သတင္း

အမာ႐ြတ္ ေပ်ာက္ေစမယ့္ နည္းလမ္းေတြ

[Zawgyi version]
အမာ႐ြတ္ ေပ်ာက္ေစမယ့္ နည္းလမ္းေတြ

အေရျပားမွာ မေတာ္တဆမႈေၾကာင့္ ထိခိုက္ဒဏ္ရာတစ္ခုခု ရခဲ့ရင္ပဲျဖစ္ျဖစ္ အင္းဆက္ကိုက္၊ အပူေလာင္၊ ျပတ္ရွ၊ ဝက္ၿခံဒဏ္ရာ စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အမာ႐ြတ္ေတြ က်န္ခဲ့ရင္ သဘာဝနည္းလမ္းနဲ႔ ေပ်ာက္ကင္းေအာင္ လုပ္ႏိုင္ဖို႔ မွ်ေဝေပးခ်င္ပါတယ္။

ရွားေစာင္းလက္ပပ္ အေပၚလႊာကိုခြာ၊ ဂ်ယ္လီဖတ္ေလးေတြနဲ႔ အမာ႐ြတ္ရွိတဲ့ေနရာကို သုတ္လိမ္းေပး၊ နာရီဝက္ေလာက္ ထားၿပီး ေရေဆးခ်တာမ်ိဳး တစ္ေန႔ႏွစ္ႀကိမ္ေလာက္ ပုံမွန္လုပ္ေပးရင္ အမာ႐ြတ္ေတြ ေပ်ာက္ကင္းေစပါတယ္။

အုန္းဆီအနည္းငယ္ကို အပူေပး၊ အမာ႐ြတ္ရွိတဲ့ေနရာကို သုတ္လိမ္းၿပီး ၁၀ မိနစ္ေလာက္ ႏွိပ္နယ္ေပးတာမ်ိဳး တစ္ေန႔ ႏွစ္ႀကိမ္ကေန ေလးႀကိမ္ေလာက္ လုပ္ေပးရင္ သက္သာေပ်ာက္ကင္းေစပါတယ္။

ဗီတာမင္အီး အဆီ၊ သံလြင္ဆီ၊ စႏၵကူးနံ႔သာဆီ ရွိရင္လည္း အမာ႐ြတ္ေပၚ ပုံမွန္လိမ္းေပးတယ္ဆိုရင္ တျဖည္းျဖည္း ပါးၿပီး ေပ်ာက္ကင္းေစသလို သံပရာသီးနဲ႔ အမာ႐ြတ္ရွိတဲ့ေနရာကို ပြတ္၊ ၁၀ မိနစ္ေလာက္ ထားၿပီး ေရေဆးပစ္တာမ်ိဳး တစ္ေန႔တစ္ႀကိမ္ လုပ္ေပးရင္း ေပ်ာက္ကင္းေအာင္ လုပ္ႏိုင္ပါတယ္။

ေနာက္တစ္နည္းက ပ်ားရည္ကို အမာ႐ြတ္ေပၚသုတ္၊ ပတ္တီးစည္းထားၿပီး ေနာက္တစ္ေန႔မနက္က်မွ ပတ္တီးေျဖ၊ ေဆးေၾကာတာမ်ိဳး အိပ္ရာမဝင္ခင္တိုင္း လုပ္ေပးႏိုင္ပါတယ္။ ပန္းသီးဗီနီဂါနဲ႔လည္း အမာ႐ြတ္ ရွိတဲ့ေနရာကို ပြတ္ေဆးႏိုင္သလို ကိုကိုးေထာပတ္ရွိရင္လည္း ဘယ္အမာ႐ြတ္မ်ိဳးမဆို သုတ္လိမ္းေပးရင္ သက္သာ ေပ်ာက္ကင္း ေစပါတယ္။

Credit: 7day daily

[Unicode version]

အမာရွတ် ပျောက်စေမယ့် နည်းလမ်းတွေ

အရေပြားမှာ မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာတစ်ခုခု ရခဲ့ရင်ပဲဖြစ်ဖြစ် အင်းဆက်ကိုက်၊ အပူလောင်၊ ပြတ်ရှ၊ ဝက်ခြံဒဏ်ရာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် အမာရွတ်တွေ ကျန်ခဲ့ရင် သဘာဝနည်းလမ်းနဲ့ ပျောက်ကင်းအောင် လုပ်နိုင်ဖို့ မျှဝေပေးချင်ပါတယ်။

ရှားစောင်းလက်ပပ် အပေါ်လွှာကိုခွာ၊ ဂျယ်လီဖတ်လေးတွေနဲ့ အမာရွတ်ရှိတဲ့နေရာကို သုတ်လိမ်းပေး၊ နာရီဝက်လောက် ထားပြီး ရေဆေးချတာမျိုး တစ်နေ့နှစ်ကြိမ်လောက် ပုံမှန်လုပ်ပေးရင် အမာရွတ်တွေ ပျောက်ကင်းစေပါတယ်။

အုန်းဆီအနည်းငယ်ကို အပူပေး၊ အမာရွတ်ရှိတဲ့နေရာကို သုတ်လိမ်းပြီး ၁၀ မိနစ်လောက် နှိပ်နယ်ပေးတာမျိုး တစ်နေ့ နှစ်ကြိမ်ကနေ လေးကြိမ်လောက် လုပ်ပေးရင် သက်သာပျောက်ကင်းစေပါတယ်။

ဗီတာမင်အီး အဆီ၊ သံလွင်ဆီ၊ စန္ဒကူးနံ့သာဆီ ရှိရင်လည်း အမာရွတ်ပေါ် ပုံမှန်လိမ်းပေးတယ်ဆိုရင် တဖြည်းဖြည်း ပါးပြီး ပျောက်ကင်းစေသလို သံပရာသီးနဲ့ အမာရွတ်ရှိတဲ့နေရာကို ပွတ်၊ ၁၀ မိနစ်လောက် ထားပြီး ရေဆေးပစ်တာမျိုး တစ်နေ့တစ်ကြိမ် လုပ်ပေးရင်း ပျောက်ကင်းအောင် လုပ်နိုင်ပါတယ်။

နောက်တစ်နည်းက ပျားရည်ကို အမာရွတ်ပေါ်သုတ်၊ ပတ်တီးစည်းထားပြီး နောက်တစ်နေ့မနက်ကျမှ ပတ်တီးဖြေ၊ ဆေးကြောတာမျိုး အိပ်ရာမဝင်ခင်တိုင်း လုပ်ပေးနိုင်ပါတယ်။ ပန်းသီးဗီနီဂါနဲ့လည်း အမာရွတ် ရှိတဲ့နေရာကို ပွတ်ဆေးနိုင်သလို ကိုကိုးထောပတ်ရှိရင်လည်း ဘယ်အမာရွတ်မျိုးမဆို သုတ်လိမ်းပေးရင် သက်သာ ပျောက်ကင်း စေပါတယ်။

Credit: 7day daily

Leave a Reply

Your email address will not be published. Required fields are marked *