သတင်း

မျှစ်ဟင်းတစ်ခွက်၏ ဆေးဘက်ဝင်အစွမ်းများ

(Zawgyi)




ပေါက်ပေါက်

Credit – ပေါက်ပေါက်

(Unicode)
ခုလိုမိုးရာသီမှာ မျှစ်ကို နည်းမျိုးစုံနဲ့ ပြုလုပ်စားသောက်ကြပါတယ်။ ဒါပေမဲ့ မျှစ်ကို ဆေးဆိုးထားတာကိုတော့ သွားဝယ်မစားမိဖို့ လိုပါတယ်။ မျှစ်မှာ အဝါနုရောင်လေးပဲ ရှိတာဖြစ်ပါတယ်။ ဘယ်အနီရောင်မှ မလာပါဘူး။ မျှစ်ဟာကျန်းမာရေးအတွက် အကျိုးထူးတွေ ရရှိစေမှာဖြစ်ပါတယ်။ အစာခြေစနစ်ကိုကောင်းမွန်စေပြီး အစာအိမ် ဝေဒနာသမားတွေ စားပေးသင့်ပါတယ်။ ဝမ်းပျက်ဝမ်းလျော့ ခြင်းကိုလည်း သက်သာစေပါသတဲ့။

ဖီနောလစ်အက်စစ် ပါဝင်ခြင်းကြောင့် ရောင်ရမ်းမှုတွေ နာတာရှည်ဝေဒနာတွေ လျော့ကျစေပါတယ်။ နှလုံး ရောဂါအပါဝင် နှလုံးကျန်းမာရေးအကို အထူးကောင်းမွန်စေပါတယ်။ ပြီးတော့ ဘက်တီးရီးယားတွေကို ဆန့်ကျင်တဲ့ ဓာတ်တွေလည်းပါဝင်တာမို့ စားကိုစားပေးသင့်ပါတယ်။ သွေးဖိအားကို ထိန်းပေးပြီး ပိုတက်စီယမ် လုံလောက်စွာ ပါဝင်နေပါတယ်။ ကိုယ်လက်စထရောကို ကျစေတယ်။ အဝလွန်သူတွေ စားပေးသင့်တာပေါ့။ မျှစ်ကို စားပေးခြင်းဖြင့် သန်ကောင်တွေကိုလည်း ကျစေပါတယ်။

အမျှင်ဓာတ်ပါဝင်မှုကြောင့် ဝမ်းမှန်စေပါတယ်။ ဝမ်းချုပ်သူတွေ စားပေးသင့်ပါတယ်။ မျှစ်ကိုစားပေးပါက အမျိုးသမီးတွေရဲ့ ဓမ္မတာကို မှန်စေပါတယ်။ သည်းခြေကို ကောင်းမွန်စေပါတယ်။ လိပ်ခေါင်းကို သက်သာစေပြီး ဆီးပူ ညောင်းကျ ရောဂါတွေကိုလည်း သက်သာစေပါတယ်။ အားလုံးကျန်းမာကြပါစေ။

Credit – ပေါက်ပေါက်

Leave a Reply

Your email address will not be published. Required fields are marked *