သတင္း

နတ္ဝင္ပူးကာ ေ႐ႊအတုမ်ားတူးေဖာ္၍ က်ပ္သိန္း၃၀၀ လိမ္လည္ခဲ့သည္ဆိုသူကို အမႈဖြင့္

(Zawgyi)

နတ္ဝင္ပူးကာ ေ႐ႊအတုမ်ားတူးေဖာ္၍ က်ပ္သိန္း၃၀၀ လိမ္လည္ခဲ့သည္ဆိုသူကို အမႈဖြင့္

ေနျပည္ေတာ္ တပ္ကုန္းၿမိဳ႕နယ္၌ နတ္ဝင္ပူးကာ ေ႐ႊထည္ပစၥည္းအတုမ်ား တူးေဖာ္၍ က်ပ္သိန္း ၃၀၀ ေက်ာ္ လိမ္လည္ရယူခဲ့သည္ဆိုသူ အမ်ိဳးသမီးကို ဇြန္ ၁၄ ရက္က အမႈဖြင့္ စစ္ေဆးလ်က္ရွိသည္။

တပ္ကုန္းၿမိဳ႕နယ္၊ ကံလွေက်း႐ြာေန အသက္ ၄၈ ႏွစ္အ႐ြယ္ တိုင္တန္းသူအမ်ိဳးသမီးသည္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ မွစ၍ အေနာ္ရထာရပ္ကြက္ေန မခင္သက္ႏြယ္(ခ)မႏြယ္ (၄၃)ႏွစ္ ႏွင့္ ခင္မင္ရင္းႏွီးခဲ့ ေၾကာင္း၊ စက္တင္ဘာ ၁၅ ရက္မွစတင္၍ မခင္သက္ႏြယ္(ခ) မႏြယ္က ေနအိမ္သို႔ ေရာက္ရွိလာၿပီး ဘိုးဘြားပိုင္အေမြမ်ား သိုက္မ်ားထံမွ ရမည္ဟု ေျပာဆိုကာ ပြဲေတာ္ခ က်ပ္ ၁ သိန္းခြဲကို ေတာင္းယူခဲ့သည္။

ထို႔ေနာက္ တိုင္တန္းသူပိုင္ ယာကြက္အတြင္းသို႔ တူးေဖာ္ရာ ေ႐ႊလက္ေကာက္မ်ားႏွင့္ ေ႐ႊဆြဲႀကိဳးမ်ား တူးေဖာ္ရရွိခဲ့သည္။ ၎ေနာက္ မခင္သက္ႏြယ္(ခ)မႏြယ္က ေနအိမ္သို႔အႀကိမ္ႀကိမ္ လာေရာက္ခဲ့ၿပီး နတ္ပူး၍ ေနအိမ္ရွိ ျခင္းမ်ား၊ ဘုရားစင္ေပၚတို႔မွ ေ႐ႊထည္မ်ားကို ရရွိေစခဲ့သည္။

ထို႔ျပင္ တိုင္တန္းသူ ပိုင္ဆိုင္သည့္ ယာကြက္အတြင္းတို႔မွ ေ႐ႊေရာင္ တဘက္ ၁ ထည္၊ လိပ္ျပာပုံခါးပတ္ေခါင္းႏွင့္ ခ်ိတ္ပါေ႐ႊေရာင္ခါးပတ္ ၃ ခု၊ ေ႐ႊေရာင္ စလြယ္ ၁ ခု၊ ေ႐ႊေရာင္ဘယက္ ၂ ခု၊ ေ႐ႊေရာင္လင္ပန္း ၁ ခ်ပ္၊ ေ႐ႊေရာင္ေခါင္ဖီး ၂ ခု၊ ေ႐ႊဆြဲႀကိဳး ၁၉ ကုံး၊ ေ႐ႊေရာင္ဆံထိုး ၁ ခု၊ ရင္ထိုး ၁ ခု၊ ေ႐ႊရာင္ဆံကုပ္ေရာရာ ၇ ခု၊ ဆြဲသီး/ဆြဲျပား ၃၀ ခု၊ ေၾကးခရား ၁ ခု၊ ေ႐ႊလက္စြပ္ ၄၅ ကြင္း၊ နားကြင္းေရာရာ ၁၅ ခု၊ ဟန္းခ်ိန္း ၇ ခု၊ လက္ပတ္နာရီ ၁ လုံး၊ လက္ေကာက္ ၁၆၀ ကြင္း၊ အရွင္သီဝလိပုံေတာ္ ၁ ဆူ၊ ဘုရား ၂ ဆူ၊ လက္ဖြဲ႕ႀကိဳး ၁ ခု၊ အလႉလုပ္ပါ စာတမ္းပါ သုံးထပ္သားျပား ၁ ခု၊ ပလတ္စတစ္ဗူး ၁ ဗူး၊ ဗမာေဆးမႈန႔္ထုပ္ ၈ ထုပ္တို႔ကို အႀကိမ္ ၄၀ခန႔္ တူးေဖာ္ ရရွိေစခဲ့သည္။

ယင္းသို႔ တူးေဖာ္ခအျဖစ္ က်ပ္ ၃၀၀ သိန္းေပးခဲ့ရၿပီး ယခု ႏွစ္ ဇြန္ ၁၂ ရက္တြင္ အဆိုပါေ႐ႊထည္ပစၥည္းမ်ားကို ေ႐ႊဆိုင္၌ စစ္ေဆးခဲ့ရာ ေ႐ႊအတုမ်ားျဖစ္ေၾကာင္း သိရွိရသည္ဆိုကာ သက္ဆိုင္ရာသို႔ ဇြန္ ၁၄ ရက္တြင္ လာေရာက္ တိုင္ၾကားခဲ့သည္။

ေ႐ႊၿမိဳ႕နယ္ေျမရဲစခန္းက (ပ)၃၆၅/၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀ အရ အမႈဖြင့္စစ္ေဆးလ်က္ရွိသည္။

တိုးေဝေအာင္

Credit-The Myanmar Times

https://myanmar.mmtimes.com/news/124420.html

(Unicode)

နတ်ဝင်ပူးကာ ရွှေအတုများတူးဖော်၍ ကျပ်သိန်း၃၀၀ လိမ်လည်ခဲ့သည်ဆိုသူကို အမှုဖွင့်

နေပြည်တော် တပ်ကုန်းမြို့နယ်၌ နတ်ဝင်ပူးကာ ရွှေထည်ပစ္စည်းအတုများ တူးဖော်၍ ကျပ်သိန်း ၃၀၀ ကျော် လိမ်လည်ရယူခဲ့သည်ဆိုသူ အမျိုးသမီးကို ဇွန် ၁၄ ရက်က အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာနေ အသက် ၄၈ နှစ်အရွယ် တိုင်တန်းသူအမျိုးသမီးသည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ မှစ၍ အနော်ရထာရပ်ကွက်နေ မခင်သက်နွယ်(ခ)မနွယ် (၄၃)နှစ် နှင့် ခင်မင်ရင်းနှီးခဲ့ ကြောင်း၊ စက်တင်ဘာ ၁၅ ရက်မှစတင်၍ မခင်သက်နွယ်(ခ) မနွယ်က နေအိမ်သို့ ရောက်ရှိလာပြီး ဘိုးဘွားပိုင်အမွေများ သိုက်များထံမှ ရမည်ဟု ပြောဆိုကာ ပွဲတော်ခ ကျပ် ၁ သိန်းခွဲကို တောင်းယူခဲ့သည်။

ထို့နောက် တိုင်တန်းသူပိုင် ယာကွက်အတွင်းသို့ တူးဖော်ရာ ရွှေလက်ကောက်များနှင့် ရွှေဆွဲကြိုးများ တူးဖော်ရရှိခဲ့သည်။ ၎င်းနောက် မခင်သက်နွယ်(ခ)မနွယ်က နေအိမ်သို့အကြိမ်ကြိမ် လာရောက်ခဲ့ပြီး နတ်ပူး၍ နေအိမ်ရှိ ခြင်းများ၊ ဘုရားစင်ပေါ်တို့မှ ရွှေထည်များကို ရရှိစေခဲ့သည်။

ထို့ပြင် တိုင်တန်းသူ ပိုင်ဆိုင်သည့် ယာကွက်အတွင်းတို့မှ ရွှေရောင် တဘက် ၁ ထည်၊ လိပ်ပြာပုံခါးပတ်ခေါင်းနှင့် ချိတ်ပါရွှေရောင်ခါးပတ် ၃ ခု၊ ရွှေရောင် စလွယ် ၁ ခု၊ ရွှေရောင်ဘယက် ၂ ခု၊ ရွှေရောင်လင်ပန်း ၁ ချပ်၊ ရွှေရောင်ခေါင်ဖီး ၂ ခု၊ ရွှေဆွဲကြိုး ၁၉ ကုံး၊ ရွှေရောင်ဆံထိုး ၁ ခု၊ ရင်ထိုး ၁ ခု၊ ရွှေရာင်ဆံကုပ်ရောရာ ၇ ခု၊ ဆွဲသီး/ဆွဲပြား ၃၀ ခု၊ ကြေးခရား ၁ ခု၊ ရွှေလက်စွပ် ၄၅ ကွင်း၊ နားကွင်းရောရာ ၁၅ ခု၊ ဟန်းချိန်း ၇ ခု၊ လက်ပတ်နာရီ ၁ လုံး၊ လက်ကောက် ၁၆၀ ကွင်း၊ အရှင်သီဝလိပုံတော် ၁ ဆူ၊ ဘုရား ၂ ဆူ၊ လက်ဖွဲ့ကြိုး ၁ ခု၊ အလှူလုပ်ပါ စာတမ်းပါ သုံးထပ်သားပြား ၁ ခု၊ ပလတ်စတစ်ဗူး ၁ ဗူး၊ ဗမာဆေးမှုန့်ထုပ် ၈ ထုပ်တို့ကို အကြိမ် ၄၀ခန့် တူးဖော် ရရှိစေခဲ့သည်။

ယင်းသို့ တူးဖော်ခအဖြစ် ကျပ် ၃၀၀ သိန်းပေးခဲ့ရပြီး ယခု နှစ် ဇွန် ၁၂ ရက်တွင် အဆိုပါရွှေထည်ပစ္စည်းများကို ရွှေဆိုင်၌ စစ်ဆေးခဲ့ရာ ရွှေအတုများဖြစ်ကြောင်း သိရှိရသည်ဆိုကာ သက်ဆိုင်ရာသို့ ဇွန် ၁၄ ရက်တွင် လာရောက် တိုင်ကြားခဲ့သည်။

ရွှေမြို့နယ်မြေရဲစခန်းက (ပ)၃၆၅/၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

တိုးဝေအောင်

Credit-The Myanmar Times

https://myanmar.mmtimes.com/news/124420.html

Leave a Reply

Your email address will not be published. Required fields are marked *