သတင်း
လျှာက ပြောပြနေသော ကိုယ့်ကျန်းမာရေးအခြေအနေ
(Zawgyi)
လျှာနဲ့ ကျန်းမာရေး
(၇) နီရဲနေတဲ့လျှာ
Credit – SAW
(Unicode)
လျှာနဲ့ ကျန်းမာရေး
နေမကောင်းဖြစ်လို့ ဆရာဝန်ဆေးခန်းပြတဲ့အခါမှာ ဆရာဝန်တွေ အများစုကလျှာထုတ်ခိုင်းပြီး ဓါတ်မီးနဲ့ ထိုးကြည့် စစ်ဆေးတတ်ပါတယ်။ လျှာဟာ လူခန္ဒာကိုယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကျန်းမာရေး ဖေါက်ပြန်နေတာကို အလွယ်တကူ သိနိုင်ပါတယ်။ လျှာကြည့်ပြီးစစ်ဆေးတဲ့နည်းဟာ ရှေးခေတ်အခါကတည်းက တိုင်းရင်းဆေး ပညာရှင်တွေ ကျင့်သုံးတဲ့နည်းဖြစ်ပါတယ်။ ခေတ်ဦးကာလအတွင်းမှာ မင်းမှုထမ်းနဲ့ ကျေးကျွန်တွေ ဝယ်ယူရာမှာ လျှာကိုကြည့်ပြီး ကျန်းမာရေးကောင်းမကောင်း စစ်ကြပါတယ်။
(၁) ကျန်းမာရေးကောင်းတဲ့လျှာ
လျှာအရောင်းအဆင်းဟာ ပန်းနုရောင်ဖြစ်ပြီး ဆိုစွတ်နေပါတယ်၊ အစက်အပြောက်မရှိ၊ ကွဲအက်မနေဘဲ ဖြစ်နေရင် ကိုယ်တွင်းမှာ ဘာရောဂါမှ ကြီးကြီးမားမားမှ မရှိဘူးဆိုတာ သက်သေပြပါတယ်။
(၂) အဖြူနဲ့ အဝါရောင်သန်းပြီး မိုးကြိုးသွားကဲသို့ အစင်းကြောင်းတွေဖြစ်နေတဲ့လျှာ
အဆိုပါလက္ခာမှာ အသဲမကောင်း၊အစာအိမ် ဝမ်းဗိုက်ဆိုင်ရာ လေအောင့်လေနာဖြစ်။
(၃) အဖြူရောင်နဲ့အစက်အပြောက်တွေဖြစ်နေတဲ့လျှာ
ကူးဆက်ရောဂါတမျိုးရှိနေတယ်- ကိုယ်တွင်းမှာ အလုပ်လုပ်နေတဲ့ လည်ပါတ်မှုအလုပ်ကောင်းကောင်း မလုပ်ကြောင်း ပြသပါတယ်။
(၃) အဝါရောင်သန်းပြီးမစက်အပြောက်ဖြစ်နေသည့်လျှာ
အဖျားရှိမယ် -နေမကောင်းဖြစ်ပြီး ရာသီချိန် ဖြစ်တတ်တဲ့ ရောဂါ ရှိနေမယ်။
(၄) အဝါရောင် အစက်အဖုလေးတွေဖြစ်နေတဲ့လျှာ
သည်းခြေနဲ့အသဲမှာ ထိခိုက်နေတာဖြစ်ပြီး ကိုယ်တွင်း အစာအဆိပ်ဖြစ်။
(၅) အဖြူရောင်ပြင်ဖြစ် ပါတ်ကြားအက်ပြီး လကမ္ဘာလို အနာဖြစ်နေတဲ့လျှာ
သွေးသားမကောင်းရောဂါ အခြေအနေဆိုးနေတာဖြစ်ပါတယ်။ ရောဂါပိုးကူးဆက်မှုများနေတာဖြစ်လို့ အရေးပေါ်ဆေးကုသပေးရပါမယ်။
(၆) ဖြူဖွေးခြောက်ကပ်နေပြီး ပါးလျနေတဲ့လျှာ
ကိုယ်တွင်းအပူဓါတ်များ-သွေးလည်ပါတ်မှု မမှန်-စိုးရိမ်ခြင်း စိတ်ကျရောဂါ-မှတ်ညဏ်ပျက်ဆီးနေ။
(၇) နီရဲနေတဲ့လျှာ
အထူးသဖြင့် ကိုယ်အပူချိန်တက်နေမယ်။ (ခလေးများတွင် အများဆုံး တွေ့နိုင်) – အလားတူ ကူးဆက်ရောဂါဖြစ်နေ
ပါတယ်။ နီရဲနေရာမှ အမဲရောင်သန်းပါက ကျောက်ကပ် မကောင်း။
(၈) အနီရောင်ဘုလေးများ တပြင်လုံးပေါက်နေတဲ့လျှာ
နှလုံးလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နေတဲ့ လက္ခာလို့ဆိုပါတယ်။
(၉) လျှာဘေးကွဲအက် လျှာဇောင်းတွေ နီရဲရဲဖြစ်နေ လျှာထိပ်အဖုပေါက်
ကိုယ်တွင်း အပူများ-အပူအစပ်စား အရက်သမားများ အပူကန်သည့် အခါဖြစ်တတ်။
(၁၀) ခရမ်းရောင်ဖြစ်နေတဲ့လျှာ
ဗီတာမင်ဓါတ် ချို့တဲ့မှု (B12)နဲ့ ခန္ဒာကိုတခုလုံ နားကျင်ပြီး လမ်းမလျောက်နိုင်အောင်ခံစား၊ အမျိုးသမီးများတွင် ရာသီလာချိန် သွေးခဲ သွေးပုတ် ဆင်းမှုများ။
(၁၁) လျှာနဲ့ အာခေါင်တွင်းမှာ အပြာရောင်သန်းနေပါက နှလုံးနဲ့ သွေးလည်ပါတ်မှု အောက်ဆီဂျင်ဓါတ် လျော့နည်းလာမှု အဆိုးဆုံးခံစားနေရသူ ဖြစ်ပြီး ရောဂါစိုးရိမ်ရ။ ဆေးရုံဆေးခန်း အမြန်သွားပြရပါမယ်။
(၁၂) အဝါရောင်ဖြစ်နေတဲ့လျှာ
အသဲရောင်အသားဝါနဲ့ အသဲမှာရောဂါကူးဆက်နေတာကို ပြတာပါ။
(HIVနဲ့ AIDS ရောဂါဝေဒနာ ခံစားနေရသူများမှာ လျှာဟာ လုံးဝပျက်ဆီးနေတာတွေ့ရပါတယ်။ အနာအဖုအပိန့်တွေနဲ့ ခြောက်ကပ်ပြီး အာခေါင်တခုလုံး အရည်ကြည်ဘုတွေ အက်ကွဲကြောင်း အစက် အပြောက်တွေဖြစ်နေပါတယ်၊)
Credit – SAW
Leave a Reply
Your email address will not be published. Required fields are marked *