သတင္း

အသံဝင္၊ အသံမထြက္သူမ်ားအတြက္ မုန္လာဥျဖဴ၏ အံ့ဖြယ္အစြမ္း

(Zawgyi)
အသံဝင္၊ အသံမထြက္သူမ်ားအတြက္ မုန္လာဥျဖဴ၏ အံ့ဖြယ္အစြမ္း

အသံျဖင့္ ဘဝရပ္တည္ အသက္ေမြးဝမ္းေၾကာင္း ျပဳရသူတို႔အတြက္ ဝမ္းေျမာက္ဖြယ္ သဘာဝေဆးနည္းေလး ျဖစ္ပါသည္။ ဘဝတစ္ေလွ်ာက္ျဖတ္သန္းစဥ္ အသံထုတ္ၿပီး အလုပ္လုပ္ရေသာသူမ်ား အသံဝင္၊ အသံနာ၊ အသံမထြက္ျဖစ္တိုင္း တင္ျပပါနည္းလမ္းေလးကို ေပးခဲ့ရာ ေပ်ာက္ကင္းသည္ဆိုေသာ အေျဖတစ္ခု ေက်နပ္ဖြယ္ ရလဒ္ေၾကာင့္ ဝမ္းသာၾကည္ႏူးမိသည္က အမွန္ပင္ျဖစ္ေလသည္။ မၾကာေသးမီကပင္ ကထိန္ပြဲအတြက္ သံခ်ပ္ထိုးသူတို႔ အေလ့အက်င့္လြန္၍ အသံမထြက္ေတာ့ေခ်။ ေအာက္ေဖၚျပပါ နည္းေလးျဖင့္ မူလအသံ ျပန္ရပါသည္။

နည္းလမ္း

(၁) မုန္လာဥျဖဴ အစိမ္း(၂)လုံးကို ပါးပါးလွီးၿပီးထုေခ်၍ အရည္ညႇစ္ယူပါ။လက္ဖက္ရည္အၾကမ္းပန္းကန္(၂)လုံး စာေလာက္ရေအာင္ ေဆာင္႐ြက္ပါ။

(၂)ထိုရရွိလာေသာ မုန္လာဥျဖဴညႇစ္ရည္ လက္ဖက္ရည္ပန္းကန္(၂)လုံးႏွင့္ ပ်ားရည္ဟင္းစားဇြန္း(၃)ဇြန္းေရာသမၿပီး နံက္တစ္ႀကိမ္ညတစ္ႀကိမ္ေသာက္ေပးလိုက္ပါ။

(၃) အသံဝင္၊အသံနာသူ၊အသံမထြက္သူတို႔အတြက္ ထိေရာက္ေသာအက်ိဳး သက္ေရာက္မႈအမွန္ရွိသြားပါလိမ့္မည္။

(၄) အသံျဖင့္ အသက္ေမြးဝမ္းျပဳၾကသူမ်ား တစ္ပတ္ လွ်င္ႏွစ္ႀကိမ္မွ် အထက္တင္ျပပါနည္း ေလးကိုျပဳလုပ္ ေသာက္သုံးပါက အသံပိုမိုၾကည္လင္ေကာင္မြန္ပါေၾကာင္း သိမီသမွ်ေဝငွလိုက္ပါသည္။

လိုသူတို႔သုံး စိတ္ႏွလုံး႐ႊင္ၿပဳံးးၾကပါေစ…

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)
အသံဝင်၊ အသံမထွက်သူများအတွက် မုန်လာဥဖြူ၏ အံ့ဖွယ်အစွမ်း

အသံဖြင့် ဘဝရပ်တည် အသက်မွေးဝမ်းကြောင်း ပြုရသူတို့အတွက် ဝမ်းမြောက်ဖွယ် သဘာဝဆေးနည်းလေး ဖြစ်ပါသည်။ ဘဝတစ်လျှောက်ဖြတ်သန်းစဉ် အသံထုတ်ပြီး အလုပ်လုပ်ရသောသူများ အသံဝင်၊ အသံနာ၊ အသံမထွက်ဖြစ်တိုင်း တင်ပြပါနည်းလမ်းလေးကို ပေးခဲ့ရာ ပျောက်ကင်းသည်ဆိုသော အဖြေတစ်ခု ကျေနပ်ဖွယ် ရလဒ်ကြောင့် ဝမ်းသာကြည်နူးမိသည်က အမှန်ပင်ဖြစ်လေသည်။ မကြာသေးမီကပင် ကထိန်ပွဲအတွက် သံချပ်ထိုးသူတို့ အလေ့အကျင့်လွန်၍ အသံမထွက်တော့ချေ။ အောက်ဖေါ်ပြပါ နည်းလေးဖြင့် မူလအသံ ပြန်ရပါသည်။

နည်းလမ်း

(၁) မုန်လာဥဖြူ အစိမ်း(၂)လုံးကို ပါးပါးလှီးပြီးထုချေ၍ အရည်ညှစ်ယူပါ။လက်ဖက်ရည်အကြမ်းပန်းကန်(၂)လုံး စာလောက်ရအောင် ဆောင်ရွက်ပါ။

(၂)ထိုရရှိလာသော မုန်လာဥဖြူညှစ်ရည် လက်ဖက်ရည်ပန်းကန်(၂)လုံးနှင့် ပျားရည်ဟင်းစားဇွန်း(၃)ဇွန်းရောသမပြီး နံက်တစ်ကြိမ်ညတစ်ကြိမ်သောက်ပေးလိုက်ပါ။

(၃) အသံဝင်၊အသံနာသူ၊အသံမထွက်သူတို့အတွက် ထိရောက်သောအကျိုး သက်ရောက်မှုအမှန်ရှိသွားပါလိမ့်မည်။

(၄) အသံဖြင့် အသက်မွေးဝမ်းပြုကြသူများ တစ်ပတ် လျှင်နှစ်ကြိမ်မျှ အထက်တင်ပြပါနည်း လေးကိုပြုလုပ် သောက်သုံးပါက အသံပိုမိုကြည်လင်ကောင်မွန်ပါကြောင်း သိမီသမျှဝေငှလိုက်ပါသည်။

လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးးကြပါစေ…

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *