သတင္း

အဂၤလန္က ဘုရင္မႀကီးရဲ႕ ထူးျခားတဲ့ အက်င့္မ်ား

(Zawgyi)
အဂၤလန္ဘုရင္မႀကီးရဲ႕ ထူးျခားတဲ့ အက်င့္မ်ား

လူေတာ္ေတာ္မ်ားမ်ားမွာ ထူးျခားတဲ့ အက်င့္ေတြရွိၾကပါတယ္။ တခ်ိဳ႕လူေတြရဲ႕ အက်င့္ေတြဟာ ထူးျခားၿပီး ရယ္စရာ ေကာင္းေပမယ့္ တခ်ိဳ႕ကေတာ့ အျမင္ကတ္စရာေကာင္းေလာက္ေအာင္ ထူးျခားတာေတြရွိတတ္ပါတယ္။ အဂၤလန္ႏိုင္ငံရဲ႕ အထြဋ္အျမတ္ထားရာ ဘုရင္မႀကီးမွာလည္း ထူးဆန္းတဲ့ အက်င့္ေလးေတြ ရွိပါတယ္။ ဒီအက်င့္ေတြဟာ တကယ္ အစစ္အမွန္ေတြလား၊ အဂၤလန္ႏိုင္ငံသားေတြရဲ႕ ယူဆခ်က္ေတြလား ဆိုတာကိုေတာ့ ဘယ္သူကမွ အတိအက် မေျပာထားပါဘူး။ ဒါေပမယ့္ ဘုရင္မႀကီးရဲ႕ တခ်ိဳ႕အက်င့္ေတြဟာ အမွန္တကယ္ ထူးျခားလို႔ ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ခရီးသြားတိုင္း ေသြးအိတ္အပို ယူသြားပါတယ္။


သာမန္ျပည္သူေတြဟာ ခရီးသြားရင္ မွတ္ပုံတင္၊ Passport စတာေတြကို ယူသြားၾကေပမယ့္ ဘုရင္မႀကီးကေတာ့ ထူးထူးျခားျခား ေသြးအိတ္အပိုကို ယူသြားတာပါ။သူမသြားတဲ့ ခရီးစဥ္တိုင္းမွာ သူမရဲ႕ ကိုယ္ပိုင္သမားေတာ္ လိုက္ပါရၿပီး အဲ့ဒီသမားေတာ္ဟာ သြားေရာက္လည္ပတ္တဲ့ၿမိဳ႕မွာ ရွိတဲ့ အနီးဆုံး ေဆး႐ုံအေၾကာင္းကို သိထားရပါမယ္။ ဘုရင္မႀကီးရဲ႕ က်န္းမာေရး တစုံတရာေၾကာင့္ ေသြးသြင္းရမယ့္ အေနအထားကို ေရာက္လာခဲ့ရင္ သူမဟာ သူမသယ္ေဆာင္လာတဲ့ ေသြးအိတ္ထဲက ေသြးကိုသာ သြင္းတယ္လို႔ သိရပါတယ္။ဒါဟာ သူမရဲ႕ ေတာ္ဝင္ေသြးကို အျခားေသြးေတြနဲ႔ မေရာေႏွာလိုတဲ့ သေဘာနဲ႔ ဒီလို သယ္ေဆာင္လာရျခင္း ျဖစ္တယ္လို႔ သိရပါတယ္။

(၂) နန္းေတာ္ထဲက ျပတင္းေပါက္ေတြ ဖြင့္ခြင့္ကို တားဆီးထားပါတယ္။


ဒါကေတာ့ သိပ္ထူးဆန္းတဲ့ အက်င့္လို႔ ေျပာလို႔ မရပါဘူး။ ဘုရင့္မ်ိဳးႏြယ္ေတြရဲ႕ လုံၿခဳံေရးအတြက္ ဒီတံခါးေတြ ဖြင့္ခြင့္ကို ပိတ္ပင္ထားတာျဖစ္ပါတယ္။ Daily Mirror ဂ်ာနယ္ရဲ႕ ဂ်ာနယ္လစ္တေယာက္ဟာ နန္းတြင္းအေစခံေတြကို ဘုရင့္မ်ိဳးႏြယ္ေတြအေၾကာင္း ေမးျမန္းၿပီး သတင္းေရးသားတာေၾကာင့္ ေတာ္ဝင္မ်ိဳးႏြယ္ရဲ႕ အတြင္းေရးကိစၥေတြကို ခ်ိဳးေဖာက္သူအျဖစ္ တရားစြဲဆိုျခင္း ခံခဲ့ရပါတယ္။

(၃) သူမဟာ ေလးေထာင့္ပုံ ေရခဲတုံးေတြကို မုန္းပါတယ္။


အဂၤလန္ဘုရင္မႀကီး အဲလိဇဘတ္ဟာ ေလးေထာင့္ပုံ ေရခဲတုံးေတြ ခြက္ထဲ ထည့္တဲ့ အသံကို မုန္းပါတယ္။သူမဟာ ေရခဲအလုံးေတြကို ခြက္ထဲထည့္တဲ့ အသံဟာ ပိုၿပီး ကဗ်ာဆန္တာေၾကာင့္ သူမဟာ ေရေသာက္ရင္ ေရခဲအလုံးေတြကိုသာ ထည့္ေသာက္ေလ့ ရွိပါတယ္။ အမ်ားျပည္သူေတြကေတာ့ ဒီေရခဲ အလုံးေလးေတြဟာ သူမရဲ႕ ၾကင္ရာေတာ္ Prince Phillp က ဘုရင္မႀကီးအတြက္ တီထြင္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

(၄)သူမဟာ စြပ္ျပဳတ္ မေသာက္ပါဘူး။


ဘုရင္မႀကီးဟာ ထူးထူးဆန္းဆန္း အက်င့္ေတြကို အစားစားရာမွာလည္း ပိုင္ဆိုင္ထားပါတယ္။သူမဟာ စြပ္ျပဳတ္ကို မေသာက္သလို အာလူးကိုလည္း မစားပါဘူး။ ဒီအစားအေသာက္ေတြကို ဘာမင္ဟန္ နန္းေတာ္မွာ တည္ခင္းခြင့္ ေပးထားေပမယ့္ ဘုရင္မႀကီး ညစာ သုံးေဆာင္ေနစဥ္မွာ ဘယ္အေစခံကမွ သူမကို စြပ္ျပဳတ္ေတြကို မတည္ခင္းဝံ့ပါဘူး။ အာလူးကိုေတာ့ သူမရဲ႕ ခႏၶာကိုယ္ က်န္းမာေရးအတြက္ မစားတာလို႔ သိရပါတယ္။

(၅) သူမရဲ႕ ဝတ္စုံတိုင္းအတြက္ နံပါတ္ေတြ ေပးထားပါတယ္။


ဘုရင္မႀကီးဟာ ေတာက္ပတဲ့ အေရာင္ေတြနဲ႔ Classical ပုံစံ ဝတ္စုံေတြကိုသာ ဝတ္ေလ့ရွိတဲ့ အတြက္ အေရာင္ေတြထပ္တာမ်ိဳး ရွိႏိုင္ပါတယ္။ ဒါေၾကာင့္ သူမဟာ သူမရဲ႕ ဝတ္စုံတိုင္းကို နံပါတ္စဥ္ေတြ တပ္ထားေပးတာေၾကာင့္ ျပည္သူေတြေရွ႕ကို ထြက္တဲ့အခါ ဝတ္စုံထပ္ျခင္းေတြ ျဖစ္ပြားတာကို ေရွာင္ရွားႏိုင္သြားပါတယ္။

(၆) ဖိနပ္စီး အေစခံ


ဖိနပ္အသစ္ေတြ စီးတဲ့အခါ ဖိနပ္ေပါက္တာဟာ လူတိုင္းလိုပဲ ဘုရင္မႀကီးလည္း ျဖစ္ဟန္တူပါတယ္။သူမဟာ ဖိနပ္ေပါက္ျခင္းကို ေရွာင္ၾကဥ္ဖို႔ အတြက္ ဖိနပ္စီး အေစခံတေယာက္ သီးသန႔္ ခန႔္အပ္ထားပါတယ္။ ဒီအေစခံဟာ သူမနဲ႔ ဖိနပ္ဆိုဒ္ တထပ္ထဲ တူရၿပီး ဖိနပ္အသစ္စီးစဥ္မွာ ျဖစ္တဲ့ ဖိနပ္ေပါက္ျခင္းကို ဘုရင္မႀကီး ကိုယ္စား ခံေပးရပါတယ္။

Credit – ေရဗန္(ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)
အင်္ဂလန်ဘုရင်မကြီးရဲ့ ထူးခြားတဲ့ အကျင့်များ

လူတော်တော်များများမှာ ထူးခြားတဲ့ အကျင့်တွေရှိကြပါတယ်။ တချို့လူတွေရဲ့ အကျင့်တွေဟာ ထူးခြားပြီး ရယ်စရာ ကောင်းပေမယ့် တချို့ကတော့ အမြင်ကတ်စရာကောင်းလောက်အောင် ထူးခြားတာတွေရှိတတ်ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ အထွဋ်အမြတ်ထားရာ ဘုရင်မကြီးမှာလည်း ထူးဆန်းတဲ့ အကျင့်လေးတွေ ရှိပါတယ်။ ဒီအကျင့်တွေဟာ တကယ် အစစ်အမှန်တွေလား၊ အင်္ဂလန်နိုင်ငံသားတွေရဲ့ ယူဆချက်တွေလား ဆိုတာကိုတော့ ဘယ်သူကမှ အတိအကျ မပြောထားပါဘူး။ ဒါပေမယ့် ဘုရင်မကြီးရဲ့ တချို့အကျင့်တွေဟာ အမှန်တကယ် ထူးခြားလို့ ဖော်ပြပေးချင်ပါတယ်။

(၁) ခရီးသွားတိုင်း သွေးအိတ်အပို ယူသွားပါတယ်။

သာမန်ပြည်သူတွေဟာ ခရီးသွားရင် မှတ်ပုံတင်၊ Passport စတာတွေကို ယူသွားကြပေမယ့် ဘုရင်မကြီးကတော့ ထူးထူးခြားခြား သွေးအိတ်အပိုကို ယူသွားတာပါ။သူမသွားတဲ့ ခရီးစဉ်တိုင်းမှာ သူမရဲ့ ကိုယ်ပိုင်သမားတော် လိုက်ပါရပြီး အဲ့ဒီသမားတော်ဟာ သွားရောက်လည်ပတ်တဲ့မြို့မှာ ရှိတဲ့ အနီးဆုံး ဆေးရုံအကြောင်းကို သိထားရပါမယ်။ ဘုရင်မကြီးရဲ့ ကျန်းမာရေး တစုံတရာကြောင့် သွေးသွင်းရမယ့် အနေအထားကို ရောက်လာခဲ့ရင် သူမဟာ သူမသယ်ဆောင်လာတဲ့ သွေးအိတ်ထဲက သွေးကိုသာ သွင်းတယ်လို့ သိရပါတယ်။ဒါဟာ သူမရဲ့ တော်ဝင်သွေးကို အခြားသွေးတွေနဲ့ မရောနှောလိုတဲ့ သဘောနဲ့ ဒီလို သယ်ဆောင်လာရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

(၂) နန်းတော်ထဲက ပြတင်းပေါက်တွေ ဖွင့်ခွင့်ကို တားဆီးထားပါတယ်။

ဒါကတော့ သိပ်ထူးဆန်းတဲ့ အကျင့်လို့ ပြောလို့ မရပါဘူး။ ဘုရင့်မျိုးနွယ်တွေရဲ့ လုံခြုံရေးအတွက် ဒီတံခါးတွေ ဖွင့်ခွင့်ကို ပိတ်ပင်ထားတာဖြစ်ပါတယ်။ Daily Mirror ဂျာနယ်ရဲ့ ဂျာနယ်လစ်တယောက်ဟာ နန်းတွင်းအစေခံတွေကို ဘုရင့်မျိုးနွယ်တွေအကြောင်း မေးမြန်းပြီး သတင်းရေးသားတာကြောင့် တော်ဝင်မျိုးနွယ်ရဲ့ အတွင်းရေးကိစ္စတွေကို ချိုးဖောက်သူအဖြစ် တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။

(၃) သူမဟာ လေးထောင့်ပုံ ရေခဲတုံးတွေကို မုန်းပါတယ်။

အင်္ဂလန်ဘုရင်မကြီး အဲလိဇဘတ်ဟာ လေးထောင့်ပုံ ရေခဲတုံးတွေ ခွက်ထဲ ထည့်တဲ့ အသံကို မုန်းပါတယ်။သူမဟာ ရေခဲအလုံးတွေကို ခွက်ထဲထည့်တဲ့ အသံဟာ ပိုပြီး ကဗျာဆန်တာကြောင့် သူမဟာ ရေသောက်ရင် ရေခဲအလုံးတွေကိုသာ ထည့်သောက်လေ့ ရှိပါတယ်။ အများပြည်သူတွေကတော့ ဒီရေခဲ အလုံးလေးတွေဟာ သူမရဲ့ ကြင်ရာတော် Prince Phillp က ဘုရင်မကြီးအတွက် တီထွင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

(၄)သူမဟာ စွပ်ပြုတ် မသောက်ပါဘူး။

ဘုရင်မကြီးဟာ ထူးထူးဆန်းဆန်း အကျင့်တွေကို အစားစားရာမှာလည်း ပိုင်ဆိုင်ထားပါတယ်။သူမဟာ စွပ်ပြုတ်ကို မသောက်သလို အာလူးကိုလည်း မစားပါဘူး။ ဒီအစားအသောက်တွေကို ဘာမင်ဟန် နန်းတော်မှာ တည်ခင်းခွင့် ပေးထားပေမယ့် ဘုရင်မကြီး ညစာ သုံးဆောင်နေစဉ်မှာ ဘယ်အစေခံကမှ သူမကို စွပ်ပြုတ်တွေကို မတည်ခင်းဝံ့ပါဘူး။ အာလူးကိုတော့ သူမရဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် မစားတာလို့ သိရပါတယ်။

(၅) သူမရဲ့ ဝတ်စုံတိုင်းအတွက် နံပါတ်တွေ ပေးထားပါတယ်။

ဘုရင်မကြီးဟာ တောက်ပတဲ့ အရောင်တွေနဲ့ Classical ပုံစံ ဝတ်စုံတွေကိုသာ ဝတ်လေ့ရှိတဲ့ အတွက် အရောင်တွေထပ်တာမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် သူမဟာ သူမရဲ့ ဝတ်စုံတိုင်းကို နံပါတ်စဉ်တွေ တပ်ထားပေးတာကြောင့် ပြည်သူတွေရှေ့ကို ထွက်တဲ့အခါ ဝတ်စုံထပ်ခြင်းတွေ ဖြစ်ပွားတာကို ရှောင်ရှားနိုင်သွားပါတယ်။

(၆) ဖိနပ်စီး အစေခံ

ဖိနပ်အသစ်တွေ စီးတဲ့အခါ ဖိနပ်ပေါက်တာဟာ လူတိုင်းလိုပဲ ဘုရင်မကြီးလည်း ဖြစ်ဟန်တူပါတယ်။သူမဟာ ဖိနပ်ပေါက်ခြင်းကို ရှောင်ကြဉ်ဖို့ အတွက် ဖိနပ်စီး အစေခံတယောက် သီးသန့် ခန့်အပ်ထားပါတယ်။ ဒီအစေခံဟာ သူမနဲ့ ဖိနပ်ဆိုဒ် တထပ်ထဲ တူရပြီး ဖိနပ်အသစ်စီးစဉ်မှာ ဖြစ်တဲ့ ဖိနပ်ပေါက်ခြင်းကို ဘုရင်မကြီး ကိုယ်စား ခံပေးရပါတယ်။

Credit – ရေဗန်(ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *