သတင္း

ေ႐ႊတိဂုံရွိ ေစတီေတာ္တစ္ဆူတြင္ အနီေရာင္အရည္မ်ား က်ဆင္းေနျခင္း၏ အေႀကာင္းရင္းမွန္က ဒီလိုပါ။

ေ႐ႊတိဂုံရွိ ေစတီေတာ္တစ္ဆူတြင္ အနီေရာင္အရည္မ်ား က်ဆင္းေနျခင္းမွာ မိုးေရေၾကာင့္ ေအာက္ခံသစ္ေစးအနီေရာင္မ်ား အရည္ေပ်ာ္က်ခဲ့ျခင္းသာျဖစ္ဟုဆို

ရန္ကုန္၊ ဇန္နဝါရီ ၁၁-အနီေရာင္ အရည္မ်ားက်ဆင္းေနသည္ဟု လူမႈကြန္ရက္ေပၚတြင္ပ်ံ႕ႏွံ႔ေန သည့္ ေ႐ႊတိဂုံေစတီေတာ္ရွိ ေျမ စိုက္ေစတီေတာ္အမွတ္(၂၆)သည္ မိုးေရေၾကာင့္ ေအာက္ခံသစ္ေစး အနီေရာင္မ်ား အရည္ေပ်ာ္က်ခဲ့ ျခင္းသာျဖစ္ေၾကာင္း ေ႐ႊတိဂုံေဂါ ပကအဖြဲ႕ထံမွ သိရသည္။

အဆိုပါ အနီရည္မ်ား က် ဆင္းျခင္းသည္ ဇန္နဝါရီ ၁၀ ရက္တြင္ျဖစ္ေပၚခဲ့ၿပီး ဇန္နဝါရီ ၁၁ ရက္တြင္ အနီေရာင္အရည္ မ်ားကိုရွင္းလင္းၿပီး ေ႐ႊမ်က္ပါး သကၤန္းေတာ္ျပန္လည္ကပ္လႉမြမ္း မံခဲ့သည္ဟုဆိုသည္။

“”ေအာက္ခံသစ္ေစးအနီေရာင္က မိုးေရေၾကာင့္ အရည္ေပ်ာ္ၿပီး က်ဆင္းလာတာျဖစ္ပါတယ္။ ေ႐ႊ တိဂုံေဂါပကအဖြဲ႕အေနနဲ႔ ဘာ ေၾကာင့္ျဖစ္သလဲကို စုံစမ္းေဖာ္ ထုတ္ေနပါတယ္။ သစ္ေစးမေကာင္း တာသုံးမိလို႔လား၊ အထဲကသုံးတာ ေတြ အရည္အေသြးမမီလို႔လား၊ ဆက္လက္စုံစမ္းသြားမွာ ျဖစ္ပါ တယ္။ ေလာေလာဆယ္ေတာ့ အျမင္မသင့္ေလ်ာ္တဲ့အတြက္ မ်က္ ပါးေ႐ႊသကၤန္းေတာ္ ျပန္ခ်ထားပါ တယ္””ဟု ေဂါပကအဖြဲ႕၊ ႐ုံးအဖြဲ႕ မႉးဦးထြန္းေအာင္ေငြက ဇန္နဝါရီ ၁၁ ရက္တြင္ ေျပာသည္။

လူမႈကြန္ရက္သုံးစြဲသူတစ္ ဦးက ဇန္နဝါရီ ၁၀ ရက္တြင္ “”ေ႐ႊ တိဂုံေစတီေတာ္ႀကီး၏ ေျမာက္ ဘက္ဓာတ္ေလွကားထိပ္ ေစတီေတာ္အမွတ္(၂၆)ရွိ ေစတီရဲ႕ငွက္ ေပ်ာဖူးေအာက္နားမွ အမ်ိဳးအ မည္မသိေသာ အနီေရာင္အေစး မ်ားစီးက်လာေၾကာင္း ၊ မည္သည့္ အေၾကာင္းေၾကာင့္ျဖစ္ေပၚလာ ျခင္းကို မသိရွိရေသးေၾကာင္း””တင္ခဲ့ၿပီး ေဝဖန္မႈမ်ိဳးစုံ၊ ထင္ျမင္ မႈမ်ိဳးစုံကို ျဖစ္ေပၚေစခဲ့ေၾကာင္း သိရသည္။

ယင္းျဖစ္ရပ္ႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာ ဝန္ႀကီး ဗိုလ္မႉးႀကီးေအာင္စိုးမိုးႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ရဲအရာရွိ ႀကီးမ်ား ဇန္နဝါရီ ၁၁ ရက္တြင္ သြားေရာက္စစ္ေဆးခဲ့ေၾကာင္း သိ ရသည္။

ေျမစိုက္ေစတီေတာ္အမွတ္ (၂၆)ကို ၂၀၁၄ ခုႏွစ္တြင္ မ်က္ပါး ေ႐ႊသကၤန္းကပ္လႉခဲ့ၿပီး ငါးႏွစ္သက္ တမ္းခံရန္ ကန္ထ႐ိုက္ျဖင့္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ေၾကာင္း၊ ေျမစိုက္ေစတီ ေတာ္ႏွင့္ အရံေစတီေတာ္မ်ား ေ႐ႊခ်ျခင္းလုပ္ငန္းကို ကန္ထ႐ိုက္ ေလးခုအား ခြဲ၍ေဆာင္႐ြက္ေစခဲ့ ေၾကာင္းႏွင့္ ေစတီေတာ္၏အရည္ အေသြးပိုင္းမ်ားကို ျပန္လည္စစ္ ေဆးျခင္းမ်ား ေဆာင္႐ြက္သြား မည္ျဖစ္သည္။

TTHL

Credit – Democracytoday

(Unicode)

ရွှေတိဂုံရှိ စေတီတော်တစ်ဆူတွင် အနီရောင်အရည်များ ကျဆင်းနေခြင်းမှာ မိုးရေကြောင့် အောက်ခံသစ်စေးအနီရောင်များ အရည်ပျော်ကျခဲ့ခြင်းသာဖြစ်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၁-အနီရောင် အရည်များကျဆင်းနေသည်ဟု လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့နေ သည့် ရွှေတိဂုံစေတီတော်ရှိ မြေ စိုက်စေတီတော်အမှတ်(၂၆)သည် မိုးရေကြောင့် အောက်ခံသစ်စေး အနီရောင်များ အရည်ပျော်ကျခဲ့ ခြင်းသာဖြစ်ကြောင်း ရွှေတိဂုံဂေါ ပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ အနီရည်များ ကျဆင်းခြင်းသည် ဇန်နဝါရီ ၁၀ ရက်တွင်ဖြစ်ပေါ်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်တွင် အနီရောင်အရည် များကိုရှင်းလင်းပြီး ရွှေမျက်ပါး သင်္ကန်းတော်ပြန်လည်ကပ်လှူမွမ်း မံခဲ့သည်ဟုဆိုသည်။

အောက်ခံသစ်စေးအနီရောင် က မိုးရေကြောင့် အရည်ပျော်ပြီး ကျဆင်းလာတာဖြစ်ပါတယ်။ ရွှေ တိဂုံဂေါပကအဖွဲ့အနေနဲ့ ဘာ ကြောင့်ဖြစ်သလဲကို စုံစမ်းဖော် ထုတ်နေပါတယ်။ သစ်စေးမကောင်း တာသုံးမိလို့လား၊ အထဲကသုံးတာ တွေ အရည်အသွေးမမီလို့လား၊ ဆက်လက်စုံစမ်းသွားမှာ ဖြစ်ပါ တယ်။ လောလောဆယ်တော့ အမြင်မသင့်လျော်တဲ့အတွက် မျက် ပါးရွှေသင်္ကန်းတော် ပြန်ချထားပါ တယ်ဟု ဂေါပကအဖွဲ့၊ ရုံးအဖွဲ့ မှူးဦးထွန်းအောင်ငွေက ဇန်နဝါရီ ၁၁ ရက်တွင် ပြောသည်။

လူမှုကွန်ရက်သုံးစွဲသူတစ် ဦးက ဇန်နဝါရီ ၁၀ ရက်တွင် “”ရွှေ တိဂုံစေတီတော်ကြီး၏ မြောက် ဘက်ဓာတ်လှေကားထိပ် စေတီတော်အမှတ်(၂၆)ရှိ စေတီရဲ့ငှက် ပျောဖူးအောက်နားမှ အမျိုးအ မည်မသိသော အနီရောင်အစေး များစီးကျလာကြောင်း ၊ မည်သည့် အကြောင်းကြောင့်ဖြစ်ပေါ်လာ ခြင်းကို မသိရှိရသေးကြောင်တင်ခဲ့ပြီး ဝေဖန်မှုမျိုးစုံ၊ ထင်မြင် မှုမျိုးစုံကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိ ကြီးများ ဇန်နဝါရီ ၁၁ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိ ရသည်။

မြေစိုက်စေတီတော်အမှတ် (၂၆)ကို ၂၀၁၄ ခုနှစ်တွင် မျက်ပါး ရွှေသင်္ကန်းကပ်လှူခဲ့ပြီး ငါးနှစ်သက် တမ်းခံရန် ကန်ထရိုက်ဖြင့်စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ မြေစိုက်စေတီ တော်နှင့် အရံစေတီတော်များ ရွှေချခြင်းလုပ်ငန်းကို ကန်ထရိုက် လေးခုအား ခွဲ၍ဆောင်ရွက်စေခဲ့ ကြောင်းနှင့် စေတီတော်၏အရည် အသွေးပိုင်းများကို ပြန်လည်စစ် ဆေးခြင်းများ ဆောင်ရွက်သွား မည်ဖြစ်သည်။

TTHL

Credit – Democracytoday

Leave a Reply

Your email address will not be published. Required fields are marked *