သတင္း

အသားဖြူဆေးထိုးခြင်း အကြောင်း ဗဟုသုတ

(Zawgyi)
မိန္းကေလးေတြေမးတဲ့ အသားျဖဴေဆး
အသားျဖဴေဆးဆိုတာ မိန္းကေလးေတြ အထူးစိတ္ဝင္စားတဲ့ ေဆးျဖစ္ပါတယ္။ အထူးသျဖင့္ ဖိလစ္ပိုင္မွာ နာမည္ႀကီးေတာ္ေတာ္မ်ားမ်ား အသားျဖဴေဆးသုံးၾကသတဲ့။ စစ္တမ္းေတြအရ ဖိလစ္ပိုင္သူေတြဟာ အေရွ႕ေတာင္အာရွမွာ အသားျဖဴေဆး အသုံးမ်ားဆုံး လူမ်ိဳးျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ကေန နာမည္ႀကီးေတြထိ ထိုးၾကတယ္။ ထိုင္းမွာလည္း ေခတ္စားပါတယ္။ အခုေတာ့ ျမန္မာျပည္မွာ ေရာက္လာၿပီ။ အမွန္ေတာ့ လြန္ခဲ့တဲ့ သုံး၊ ေလး ႏွစ္ကတည္းက ဒီေဆးေတြ ေခတ္စားခဲ့တာပါ။ ေခတ္စားတဲ့ေဆးမို႔ သိခ်င္သူလည္း မ်ားတယ္။ အထူးသျဖင့္ မိန္းကေလးေတြပါ။ အြန္လိုင္းမွာလည္း အေမးမ်ားလို႔ အသားျဖဴေဆးအေၾကာင္း ေဖာ္ျပလိုက္ပါတယ္။

အသားျဖဴေဆးဆိုတာ glutathione ကို ေျပာတာ ျဖစ္ပါတယ္။ ဒီေဆးကို အတိုေကာက္ gluta(သို႔) GSHလို႔လည္း ေခၚတယ္။ အမွန္ေတာ့ အမိုင္ႏိုအက္ဆစ္သုံးမ်ိဳး (cysteine, glutamic acid နဲ႔ glycine) ေပါင္းစပ္ဖြဲ႕စည္းထားတာပဲ ျဖစ္ပါတယ္။ တခုခ်င္းဆီမွာ သူ႔အာနိသင္နဲ႔သူရွိတယ္။ Cysteineက ဓာတ္တိုးဆန႔္က်င္(antioxidant) တဲ့ေနရာမွာ အသုံးဝင္တယ္။ အဆိပ္အေတာက္ကို အဓိက ဖယ္ရွားေပးတယ္။ သလိပ္ေပ်ာ္ေစတယ္။ Glycine က ဆဲလ္လႊာေတြ မပ်က္ဆီးေအာင္ ကာကြယ္ေပးတဲ့ အာနိသင္ရွိတယ္။ glutamic acidကေတာ့ ဆဲလ္သစ္ေတြ ဖြဲ႕စည္းရာမွာ အသုံးဝင္ပါတယ္။ အေရျပားအတြက္ ေကာင္းတယ္။ ကြၽန္ေတာ္တို႔ ေန႔စဥ္စားေနတဲ့ အသား၊ ငါး၊ အခြံမာသီး၊ လတ္ဆတ္တဲ့ ဟင္းသီးဟင္း႐ြက္ သစ္သီးဝလံထဲမွာ ဒီဓာတ္ေတြ ပါဝင္ၿပီးသားပါ။

Glutathione ကို လူ၊ အပင္၊ တိရိစာၦန္၊ မႈိ၊ ဘက္တီးရီးယားေတြရဲ႕ ဆဲလ္တိုင္းမွာ ေတြ႕ရတယ္။ လူ႔ခႏၶာကိုယ္က သဘာဝအတိုင္း ထုတ္လုပ္ႏိုင္တယ္။ အသည္းကထုတ္တဲ့ glutathione ကေတာ့ အေရးႀကီးဆုံးပဲ။ သူ႔တာဝန္က ဆဲလ္ေတြထဲဝင္ေရာက္ၿပီး အဆိပ္အေတာက္၊ အညစ္အေၾကးေတြကို သံလိုက္လို စုစည္းၿပီး glutathione disulfide(oxide form) အျဖစ္ ေျပာင္းၿပီးမွ ေခ်ဖ်က္ပစ္တယ္။ ဆဲလ္မွာရွိတဲ့ အညစ္အေၾကးေတြ သန႔္စင္တဲ့အခါ အဆိုပါဆဲလ္က ၾကည္လင္လာၿပီး အသားအရည္ ျဖဴစင္ဝင္းပလာတယ္။ အဲဒီမွာ အသားျဖဴတယ္ဆိုၿပီး ျဖစ္လာတယ္။ တျခား လုပ္ေဆာင္မႈေပါင္း (၁၅)မ်ိဳးေက်ာ္လည္း ရွိေသးတယ္။ စြမ္းအင္ထုတ္လုပ္တဲ့ ျဖစ္စဥ္မွာလည္း ပါတယ္။ အင္နာဂ်ီကို ျဖစ္ေစတယ္။ ခုခံအားကို တက္ေစတယ္။ သုတ္ပိုးကို တိုးပြားေစတယ္။ ဆဲလ္တြင္း DNAပ်က္ဆီးျခင္းမွ ကာကြယ္ေပးတယ္။ အေရးအေၾကာင္း၊အမဲစက္၊ အမာ႐ြတ္ေတြကို ေလွ်ာ့ပါးႏိုင္တယ္။

လက္ရွိအမ်ားသုံးေနၾကတဲ့ အသားျဖဴေဆးမွာ L-glutathione ပါတယ္။ L-glutathione ကေတာ့ reduced glutathione တမ်ိဳးပါ။ ေဆးေပးတဲ့အခါ 1000-2000mg ေလာက္ေပးမွ ထိေရာက္ပါတယ္။ အေရျပားေအာက္လႊာ(dermis)ကတဆင့္ အေပၚလႊာ(epidermis)ေရာက္တာျဖစ္လို႔ အာနိသင္ရဖို႔ နည္းနည္းၾကာတယ္။ ၃လေက်ာ္မွ ထူးျခားခ်က္ျမင္ရၿပီး တကယ္အာနိသင္ျပည့္ဖို႔ ၃-၆လ ေလာက္ ၾကာႏိုင္တယ္။ ေနာက္ပိုင္းမွာ Glutathione 500-1000mgထိ ေန႔စဥ္ဆက္ေသာက္ဖို႔ လိုေသးတယ္။ ေဆးေသာက္တဲ့အခါ အာနိသင္ေကာင္းေအာင္ အစာမရွိခ်ိန္မွာ ေသာက္သင့္တယ္။ ေဆးေသာက္ရင္ ၃၀ရာခိုင္ႏႈန္းေလာက္ပဲ ေသြးေၾကာထဲ ေရာက္ပါတယ္။ က်န္တဲ့ (၆၀)ရာခိုင္ႏႈန္းေက်ာ္က အစာေျခရည္နဲ႔ေတြ႕ၿပီး ပ်က္ဆီးသြားပါတယ္။ ေနာက္ပိုင္း အသားျဖဴေဆးေတြမွာ acetyl Glutathione(သို႔) liposome glutathione ဆိုတာေတြကို ထုတ္လာၾကတယ္။ lipid shield အဆီလႊာေၾကာင့္ ပ်က္ဆီးမႈနည္းၿပီး ေသြးထဲကိုေရာက္တယ္။ ေဆးေသာက္တဲ့အခါ သတိျပဳရမွာေတြ ရွိတယ္။ အစာအိမ္နာ၊ ပ်ိဳ႕အန္၊ ရင္ဘတ္ေအာင့္၊ ရင္တုန္၊ ဝမ္းပ်က္ဝမ္းေလွ်ာ၊ ျဖစ္ႏိုင္တယ္။ တန္ေဆးလြန္ေဘးဆိုသလို ေသာက္ေဆးပမာဏ အရမ္းမ်ားရင္ ေက်ာက္ကပ္ကို ထိခိုက္ႏိုင္ပါတယ္။

ဆရာဝန္ေတြ ေပးေနတာက glutathione အသားျဖဴေဆးကို အေၾကာထဲ တိုက္႐ိုက္ထိုးသြင္းၾကတာ ျဖစ္တယ္။ေသြးေၾကာထဲ ခ်က္ခ်င္းေရာက္လို႔ အာနိသင္ျမန္တယ္။ ေဆးေပးတဲ့အခါ 10mg/kg နဲ႔တြက္ၿပီး တပတ္ကို ႏွစ္ႀကိမ္ (၃ရက္တခါ) ထိုးေပးရတယ္။ အသားလတ္သူ(light brown)မွာ ၁-၃လ၊ အသားညိဳသူ(dark brown)မွာ ၃-၆လ၊ အသားမဲသူ(very dark skin)မွာ ၆-၁၂လေလာက္ ေပးဖို႔လိုပါတယ္။ ၁၀လုံးေလာက္ထိုးၿပီးရင္ ေတာ္ေတာ္သိသာလာၿပီ။ ေနာက္ပိုင္း အသားျဖဴလာတာနဲ႔ တပတ္တႀကိမ္၊ တလတႀကိမ္စသည္ျဖင့္ ေဆးကို အႀကိမ္ေလွ်ာ့ထိုးသြားရတယ္။ ေဘးထြက္ဆိုးက်ိဳး အစာအိမ္နာ၊ ပ်ိဳ႕အန္၊ ဝမ္းေလွ်ာ၊ ဆံပင္ျဖဴ၊ ဆံပင္ကြၽတ္၊ ဝိတ္တက္၊ အသက္ရႈခက္၊ ေသြးဆိပ္သင့္တာျဖစ္ႏိုင္တယ္။ ပထမဆုံးထိုးသူေတြမွာ 0.5ml အရင္ထိုးၿပီး ၁၅မိနစ္ေစာင့္ၾကည့္ပါ။ အင္ျပင္ထ၊ အနီစက္ထြက္၊ အေရျပားေရာင္တာ၊ ယားတာ၊ အသက္ရႈမဝတာ ျဖစ္လာရင္ ဆက္မထိုးပါနဲ႔။ သတိျပဳရမွာက ဒီေဆးကို ကိုယ္ဝန္ေဆာင္၊ ႏို႔တိုက္မိခင္မွာ မသုံးသင့္ဘူး။ အတက္ေပ်ာက္ေဆး(haloperidol)၊ ကင္ဆာေဆး(cisplastin) ေသာက္သူေတြမွာ မေပးရဘူး။ ေဆးထိုးၿပီးရင္ ဂလူးကိုစ္ပါ စစ္သင့္တယ္။

အသားျဖဴေဆးထိုးတဲ့အခါ အာနိသင္ပိုေကာင္းေအာင္ vitamin C ကိုပါ ထည့္ထိုးၾကတယ္။ အ႐ြယ္တင္ႏုပ်ိဳေအာင္ေပးတဲ့ vitamin C ပမာဏက 10mg/kg ေလာက္ ရွိပါတယ္။ အသားျဖဴဖို႔ဆိုရငိ ေဆးပမာဏကို ႏွစ္ဆေလာက္ လိုလာၿပီ။ ေန႔စဥ္ vitamin C 20mg/kg ေလာက္ေပးမွ အသားျဖဴမွာပါ။ ဒီေနရာမွာ သတိျပဳစရာေလးေတာ့ ေျပာပါရေစ။ ေန႔စဥ္ ဗီတာမင္စီ 500-1000mg ၾကား သုံးစြဲရင္ အင္တီေအာက္စီးဒင့္အာနိသင္ရႏိုင္ေပမယ့္ ေရရွည္စြဲေသာက္ရင္ ဆီးေက်ာက္တည္တာ ျဖစ္တတ္ျပန္တယ္။ ဒါလည္း သတိထားသင့္တဲ့အခ်က္ပါ။ လူတေယာက္ေန႔စဥ္လိုတဲ့ ဗီတာမင္စီ ပမာဏက 60-90mg သာ ျဖစ္ပါတယ္။ တခ်ိဳ႕က အသားတင္းေအာင္ collagen 200-350mg ပါထပ္ထိုးတယ္။ ဒါမွာ glutathione အာနိသင္ကို ပိုေကာင္းေစမွာ ျဖစ္ပါတယ္။

ေနေရာင္ထဲသြားရင္ အသားမည္းတဲ့ျဖစ္စဥ္မွာ မယ္လနင္(Melanin)က အေရးပါတယ္။ မယ္လနင္ ထြက္လာေအာင္ Tyrosinaseဆိုတဲ့ အင္ဇိုင္းတမ်ိဳးက လႈံ႕ေဆာ္ေပးတယ္။ Glutathione သေဘာက Tyrosinase နဲ႔ ေပါင္းၿပီး မယ္လနင္ထြက္မလာေအာင္ တားဆီးလိုက္တယ္။ ရလာဒ္ကေတာ့ မယ္လနင္မထြက္၊ အသားလည္း မမဲေတာ့ဘူး။ မယ္လနင္ဟာ အသားအေရမဲေစတယ္လို႔ သိၾကတာလည္း သိပ္မမွန္ေသးဘူး။ တကယ္က မယ္လနင္ ႏွစ္မ်ိဳးရွိတယ္။ phaeomelanin ဆိုတာ အသားလတ္ေစတဲ့ ေရာင္ျခယ္ဆဲလ္ျဖစ္ၿပီး Eumelaninကမွသာ အသားညိဳေစတဲ့ သေဘာရွိတယ္။ ေနေရာင္ထဲ ထြက္ပါမ်ားရင္ glutathione ပမာဏက်ဆင္းၿပီး အသားအေရာင္က အရင္အတိုင္းျပန္ျဖစ္ႏိုင္တယ္။ ဒါ့ေၾကာင့္ တတ္ႏိုင္သမွ်ေနပူထဲမထြက္ပါနဲ႔။ အေဆာင္းအကာ၊ ေနေလာင္ကာလိမ္းေဆး(SPF 30အထက္) တခုခုသုံးပါ။ ေဆးလိပ္၊ အရက္၊ကြမ္း၊ ဆိုးေဆး၊ ဓာတုပစၥည္းေတြက glutathione ပမာဏကို ေလွ်ာ့နည္းေစတယ္။

ေလ့လာမႈေတြအရ ဆာလဖာ ႂကြယ္ဝတဲ့အစားအေသာက္ေတြက glutathioneပမာဏ မ်ားေစတယ္။ အလြယ္ အနံ႔နံတဲ့အစားအစာေတြလို႔ မွတ္ပါ။ ႂကြက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ကိုက္လန္၊ ေဂၚဖီထုပ္၊ ပန္းေဂၚဖီ၊ ေဂၚဖီစိမ္းေတြက glutathione ပမာဏကို ျမႇင့္တက္ေစတယ္။ ေထာပတ္သီးစား အသားလွတယ္ဆိုတာ glutathioneပမာဏကို မ်ားေစလို႔ပါ။ ဒါ့ေၾကာင့္ အသားျဖဴခ်င္ရင္ လတ္ဆတ္တဲ့ ဟင္းသီးဟင္း႐ြက္၊ သစ္သီးဝလံအျပင္ နံတဲ့ အစားအေသာက္ေတြကိုပါ မ်ားမ်ား စားေပးပါ။ ေထာပတ္သီး၊ ခရမ္းခ်ဥ္သီး၊ အခြံမာသီးေတြမွာလည္း ဒီဓာတ္ေတြပါတယ္။ GSH precursor ဆိုတာလည္း ရွိပါတယ္။ အာနိသင္က ခႏၶာကိုယ္ထဲမွာရွိတဲ့ Glutathione ပမာဏကို မ်ားေစတာျဖစ္တယ္။ N-acetyl cysteine, selenium, silymarine, R-alpha lipoid acid, whey protein စတာေတြက oxided form ကေန reduced form ေျပာင္းေပးတယ္။ တခ်ိဳ႕က အာနိသင္ေကာင္းေအာင္ အသားျဖဴေဆးေတြကို ဒီေဆးေတြနဲ႔တြဲေပးၾကတယ္။

တျခားဘယ္ေနရာေတြမွာသုံးေသးလဲ
တကယ္ေတာ့ glutathione ကို အသည္းေရာဂါ၊ အာ႐ုံေၾကာေရာဂါနဲ႔ ကင္ဆာသမားေတြမွာ ေရာဂါကုသဖို႔ ေပးခဲ့တာပါ။ ေပးရင္းနဲ႔ အသားျဖဴတဲ့ ေဘးထြက္ဆိုးက်ိဳးကို ျမင္ၿပီး အသုံးခ်လာခဲ့တာျဖစ္ပါတယ္။ အသားအေရတင္မက ဆံပင္ပါျဖဴလာၾကတယ္။ အသည္းေရာဂါ၊ ကင္ဆာေရာဂါ၊ ခုခံအားက်ဆင္းသူေတြမွာ glutathione လည္း က်တတ္တယ္။ ေသြးတိုး၊ ဆီးခ်ိဳ၊ အတြင္းတိမ္၊ ကင္ဆာနဲ႔ သုတ္ပိုးနည္းတဲ့ ေရာဂါေတြမွာ ေပးလို႔ရပါတယ္။ အိတ္ခ်္အိုင္ဗြီ၊ တီဘီနဲ႔ ကင္ဆာေရာဂါသည္ေတြကို ေလ့လာၾကည့္တဲ့အခါ glutathioneဓာတ္ ဆိုး႐ြားစြာ ခ်ိဳ႕တဲ့တာ ေတြ႕ရတယ္။ အာ႐ုံေၾကာေရာဂါေတြ(ပါကင္ဆန္၊အယ္လ္ဇိုင္းမား၊multiple sclerosis ) စတဲ့ေရာဂါေတြမွာ glutathioneထိုးေဆးေတြ အသုံးျပဳၾကတယ္။

glutathione ကို ၁၈၈၈ခုႏွစ္ကတည္းက J. de Rey-Pailhade ဆိုသူကစေတြ႕ရွိခဲ့တယ္။ ဗီတာမင္လိုပဲ သူ႔ရဲ႕လုပ္ေဆာင္မႈေတြက (၁၅)ခုထက္မနည္းပါ။ လက္ရွိခ်ိန္ထိ ေလ့လာမႈစာတမ္းေပါင္း (၆၀၀၀၀)ေက်ာ္ လုပ္ၿပီးပါၿပီ။ ေဘးထြက္မရွိဘူးဆိုတာလည္း ညာတဲ့သေဘာ သက္ေရာက္တယ္။ တကယ္က အသားျဖဴတယ္၊ ဆံပင္ျဖဴတယ္ဆိုတာ ေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳး မဟုတ္လား။ အင္တီေအာက္စီးဒင့္ျဖစ္လို႔ အကုန္ေကာင္းမယ္ ေမွ်ာ္မွန္းတာလဲ မမွန္ေသးဘူး။ ေရရွည္ကို ဆက္ေစာင့္ၾကည့္ရဦးမယ္။ သတိထားရမွာက melaninထြက္တာကို တားဆီးလို႔ အေရျပားကင္ဆာ ျဖစ္ႏိုင္ေခ်ေတာ့ ပိုမ်ားလာႏိုင္တယ္။

Credit – ေဒါက္တာ ေအးမင္းထူး
ရတနာပုံ သတင္းစာ(၆.၇.၁၅)

(Unicode)
မိန်းကလေးတွေမေးတဲ့ အသားဖြူဆေး

အသားဖြူဆေးဆိုတာ မိန်းကလေးတွေ အထူးစိတ်ဝင်စားတဲ့ ဆေးဖြစ်ပါတယ်။ အထူးသဖြင့် ဖိလစ်ပိုင်မှာ နာမည်ကြီးတော်တော်များများ အသားဖြူဆေးသုံးကြသတဲ့။ စစ်တမ်းတွေအရ ဖိလစ်ပိုင်သူတွေဟာ အရှေ့တောင်အာရှမှာ အသားဖြူဆေး အသုံးများဆုံး လူမျိုးဖြစ်ပါတယ်။ ဆယ်ကျော်သက်ကနေ နာမည်ကြီးတွေထိ ထိုးကြတယ်။ ထိုင်းမှာလည်း ခေတ်စားပါတယ်။ အခုတော့ မြန်မာပြည်မှာ ရောက်လာပြီ။ အမှန်တော့ လွန်ခဲ့တဲ့ သုံး၊ လေး နှစ်ကတည်းက ဒီဆေးတွေ ခေတ်စားခဲ့တာပါ။ ခေတ်စားတဲ့ဆေးမို့ သိချင်သူလည်း များတယ်။ အထူးသဖြင့် မိန်းကလေးတွေပါ။ အွန်လိုင်းမှာလည်း အမေးများလို့ အသားဖြူဆေးအကြောင်း ဖော်ပြလိုက်ပါတယ်။

အသားဖြူဆေးဆိုတာ glutathioneကို ပြောတာ ဖြစ်ပါတယ်။ ဒီဆေးကို အတိုကောက် gluta(သို့) GSHလို့လည်း ခေါ်တယ်။ အမှန်တော့ အမိုင်နိုအက်ဆစ်သုံးမျိုး (cysteine, glutamic acid နဲ့ glycine) ပေါင်းစပ်ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။ တခုချင်းဆီမှာ သူ့အာနိသင်နဲ့သူရှိတယ်။ Cysteineက ဓာတ်တိုးဆန့်ကျင်(antioxidant) တဲ့နေရာမှာ အသုံးဝင်တယ်။ အဆိပ်အတောက်ကို အဓိက ဖယ်ရှားပေးတယ်။ သလိပ်ပျော်စေတယ်။ Glycine က ဆဲလ်လွှာတွေ မပျက်ဆီးအောင် ကာကွယ်ပေးတဲ့ အာနိသင်ရှိတယ်။ glutamic acidကတော့ ဆဲလ်သစ်တွေ ဖွဲ့စည်းရာမှာ အသုံးဝင်ပါတယ်။ အရေပြားအတွက် ကောင်းတယ်။ ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ အသား၊ ငါး၊ အခွံမာသီး၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံထဲမှာ ဒီဓာတ်တွေ ပါဝင်ပြီးသားပါ။

Glutathione ကို လူ၊ အပင်၊ တိရိစ္ဆာန်၊ မှို၊ ဘက်တီးရီးယားတွေရဲ့ ဆဲလ်တိုင်းမှာ တွေ့ရတယ်။ လူ့ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်လုပ်နိုင်တယ်။ အသည်းကထုတ်တဲ့ glutathione ကတော့ အရေးကြီးဆုံးပဲ။ သူ့တာဝန်က ဆဲလ်တွေထဲဝင်ရောက်ပြီး အဆိပ်အတောက်၊ အညစ်အကြေးတွေကို သံလိုက်လို စုစည်းပြီး glutathione disulfide(oxide form) အဖြစ် ပြောင်းပြီးမှ ချေဖျက်ပစ်တယ်။ ဆဲလ်မှာရှိတဲ့ အညစ်အကြေးတွေ သန့်စင်တဲ့အခါ အဆိုပါဆဲလ်က ကြည်လင်လာပြီး အသားအရည် ဖြူစင်ဝင်းပလာတယ်။ အဲဒီမှာ အသားဖြူတယ်ဆိုပြီး ဖြစ်လာတယ်။ တခြား လုပ်ဆောင်မှုပေါင်း (၁၅)မျိုးကျော်လည်းရှိသေးတယ်။ စွမ်းအင်ထုတ်လုပ်တဲ့ ဖြစ်စဉ်မှာလည်း ပါတယ်။ အင်နာဂျီကို ဖြစ်စေတယ်။ ခုခံအားကို တက်စေတယ်။ သုတ်ပိုးကို တိုးပွားစေတယ်။ ဆဲလ်တွင်း DNAပျက်ဆီးခြင်းမှ ကာကွယ်ပေးတယ်။ အရေးအကြောင်း၊အမဲစက်၊ အမာရွတ်တွေကို လျှော့ပါးနိုင်တယ်။

လက်ရှိအများသုံးနေကြတဲ့ အသားဖြူဆေးမှာ L-glutathione ပါတယ်။ L-glutathione ကတော့ reduced glutathione တမျိုးပါ။ ဆေးပေးတဲ့အခါ 1000-2000mg လောက်ပေးမှ ထိရောက်ပါတယ်။ အရေပြားအောက်လွှာ(dermis)ကတဆင့် အပေါ်လွှာ(epidermis)ရောက်တာဖြစ်လို့ အာနိသင်ရဖို့ နည်းနည်းကြာတယ်။ ၃လကျော်မှ ထူးခြားချက်မြင်ရပြီး တကယ်အာနိသင်ပြည့်ဖို့ ၃-၆လ လောက် ကြာနိုင်တယ်။ နောက်ပိုင်းမှာ Glutathione 500-1000mgထိ နေ့စဉ်ဆက်သောက်ဖို့ လိုသေးတယ်။ ဆေးသောက်တဲ့အခါ အာနိသင်ကောင်းအောင် အစာမရှိချိန်မှာ သောက်သင့်တယ်။ ဆေးသောက်ရင် ၃၀ရာခိုင်နှုန်းလောက်ပဲ သွေးကြောထဲ ရောက်ပါတယ်။ ကျန်တဲ့ (၆၀)ရာခိုင်နှုန်းကျော်က အစာခြေရည်နဲ့တွေ့ပြီး ပျက်ဆီးသွားပါတယ်။ နောက်ပိုင်း အသားဖြူဆေးတွေမှာ acetyl Glutathione(သို့) liposome glutathione ဆိုတာတွေကို ထုတ်လာကြတယ်။ lipid shield အဆီလွှာကြောင့် ပျက်ဆီးမှုနည်းပြီး သွေးထဲကိုရောက်တယ်။ ဆေးသောက်တဲ့အခါ သတိပြုရမှာတွေ ရှိတယ်။ အစာအိမ်နာ၊ ပျို့အန်၊ ရင်ဘတ်အောင့်၊ ရင်တုန်၊ ဝမ်းပျက်ဝမ်းလျှော၊ ဖြစ်နိုင်တယ်။ တန်ဆေးလွန်ဘေးဆိုသလို သောက်ဆေးပမာဏ အရမ်းများရင် ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။

ဆရာဝန်တွေ ပေးနေတာက glutathione အသားဖြူဆေးကို အကြောထဲ တိုက်ရိုက်ထိုးသွင်းကြတာ ဖြစ်တယ်။သွေးကြောထဲ ချက်ချင်းရောက်လို့ အာနိသင်မြန်တယ်။ ဆေးပေးတဲ့အခါ 10mg/kg နဲ့တွက်ပြီး တပတ်ကို နှစ်ကြိမ် (၃ရက်တခါ) ထိုးပေးရတယ်။ အသားလတ်သူ(light brown)မှာ ၁-၃လ၊ အသားညိုသူ(dark brown)မှာ ၃-၆လ၊ အသားမဲသူ(very dark skin)မှာ ၆-၁၂လလောက် ပေးဖို့လိုပါတယ်။ ၁၀လုံးလောက်ထိုးပြီးရင် တော်တော်သိသာလာပြီ။ နောက်ပိုင်း အသားဖြူလာတာနဲ့ တပတ်တကြိမ်၊ တလတကြိမ်စသည်ဖြင့် ဆေးကို အကြိမ်လျှော့ထိုးသွားရတယ်။ ဘေးထွက်ဆိုးကျိုး အစာအိမ်နာ၊ ပျို့အန်၊ ဝမ်းလျှော၊ ဆံပင်ဖြူ၊ ဆံပင်ကျွတ်၊ ဝိတ်တက်၊ အသက်ရှုခက်၊ သွေးဆိပ်သင့်တာဖြစ်နိုင်တယ်။ ပထမဆုံးထိုးသူတွေမှာ 0.5ml အရင်ထိုးပြီး ၁၅မိနစ်စောင့်ကြည့်ပါ။ အင်ပြင်ထ၊ အနီစက်ထွက်၊ အရေပြားရောင်တာ၊ ယားတာ၊ အသက်ရှုမဝတာ ဖြစ်လာရင် ဆက်မထိုးပါနဲ့။ သတိပြုရမှာက ဒီဆေးကို ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်မှာ မသုံးသင့်ဘူး။ အတက်ပျောက်ဆေး(haloperidol)၊ ကင်ဆာဆေး(cisplastin) သောက်သူတွေမှာ မပေးရဘူး။ ဆေးထိုးပြီးရင် ဂလူးကိုစ်ပါ စစ်သင့်တယ်။

အသားဖြူဆေးထိုးတဲ့အခါ အာနိသင်ပိုကောင်းအောင် vitamin C ကိုပါ ထည့်ထိုးကြတယ်။ အရွယ်တင်နုပျိုအောင်ပေးတဲ့ vitamin C ပမာဏက 10mg/kg လောက် ရှိပါတယ်။ အသားဖြူဖို့ဆိုရငိ ဆေးပမာဏကို နှစ်ဆလောက် လိုလာပြီ။ နေ့စဉ် vitamin C 20mg/kg လောက်ပေးမှ အသားဖြူမှာပါ။ ဒီနေရာမှာ သတိပြုစရာလေးတော့ ပြောပါရစေ။ နေ့စဉ် ဗီတာမင်စီ 500-1000mg ကြား သုံးစွဲရင် အင်တီအောက်စီးဒင့်အာနိသင်ရနိုင်ပေမယ့် ရေရှည်စွဲသောက်ရင် ဆီးကျောက်တည်တာ ဖြစ်တတ်ပြန်တယ်။ ဒါလည်း သတိထားသင့်တဲ့အချက်ပါ။ လူတယောက်နေ့စဉ်လိုတဲ့ ဗီတာမင်စီ ပမာဏက 60-90mg သာ ဖြစ်ပါတယ်။ တချို့က အသားတင်းအောင် collagen 200-350mg ပါထပ်ထိုးတယ်။ ဒါမှာ glutathione အာနိသင်ကို ပိုကောင်းစေမှာ ဖြစ်ပါတယ်။

နေရောင်ထဲသွားရင် အသားမည်းတဲ့ဖြစ်စဉ်မှာ မယ်လနင်(Melanin)က အရေးပါတယ်။ မယ်လနင် ထွက်လာအောင် Tyrosinaseဆိုတဲ့ အင်ဇိုင်းတမျိုးက လှုံ့ဆော်ပေးတယ်။ Glutathione သဘောက Tyrosinase နဲ့ ပေါင်းပြီး မယ်လနင်ထွက်မလာအောင် တားဆီးလိုက်တယ်။ ရလာဒ်ကတော့ မယ်လနင်မထွက်၊ အသားလည်း မမဲတော့ဘူး။ မယ်လနင်ဟာ အသားအရေမဲစေတယ်လို့ သိကြတာလည်း သိပ်မမှန်သေးဘူး။ တကယ်က မယ်လနင် နှစ်မျိုးရှိတယ်။ phaeomelanin ဆိုတာ အသားလတ်စေတဲ့ ရောင်ခြယ်ဆဲလ်ဖြစ်ပြီး Eumelaninကမှသာ အသားညိုစေတဲ့ သဘောရှိတယ်။ နေရောင်ထဲ ထွက်ပါများရင် glutathione ပမာဏကျဆင်းပြီး အသားအရောင်က အရင်အတိုင်းပြန်ဖြစ်နိုင်တယ်။ ဒါ့ကြောင့် တတ်နိုင်သမျှနေပူထဲမထွက်ပါနဲ့။ အဆောင်းအကာ၊ နေလောင်ကာလိမ်းဆေး(SPF 30အထက်) တခုခုသုံးပါ။ ဆေးလိပ်၊ အရက်၊ကွမ်း၊ ဆိုးဆေး၊ ဓာတုပစ္စည်းတွေက glutathione ပမာဏကို လျှော့နည်းစေတယ်။

လေ့လာမှုတွေအရ ဆာလဖာ ကြွယ်ဝတဲ့အစားအသောက်တွေက glutathioneပမာဏ များစေတယ်။ အလွယ် အနံ့နံတဲ့အစားအစာတွေလို့ မှတ်ပါ။ ကြွက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကိုက်လန်၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီစိမ်းတွေက glutathione ပမာဏကို မြှင့်တက်စေတယ်။ ထောပတ်သီးစား အသားလှတယ်ဆိုတာ glutathioneပမာဏကို များစေလို့ပါ။ ဒါ့ကြောင့် အသားဖြူချင်ရင် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံအပြင် နံတဲ့ အစားအသောက်တွေကိုပါ များများ စားပေးပါ။ ထောပတ်သီး၊ ခရမ်းချဉ်သီး၊ အခွံမာသီးတွေမှာလည်း ဒီဓာတ်တွေပါတယ်။ GSH precursor ဆိုတာလည်း ရှိပါတယ်။ အာနိသင်က ခန္ဓာကိုယ်ထဲမှာရှိတဲ့ Glutathione ပမာဏကို များစေတာဖြစ်တယ်။ N-acetyl cysteine, selenium, silymarine, R-alpha lipoid acid, whey protein စတာတွေက oxided form ကနေ reduced form ပြောင်းပေးတယ်။ တချို့က အာနိသင်ကောင်းအောင် အသားဖြူဆေးတွေကို ဒီဆေးတွေနဲ့တွဲပေးကြတယ်။

တခြားဘယ်နေရာတွေမှာသုံးသေးလဲ
တကယ်တော့ glutathione ကို အသည်းရောဂါ၊ အာရုံကြောရောဂါနဲ့ ကင်ဆာသမားတွေမှာ ရောဂါကုသဖို့ ပေးခဲ့တာပါ။ ပေးရင်းနဲ့ အသားဖြူတဲ့ ဘေးထွက်ဆိုးကျိုးကို မြင်ပြီး အသုံးချလာခဲ့တာဖြစ်ပါတယ်။ အသားအရေတင်မက ဆံပင်ပါဖြူလာကြတယ်။ အသည်းရောဂါ၊ ကင်ဆာရောဂါ၊ ခုခံအားကျဆင်းသူတွေမှာ glutathione လည်း ကျတတ်တယ်။ သွေးတိုး၊ ဆီးချို၊ အတွင်းတိမ်၊ ကင်ဆာနဲ့ သုတ်ပိုးနည်းတဲ့ ရောဂါတွေမှာ ပေးလို့ရပါတယ်။ အိတ်ချ်အိုင်ဗွီ၊ တီဘီနဲ့ ကင်ဆာရောဂါသည်တွေကို လေ့လာကြည့်တဲ့အခါ glutathioneဓာတ် ဆိုးရွားစွာ ချို့တဲ့တာ တွေ့ရတယ်။ အာရုံကြောရောဂါတွေ(ပါကင်ဆန်၊အယ်လ်ဇိုင်းမား၊multiple sclerosis ) စတဲ့ရောဂါတွေမှာ glutathioneထိုးဆေးတွေ အသုံးပြုကြတယ်။

glutathione ကို ၁၈၈၈ခုနှစ်ကတည်းက J. de Rey-Pailhade ဆိုသူကစတွေ့ရှိခဲ့တယ်။ ဗီတာမင်လိုပဲ သူ့ရဲ့လုပ်ဆောင်မှုတွေက (၁၅)ခုထက်မနည်းပါ။ လက်ရှိချိန်ထိ လေ့လာမှုစာတမ်းပေါင်း (၆၀၀၀၀)ကျော် လုပ်ပြီးပါပြီ။ ဘေးထွက်မရှိဘူးဆိုတာလည်း ညာတဲ့သဘော သက်ရောက်တယ်။ တကယ်က အသားဖြူတယ်၊ ဆံပင်ဖြူတယ်ဆိုတာ ဆေးရဲ့ ဘေးထွက်ဆိုးကျိုး မဟုတ်လား။ အင်တီအောက်စီးဒင့်ဖြစ်လို့ အကုန်ကောင်းမယ် မျှော်မှန်းတာလဲ မမှန်သေးဘူး။ ရေရှည်ကို ဆက်စောင့်ကြည့်ရဦးမယ်။ သတိထားရမှာက melaninထွက်တာကို တားဆီးလို့ အရေပြားကင်ဆာ ဖြစ်နိုင်ချေတော့ ပိုများလာနိုင်တယ်။

Credit – ဒေါက်တာ အေးမင်းထူး
ရတနာပုံ သတင်းစာ(၆.၇.၁၅)

Leave a Reply

Your email address will not be published. Required fields are marked *