များအထိ ပါဝင်လာနိုင်သည်။ ကမ္ဘာ့ ကျေးလက်ဒေသများ၌
ပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းများ ကို မီးရှို့ရှင်းလင်းမှု
အများဆုံးဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ရှင်းလင်းမှုများကြောင့် ပတ်ဝန်းကျင်နှင့် လူသား ကျန်းမာရေးကို
ရေရှည်ထိခိုက်မှုများ ဖြစ်ပေါ်စေသည်။

ပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းများကို မီးရှို့ရှင်းလင်း ရာမှ
ထွက်ပေါ်လာသော အဆိပ်ငွေ့များ ရှူရှိုက်မိခြင်းကြောင့် ချောင်းဆိုးခြင်း၊
အသက်ရှူမရဖြစ်ခြင်းနှင့် မူးဝေခြင်းတို့ကို အချိန်တို အတွင်း ခံစားရနိုင်ပြီး
ရေရှည်ထိတွေ့ပါက ကင်ဆာရောဂါဖြစ်နိုင် ကြောင်း အင်ဒိုနီးရှား
တက္ကသိုလ်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံ ဌာန ညွှန်ကြားရေးမှူး
အီမေးလ်ဘူဒီယန်တိုက ပြောကြားသည်။

ယင်းကဲ့သို့ အမှိုက်များ မီးရှို့ရှင်းလင်းရာမှ ထွက်ပေါ်လာသော
အခိုးအငွေ့များကြောင့် အိုဇုန်းလွှာ ထိခိုက်နိုင်ပြီး ယင်းအလေ့အထ ပျောက်အောင်
ဆောင်ရွက်ရန် လိုကြောင်း ဘူဒီယန်က ပြောသည်။

ယင်းကဲ့သို့ အမှိုက်များကို စနစ်တကျရှင်းလင်းရေး (သို့မ ဟုတ်)
ပြန်လည်ထုတ်လုပ်သုံးစွဲရေးနိုင်ငံအချို့၌ ခေတ်မီနည်းပညာ များသုံး၍
ဆောင်ရွက်နေသည်။

—Ref:Wecf.eu/Jakatur Post

==============

Leave a Reply

Your email address will not be published. Required fields are marked *