သတင္း

ကိုယ့်အိမ်မှာရှိတဲ့ ပိုးဟပ်၊ ပင့်ကူ တို့ကို ဒီလို သဘာဝနည်းနဲ့ မောင်းထုတ်ကြမယ်

(Zawgyi)
ကိုယ့္အိမ္မွာ႐ွိတဲ့ ၿခင္၊ ယင္၊ ပုရြက္ဆိတ္၊ ပင့္ကူတို႔ကို ဒီလုိ သဘာဝနည္းနဲ႔ ေမာင္းထုတ္ၾကမယ္

ပိုးဟပ္၊ ပင့္ကူ၊ ပုရြက္ဆိတ္စတဲ့ ပိုးေကာင္ေတြကို ေဆးၿဖန္းၿပီး နွိမ္နွင္းမယ္ဆိုရင္ ေဆးနံ႕က အိမ္ထဲမွာ စြဲက်န္ရစ္ေနပါတယ္။ ၿပီးေတာ့ ထိုၿဖန္းေဆးထဲမွာပါတဲ့ ဓာတုပစၥည္းကလည္း အိမ္သူ၊ အိမ္သားေတြရဲ႕ က်န္းမာေရးကို ထိခိုက္ေစပါတယ္။ ဒါေၾကာင့္ သင့္အိမ္ထဲကို က်ဴးေက်ာ္၀င္ေရာက္လာတဲ့ ပိုးေကာင္ေတြကို သဘာ၀နည္းအတိုင္း ဘယ္လို ႏွိမ္နွင္းရမယ္ဆိုတာကို ေဖာ္ၿပလိုက္ပါတယ္။

Boric Acid

ဘိုရစ္အက္စစ္နဲ႕ဂ်ံဳမွဳန္႕ကိုေရာၿပီး အင္းဆက္ ပိုးေကာင္ေတြရွိတဲ့ ေနရာမွာ ၿဖဴးလိုက္ပါ။ ထိုအမွဳန္႕ေတြကို စားမိၿပီး သူတို႕ေသသြားပါလိမ့္မယ္။

ပင္စိမ္းရြက္

ဟင္းခ်က္ရာမွာ အသံုးၿပဳတဲ့ လတ္ဆတ္တဲ့ ပင္စိ္မ္းရြက္ အနည္းငယ္ကို တံခါးေပါက္မွာ ခ်ိတ္ဆြဲထားလိုက္ရင္ ျခင္၊ ယင္တို႕ရန္မွ ကင္းေ၀းေစမွာ ျဖစ္ပါတယ္။

ၾကက္သြန္ၿဖဴ

ပုရြက္ဆိတ္နဲ႔ ပိုးဟပ္ဟာ ၾကက္သြန္ၿဖဴကို အရမ္းေၾကာက္ပါတယ္။ ၾကက္သြန္ၿဖဴတစ္ဥကို အင္းဆက္ပိုးေကာင္ေတြ ေတြ႕တဲ့ေနရာမွာထားခဲ့ရင္ သူတို႕ေတြ အနားေတာင္ မကပ္ရဲပဲ ထြက္ေၿပးသြားပါလိမ့္မယ္။ ၾကက္သြန္ၿဖဴဥ ေၿခာက္သြားပါက အသစ္ၿပန္လဲေပးပါ။

ရွာလကာရည္

ရွာလကာရည္ဟာ အင္းဆက္ပိုးေကာင္ေတြကို ေသေစဖို႔ ေမာင္းထုတ္ဖို႕အတြက္ အလြန္အသံုး၀င္ပါတယ္။ ဟင္းခ်က္ရာမွာထည့္သံုးဖို႕အတြက္ အႏၱရာယ္ ကင္းေပမယ့္ အိမ္တြင္းပိုးေကာင္ၿပသနာကို အၿမန္ဆံုး ေၿဖရွင္းေပးနိုင္ပါတယ္။

ငရုတ္သီးမႈန္႔

အိမ္တြင္းမွာစိုက္တဲ့ အပင္ေတြကို ဒုကၡေပးတဲ့ အင္ဆက္ပိုးေကာင္ေတြကို ငရုတ္သီးမွဳန္႕နဲ႕ နွိမ္နွင္းလို႕ရပါတယ္။ ေဆးၿဖန္းပံုထဲမွာ ေရ၊ ငရုတ္သီးမွဳန္႕နဲ႔ ဆပ္ၿပာရည္ အနည္းငယ္ထည့္ၿပီးအပင္ကို ျဖန္းေပးပါက ကပ္ညိေနေသာ အင္းဆက္ပိုးေကာင္မ်ားကို ေသေစနိုင္ပါတယ္။

သံပုရာခြံ၊ လိမၼာ္ခြံ၊ ေရွာက္သီးခြံ

ထိုအခြံမ်ားဟာ အင္းဆက္ပိုးမ်ား အထူးသၿဖင့္ ပင့္ကူမ်ားကို ထြက္ေၿပးေစပါတယ္။ ပင့္ကူေတြ အိမ္လာေဆာက္တတ္တဲ့ ေနရာမွာ ထိုအခြံကို သြားထားလိုက္ပါ။ က်န္တာ ထိုအခြံကၾကည့္လုပ္ ပါလိမ့္မယ္။

Credit : Myawady Health

(Unicode)
ကိုယ့်အိမ်မှာရှိတဲ့ ခြင်၊ ယင်၊ ပုရွက်ဆိတ်၊ ပင့်ကူတို့ကို ဒီလို သဘာဝနည်းနဲ့ မောင်းထုတ်ကြမယ်

ပိုးဟပ်၊ ပင့်ကူ၊ ပုရွက်ဆိတ်စတဲ့ ပိုးကောင်တွေကို ဆေးဖြန်းပြီး နှိမ်နှင်းမယ်ဆိုရင် ဆေးနံ့က အိမ်ထဲမှာ စွဲကျန်ရစ်နေပါတယ်။ ပြီးတော့ ထိုဖြန်းဆေးထဲမှာပါတဲ့ ဓာတုပစ္စည်းကလည်း အိမ်သူ၊ အိမ်သားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် သင့်အိမ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ပိုးကောင်တွေကို သဘာဝနည်းအတိုင်း ဘယ်လို နှိမ်နှင်းရမယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။

Boric Acid

ဘိုရစ်အက်စစ်နဲ့ဂျုံမှုန့်ကိုရောပြီး အင်းဆက် ပိုးကောင်တွေရှိတဲ့ နေရာမှာ ဖြူးလိုက်ပါ။ ထိုအမှုန့်တွေကို စားမိပြီး သူတို့သေသွားပါလိမ့်မယ်။

ပင်စိမ်းရွက်

ဟင်းချက်ရာမှာ အသုံးပြုတဲ့ လတ်ဆတ်တဲ့ ပင်စိမ်းရွက် အနည်းငယ်ကို တံခါးပေါက်မှာ ချိတ်ဆွဲထားလိုက်ရင် ခြင်၊ ယင်တို့ရန်မှ ကင်းဝေးစေမှာ ဖြစ်ပါတယ်။

ကြက်သွန်ဖြူ

ပုရွက်ဆိတ်နဲ့ ပိုးဟပ်ဟာ ကြက်သွန်ဖြူကို အရမ်းကြောက်ပါတယ်။ ကြက်သွန်ဖြူတစ်ဥကို အင်းဆက်ပိုးကောင်တွေ တွေ့တဲ့နေရာမှာထားခဲ့ရင် သူတို့တွေ အနားတောင် မကပ်ရဲပဲ ထွက်ပြေးသွားပါလိမ့်မယ်။ ကြက်သွန်ဖြူဥ ခြောက်သွားပါက အသစ်ပြန်လဲပေးပါ။

ရှာလကာရည်

ရှာလကာရည်ဟာ အင်းဆက်ပိုးကောင်တွေကို သေစေဖို့ မောင်းထုတ်ဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ ဟင်းချက်ရာမှာထည့်သုံးဖို့အတွက် အန္တရာယ် ကင်းပေမယ့် အိမ်တွင်းပိုးကောင်ပြသနာကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ပါတယ်။

ငရုတ်သီးမှုန့်

အိမ်တွင်းမှာစိုက်တဲ့ အပင်တွေကို ဒုက္ခပေးတဲ့ အင်ဆက်ပိုးကောင်တွေကို ငရုတ်သီးမှုန့်နဲ့ နှိမ်နှင်းလို့ရပါတယ်။ ဆေးဖြန်းပုံထဲမှာ ရေ၊ ငရုတ်သီးမှုန့်နဲ့ ဆပ်ပြာရည် အနည်းငယ်ထည့်ပြီးအပင်ကို ဖြန်းပေးပါက ကပ်ညိနေသော အင်းဆက်ပိုးကောင်များကို သေစေနိုင်ပါတယ်။

သံပုရာခွံ၊ လိမ္မာ်ခွံ၊ ရှောက်သီးခွံ

ထိုအခွံများဟာ အင်းဆက်ပိုးများ အထူးသဖြင့် ပင့်ကူများကို ထွက်ပြေးစေပါတယ်။ ပင့်ကူတွေ အိမ်လာဆောက်တတ်တဲ့ နေရာမှာ ထိုအခွံကို သွားထားလိုက်ပါ။ ကျန်တာ ထိုအခွံကကြည့်လုပ် ပါလိမ့်မယ်။

Credit : Myawady Health

Leave a Reply

Your email address will not be published. Required fields are marked *