သတင်း

တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းရောင်းချမှု ကင်းစင်ရေး ခြေလှမ်းသစ်

တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းရောင်းချမှု ကင်းစင်ရေး ခြေလှမ်းသစ်

==================
==================

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်ကို တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများဖြင့် အလှဆင်ပစ္စည်း၊ စားသောက်ကုန်၊ လူ့အသုံးအဆောင်ပစ္စည်းထုတ်လုပ်ရောင်းချမှု ကင်းစင်သည့် မြို့တော်ဖြစ်ရေး ရွှေတိဂုံစေတီတော်တွင် ဖေဖော်ဝါရီ ဒုတိယပတ်က ပထမဆုံးလှုပ်ရှား မှုစတင်ခဲ့သည်။

WWF(မြန်မာ)၏ ၂၀၁၇ တွင်ပြုလုပ်သည့် စစ်တမ်းအရ ရွှေတိဂုံစေတီနှင့် ဗိုလ်ချုပ်ဈေး၌ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်း များ အများဆုံးရောင်းချနေပြီး ဗိုလ်ချုပ်ဈေးတွင် ဆင်စွယ်ဖြင့်ပြု လုပ်သော အသုံးအဆောင်ပစ္စည်း ရောင်းဝယ်သည့်ဆိုင် ၆၇ ရာခိုင် နှုန်းရှိပြီး ရွှေတိဂုံစေတီ၌ ၃၀ရာခိုင် နှုန်းရှိကြောင်း သိရသည်။

ယင်းကြောင့် ရန်ကုန်ကို တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်း ရောင်းဝယ်မှုကင်းမဲ့ဇုန်အဖြစ် စံပြ သတ်မှတ်နိုင်ရေး ပညာပေးလှုပ် ရှားမှုများ ပြုလုပ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂသံအမတ်နှင့် ဒိန်းမတ်သံ အမတ်တို့ကလည်း ရန်ကုန်ကို သင်္ကြန်ကာလမတိုင်မီ တောရိုင်း တိရစ္ဆာန်ရောင်းဝယ်မှုကင်းစင် သော မြို့တော်ဖြစ်ရန်ကြိုးပမ်း ဆောင်ရွက်နိုင်ရေး မျှော်လင့် ကြောင်း ပြောကြားသည်။

ပညာပေးမှုများ ဆက်တိုက် ဆောင်ရွက်နေသည်ဆိုသော်လည်း ထိရောက်သည့် အားပေးကူညီမှု များ အားနည်းနေကြောင်း မြန်မာ နိုင်ငံငှက်နှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က ထောက်ပြ သည်။

‘‘ဒီဆိုင်မှာ တောရိုင်း တိရစ္ဆာန်သားများမရောင်းပါ၊ လေဆိပ်မှာလည်းတောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းလက်ဝတ်ရတနာ မရောင်းပါလို့ရေးထားတဲ့ ပိုစတာတွေကပ်ထားတာပဲတွေ့ရတယ်’’ ဟု ၎င်းကဆိုသည်။

တောရိုင်းတိရစ္ဆာန်များကာ ကွယ်ထိန်းသိမ်းရေးနှင့် ပစ္စည်း ရောင်းဝယ်ဖောက်ကားမှု မရှိစေရေး ရုပ်သံအစီအစဉ်များ၊ ဇာတ် လမ်းတွဲများတွင်စာတန်းထိုးအသိ ပေးခြင်း၊ သတင်းစာနှင့် ဂျာနယ် များတွင် ဆောင်းပါးများဖော်ပြ ခြင်းဖြင့် ကာလရှည်စီမံချက်ဖြင့် အကြိမ်ကြိမ် အသိပေးလှုပ်ရှားခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်း ဦးသိန်းအောင်က အကြံပြုသည်။

‘‘လုပ်တာတော့ လုပ်နေ တယ်။ ပညာပေးကသိပ်မထိ ရောက်ဘူးဖြစ်နေတယ်။ အစိုးရ က တောရိုင်းတိရစ္ဆာန်တရားမ၀င် ရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ် သက်ပြီးကာကွယ်ရေးမှာ ဘတ် ဂျက်ပိုပေးရမယ်’’ ဟုဆင်ထိန်း သိမ်းရေး ဆောင်ရွက်နေသော မင်္ဂလာမြန်မာအုပ်ချုပ်မှု ဒါရိုက် တာ ဦးဖုန်းဝင်းကပြောသည်။

မြန်မာနိုင်ငံတွင် သဘာဝ နယ်မြေများနှင့် သယံဇာတများ စီမံအုပ်ချုပ်ထိန်းသိမ်းရေး အတွက် တောရိုင်းတိရစ္ဆာန်၊ သဘာဝအ ပင်များနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ၁၉၉၄ နှင့် တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်း ရေးနည်းဥပဒေ ၂၀၁၂ တို့ကို ထုတ်ပြန်ခဲ့ပြီး အမျိုးသားဥယျာဉ်၊ အဏ္ဏ၀ါအမျိုးသားဥယျာဉ်၊ တော ရိုင်းတိရစ္ဆာန်ဘေးမဲ့တောစသည့် သဘာဝနယ်မြေအမျိုးအစားများ ကို တည်ထောင်ကာ ရှားပါးတော ရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းနေ သည်။

မြန်မာနိုင်ငံတွင် မျိုးသုဉ်း မည့်အန္တရာယ်မှကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များကိုသုံးမျိုးခွဲ ထားပြီး လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ် ၉၈ မျိုး၊ သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် ၆၁မျိုး၊ ရာသီ အလိုက် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် မျိုးစိတ် ၁၅မျိုးရှိကြောင်း တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ် မြေများ ထိန်းသိမ်းရေးဥပဒေတွင် ဖော်ပြထားသည်။

လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ် ၉၈ မျိုးတွင် သမင်၊ ဆင်၊ ကျား၊ လင်းပိုင်၊ ၀က်ဝံ၊ တရုတ်သင်းခွေ ချပ်၊ ဒေါင်းအမျိုးမျိုး၊ ကြိုးကြာ၊ သာလိကာ၊ လိပ်ကြက်တူရွေး၊ စပါးကြီးမြွေတို့ပါဝင်သည်။

ရပ်ကွက်ဈေးများတွင်လည်း ဆတ်၊ ချေ၊ သမင်၊ ငုံး၊ ချိုးစသည် တို့ ရောင်းဝယ်မှုများရှိနေ၍ တောရိုင်းတိရစ္ဆာန် ကာကွယ်ထိန်း သိမ်းရေး လုပ်ကိုင်နေသူများ သည်ရပ်ကွက်၊ ကျေးရွာများ အထိအသိပညာပေးရန် လိုအပ် နေသည်။

အမြန်လမ်းမကြီး ဘေးတစ် လျှောက်ရှိ စားသောက်ဆိုင်များ တွင်ထန်းရည်နှင့် တောကောင် သားကောင်များ ရောင်းချနေ သကဲ့သို့ ထမင်းဟင်းရောင်းချ သည့် ဆိုင်များ၌ တောကောင် သားဟင်းလျာများကို ဦးစားပေး ရောင်းချနေသည်။

‘‘တောကောင်သားရောင်း တဲ့စားသောက်ဆိုင်တွေကို အရင် က၀န်ခံလက်မှတ်ထိုးခိုင်းထားတာ ရှိတယ် ပညာပေးခဲ့ပြီးပြီ။ အခုစစ် ဆေးလို့ ရောင်းချနေတာတွေ့ရင် အရေးယူမှုစမယ်’’ ဟုအလုံမြို့ နယ်သစ်တောဦးစီးဌာနှ ဦးစီးအ ရာရှိ ဒေါ်ခင်သီတာထွန်းက ပြော သည်။

အသိပညာ ပေးရာတွင် လည်း အောက်ခြေပြည်သူလူထု ကို ပညာပေးခြင်းနှင့် အစိုးရတာ ၀န်ရှိများကို ပညာပေးခြင်းနှစ်မျိုး ရှိရာ အစိုးရတာဝန်ရှိသူများကိုမှု ပညာပေးရုံသာမက ဦးစားပေး ဆောင်ရွက်ရမည့် အစီအစဉ်၌ ပါဝင်ရေးတွန်းအားပေးရန် လို အပ်ကြောင်း ၎င်းကပြောသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ က တည်းက လက်မှတ်ရေးထိုးထား သည့် တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း များ နိုင်ငံတကာသို့ ကုန်သွယ် တင်ပို့ခြင်း၊ တစ်ဆင့်ခံပြန်တင် ပို့ခြင်း တားမြစ်သည့်နိုင်ငံတကာ သဘောတူညီချက်ကို လိုက်နာမှု အားနည်းနေသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်က ပြောသည်။

အာရှတွင် အကြီးမားဆုံး တောရိုင်းတိရစ္ဆာန် ရောင်းဝယ် သောဈေးကွက်ဟု သတ်မှတ်ခံရ သောတရုတ်နှင့် ဟောင်ကောင်၌ ဆင်စွယ်နှင့် အခြားတောရိုင်း တိရစ္ဆာန်ပစ္စည်းများ တင်သွင်း ရောင်းဝယ်ခြင်းကို ပိတ်ပင်ရာ မြန်မာနိုင်ငံလည်း တောရိုင်း တိရစ္ဆာန်ပစ္စည်းများ ရောင်းဝယ် ခြင်းကိုမပိတ်ပင်ပါက ၀ယ်လို အားကိုဖြည့်ဆည်းပေးသော ဈေး ကွက်တစ်ခုအဖြစ်ရောက်လာ နိုင် သည်ဟု ယူဆရကြောင်း မြန်မာ နိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံအ မတ်ကပြောသည်။

ရွှေတိဂုံစေတီတွင် အသိ ပညာပေး ဆောင်ရွက်သကဲ့သို့ မန္တလေးနှင့် ကျိုက်ထီးရိုးစေတီ တို့ ၌ ဆောင်ရွက်နေပြီးရောင်းချမှု များရှိပါက သတိပေးပြီး နောက် ဆုံးအဆင့် အရေးယူမည်ဟု WWF(မြန်မာ) မှ တာဝန်ရှိသူက ပြောသည်။

‘‘ဂေါပကအဖွဲ့ကလည်း မ ရောင်းဖို့ပြောထားတယ်။ သစ် တောကလည်း သစ်တောဥပဒေ တွေ အသိပေးထားတယ်။ မ ရောင်းဖို့လည်း သစ်တောဝန်ထမ်း တွေကပြောထားတယ်။ အရင်က ရောင်းတဲ့ဆိုင်တချို့ဆိုအခု အ ထည်ဆိုင်တွေအဖြစ် ပြောင်းသွား ပြီ။

မရောင်းတော့ဘူး။ ရောင်းရင်အဖမ်းလည်းခံရမယ်၊ ဆိုင်လည်း ပိတ်ရမယ်။ ကိုယ့်အကျိုးစီးပွားအ ထိခံပြီးမရောင်းတော့ဘူး’’ ဟု ရွှေတိဂုံတောင်ဘက်မုခ်ရှိ ဈေး သည် ဦးသိန်းရွှေကပြောသည်။ ။

===========

By ဖြိုးဖြိုးဝေ

7Day News Journal

 

Leave a Reply

Your email address will not be published. Required fields are marked *