သတင်း

ဂျပန်လူမျိုးတွေရဲ့ သက်ရှည်ကျန်းမာခြင်း လျှို့ဝှက်ချက်များ

ဂျပန်လူမျိုးတွေရဲ့ သက်ရှည်ကျန်းမာခြင်း လျှို့ဝှက်ချက်များ

ဂျပန်လူမျိုးများဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးသူများနဲ့ ကျန်းမာသန်စွမ်းတဲ့ သက်ကြီးရွယ်အိုတွေ ပေါများတဲ့ နိုင်ငံတစ်နိုင်ငံပါပဲ။ ဒါ့ကြောင့်လည်း ဂျပန်လူမျိုးများဟာ ကျန်းမာရေး လိုက်စားကြသူတွေအဖြစ် လူတိုင်းက သိထားကြတာပါ။ ဒီတော့… ဂျပန်လူမျိုးများရဲ့ သက်ရှည်ကျန်းမာ နုပျိုလှပခြင်းရဲ့ လျှို့ဝှက်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပင်လယ်စာစားပါ

ဂျပန်နိုင်ငံဟာ ပင်လယ်စာတွေ စားသုံးမှု အများဆုံး နိုင်ငံလို့တောင် ပြောလို့ ရပါတယ်။ ပင်လယ်စာ ကလည်း ကျန်းမာရေး အတွက် ကောင်းကျိုးပြုတာကို တွေ့ရပါတယ်။ အထူးသဖြင့် Omega 3 Fatty Acid နဲ့ အခြားသော ဗီတာမင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့ ငါးများနဲ့ ပင်လယ်စားများကို သင့်တင့် မျှတစွာ စားသုံးပေးမယ်ဆိုရင် ကျန်းမာလှပစေမှာပါ။

(၂) အစားအသောက်ဆင်ခြင်ပါ

အစားစားတဲ့အခါမှာ ပမာဏနည်းနည်းနဲ့ ချင့်ချိန်စားသုံး တတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီလို မဟုတ်ရင် အဝလွန်ခြင်းကြောင့် အလှပျက်စေသည့်အပြင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေလည်း ဆက်တိုက်ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အစားအသောက်ကို ဆင်ဆင်ခြင်ခြင်နဲ့ စားသုံးတတ်ဖို့ကလည်း အရေးကြီးပါတယ်။

(၃) လမ်းလျှောက်ပါ

နေ့စဉ်နေ့တိုင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းကလည်း ကျန်းမာရေးအတွက် များစွာ ကောင်းကျိုးပြုပါတယ်။ Gym ဆော့တာတွေ၊ workout လုပ်ဖို့အတွက် အချိန်မပေးနိုင်ဘူး ဆိုရင်တော့ လမ်းလျှောက်ဖို့ကို တိုက်တွန်းပါရစေ။ အလုပ်ကို လမ်းလျှောက်သွားတာဖြစ်ဖြစ်၊ မနက်ခင်းပိုင်း နာရီဝက်လောက် လမ်းထလျှောက်တာမျိုးဖြစ်ဖြစ် ပုံမှန်ပြုလုပ်ပေးသင့်တယ်လို့ ဂျပန်ဆေးပညာရှင်များက ဆိုထားပါတယ်။

(၄) Green Tea သောက်သုံးပါ

Green Tea ကတော့ ဂျပန်လူမျိုးတွေ အားထားရတဲ့ ကျန်းမာခြင်းရဲ့ အဓိကလျှို့ဝှက်ချက်ပါပဲ။ Green Tea က အရသာလည်းရှိသလို၊ ကျန်းမာရေးအတွက် များစွာကောင်းကျိုးပြုတဲ့ သက်စောင့်ဓာတ်များ ပါဝင်နေပါတယ်။ ဒါ့ကြောင့် မနက်ခင်းတိုင်း Green Tea တစ်ခွက်ကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် အရွယ်တင်နုပျိုစေပြီး ကျန်းမာလှပတဲ့ ဘဝကို ပိုင်ဆိုင်စေမှာပါ။

crd;MPL

Leave a Reply

Your email address will not be published. Required fields are marked *