သတင်း

အသားအရောင်မတူညီဘဲ မွေးဖွားလာသည့် အံ့ဖွယ် အမြွာညီနောင်

အသားအရောင်မတူညီဘဲ မွေးဖွားလာသည့် အံ့ဖွယ် အမြွာညီနောင်

==================
==================

တီဂန်ဝါဒေးလ်ဟာ ၁၉ ပတ်မြောက် ကိုယ်ဝန်လွယ်ထားခဲ့ရတဲ့ အချိန်အထိ သူ့ရဲ့ ရင်သွေးအမြွှာကလေးတွေကို ထပ်တူညီတဲ့ သွင်ပြင်နဲ့သာ မွေးလာခဲ့မယ်လို့ ထင်ထားခဲ့တာပါ။

ဒါပေမယ့် သရီးဒီပုံရိပ်ဖော်စက်ထဲက မှန်သားမျက်နှာပြင်ပေါ် သေသေချာချာ ကြည့်လိုက်တော့မှ အမြွှာသားကလေး ၂ ဦးရဲ့ ထူးခြားတဲ့ ခြားနားချက်တွေကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

လူးကပ်စ်နဲ့ လယ်ဗီတို့ဟာ မွေးဖွားလာချိန်မှာတော့ မတူညီကွဲပြားတဲ့ သွင်ပြင်တွေနဲ့ မွေးဖွားလာတာမို့ အံ့သြစရာ ဖြစ်ခဲ့ရပါတယ်။

အသက် ၃၀ အရွယ် တီဂန်က “ကျမတို့ သားလေး ၂ ယောက်ရဲ့ သွင်ပြင်တွေ တွေ့ရချိန်မှာ လုံးဝ အံ့သြခဲ့ကြရတယ်။ လယ်ဗီရဲ့ အနက်ရောင်ဆံပင်နဲ့ လူးကပ်စ်ရဲ့ ရွှေရောင်ဆံပင်တွေလေ။ ပထမတပတ်အတွင်းမှာပဲ လယ်ဗီရဲ့ မျက်လုံးအရောင်ဟာ အညိုရောင်နက်နက် ဖြစ်လာခဲ့ပြီး လူးကပ်စ်မှာတော့ အပြာရောင်မျက်လုံးတွေနဲ့ ရှိနေခဲ့တယ်” လို့ မေရာသတင်းကို ပြောလိုက်တာပါ။

တီဂန်နဲ့ ခင်ပွန်းဖြစ်သူ ဂျပ်စတင်တို့ဟာ သြစတြေးလျနိုင်ငံမှာ နေထိုင်ကြတာဖြစ်ပြီး လက်ရှိမှာတော့ သူတို့ရဲ့ ကလေးတွေအတွက် ဝမ်းသာဂုဏ်ယူနေကြတာပါ။

“ကျမခင်ပွန်းက အနောက်အိန္ဒိယအနွယ် အရပ်မြင့်မြင့် ရုပ်ဖြောင့်ဖြောင့်၊ အသားညိုတယ်။ ကျမကတော့ ဆံပင်ရွှေရောင်၊ မျက်လုံးပြာပြာနဲ့ပေါ့ရှင်။”

သူတို့အတွက်တော့ ဒါဟာ အံ့သြဝမ်းသာစရာ ဖြစ်ခဲ့ပေမယ့် တခြား သူစိမ်းတွေဆီကတော့ မတူကွဲပြားတဲ့ ကလေး ၂ ဦးအပေါ် မေးခွန်းပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ကြရတာပါ။

“ဟုတ်ပါတယ်။ ဒါက တကယ့်ကို အံ့သြစရာကောင်းတာပါပဲ။ ဒါပေမယ့် မိခင်တယောက်ကိုတော့ တကယ်အဆင်ပြေရဲ့လား မေးကြမှာပဲ။ သူတို့ ၂ ယောက်ဟာ တကယ်အမြွှာတွေလားပေါ့။”

တချို့ကလည်း ရိုင်းစိုင်းတဲ့ မေးခွန်းတွေကို မေးခွန်းထုတ်တာမျိုးတွေလည်း ရင်ဆိုင်ရပြီး သူတို့ဇနီးမောင်နှံ ၂ ယောက်လုံးပဲ ဒါကို စိတ်ရှည်ရှည်နဲ့ ဖြတ်သန်းနိုင်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ အမြွှာညီနောင်ဟာ ၁၀ လသားအရွယ် ရှိနေပြီဖြစ်ကာ သူတို့ အသက်အရွယ်ကြီးလာကြတဲ့အခါ သွင်ပြင်မတူကြတဲ့အပေါ် စိတ်ဒဏ်ရာရမှာတော့ စိုးရိမ်မိတယ်လို့ တီဂန်က ပြောပါတယ်။

===========

DVB TV New

Leave a Reply

Your email address will not be published. Required fields are marked *