သတင်း

ရန်ကုန်သင်္ကြန်ကို ကျေးလက်သင်္ကြန်ပုံစံကျင်းပမည်

ရန်ကုန်သင်္ကြန်ကို ကျေးလက်သင်္ကြန်ပုံစံကျင်းပမည်
Monday, March 19, 2018

မကြာခင် ကျရောက်တော့မည့် ရန်ကုန်သင်္ကြန်ကို ကျေးလက်တောဓလေ့ပုံစံဖြင့် မြင်တွေ့နိုင်ရန် ကျင်းပသွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊တံတား)မှ သိရသည်။
ယခင်နှစ်နှင့် မတူသည့် ပုံစံမျိုးနှင့် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စီစဉ်နေကြောင်းသိရသည်။
ယခုနှစ်တွင် စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များကို ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ပြီး အင်းလျားလမ်း အပါအဝင် မြို့ တွင်း ခြောက်မြို့နယ်၌ လမ်းလျှောက်သင်္ကြန် ပုံစံဆင်နွဲနိုင်ရန် ကျင်းပသွားမည်ဖြစ်ကာ စတုဒီသာမဏ္ဍပ်များကို လည်း ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“သင်္ကြန်ကို ဒီနှစ်မှာ ပိုပြီး စည်ကားသွားအောင်လုပ်မယ်။ ဗန္ဓုလပန်းခြံနားတစ်လျှောက်မှာလည်း စတုဒီသာမဏ္ဍပ်တွေ လုပ်ပေးထားမယ်။ လောလောဆယ်မှာတော့ မဏ္ဍပ်တွေကို ခွင့်ပြုပေးဖို့အတွက် မြေနေရာတွေ တိုင်းနေတယ်။ လမ်း လျှောက်သင်္ကြန်ကိုလည်း ဒီနှစ်မှာ လုပ်ပေးထားတယ်။ ထူးထူးခြားခြားလေးဖြစ်အောင်ပေါ့။ ဒီနှစ်မှာ ပိုစည်ကားဖို့ မျှော် လင့်ထားပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊တံတား)မှ တာဝန်ရှိ သူ တစ်ဦးက ပြောသည်။
စီးပွားဖြစ်သင်္ကြန်မဏ္ဍပ် ၅၀ ကျော်ကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ယခင် အစိုးရလက်ထက်တွင် ပြည်လမ်း၊ ကမ္ဘာအေးဘု ရားလမ်း၊ ဝေဇယန္တာလမ်းမကြီးနှင့် ကန်တော်ကြီးပတ်လမ်းတွင် စီးပွားဖြစ်မဏ္ဍပ်များကို ခွင့်ပြုခဲ့ကြောင်း သိရသည်။
အရပ်သား အစိုးရသစ်စတက်သည့်နှစ်တွင် စီးပွားဖြစ်မဏ္ဍပ်များကို လုပ်ကိုင်ခွင့် ရပ်ဆိုင်းလိုက်ပြီး မိသားစုမဏ္ဍပ်များကို သာ ခွင့်ပြုကာ ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီးပတ်လမ်းများတွင် မဏ္ဍပ်ဆောက်ခွင့်မပေးခဲ့ကြောင်း သိရသည်။
AKon Thi

Leave a Reply

Your email address will not be published. Required fields are marked *