သတင္း

ေျခဖေနာင့္ေတြ လမ္းမေလွ်ာက္ခ်င္ေလာက္ေအာင္ နာလွ်င္ လုပ္ၾကည့္ပါ။

(Zawgyi)
ေျခဖေနာင့္ေတြ လမ္းမေလွ်ာက္ခ်င္ ေလာက္ေအာင္ နာ လွ်င္ လုပ္ၾကည့္ပါ။

ေျခဖေနာင့္နာလွ်င္ လုပ္ၾကည့္ပါ။

ကြၽန္ေတာ္ေျခဖေနာင့္နာၿပီး လမ္းေကာင္းစြာမေလွ်ာက္ႏိုင္ပါ။ အထူးသျဖင့္ နံနက္ပိုင္းအိပ္ရာထခ်ိန္ ေတာ္ေတာ္ဆိုးပါသည္။ ထိုေၾကာင့္ ေျခဖ်ားေလးေထာက္ၿပီး လုပ္ေဆာင္ဖြယ္ကိစၥတို႔ကိုလုပ္ရေတာ့သည္။ လမ္းေဝးစြာ ေလွ်ာက္ေလပိုနာေလျဖစ္ေလသည္။ ေျခဖေနာင့္နာျခင္းသည္ လူ(၁၀)ေယာက္တြင္ တစ္ေယာက္ ျဖစ္ႏိုင္ေျခရွိသည္ဟု သုေတသနစာတမ္းတို႔ကလည္း ဆိုေလသည္။

ေဆးသိပၸံ အျမင္အရ (Plantar fasciitis)ေျခဖဝါးမွာရွိတဲ့ အမာ႐ြတ္ေရာင္တာေၾကာင့္လို႔ဆိုပါတယ္။ ဒီအ႐ြတ္ျပားကေျခေခ်ာင္းနဲ႔ ဖေနာင့္ကိုေတြကို ဆက္ေပးပါတယ္တဲ့။ ေရာင္ေနခ်ိန္မွာ အလြန္နာၿပီး လူလတ္ပိုင္းမွာ အျဖစ္မ်ားလွပါသည္။

ထိုသို႔ျဖစ္ေနစဥ္ အမွတ္မထင္ နကၡတၱေရာင္ျခည္မဂၢဇင္းတြင္ စမ္း(ဥပေဒ၊ေ႐ႊဘို)ေရးသားတဲ့ ေျခဖေနာင့္နာ ခံစားေနရသူမ်ား ေဆးေဆာင္းပါးေလးအား ဖတ္မိ၍ ကိုယ္တိုင္ လက္ေတြ႕ေဆာင္႐ြက္ၾကည့္ရာ ေပ်ာက္ကင္းခဲ့၍ ျပန္လည္ ေဝငွတင္ျပလိုက္ပါသည္။

(၁) ကားေလးသံကို မီးဖိုတြင္(၄၅)မိနစ္မွ် မီးကင္ၿပီး ထိုေလးသံျပားကို နႏြင္းမႈန႔္ႏွင့္ ေဖ်ာ္ထားေသာ စဥ့္အင္ဒုံထဲသို႔ ႏွစ္လိုက္ပါ။

(၂) ၿပီးလွ်င္ခ်က္ခ်င္းျပန္ဆယ္ယူလိုက္ၿပီး ထိုေလးသံျပားေပၚတြင္ မိမိကိုယ္တိုင္ နင္းႏိုင္႐ုံမွ် အဝတ္ထူေလးေခါက္ၿပီး နာေနေသာ ေျခဖေနာင့္ တစ္ဝိုက္ကို လွည့္ပတ္ၿပီးနင္းပါ။အရမ္းလည္း နင္းလို႔ေကာင္းၿပီး အမွန္လည္းေပ်ာက္ကင္း သည့္အတြက္ျပန္လည္မွ်ေဝလိုက္ပါသည္။

ထိုျပင္ပို၍ ေကာင္းရန္အတြက္ သက္ရင္းႀကီး႐ြက္ကို ဆား ႏွင့္ေထာင္းၿပီး ညအိပ္ရာဝင္ခ်ိန္ ပတ္စီးထားလိုက္ပါ။ နံနက္မိုးလင္းမွ ေျဖေပးပါ။ ေျခဖေနာင့္နာျခင္း ေပ်ာက္ ကင္းသြားပါလိမ့္မည္။

လိုသူတို႔သုံး စိတ္ႏွလုံး႐ႊင္ၿပဳံးေပ်ာ္ပါေစ…။

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

မူရင္းဓာတ္ပုံ- Credit

(Unicode)
ခြေဖနောင့်တွေ လမ်းမလျှောက်ချင် လောက်အောင် နာ လျှင် လုပ်ကြည့်ပါ။

ခြေဖနောင့်နာလျှင် လုပ်ကြည့်ပါ။

ကျွန်တော်ခြေဖနောင့်နာပြီး လမ်းကောင်းစွာမလျှောက်နိုင်ပါ။ အထူးသဖြင့် နံနက်ပိုင်းအိပ်ရာထချိန် တော်တော်ဆိုးပါသည်။ ထိုကြောင့် ခြေဖျားလေးထောက်ပြီး လုပ်ဆောင်ဖွယ်ကိစ္စတို့ကို လုပ်ရတော့သည်။ လမ်းဝေးစွာ လျှောက်လေပိုနာလေဖြစ်လေသည်။ ခြေဖနောင့်နာခြင်းသည် လူ(၁၀)ယောက်တွင် တစ်ယောက် ဖြစ်နိုင်ခြေရှိသည်ဟု သုတေသနစာတမ်းတို့ကလည်း ဆိုလေသည်။

ဆေးသိပ္ပံ အမြင်အရ (Plantar fasciitis) ခြေဖဝါးမှာရှိတဲ့ အမာရွတ်ရောင်တာကြောင့်လို့ ဆိုပါတယ်။ ဒီအရွတ်ပြားက ခြေချောင်းနဲ့ ဖနောင့်ကိုတွေကို ဆက်ပေးပါတယ်တဲ့။ ရောင်နေချိန်မှာ အလွန်နာပြီး လူလတ်ပိုင်းမှာ အဖြစ်များလှပါသည်။

ထိုသို့ဖြစ်နေစဉ် အမှတ်မထင် နက္ခတ္တရောင်ခြည်မဂ္ဂဇင်းတွင် စမ်း(ဥပဒေ၊ရွှေဘို)ရေးသားတဲ့ ခြေဖနောင့်နာ ခံစားနေရသူများ ဆေးဆောင်းပါးလေးအား ဖတ်မိ၍ ကိုယ်တိုင် လက်တွေ့ဆောင်ရွက်ကြည့်ရာ ပျောက်ကင်းခဲ့၍ ပြန်လည် ဝေငှတင်ပြလိုက်ပါသည်။

(၁) ကားလေးသံကို မီးဖိုတွင်(၄၅)မိနစ်မျှ မီးကင်ပြီး ထိုလေးသံပြားကို နနွင်းမှုန့်နှင့် ဖျော်ထားသော စဉ့်အင်ဒုံထဲသို့ နှစ်လိုက်ပါ။

(၂) ပြီးလျှင်ချက်ချင်းပြန်ဆယ်ယူလိုက်ပြီး ထိုလေးသံပြားပေါ်တွင် မိမိကိုယ်တိုင် နင်းနိုင်ရုံမျှ အဝတ်ထူလေးခေါက်ပြီး နာနေသော ခြေဖနောင့် တစ်ဝိုက်ကို လှည့်ပတ်ပြီးနင်းပါ။အရမ်းလည်း နင်းလို့ကောင်းပြီး အမှန်လည်းပျောက်ကင်း သည့်အတွက်ပြန်လည်မျှဝေလိုက်ပါသည်။

ထိုပြင်ပို၍ ကောင်းရန်အတွက် သက်ရင်းကြီးရွက်ကို ဆား နှင့်ထောင်းပြီး ညအိပ်ရာဝင်ချိန် ပတ်စီးထားလိုက်ပါ။ နံနက်မိုးလင်းမှ ဖြေပေးပါ။ ခြေဖနောင့်နာခြင်း ပျောက် ကင်းသွားပါလိမ့်မည်။

လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးပျော်ပါစေ…။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

မူရင်းဓာတ်ပုံ- Credit

Leave a Reply

Your email address will not be published. Required fields are marked *