သတင္း

ရန္ကုန္တြင္ ဂ်ပန္ႏိုင္ငံထုတ္ အဆင့္ျမင့္လွ်ပ္စစ္ရထားမ်ားနဲ႔ ေျပးဆြဲဖို႔စီစဥ္ေန

(Zawgyi)

ရန္ကုန္ၿမိဳ႕ပတ္ရထားေတြကို ဂ်ပန္ႏိုင္ငံထုတ္ လွ်ပ္စစ္ရထားမ်ားနဲ႔ ေျပးဆြဲဖို႔စီစဥ္ေန

ရန္ကုန္ ၿမိဳ႕ပတ္ရထားခရီးစဥ္မွာ လွ်ပ္စစ္ရထားေတြကို ၂၀၂၀ ခုႏွစ္အတြင္း ေျပးဆြဲႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ ျမန္မာ့မီးရထား ေအာက္ျမန္မာျပည္ အေထြေထြမန္ေနဂ်ာ ဦးထြန္းေအာင္သင္းက ေျပာပါတယ္။

ဒီလိုေျပးဆြဲႏိုင္ဖို႔အတြက္ကိုေတာ့ ၿမိဳ႕ပတ္ရထားလမ္းပိုင္း နဲ႔ အခ်က္ျပစနစ္ေတြကို အဆင့္ျမႇင့္တင္တာေတြ စတင္လုပ္ေနၿပီလို႔လည္း ဆိုပါတယ္။ ရထားေတြကိုေတာ့ ဂ်ပန္ႏိုင္ငံကေန မွာယူထားတာပါ။

ဒီရထားေတြဟာ ဒီဇယ္နဲ႔ ေမာင္းႏွင္လို႔ရသလို လွ်ပ္စစ္နဲ႔ပါ ေမာင္းႏွင္လို႔ရတာျဖစ္ၿပီး တြဲဆိုင္း ၁၂ ဆိုင္းနဲ႔ တြဲယာဥ္ ၆၆ တြဲကို မွာယူထားတာလို႔ သိရပါတယ္။

ဂ်ပန္ႏိုင္ငံက မွာယူထားတဲ့ တြဲဆိုင္းေတြမွာ အလိုအေလ်ာက္ တံခါးဖြင့္စနစ္နဲ႔ ဘူတာတစ္ခုခ်င္းအလိုက္ ေၾကညာေပးမယ့္ စနစ္ေတြလည္း ပါဝင္မွာျဖစ္သလို ယခုေျပးဆြဲေနတဲ့ ၾကာခ်ိန္ထက္ တစ္နာရီေလ်ာ့က်ၿပီး ေျပးဆြဲႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

ဒီလို လွ်ပ္စစ္ရထားေတြ ေျပးဆြဲႏိုင္ပါက လက္ရွိၿမိဳ႕ပတ္ရထား စီးနင္းေနတဲ့ ခရီးသည္ဦးေရ သုံးဆေလာက္ထိ ပိုမို စီးနင္းလာမယ္လို႔ ခန႔္မွန္းထားတယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ ၿမိဳ႕ပတ္ရထား လမ္းပိုင္းေတြကို ႏိုင္ငံေတာ္ ဘတ္ဂ်က္နဲ႔ စတင္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနၿပီးအခ်က္ျပစနစ္ေတြကို ဂ်ပန္ႏိုင္ငံေခ်းေငြနဲ႔ ေဆာင္႐ြက္သြားမွာျဖစ္ၿပီး ဂ်ပန္ပညာရွင္ေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။

ယခုေျပးဆြဲေနတဲ့ ရန္ကုန္ၿမိဳ႕ပတ္ရထား ေျပးဆြဲမႈမွာ မိုင္ေပါင္း ၂၇ ဒႆမ ၅ မိုင္ရွိနဲ႔ ဘူတာ ၃၈ဘူတာရွိၿပီး ေျပးဆြဲခ်ိန္မွာ ႏွစ္နာရီနဲ႔ မိနစ္ငါးဆယ္ ၾကာျမင့္တယ္လို႔ သိရပါတယ္။

Credit – 7 Day News Journal

Source – https://www.facebook.com/103865773008399/posts/2200278073367148/

(Unicode)

ရန်ကုန်မြို့ပတ်ရထားတွေကို ဂျပန်နိုင်ငံထုတ် လျှပ်စစ်ရထားများနဲ့ ပြေးဆွဲဖို့စီစဉ်နေ

ရန်ကုန် မြို့ပတ်ရထားခရီးစဉ်မှာ လျှပ်စစ်ရထားတွေကို ၂၀၂၀ ခုနှစ်အတွင်း ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ မြန်မာ့မီးရထား အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောပါတယ်။

ဒီလိုပြေးဆွဲနိုင်ဖို့အတွက်ကိုတော့ မြို့ပတ်ရထားလမ်းပိုင်း နဲ့ အချက်ပြစနစ်တွေကို အဆင့်မြှင့်တင်တာတွေ စတင်လုပ်နေပြီလို့လည်း ဆိုပါတယ်။ ရထားတွေကိုတော့ ဂျပန်နိုင်ငံကနေ မှာယူထားတာပါ။

ဒီရထားတွေဟာ ဒီဇယ်နဲ့ မောင်းနှင်လို့ရသလို လျှပ်စစ်နဲ့ပါ မောင်းနှင်လို့ရတာဖြစ်ပြီး တွဲဆိုင်း ၁၂ ဆိုင်းနဲ့ တွဲယာဉ် ၆၆ တွဲကို မှာယူထားတာလို့ သိရပါတယ်။

ဂျပန်နိုင်ငံက မှာယူထားတဲ့ တွဲဆိုင်းတွေမှာ အလိုအလျောက် တံခါးဖွင့်စနစ်နဲ့ ဘူတာတစ်ခုချင်းအလိုက် ကြေညာပေးမယ့် စနစ်တွေလည်း ပါဝင်မှာဖြစ်သလို ယခုပြေးဆွဲနေတဲ့ ကြာချိန်ထက် တစ်နာရီလျော့ကျပြီး ပြေးဆွဲနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလို လျှပ်စစ်ရထားတွေ ပြေးဆွဲနိုင်ပါက လက်ရှိမြို့ပတ်ရထား စီးနင်းနေတဲ့ ခရီးသည်ဦးရေ သုံးဆလောက်ထိ ပိုမို စီးနင်းလာမယ်လို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြို့ပတ်ရထား လမ်းပိုင်းတွေကို နိုင်ငံတော် ဘတ်ဂျက်နဲ့ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီးအချက်ပြစနစ်တွေကို ဂျပန်နိုင်ငံချေးငွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ဂျပန်ပညာရှင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ယခုပြေးဆွဲနေတဲ့ ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲမှုမှာ မိုင်ပေါင်း ၂၇ ဒဿမ ၅မိုင်နဲ့ ဘူတာ ၃၈ဘူတာရှိပြီး ပြေးဆွဲချိန်မှာ နှစ်နာရီနဲ့ မိနစ်ငါးဆယ် ကြာမြင့်တယ်လို့ သိရပါတယ်။

Credit – 7 Day News Journal

Source – https://www.facebook.com/103865773008399/posts/2200278073367148/

Leave a Reply

Your email address will not be published. Required fields are marked *