သတင္း

လက်တွေ့သွားရောဂါအတွက် ဆေးတစ်လက်

(Unicode)

လက်တွေ့သွားရောဂါအတွက်ဆေးတစ်လက်

သွားနာ၊သွားကိုက်၊သွားယိုင်၊သွားဖုံးနာ သွားသွေးယိုစိမ့်ခြင်းအတွက် စိတ်ညစ်ဖွယ် ကောင်းအောင် သွားကိုက်၊ သွားနာခြင်းကြုံရ၏။ သွာဆေးခန်း မကြာခဏ သွားရသောကြောင့် သွားဆရာဝန်နှင့်ပင် ဖောက်သည်ဖြစ်ရကာ ရင်းနှီးခင်မင်နေတော့သည်။ ဖြစ်လေတိုင်း အင်္ဂလိပ်ဆေးက စွမ်းပါဘိ။ သွားနုတ်၊သွားဖာ၊ဆေးထိုး ဆေးသောက်ဖြင့် သက်သာပျောက်ကင်းရသည်သာ။
မကြာမီ သွားကိုက်၊သွားနာပြန်ဖြစ်ပြန်သည်။ မြန်မာတိုင်းရင်းဆေးနည်းလေးများကို အထင်မသေးမိရန် အကြောင်းတစ်ခုဖန်လာသည်။ ထိုသည်က မန်ကျည်းစေ့ခွံနှင့် ကျောက်ချဉ်သာဖြစ်တော့၏။

မန်ကျည်းစေ့ အရင့်အစေ့(၃၀)ကို ဒယ်အိုးတွင်ထည့်၍ မီးဖြင့် ကျွမ်းအောင်လှော်လိုက်ပြီးမန်ကျည်းစေ့၏ အစေ့ခွံ ယူရ၏။ မန်ကျည်းစေ့ အတွင်းသားအဖြူကို မသုံးရပါ။ မန်ကျည်းစေ့အခွံအကျွမ်းလှော်ကို အမှုန့်ပြု၍ထားပါ။ ထိုနောက် ကျောက်ချဉ်(၁)မတ်သား တိတိကို ခွက်ငယ်တစ်ခုတွင်တင် ၍မီးဖုတ်ပါ။ ငါးမှုန့်ကြော်သကဲ့သို့ ဖောင်းမို့တက်လာပါက အအေးခံပြီးကျောက်ချဉ် မီးဖုတ်ကို အမှုန့်ပြုပါ။ မန်ကျည်းစေ့အခွံ မီးကျွမ်းအလှော် အမှုန့်ထောင်းနှင့်ကျောက်ချဉ် မီးဖုတ်အမှုန့်ကို ရောစပ်၍ လေလုံသော ဗူးငယ်တွင်ထည့်ထားပါ။ သွားနာ၊သွားကိုက်၊ သွားယိုင်၊ သွားဖုံးနာနှင့်သွားသွေးယိုစိမ့်ခြင်းဖြစ်ပါက ထိုဆေးမှုန့်ကို သိပ်ပေးပါ။ အမြန်ဆုံး သက်သာပျောက်ကင်းပါကြောင်း။

ဆေးမြီးတို-၃၆ မြန်မာဆေးမြီးတိုများ

သွားခိုင်စေရန် ကျောက်ချဉ်နှင့်ငရုတ်ကောင်းစေ့ကို ဆတူရောပြီး သံဆုံတွင်ညက်အောင်ထောင်း၍ နံနက်အိပ်ရာထတိုင်း သွားတိုက်ပေးပါ။

လိုသူယူသုံးစေတနာအပြုံးဖြင့်

Credit-ရဲမျိုးသူ(ဗောဓိမြိုင်)

(Zawgyi)

လက္ေတြ႕သြားေရာဂါအတြက္ေဆးတစ္လက္

သြားနာ၊သြားကိုက္၊သြားယိုင္၊သြားဖုံးနာ သြားေသြးယိုစိမ့္ျခင္းအတြက္ စိတ္ညစ္ဖြယ္ ေကာင္းေအာင္ သြားကိုက္၊ သြားနာျခင္းႀကဳံရ၏။ သြာေဆးခန္း မၾကာခဏ သြားရေသာေၾကာင့္ သြားဆရာဝန္ႏွင့္ပင္ ေဖာက္သည္ျဖစ္ရကာ ရင္းႏွီးခင္မင္ေနေတာ့သည္။ ျဖစ္ေလတိုင္း အဂၤလိပ္ေဆးက စြမ္းပါဘိ။ သြားႏုတ္၊သြားဖာ၊ေဆးထိုး ေဆးေသာက္ျဖင့္ သက္သာေပ်ာက္ကင္းရသည္သာ။
မၾကာမီ သြားကိုက္၊သြားနာျပန္ျဖစ္ျပန္သည္။ ျမန္မာတိုင္းရင္းေဆးနည္းေလးမ်ားကို အထင္မေသးမိရန္ အေၾကာင္းတစ္ခုဖန္လာသည္။ ထိုသည္က မန္က်ည္းေစ့ခြံႏွင့္ ေက်ာက္ခ်ဥ္သာျဖစ္ေတာ့၏။

မန္က်ည္းေစ့ အရင့္အေစ့(၃၀)ကို ဒယ္အိုးတြင္ထည့္၍ မီးျဖင့္ ကြၽမ္းေအာင္ေလွာ္လိုက္ၿပီးမန္က်ည္းေစ့၏ အေစ့ခြံ ယူရ၏။ မန္က်ည္းေစ့ အတြင္းသားအျဖဴကို မသုံးရပါ။ မန္က်ည္းေစ့အခြံအကြၽမ္းေလွာ္ကို အမႈန႔္ျပဳ၍ထားပါ။ ထိုေနာက္ ေက်ာက္ခ်ဥ္(၁)မတ္သား တိတိကို ခြက္ငယ္တစ္ခုတြင္တင္ ၍မီးဖုတ္ပါ။ ငါးမႈန႔္ေၾကာ္သကဲ့သို႔ ေဖာင္းမို႔တက္လာပါက အေအးခံၿပီးေက်ာက္ခ်ဥ္ မီးဖုတ္ကို အမႈန႔္ျပဳပါ။ မန္က်ည္းေစ့အခြံ မီးကြၽမ္းအေလွာ္ အမႈန႔္ေထာင္းႏွင့္ေက်ာက္ခ်ဥ္ မီးဖုတ္အမႈန႔္ကို ေရာစပ္၍ ေလလုံေသာ ဗူးငယ္တြင္ထည့္ထားပါ။ သြားနာ၊သြားကိုက္၊ သြားယိုင္၊ သြားဖုံးနာႏွင့္သြားေသြးယိုစိမ့္ျခင္းျဖစ္ပါက ထိုေဆးမႈန႔္ကို သိပ္ေပးပါ။ အျမန္ဆုံး သက္သာေပ်ာက္ကင္းပါေၾကာင္း။

ေဆးၿမီးတို-၃၆ ျမန္မာေဆးၿမီးတိုမ်ား

သြားခိုင္ေစရန္ ေက်ာက္ခ်ဥ္ႏွင့္င႐ုတ္ေကာင္းေစ့ကို ဆတူေရာၿပီး သံဆုံတြင္ညက္ေအာင္ေထာင္း၍ နံနက္အိပ္ရာထတိုင္း သြားတိုက္ေပးပါ။

လိုသူယူသုံးေစတနာအၿပဳံးျဖင့္

Credit-ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Leave a Reply

Your email address will not be published. Required fields are marked *