သတင္း

ငံုးဥ၏ ေဆးဘက္ဝင္ပံုအခ်ိဳ့

(Zawgyi)

ငံုးဥစားျခင္း၏ အက်ိဳးေက်းဇူးမ်ား


ငုံးဥကိုေတာ့ မသိတဲ့ လူဆိုတာ ရွားပါတယ္။ ဒါေပမယ့္ ငုံးဥထဲမွာ ဆိုရင္ ဘယ္လို အာဟာရမ်ားစြာ ပါ၀င္တာကိုေတာ့ သိတဲ့သူ ရွားပါးပါလိမ့္မယ္။

ငုံးဥထဲမွာပါတဲ့ အာဟာရတန္ဖိုးဟာဆိုရင္ ၾကက္ဥ ႏွစ္လုံးစာနဲ႔ ညီမွ်တယ္ ဆိုတာေကာ သိၾကပါသလား။ ငုံးဥဟာ လူ႔ရဲ႕ အဆုတ္နဲ႔ သရက္႐ြက္ကို အားေကာင္း ေစပါတယ္။

ငုံးဥကို စားသုံးသင့္တဲ့ သူေတြကေတာ့ ကေလးေတြ၊ သက္ႀကီး႐ြယ္အိုေတြ၊ ေသြးအားနည္းတဲ့ သူေတြ၊ ခ်ဴခ်ာတဲ့သူနဲ႔ မီးဖြားၿပီးခါစ မိခင္ေလာင္းတို႔ပဲ ျဖစ္ပါတယ္။ ဦးေႏွာက္ ေသြးေၾကာနဲ႔ ပတ္သက္သည့္ေရာဂါ ရွိတဲ့သူေတြကေတာ့ ငုံးဥကို ပမာဏမ်ားစြာ မစားသင့္ပါဘူး။

ႏွလုံးေသြးေၾကာ ေရာဂါသည္ေတြရဲ႕ အားျဖည့္ အစာလည္း ျဖစ္ပါတယ္။ ပါ၀င္တဲ့ လက္စီသင္ဟာ ၾကက္ဥထဲမွာ ပါ၀င္တာထက္ ၃၊၄ ဆ ပိုပါတယ္။ ငုံးဥဟာ သေႏၶသားနဲ႔ ကေလးငယ္ေတြ အတြက္ အားေကာင္းေစတာမို႔လို႔ ကိုယ္ဝန္ေဆာင္ မိခင္ေတြ ငုံးဥကို မ်ားမ်ား စားေပးသင့္ပါတယ္။

၁။ ငုံးဥနဲ႔ ႏြားႏို႔ကို တြဲစားမယ္ဆိုရင္ ေသြးအားနည္းသူ၊ ကိုယ္ခႏၶာ အင္အား ခ်ည့္နဲ႔ေနသူ၊ အစာအိမ္ အားနည္းေနသူအတြက္ အက်ိဳး ရွိပါတယ္။

၂။ ငုံးဥဆန္ျပဳတ္ စားမယ္ဆိုရင္ ေသြးတိုးသမားကို ေသြးက် ေစပါမယ္။ ၿပီးရင္ အသည္းနဲ႔ ေက်ာက္ကပ္ကို အားျဖည့္ ေပးပါတယ္။

ငုံးဥမွာ ပ႐ိုတင္း၊အဆီ၊သံဓာတ္ လက္စီသင္(Lecithin)၊ vitamin-A ၊ vitamin-B1 ၊ B2 calcium ၊ မီးစုန္းဓာတ္၊ ဆိုဒီယမ္၊ မဂၢနီဆီယမ္၊ ခယ္လီယမ္၊ ကန႔္ညိဳ (ဆီလီနီယမ္)၊ သတၱဳဓာတ္နဲ႔ ကိုလက္စထေရာေတြ လုံေလာက္စြာ ပါ၀င္ပါတယ္။

ငုံးဥဝယ္ရာမွ လတ္ဆတ္ဖို႔က အေရးႀကီး ပါတယ္။ အက္ေနတဲ့၊ အခ်ိန္ၾကာေနတဲ့ ငုံးဥကို မဝယ္ဖို႔ သတိထား ရပါမယ္။ ငုံးဥကို ၀ယ္ၿပီးေနာက္ ေရခဲေသတၱာထဲ သိမ္းထားပါ။ ၀ယ္တဲ့ေန႔က စၿပီး လဝက္စာ အခ်ိန္ထက္ ေက်ာ္ရင္ အဲဒီငုံးဥကို လြင့္ပစ္ လိုက္ပါ။ ငုံးဥကို စားမယ္ဆိုရင္ တစ္ေန႔မွာ ၃လုံးကေန ၅လုံးထိ စားသုံးဖို႔ သင့္ေလ်ာ္ပါတယ္။

ငုံးဥမွာပါတဲ့ vitamin-B ဟာ ဆီးခ်ိဳေရာဂါကို ကူညီ ကုသေပးပါတယ္။ အဲဒါအျပင္ ေဖာေရာင္ျခင္းနဲ႔ အူလမ္းေၾကာင္းနာျခင္းကိုပါ ကုသေပးႏိုင္တယ္။ ငုံးဥမွာ အဆီနဲ႔ ကိုလက္စထေရာေတြ မပါ၀င္တာေၾကာင့္ ၀ေနတဲ့ ကိုယ္အေလးခ်ိန္ကို ထိန္းေပးႏိုင္ပါတယ္။ ပါ၀င္တဲ့ ဓာတ္ေတြေၾကာင့္ ေသြးက်ေစၿပီး ေသြးေၾကာ ေကာင္းမြန္ေအာင္ ကာကြယ္ထိန္းေပးတယ္။ ေသြးေၾကာမွာ ေသြးခဲျခင္း၊ ေသြးခဲတာေၾကာင့္ ေသြးဖတ္ပိတ္ျခင္းေတြကို ကာကြယ္ေပးပါတယ္။

၃။ ငုံးဥနဲ႔ တ႐ုတ္ ၾကက္သြန္ၿမိတ္ေၾကာ္ တြဲစားရင္ ေက်ာက္ကပ္ အားနည္းျခင္း၊ ခါးနာျခင္း၊ ပန္းေသ ပန္းညိဳးျခင္းကို ျပန္လွည္ ေကာင္းမြန္ေစဖို႔ ျပဳျပင္ေပးပါတယ္။

တီဘီေရာဂါ၊ အဆုတ္အားနည္းၿပီး ေခ်ာင္းအၾကာႀကီး ဆိုးေန သူေတြကို ေကာင္းမြန္ေအာင္ တျဖည္းျဖည္း ရွင္းေပး ႏိုင္ပါတယ္။

ဒါေပမယ့္ ငုံးဥကို လိေမၼာ္သီးနဲ့ တြဲမစားသင့္ပါဘူး။ တြဲစားမိရင္ေတာ့ ၀မ္းပ်က္ျခင္း၊ ၀မ္းေဖာ ေရာင္ျခင္းနဲ႔ အစာမေၾကျခင္းကို ျဖစ္ေပၚေစပါတယ္။

ၿပီးဒါနဲ႔ ငုံးဥကို ၀က္အသည္းနဲ႔ တြဲမစားမိဖို႔ လိုအပ္ပါတယ္။ စားမိရင္ေတာ့ လိပ္ေခါင္းေရာဂါ ျဖစ္ပြားတတ္ၿပီး အမည္းစက္ေတြ ထြက္ေပၚ လာႏိုင္ပါတယ္။

Credit – Duwun

(Unicode)

ငုံးဥစားခြင်း၏ အကျိုးကျေးဇူးများ

ငုံးဥကိုတော့ မသိတဲ့ လူဆိုတာ ရှားပါတယ်။ ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လို အာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်မယ်။

ငုံးဥထဲမှာပါတဲ့ အာဟာရတန်ဖိုးဟာဆိုရင် ကြက်ဥ နှစ်လုံးစာနဲ့ ညီမျှတယ် ဆိုတာကော သိကြပါသလား။ ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကို အားကောင်း စေပါတယ်။

ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့ သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွားပြီးခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။ ဦးနှောက် သွေးကြောနဲ့ ပတ်သက်သည့်ရောဂါ ရှိတဲ့သူတွေကတော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။

နှလုံးသွေးကြော ရောဂါသည်တွေရဲ့ အားဖြည့် အစာလည်း ဖြစ်ပါတယ်။ ပါဝင်တဲ့ လက်စီသင်ဟာ ကြက်ဥထဲမှာ ပါဝင်တာထက် ၃၊၄ ဆ ပိုပါတယ်။ ငုံးဥဟာ သန္ဓေသားနဲ့ ကလေးငယ်တွေ အတွက် အားကောင်းစေတာမို့လို့ ကိုယ်ဝန်ဆောင် မိခင်တွေ ငုံးဥကို များများ စားပေးသင့်ပါတယ်။

၁။ ငုံးဥနဲ့ နွားနို့ကို တွဲစားမယ်ဆိုရင် သွေးအားနည်းသူ၊ ကိုယ်ခန္ဓာ အင်အားချည့်နဲ့နေသူ၊ အစာအိမ် အားနည်းနေသူအတွက် အကျိုးရှိပါတယ်။

၂။ ငုံးဥဆန်ပြုတ် စားမယ်ဆိုရင် သွေးတိုးသမားကို သွေးကျ စေပါမယ်။ ပြီးရင် အသည်းနဲ့ ကျောက်ကပ်ကို အားဖြည့် ပေးပါတယ်။

ငုံးဥမှာ ပရိုတင်း၊အဆီ၊သံဓာတ် လက်စီသင်(Lecithin)၊ vitamin-A ၊ vitamin-B1 ၊ B2 calcium ၊ မီးစုန်းဓာတ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ခယ်လီယမ်၊ ကန့်ညို (ဆီလီနီယမ်)၊ သတ္တုဓာတ်နဲ့ ကိုလက်စထရောတွေ လုံလောက်စွာ ပါဝင်ပါတယ်။

ငုံးဥဝယ်ရာမှ လတ်ဆတ်ဖို့က အရေးကြီး ပါတယ်။ အက်နေတဲ့၊ အချိန်ကြာနေတဲ့ ငုံးဥကို မဝယ်ဖို့ သတိထား ရပါမယ်။ ငုံးဥကို ဝယ်ပြီးနောက် ရေခဲသေတ္တာထဲ သိမ်းထားပါ။ ဝယ်တဲ့နေ့က စပြီး လဝက်စာ အချိန်ထက် ကျော်ရင် အဲဒီငုံးဥကို လွင့်ပစ် လိုက်ပါ။ ငုံးဥကို စားမယ်ဆိုရင် တစ်နေ့မှာ ၃လုံးကနေ ၅လုံးထိ စားသုံးဖို့ သင့်လျော်ပါတယ်။

ငုံးဥမှာပါတဲ့ vitamin-B ဟာ ဆီးချိုရောဂါကို ကူညီ ကုသပေးပါတယ်။ အဲဒါအပြင် ဖောရောင်ခြင်းနဲ့ အူလမ်းကြောင်းနာခြင်းကိုပါ ကုသပေးနိုင်တယ်။ ငုံးဥမှာ အဆီနဲ့ ကိုလက်စထရောတွေ မပါဝင်တာကြောင့် ဝနေတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။ ပါဝင်တဲ့ ဓာတ်တွေကြောင့် သွေးကျစေပြီး သွေးကြော ကောင်းမွန်အောင် ကာကွယ်ထိန်းပေးတယ်။ သွေးကြောမှာ သွေးခဲခြင်း၊ သွေးခဲတာကြောင့် သွေးဖတ်ပိတ်ခြင်းတွေကို ကာကွယ်ပေးပါတယ်။

၃။ ငုံးဥနဲ့ တရုတ် ကြက်သွန်မြိတ်ကြော် တွဲစားရင် ကျောက်ကပ် အားနည်းခြင်း၊ ခါးနာခြင်း၊ ပန်းသေ ပန်းညိုးခြင်းကို ပြန်လှည် ကောင်းမွန်စေဖို့ ပြုပြင်ပေးပါတယ်။

တီဘီရောဂါ၊ အဆုတ်အားနည်းပြီး ချောင်းအကြာကြီး ဆိုးနေ သူတွေကို ကောင်းမွန်အောင် တဖြည်းဖြည်း ရှင်းပေး နိုင်ပါတယ်။

ဒါပေမယ့် ငုံးဥကို လိမ္မော်သီးနဲ့ တွဲမစားသင့်ပါဘူး။ တွဲစားမိရင်တော့ ဝမ်းပျက်ခြင်း၊ ဝမ်းဖော ရောင်ခြင်းနဲ့ အစာမကြေခြင်းကို ဖြစ်ပေါ်စေပါတယ်။

ပြီးဒါနဲ့ ငုံးဥကို ဝက်အသည်းနဲ့ တွဲမစားမိဖို့ လိုအပ်ပါတယ်။ စားမိရင်တော့ လိပ်ခေါင်းရောဂါ ဖြစ်ပွားတတ်ပြီး အမည်းစက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

Credit – Duwun

Leave a Reply

Your email address will not be published. Required fields are marked *