သတင်း

မြောက်ကိုရီးယားမှ ပြန်လည်ရောက်ရှိလာသည့် တောင်ကိုရီးယား ကိုယ်စားလှယ်များ အမေရိကန်သို့ ထွက်ခွာ

မြောက်ကိုရီးယားမှ ပြန်လည်ရောက်ရှိလာသည့် တောင်ကိုရီးယား ကိုယ်စားလှယ်များ အမေရိကန်သို့ ထွက်ခွာ
==========================================

ဆိုးလ် မတ် ၈

မြောက်ကိုရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် တောင်ကိုရီးယားသံတမန်များသည် အမေရိကန်အစိုးရနှင့် မြောက်ကိုရီးယားခေါင်းဆောင်မှုဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးရန် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်သို့ ထွက်ခွာ သွားခဲ့ကြောင်း အင်န်အိတ်ခ်ျကေသတင်းတစ်ရပ်တွင် ဖော်ပြခဲ့ သည်။

တောင်ကိုရီးယားအမျိုးသားလုံခြုံရေးရုံးအကြီးအကဲ ချွန်အီယန် ခေါင်းဆောင် သည့် တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် လွန်ခဲ့သော တနင်္လာနေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။

တောင်-မြောက်နှစ်နိုင်ငံသည် သုံးကြိမ်မြောက် ကိုရီးယားထိပ်သီးအစည်းအဝေးကို တောင်ကိုရီးယားဘက် ပန်းမန်ဂျွန်ရွာ၌ ဧပြီနှောင်းပိုင်းတွင် ကျင်းပရန် သဘောတူညီမှု ရရှိခဲ့သည်။

တောင်ကိုရီးယား အမျိုးသားလုံခြုံရေးရုံးအကြီးအကဲ ချွန်အီယန်နှင့်အတူ အမျိုးသားထောက်လှမ်းရေးအကြီးအကဲ ဆူဟွန်းလည်း ကြာသပတေးနေ့က ဝါရှင်တန် သို့ ထွက်ခွာသွားသော ကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါသွားခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယား အမျိုးသားလုံခြုံရေးရုံးအကြီးအကဲ ချွန်အီယန်က ယခုအချိန် အခါသည် မြောက်ကိုရီးယားနှင့် အမေရိကန်ကြား ဆွေးနွေးရန် အကောင်းဆုံးအချိန် ဖြစ်သည်ဟု အဂ¯နေ့က ပြောခဲ့သည်။

ကြာသပတေးနေ့ကလည်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေးရုံးအကြီးအကဲ ချွန်အီယန်က အမေရိကန်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံကြား လိုအပ်သည့်အခြေအနေ နှင့် အချိန်အခါများကို လျင်လျင်မြန်မြန်ဆွေးနွေးဖို့လိုကြောင်း တိုက်တွန်းပြောကြားခဲ့ သည်။

သမ္မတ မွန်ဂျယ်အင်းက ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးသည် နောက်ဆုံးရည်မှန်းချက်ဖြစ်ကြောင်း သို့သော်လည်း ချက်ခြင်းရရှိရန် မလွယ်ကူသေး ကြောင်း ပြောခဲ့သည်။

အင်န်အိတ်ခ်ျကေ

Leave a Reply

Your email address will not be published. Required fields are marked *