သတင္း

နာမည္ႀကီးသေလာက္ အစြမ္းထက္လွေသာ ကန္းေဇာ္ဆီႏွင့္ ေပ်ာက္ကင္းႏိုင္ေသာ ေရာဂါမ်ား

(Zawgyi)

ကန္းေဇာ္ဆီႏွင့္ က်န္းမာေရး

ကြၽန္မတို႔ အိမ္၌ ၿမိတ္ကြၽန္းစုဖက္မွ ထြက္ေသာ အလြန္ ေဆးဖက္ဝင္ ကန္းေဇာ္ဆီကို အိမ္သုံးေဆးအျဖစ္ သုံးေနတာ ၁၀ႏွစ္ခန႔္ပင္ ရွိေတာ့မည္ ျဖစ္ေလသည္။

ထိခိုက္ရွနာ ျဖစ္လွ်င္ ကန္းေဇာ္ဆီကို ခ်က္ခ်င္း လိမ္းလိုက္႐ုံျဖင့္ ေသြးလည္းတိတ္ အနာလည္း က်က္လြယ္သည္။ေရာင္ကိုင္း ေနပါကလည္း မၾကာမၾကာ လိမ္းေပးပါက အေရာင္က်၏။ ဒူးနာျခင္း၊ ကိုယ္လက္နာျခင္း၊ အ႐ိုးက်ီးေပါင္းတက္ျခင္း၊ အ႐ိုးအဆစ္ေရာင္ျခင္း၊ ရင္က်ပ္ျခင္း၊ လိပ္ေခါင္း တို႔ကိုလည္း လိမ္းေပးပါက သက္သာေစသည္။

ၿပီးခဲ့တဲ့လက သူငယ္ခ်င္းရဲ႕ အေဖ ေလျဖန္းေတာ့ ေဆး႐ုံတင္လိုက္ရၿပီး ျပန္ဆင္းအလာမွာ ပါးနည္းနည္း ႐ြဲ႕တုန္း စကားသိပ္မပီတုန္းလို႔ ေျပာတာမို႔ ကန္းေဇာ္ဆီေလး လိမ္းေပးပါလားဟု အႀကံေပးမိပါသည္။ ေနာက္၂ရက္ေလာက္ၾကာေတာ့၊ ဝမ္းသာအားရ ဖုန္းဆက္လာ၏။ ေကာင္းသြားၿပီ၊ စကားပီသြားၿပီ၊ သူငယ္ခ်င္းေရ ေက်းဇူးတင္လိုက္တာ တဲ့။ ျဖစ္ျဖစ္ခ်င္း ခ်က္ခ်င္းလိမ္းရင္ ခ်က္ခ်င္းကို ေကာင္းသြားတာကို လက္ေတြ႕ ျမင္ဖူးခဲ့သည္မို႔၊ သူ႔ကို ထိုသို႔ အႀကံေပးႏိုင္ခဲ့ျခင္း ျဖစ္ေပ၏။

ၿပီးခဲ့တဲ ၂ပတ္ေလာက္တုန္းကလည္း ကြၽန္မ လက္ကို ဟင္းရည္ပူ ေလာင္ေလသည္။ လက္ဖဝါးတစ္ျပင္လုံး ခ်က္ခ်င္း နီရဲ ေဖာင္းကားလာၿပီး နာတာလည္း ႏွလုံးထိေအာင္ တဆတ္ဆတ္။ ကမန္းကတန္း ေရေဆးခ်လိုက္ၿပီး ကန္းေဇာ္ဆီကို ဆက္တိုက္ လိမ္းေပးေတာ့ ေဖာင္းတက္လာတာကေန ျဖည္းျဖည္းခ်င္း ျပန္က်သြား၏။ နာရီဝက္ေလာက္ဆက္တိုက္ ထိုင္လိမ္းလိုက္ေတာ့ လက္မွာ ေရၾကည္ဖု အနည္းငယ္သာ ထြက္ၿပီး အေတာ္ ေနရထိုင္ရ သက္သာသြားခဲ့သည္။ ေနာက္ထပ္ ထပ္ ထပ္ လိမ္းေပးေတာ့၊ တျဖည္းျဖည္း ပုံမွန္ အသားေရာင္ ျပန္ျဖစ္လာခဲ့၏။

ထိုကန္းေဇာ္ဆီကို အိမ္သုံးေဆးအျဖစ္ သုံးျဖစ္သြားျခင္းကား၊ အိမ္က ညီမေလး ထားဝယ္တကၠသိုလ္မွာ တာဝန္က်တုန္းကေပါ့။ သူ႔အသိ ဆရာမတစ္ေယာက္ရဲ႕ အေမ သားအိမ္ကင္ဆာ ေနာက္ဆုံးအဆင့္မို႔ ၆လပဲ ခံေတာ့မယ္ ဆရာဝန္က ေျပာလို႔၊ ေဆး႐ုံက ဆင္းလာၿပီး အိမ္မွာ ျပန္ေရာက္၊ အိပ္ရာထဲ လဲေနခ်ိန္မွာ၊ သူမ်ား ေျပာလို႔ ကန္းေဇာ္ဆီကို လိမ္းေပး ေသာက္ေပးေတာ့ အေတာ္ ျပန္ေကာင္းလာတယ္ဟု ေျပာျပတာကေန၊ တျခားလည္း အေပၚက ေျပာခဲ့တဲ့အတိုင္းေတြ သုံးလို႔ရတယ္ဆိုၿပီး ဝယ္ပို႔ေပးတာမို႔ သုံးျဖစ္သြားျခင္း ျဖစ္ေလသည္။

ေသြးေၾကာပိတ္ေရာဂါ ျဖစ္ေနသည့္ ကြၽန္မတို႔ ဦးေလးတစ္ေယာက္လည္း ေသြးေၾကာပိတ္၍ မည္းမည္းလာတဲ့ေျခေခ်ာင္းေလးေတြနဲ႔ ေျခဖမိုးကို ကန္းေဇာ္ဆီ လိမ္းေပးရာ
တျဖည္းျဖည္း သက္သာလာၿပီး အမည္းေတြက အဖတ္လိုက္ ကြာက်ကာ နဂိုအသားေရာင္ ျပန္တက္လာသျဖင့္ အေတာ္ေတာ့ အားတက္လာရွာေလ၏။

ကန္းေဇာ္ဆီ အတုမ်ားလည္း ရွိသည္မို႔ ဂ႐ုစိုက္ ဝယ္ၾကေစလိုပါသည္။ ၾကမ္းပိုးနံ႔နဲ႔ ဆင္ဆင္အနံ႔တစ္မ်ိဳးရွိၿပီး ဝါညိဳေရာင္အဆင္းရွိသည့္ ကန္းေဇာ္ဆီသည္ ခေရမ်ိဳးရင္းဝင္ ကန္းေဇာ္ပင္၏ ခေရေစ့ပုံသဏၭာန္ အေစ့မ်ားမွ ႀကိတ္ယူရရွိထားျခင္းျဖစ္ေလ၏။

ကုန္းကန္းေဇာ္ (သိပၸံအမည္ Pyrena paralleloneura Kurz) ႏွင့္ ေရကန္းေဇာ္ (သိပၸံအမည္ Madhuca lobbii (C.B Clarke) H.J.Lam) ဟု ရွိၿပီး ႏွစ္မ်ိဳးလုံး ေဆးဖက္ ဝင္ျခင္းမွာ အတူတူပင္ ျဖစ္ေၾကာင္း သိရွိရပါ၏။

အနာစိမ္း ေသြးစုနာမ်ား ( လိမ္းႏိုင္ ေသာက္ႏိုင္)၊ အပူေလာင္ မီးေလာင္ဒဏ္ရာမ်ား ( လိမ္း၊ ေသာက္)၊ရင္သားကင္ဆာ အဖုအႀကိတ္မ်ား (လိမ္း၊ ေသာက္)၊ ထိခိုက္ ပြန္းပဲ့ ရွနာႏွင့္ ခြဲစိတ္ကုသဒဏ္ရာမ်ား (လိမ္းရန္)၊အဆစ္အျမစ္ ကိုက္ခဲ အဆစ္ေရာင္ႏွင့္ ေညာင္းညာျခင္းမ်ား အေၾကာလြဲ အဆစ္လြဲ (လိမ္းရန္)၊ ဗိုက္နာ ဗိုက္ေအာင့္ေရာဂါ၊ ဒူလာ ေဂါက္ေရာဂါႏွင့္ လိပ္ေခါင္းေရာဂါ (ကန္းေဇာ္ဆီနဲ႔ပ်ားရည္ဆတူ ေရာၿပီး တစ္ေန႔ ၂ႀကိမ္ လက္ဖက္စားဇြန္း တစ္ဇြန္း ေသာက္ရန္)

ပါးစပ္၊ လွ်ာ၊ လည္ေခ်ာင္းရွိ အဖုအႀကိတ္မ်ား၊ သည္းေျခႏွင့္ ႏွလုံးအားနည္းျခင္း၊ ကင္ဆာေရာဂါ ( တစ္ေန႔ ၂ႀကိမ္မွ ၃ႀကိမ္ ဟင္းေသာက္ဇြန္း တစ္ဇြန္းေသာက္ရန္)။ ေခ်ာင္းဆိုးေသြးပါေရာဂါ ( နံနက္ေစာေစာ ထမင္းပူပူကို ကန္းေဇာ္ဆီျဖင့္ နယ္စားရန္) ဒါကေတာ့ ကန္းေဇာ္ဆီ အၫႊန္းေတြမွာ ေတြ႕ရျခင္းျဖစ္ပါသည္။

သက္ရွည္က်န္းမာၾကပါေစရွင့္

Credit – ရတနာသူ

(Unicode)

ကန်းဇော်ဆီနှင့် ကျန်းမာရေး

ကျွန်မတို့ အိမ်၌ မြိတ်ကျွန်းစုဖက်မှ ထွက်သော အလွန် ဆေးဖက်ဝင် ကန်းဇော်ဆီကို အိမ်သုံးဆေးအဖြစ် သုံးနေတာ ၁၀နှစ်ခန့်ပင် ရှိတော့မည် ဖြစ်လေသည်။

ထိခိုက်ရှနာ ဖြစ်လျှင် ကန်းဇော်ဆီကို ချက်ချင်း လိမ်းလိုက်ရုံဖြင့် သွေးလည်းတိတ် အနာလည်း ကျက်လွယ်သည်။ ရောင်ကိုင်းနေပါကလည်း မကြာမကြာ လိမ်းပေးပါက အရောင်ကျ၏။ ဒူးနာခြင်း၊ ကိုယ်လက်နာခြင်း၊ အရိုးကျီးပေါင်းတက်ခြင်း၊ အရိုးအဆစ်ရောင်ခြင်း၊ ရင်ကျပ်ခြင်း၊ လိပ်ခေါင်းတို့ကိုလည်း လိမ်းပေးပါက သက်သာစေသည်။

ပြီးခဲ့တဲ့လက သူငယ်ချင်းရဲ့ အဖေ လေဖြန်းတော့ ဆေးရုံတင်လိုက်ရပြီး ပြန်ဆင်းအလာမှာ ပါးနည်းနည်း ရွဲ့တုန်း စကားသိပ်မပီတုန်းလို့ ပြောတာမို့ ကန်းဇော်ဆီလေး လိမ်းပေးပါလားဟု အကြံပေးမိပါသည်။ နောက်၂ရက်လောက်ကြာတော့၊ ဝမ်းသာအားရ ဖုန်းဆက်လာ၏။ ကောင်းသွားပြီ၊ စကားပီသွားပြီ၊ သူငယ်ချင်းရေ ကျေးဇူးတင်လိုက်တာတဲ့။ ဖြစ်ဖြစ်ချင်း ချက်ချင်းလိမ်းရင် ချက်ချင်းကို ကောင်းသွားတာကို လက်တွေ့ မြင်ဖူးခဲ့သည်မို့၊ သူ့ကို ထိုသို့ အကြံပေးနိုင်ခဲ့ခြင်း ဖြစ်ပေ၏။

ပြီးခဲ့တဲ ၂ပတ်လောက်တုန်းကလည်း ကျွန်မ လက်ကို ဟင်းရည်ပူ လောင်လေသည်။ လက်ဖဝါးတစ်ပြင်လုံး ချက်ချင်း နီရဲ ဖောင်းကားလာပြီး နာတာလည်း နှလုံးထိအောင် တဆတ်ဆတ်။ ကမန်းကတန်း ရေဆေးချလိုက်ပြီး ကန်းဇော်ဆီကို ဆက်တိုက် လိမ်းပေးတော့ ဖောင်းတက်လာတာကနေ ဖြည်းဖြည်းချင်း ပြန်ကျသွား၏။ နာရီဝက်လောက်ဆက်တိုက် ထိုင်လိမ်းလိုက်တော့ လက်မှာ ရေကြည်ဖု အနည်းငယ်သာ ထွက်ပြီး အတော် နေရထိုင်ရ သက်သာသွားခဲ့သည်။ နောက်ထပ် ထပ် ထပ် လိမ်းပေးတော့၊ တဖြည်းဖြည်း ပုံမှန် အသားရောင် ပြန်ဖြစ်လာခဲ့၏။

ထိုကန်းဇော်ဆီကို အိမ်သုံးဆေးအဖြစ် သုံးဖြစ်သွားခြင်းကား၊ အိမ်က ညီမလေး ထားဝယ်တက္ကသိုလ်မှာ တာဝန်ကျတုန်းကပေါ့။ သူ့အသိ ဆရာမတစ်ယောက်ရဲ့ အမေ သားအိမ်ကင်ဆာ နောက်ဆုံးအဆင့်မို့ ၆လပဲ ခံတော့မယ် ဆရာဝန်က ပြောလို့၊ ဆေးရုံက ဆင်းလာပြီး အိမ်မှာ ပြန်ရောက်၊ အိပ်ရာထဲ လဲနေချိန်မှာ၊ သူများ ပြောလို့ ကန်းဇော်ဆီကို လိမ်းပေး သောက်ပေးတော့ အတော် ပြန်ကောင်းလာတယ်ဟု ပြောပြတာကနေ၊ တခြားလည်း အပေါ်က ပြောခဲ့တဲ့အတိုင်းတွေ သုံးလို့ရတယ်ဆိုပြီး ဝယ်ပို့ပေးတာမို့ သုံးဖြစ်သွားခြင်း ဖြစ်လေသည်။

သွေးကြောပိတ်ရောဂါ ဖြစ်နေသည့် ကျွန်မတို့ ဦးလေးတစ်ယောက်လည်း သွေးကြောပိတ်၍ မည်းမည်းလာတဲ့ခြေချောင်းလေးတွေနဲ့ ခြေဖမိုးကို ကန်းဇော်ဆီ လိမ်းပေးရာတဖြည်းဖြည်း သက်သာလာပြီး အမည်းတွေက အဖတ်လိုက် ကွာကျကာ နဂိုအသားရောင် ပြန်တက်လာသဖြင့် အတော်တော့ အားတက်လာရှာလေ၏။

ကန်းဇော်ဆီ အတုများလည်း ရှိသည်မို့ ဂရုစိုက် ဝယ်ကြစေလိုပါသည်။ ကြမ်းပိုးနံ့နဲ့ ဆင်ဆင်အနံ့တစ်မျိုးရှိပြီး ဝါညိုရောင်အဆင်းရှိသည့် ကန်းဇော်ဆီသည် ခရေမျိုးရင်းဝင် ကန်းဇော်ပင်၏ ခရေစေ့ပုံသဏ္ဌာန် အစေ့များမှ ကြိတ်ယူရရှိထားခြင်းဖြစ်လေ၏။

ကုန်းကန်းဇော် (သိပ္ပံအမည် Pyrena paralleloneura Kurz)နှင့် ရေကန်းဇော် (သိပ္ပံအမည် Madhuca lobbii (C.B Clarke) H.J.Lam) ဟု ရှိပြီး နှစ်မျိုးလုံး ဆေးဖက်ဝင်ခြင်းမှာ အတူတူပင် ဖြစ်ကြောင်း သိရှိရပါ၏။

အနာစိမ်း သွေးစုနာများ (လိမ်းနိုင် သောက်နိုင်)၊ အပူလောင် မီးလောင်ဒဏ်ရာများ (လိမ်း၊ သောက်)၊ရင်သားကင်ဆာ အဖုအကြိတ်များ (လိမ်း၊ သောက်)၊ ထိခိုက် ပွန်းပဲ့ ရှနာနှင့် ခွဲစိတ်ကုသဒဏ်ရာများ (လိမ်းရန်)၊အဆစ်အမြစ် ကိုက်ခဲ အဆစ်ရောင်နှင့် ညောင်းညာခြင်းများ အကြောလွဲ အဆစ်လွဲ (လိမ်းရန်)၊ ဗိုက်နာ ဗိုက်အောင့်ရောဂါ၊ ဒူလာ ဂေါက်ရောဂါနှင့်လိပ်ခေါင်းရောဂါ (ကန်းဇော်ဆီနဲ့ ပျားရည်ဆတူ ရောပြီး တစ်နေ့ ၂ကြိမ် လက်ဖက်စားဇွန်း တစ်ဇွန်း သောက်ရန်)

ပါးစပ်၊ လျှာ၊ လည်ချောင်းရှိ အဖုအကြိတ်များ၊သည်းခြေနှင့် နှလုံးအားနည်းခြင်း၊ ကင်ဆာရောဂါ (တစ်နေ့ ၂ကြိမ်မှ ၃ကြိမ် ဟင်းသောက်ဇွန်း တစ်ဇွန်းသောက်ရန်)။ ချောင်းဆိုးသွေးပါရောဂါ (နံနက်စောစော ထမင်းပူပူကို ကန်းဇော်ဆီဖြင့် နယ်စားရန်) ဒါကတော့ ကန်းဇော်ဆီ အညွှန်းတွေမှာ တွေ့ရခြင်းဖြစ်ပါသည်။

သက်ရှည်ကျန်းမာကြပါစေရှင့်

Credit – ရတနာသူ

Leave a Reply

Your email address will not be published. Required fields are marked *