သတင္း

အစာအိမ္ေရာဂါေပ်ာက္ေစေသာ (ျဖဴ အစာအိမ္ႏွင့္ တပင္တိုင္ျမနန္း)

(Zawgyi)
အစာအိမ္ေရာဂါေပ်ာက္ေစေသာ (ျဖဴ အစာအိမ္ႏွင့္ တပင္တိုင္ျမနန္း)

အစာအိမ္ေရာဂါေၾကာင့္ မၾကာခဏ ဗိုက္ေအာင့္သည္။သို႔ေသာ္ ဘီယာက ႀကိဳက္လွသည္မို႔ ကေလးဝမွ ပလူဇဝေတာသို႔ မသြားခင္ ကေလး၀တြင္ ျမန္မာဘီယာ(၂)လုံးေသာက္လိုက္၏။

တစ္လမ္းလုံး ဆိုင္ကယ္စီးလာရာက ပလူဇဝ႐ြာအဝင္တြင္ ဗိုက္ေအာင့္ေသာ ေဝဒနာကို အလူးအလဲ ခံရေတာ့သည္။ ဆရာေလး ခဏေစာင့္။ ဗိုက္ေအာင့္တာ ခ်က္ခ်င္းေပ်ာက္တဲ့ေဆးရွိတယ္ဆိုၿပီး ပ်ားည္ႏွင့္ ျဖဴအစာအိမ္ စိမ္ထားေသာေဆးရည္ ထမင္းစားဇြန္းတစ္ဇြန္းကို တိုက္ေလသည္။

အံ့ၾသဖြယ္ပင္ နာရီဝက္အတြင္း ဗိုက္ေအာင့္ျခင္း ေဝဒနာခ်က္ခ်င္းႀကီး သက္သာသြားေတာ့သည္။ သို႔ေသာ္ ခါးခ်က္က လန္ထြက္ေနတာပဲဟုဆိုရေအာင္ ပ်ားရည္အခ်ိဳဓာတ္ေပ်ာက္၍ အခါးဓာတ္အလြန္ပင္ သက္ေရာက္ေနေလသည္။ ထိုမွစ၍ အစာအိမ္အတြက္ ေဆးစြမ္းေကာင္း တစ္လက္ရရွိခဲ့ေတာ့သည္။ ျဖဴအစာအိမ္ကို အျမစ္ေပါင္း(၁၀၀၀)ဟုဆိုၾကသည္။ ျဖဴေကာင္သည္ သစ္ျမစ္သစ္ဖုမ်ား စားေသာေၾကာင့္ ျဖစ္ေလသည္။

ထိုေၾကာင့္ ျဖဴ၏အစာအိမ္သည္ ေဆးအိတ္ႀကီးပမာ ျဖစ္ ေနသည္ဟု မုဆိုးႀကီးတစ္ဦးက ေျပာျပဖူးပါသည္။ဆို႐ိုးစကားတစ္ခုလည္း ျဖဴအစာအိမ္ႏွင့္ပတ္သက္ၿပီးမွတ္သားဖူးျပန္သည္။ ျဖဴ အူတစ္ေတာင္ ႏြားတစ္ေထာင္ဟုဆိုျခင္းျဖစ္သည္။

သူတို႔ယုံၾကည္ေသာေဆးနည္းႏွစ္သြယ္-
(၁) ျဖဴ အစာအိမ္ကို အေျခာက္လွန္းၿပီး၊ ျဖဴ အစာအိမ္ႏွင့္ တပင္တိုင္ျမနန္းဥအမႈန႔္(၁၀) ဆယ္သားကို ပ်ားရည္စစ္စစ္(၃) ပုလင္းျဖင့္ စိမ္ကာ ဗိုက္ေအာင့္ ဗိုက္နာေရာဂါမ်ားကို ခ်က္ခ်င္းေပ်ာက္ကင္းေစေသာ ေဆးအျဖစ္ ေဖာ္စပ္ထား ၾကပါသည္။

(၂) ျဖဴ အစာအိမ္ကို ၾကပ္တင္ကာထားၿပီး အေရးေပၚဗိုက္ေအာင့္ဗိုက္နာျဖစ္ပါက ျဖဴ အစာအိမ္တစ္ဖဲ့ႏွင့္ တပင္တိုင္ျမနန္းအ႐ြက္၊ ပင္စည္တို႔ကို သုံးခြက္တစ္ခြက္ျပဳတ္ေစကာ အလြန္ခါးေသာ ေဆးရည္တစ္ခြက္ကို တိုက္ျခင္းျဖစ္ေလသည္။

ထိုသူတို႔၏အဆိုရ ျဖဴအစာအိမ္သည္ဗိုက္ေအာင့္ဗိုက္နာႏွင့္အစာအိမ္သမားတို႔အတြက္ အလြန္ခါးေသာေပ်ာက္ေစ သမားေတာ္ႀကီးႏွင့္ပင္ တူေတာ့သည္။ သားေကာင္ေပါေသာ ခ်င္းတြင္းျမစ္နေဘး ထို႐ြာေလးမွ ျဖဴ အစာအိမ္ကို ရယူကာမိတ္ေဆြတစ္ဦးအား လက္ေဆာင္အျဖစ္ ေပးဖူးသည္ကိုမွတ္မိေနပါသည္။

မုဆိုးႀကီး ဦးအဲပိုေျပာသည္မွာ ျဖဴအစာအိမ္သည္မိုးရာသီတြင္ရရွိေသာ အစာအိမ္ထက္ ေႏြရာသီႏွင့္ ေဆာင္းရာသီတြင္ ရေသာျဖဴ အစာအိမ္ကပိုမိုၿပီး ေဆးအစြမ္းပိုႀကီးေၾကာင္းလည္း ဗဟုသုတ ေျပာျပခဲ့ပါသည္။

ေသခ်ာသည္က ထိုျဖဴအစာအိမ္ႏွင့္ တပင္တိုင္ျမနန္းေပါင္းစပ္ေသာ ေဆးေၾကာင့္ အစာအိမ္ေရာဂါ အၿပီးတိုင္ကိုယ္တိုင္ေပ်ာက္ကင္းခဲ့ပါသည္ဟု ဆိုရပါမည္။ အျခားေပ်ာက္ကင္းေစေသာေရာဂါမ်ားလည္း ရွိေနေပဦးမည္။ႀကဳံခဲ့၍ဆုံခဲ့ၾကပါလွ်င္ ျဖဴအစာအိမ္သည္ အစာအိမ္ေရာဂါရွိသူတို႔ အတြက္အမွန္ပင္ အစြမ္းရွိပါေၾကာင္း ကိုယ္တိုင္ႀကဳံရေသာ ေဆးအသိငယ္အား ေဝငွမိပါ၏။

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)
အစာအိမ်ရောဂါပျောက်စေသော (ဖြူ အစာအိမ်နှင့် တပင်တိုင်မြနန်း)

အစာအိမ်ရောဂါကြောင့် မကြာခဏ ဗိုက်အောင့်သည်။သို့သော် ဘီယာက ကြိုက်လှသည်မို့ ကလေးဝမှ ပလူဇဝတောသို့ မသွားခင် ကလေးဝတွင် မြန်မာဘီယာ(၂)လုံးသောက်လိုက်၏။

တစ်လမ်းလုံး ဆိုင်ကယ်စီးလာရာက ပလူဇဝရွာအဝင်တွင် ဗိုက်အောင့်သော ဝေဒနာကို အလူးအလဲ ခံရတော့သည်။
ဆရာလေး ခဏစောင့်။ ဗိုက်အောင့်တာ ချက်ချင်းပျောက်တဲ့ဆေးရှိတယ်ဆိုပြီး ပျားရည်နှင့် ဖြူအစာအိမ် စိမ်ထားသောဆေးရည် ထမင်းစားဇွန်းတစ်ဇွန်းကို တိုက်လေသည်။

အံ့သြဖွယ်ပင် နာရီဝက်အတွင်း ဗိုက်အောင့်ခြင်း ဝေဒနာချက်ချင်းကြီး သက်သာသွားတော့သည်။ သို့သော် ခါးချက်က လန်ထွက်နေတာပဲဟုဆိုရအောင် ပျားရည်အချိုဓာတ်ပျောက်၍ အခါးဓာတ်အလွန်ပင် သက်ရောက်နေလေသည်။ ထိုမှစ၍ အစာအိမ်အတွက် ဆေးစွမ်းကောင်း တစ်လက်ရရှိခဲ့တော့သည်။ ဖြူအစာအိမ်ကို အမြစ်ပေါင်း(၁၀၀၀)ဟုဆိုကြသည်။ ဖြူကောင်သည် သစ်မြစ်သစ်ဖုများ စားသောကြောင့် ဖြစ်လေသည်။

ထိုကြောင့် ဖြူ၏အစာအိမ်သည် ဆေးအိတ်ကြီးပမာ ဖြစ် နေသည်ဟု မုဆိုးကြီးတစ်ဦးက ပြောပြဖူးပါသည်။ဆိုရိုးစကားတစ်ခုလည်း ဖြူအစာအိမ်နှင့်ပတ်သက်ပြီးမှတ်သားဖူးပြန်သည်။ ဖြူ အူတစ်တောင် နွားတစ်ထောင်ဟုဆိုခြင်းဖြစ်သည်။

သူတို့ယုံကြည်သောဆေးနည်းနှစ်သွယ်-
(၁) ဖြူ အစာအိမ်ကို အခြောက်လှန်းပြီး၊ ဖြူအစာအိမ်နှင့် တပင်တိုင်မြနန်းဥအမှုန့်(၁၀) ဆယ်သားကို ပျားရည်စစ်စစ်(၃) ပုလင်းဖြင့် စိမ်ကာ ဗိုက်အောင့် ဗိုက်နာရောဂါများကို ချက်ချင်းပျောက်ကင်းစေသော ဆေးအဖြစ် ဖော်စပ်ထား ကြပါသည်။

(၂) ဖြူ အစာအိမ်ကို ကြပ်တင်ကာထားပြီး အရေးပေါ်ဗိုက်အောင့်ဗိုက်နာဖြစ်ပါက ဖြူ အစာအိမ်တစ်ဖဲ့နှင့် တပင်တိုင်မြနန်းအရွက်၊ ပင်စည်တို့ကို သုံးခွက်တစ်ခွက်ပြုတ်စေကာ အလွန်ခါးသော ဆေးရည်တစ်ခွက်ကို တိုက်ခြင်းဖြစ်လေသည်။

ထိုသူတို့၏အဆိုရ ဖြူအစာအိမ်သည်ဗိုက်အောင့်ဗိုက်နာနှင့်အစာအိမ်သမားတို့အတွက် အလွန်ခါးသောပျောက်စေ သမားတော်ကြီးနှင့်ပင် တူတော့သည်။ သားကောင်ပေါသော ချင်းတွင်းမြစ်နဘေး ထိုရွာလေးမှ ဖြူအစာအိမ်ကို ရယူကာမိတ်ဆွေတစ်ဦးအား လက်ဆောင်အဖြစ် ပေးဖူးသည်ကိုမှတ်မိနေပါသည်။

မုဆိုးကြီး ဦးအဲပိုပြောသည်မှာ ဖြူအစာအိမ်သည်မိုးရာသီတွင်ရရှိသော အစာအိမ်ထက် နွေရာသီနှင့် ဆောင်းရာသီတွင် ရသောဖြူ အစာအိမ်ကပိုမိုပြီး ဆေးအစွမ်းပိုကြီးကြောင်းလည်း ဗဟုသုတ ပြောပြခဲ့ပါသည်။

သေချာသည်က ထိုဖြူအစာအိမ်နှင့် တပင်တိုင်မြနန်းပေါင်းစပ်သော ဆေးကြောင့် အစာအိမ်ရောဂါ အပြီးတိုင်ကိုယ်တိုင်ပျောက်ကင်းခဲ့ပါသည်ဟု ဆိုရပါမည်။ အခြားပျောက်ကင်းစေသောရောဂါများလည်း ရှိနေပေဦးမည်။ကြုံခဲ့၍ဆုံခဲ့ကြပါလျှင် ဖြူအစာအိမ်သည် အစာအိမ်ရောဂါရှိသူတို့ အတွက်အမှန်ပင် အစွမ်းရှိပါကြောင်း ကိုယ်တိုင်ကြုံရသော ဆေးအသိငယ်အား ဝေငှမိပါ၏။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *