ဗဟုတုသ

ေရခဲေတာင္ၾကာပန္း အေႀကာင္း

(Zawgyi)

ေရခဲေတာင္ၾကာပန္း

Snow Lotus (saussurea involucrate)ဆုိတာက (ႏွင္းၾကာပန္း)ကုိ ေခၚဆုိပါတယ္။ေနာက္ထပ္အမည္က (ေရခဲေတာင္ၾကာပန္း)လုိ႔လည္း ေခၚတြင္ၾကပါတယ္။

ဒီပန္းဟာ ရာသီဥတုေအးျမတဲ့ေဒသ ဥေရာပႏွင့္အာ႐ွဝင္႐ုိးစြန္းႏုိင္ငံေတြအျပင္ အိႏၵိယနဲ႔ဘူတန္ နယ္နိမိတ္ၾကားမွာတည္႐ွိတဲ့ ဟိမေလယာေတာင္တန္း(Himalayas)ေတာင္ထိပ္ေတြေပၚ၌သာ ႐ွာေဖြေတြ႔႐ွိႏုိင္ပါတယ္။

သူက ေဆးဖက္ဝင္ ပန္းအမ်ဳိးအစားျဖစ္ၿပီး အပြင့္အေျခာက္ကုိ အမႈန္႔ႀကိတ္ေသာက္သုံးလုိ႔ရသလုိ ေရေႏြၾကမ္း အျဖစ္ျပဳတ္ေသာက္ေပးပါက အေရျပားေရာဂါ၊ဖက္ခြက္နာ၊ျပည္တည္နာ၊ ကုိယ္တြင္းကုိယ္နာ၊အေရျပားနီ၍ ေရာင္ရမ္းနာက်င္ျခင္းေရာဂါ၊ကာလဝမ္းေရာဂါ၊ပုိးဝင္ျခင္း၊အူနဲ႔ပတ္သက္တဲ့ေရာဂါမ်ားအျပင္ အုိမင္းရင့္ေရာ္မႈထိန္းညႇိေပးၿပီး ခႏၶာကုိယ္အတြင္း ေသြးလည္ပတ္မႈကုိမွန္ကန္ေစပါတယ္။

Credit – ဘ၀ခါးခါး

(Unicode)

ရေခဲတောင်ကြာပန်း

Snow Lotus (saussurea involucrate)ဆိုတာက (နှင်းကြာပန်း)ကို ခေါ်ဆိုပါတယ်။နောက်ထပ်အမည်က (ရေခဲတောင်ကြာပန်း)လို့လည်း ခေါ်တွင်ကြပါတယ်။

ဒီပန်းဟာ ရာသီဥတုအေးမြတဲ့ဒေသ ဥရောပနှင့်အာရှဝင်ရိုးစွန်းနိုင်ငံတွေအပြင် အိန္ဒိယနဲ့ဘူတန် နယ်နိမိတ်ကြားမှာတည်ရှိတဲ့ ဟိမလေယာတောင်တန်း(Himalayas)တောင်ထိပ်တွေပေါ်၌သာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။

သူက ဆေးဖက်ဝင် ပန်းအမျိုးအစားဖြစ်ပြီး အပွင့်အခြောက်ကို အမှုန့်ကြိတ်သောက်သုံးလို့ရသလို ရေနွေကြမ်း အဖြစ်ပြုတ်သောက်ပေးပါက အရေပြားရောဂါ၊ဖက်ခွက်နာ၊ပြည်တည်နာ၊ ကိုယ်တွင်းကိုယ်နာ၊အရေပြားနီ၍ ရောင်ရမ်းနာကျင်ခြင်းရောဂါ၊ကာလဝမ်းရောဂါ၊ပိုးဝင်ခြင်း၊အူနဲ့ပတ်သက်တဲ့ရောဂါများအပြင် အိုမင်းရင့်ရော်မှုထိန်းညှိပေးပြီး ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကိုမှန်ကန်စေပါတယ်။

Credit – ဘဝခါးခါး

Leave a Reply

Your email address will not be published. Required fields are marked *