သတင်း

ဖူခက်မှာ လေယာဉ်ငယ်တစ်စီးပျက်ကျ၊ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ဖူခက်မှာ လေယာဉ်ငယ်တစ်စီးပျက်ကျ၊ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ
===========================

ဖူခက်၊ မတ် ၁၁

ထိုင်းနိုင်ငံ ဖူခက်ခရိုင်ရှိ ရာဘာခြံတစ်ခုအတွင်းသို့ လေယာဉ်ငယ်တစ်စီး ယမန်နေ့ နံနက်ပိုင်းက ပျက်ကျခဲ့ရာ လေယာဉ်မောင်းနှင့် ခရီးသည်တစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ကာ အခြားခရီးသည်နှစ်ဦးမှာလည်း စိုးရိမ်ရသောဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ လေယာဉ်ငယ်မှာ Butterfly 05 ဟု အမည်ရေးသားထားသော JABIRU 450 အမျိုးအစားလေယာဉ်ငယ်ဖြစ်ပြီး ဆီယန်းလေကြောင်းပျံသန်ရေးအသင်း(Siam Aviation Association)မှ လေယာဉ်တစ်စီးဖြစ်ကြောင်းသိရသည်။

လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျှက်ရှိသည်။

PN002
ref: 2 killed as small plane crashes in Thailand
#Popular

Leave a Reply

Your email address will not be published. Required fields are marked *