သတင်း
(Zawgyi)
(Unicode)
အမောလည်းပျောက် အားလည်းရှိမဲ့ ကြက်ဥနဲ့ ကြက်သွန်ဖြူ
ချောင်းဆိုးသွေးပါ ပန်းနာရင်ကြပ်ပျောက်ဆေးနည်း
လက်တွေ့ပျောက်ကင်းလို့ စေတနာရှေ့ထား ဆေးနည်းလေးပေးလိုက်ပါတယ်။ ကျွန်တော့်အမေလက်တွေ့ပါ။ ချောင်းကတဟွတ်ဟွတ် သွေးစတွေကပါသေးတယ်။
မောလိုက်တာကလည်း ဖိုထိုးနေတဲ့အတိုင်းပဲ။ အသားရည်ကလည်း ညိုညစ်ညစ်၊ မခံစားနိုင်ဘူးပေါ့။ ကံကောင်းချင်တော့ မိတ်ဆွေတယောက်ရဲ့ ဆေးမီးတိုနဲ့ ရောဂါအမြစ်ပြတ်ပျောက်ကင်းခဲ့ပါတယ်။
ဆေးနည်း-အိမ်မွေးကြက်ဥတလုံး ထက်ခြမ်းခွဲ ပန်းကန်တလုံးထဲထည့်။
ကြက်ဥအခွံတခြမ်းဖြင့် နှမ်းဆီစစ်စစ်ထည့်။ ကြက်သွန်ဖြူ တလုံးအခွံနွာ ပါးပါးလှီးဖြူးထည့်။ ဒန်အိုးထဲ ရေအနည်းငယ်ထည့်၊ အောက်မီးနှင့်ကြက်ဥကိုပေါင်း။ ခဏနေကျက်ပြီ။ တနေ့သုံးကြိမ်စား။ အမြစ်ပြတ်ပျောက်ကင်းကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
Credit – OK Maung , LaWoneEain
Leave a Reply
Your email address will not be published. Required fields are marked *